“ဆုတောင်းလေးလည်း ပြည့်စေချင်´´

“ဆုတောင်းလေးလည်း ပြည့်စေချင်´´

 

သံသာချိုအေး ခေါင်းလောင်းထိုးတော့

ကလေးတွေလည်း ကျောင်းတက်မယ်၊

မင်္ဂလာပါ ဆရာမလို့

လက်ကလေးပိုက်ခါ နုတ်ဆက်တယ်၊

ဆရာမလည်း အပြုံးလေးနဲ့

မင်္ဂလာပါ တပည့်တို့တဲ့နုတ်ဆက်ကွယ်၊

စာသင်နှစ်လေး စကာပေးလို့

ကြိုးစားကြကွယ် ကလေးတို့ရယ်၊

ဆရာမတွေလည်း စေတနာထားလို့

သင်ပေးကြပါ ပြောချင်တယ်၊

တစ်နှစ်တစ်တန်း မှန်မှန်အောင်တော့

မိဘတွေလည်း ကျေနပ်ဖွယ်၊

ဂုဏ်ထူးတွေလည်း စီကာထွက်တော့

ပျော်ကြရွှင်ကြ ဖြစ်ကြမယ်၊

ဒီလိုအတွေး ဒီလိုရေးတာ

တကယ်ဖြစ်စေ ဆုတောင်းတယ်

ပြည့်ကွယ် ပြည့်ကွယ်။   ။

 

( ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ ကျောင်းဖွင့်ရက်ကို ကြိုဆိုသောအားဖြင့် ရေးပါသည်။)

 

ငြိမ်းမောင်

2013 June 1

12 comments

  • Mr. MarGa

    June 1, 2013 at 1:19 pm

    ပြည့်ပါစေကွယ်
    ပြည့်ပါစေကွယ်
    :kwi:

  • ပြည့်ဖို့ ဆုတောင်းပါတယ် …
    ဆုတောင်းပါတယ် …
    ကျောင်းမှန်မှန် တက်၊ စာမခက် ..
    ဆိုတဲ့ လင်္ကာ ပြန်ပြီးသာ အသက်ဝင်စေချင်ပါတော့တယ် …
    တကယ် … တကယ် ..

  • သျှားသက်မာန်

    June 1, 2013 at 1:45 pm

    ကျောင်းသားဘဝကိုလွမ်းမိပါတယ်..

  • Ma Ma

    June 1, 2013 at 7:04 pm

    ကလေးတို့ရေ လာကြ လာကြ
    ကြားလိုက်အောင် နားစိုက်ထောင်ကြ
    အရေးအသား လက်ရေးလေးလှလှ….
    အဲလို သီချင်းလေးတွေ ပြန်ကြားရရင်ကောင်းမယ်။

    ဒါ့ထက် ကဗျာမရေးတတ်ပဲ နငယ်ကို အမြီးတပ် ပေးချင်တယ်။
    နုတ်ဆက်တယ် အစား နှုတ်ဆက်တယ် ဆိုရင်….. :hee:

    • ကို ငြိမ်းမောင်

      June 1, 2013 at 10:19 pm

      တင်ထားပြီးသားအထဲကိုပြင်လို့မှမရတာ Ma Ma ရေ
      နောက်သတိထားလိုက်ပါမယ်။ အမှားပြင်ပေးတာကျေးဇူးပါ။

  • မောင် ပေ

    June 1, 2013 at 7:43 pm

    ကိုငြိမ်းမောင် ကဗျာဖတ်ပြီး ၊ တွေးမိတာလေး တစ်ခုကတော့
    လာမယ့် မန်းဒေး က စပြီး ၊ လမ်းတွေ ကြပ်တော့မှာပါကလား

  • padonmar

    June 1, 2013 at 10:01 pm

    ဒီနှစ်ကျောင်းဖွင့်ရာသီကစလို့ ပညာရေးနှင့်တူသော ပညာရေးများဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။

  • အရီးခင်လတ်

    June 1, 2013 at 10:34 pm

    ဒီမှာလဲ ကဗျာဆရာ တစ်ယောက်ဟေ့။
    ကျွန်မ ကတော့ ကျောင်းမှာ စာသင်တဲ့ ဆရာမသာ မဖြစ်လိုက်တာ။
    မူလတန်းအရွယ် ကလေးတွေကို စာသင်တာ ကို ပျော်ခဲ့ဘူးတယ်။
    ကိုငြိမ်းမောင် ဆုတောင်းပြည့်ပါစေ လို့ဆုတောင်းပါတယ်။

  • uncle gyi

    June 1, 2013 at 10:44 pm

    တနှစ်တတန်းမှန်မှန်အောင်တာကစပြီး
    မြန်မာ့ပညာရေးရေဆုံမျောတာပဲကိုုငြိမ်းရေ

    အတန်းအောင်ဖို့အတန်းပိုင်ဆရာမလက်ထဲမှာ
    ဒီတော့လာခဲ့အိမ်ကိုကျူရှင်လာတက်
    နှစ်ကုန်တော့အအောင်ပေး
    ကျောင်းသားလည်းကျေနပ်
    မိဘလည်းကျေနပ်
    ဆရာလည်းကျေနပ်
    ကျောင်းသားကတော့စာတတ်မတတ်မပြောနဲ့

  • kai

    June 2, 2013 at 4:12 am

    ဘယ်သူ့ဆီမှာ..တောင်းတဲ့ဆုလည်းဟင်င်င်…. :kwi:

    • အရီးခင်လတ်

      June 2, 2013 at 3:26 pm

      ရှင့် ဆီမှာ တဲ့ သူကြီးရေ့။
      😛

Leave a Reply