ဆက်တင်(၁)

နေရာက ………. ဟာဝိုင်အီ ကန်းခြေ

အချိန်က ………. မနက်ပိုင်း စောစော ၈နာရီလောက်

ကမ်းခြေက သဲပြင်ပေါ်မှာ ပွနောက်နေတဲ့ ခြေရာတွေ၊ သဲတွန့်တွေကို ပါလာတဲ့ အဖော် အာဖရိကန်တယောက်ရဲ့ အကူအညီနဲ့ ညီညာပြန့်ဖြူးအောင် ရှင်းနေလေရဲ့။ နေကလည်း စို့စို့လေးပွင့်လာတာမို့ လည်ပင်းပတ်လည် သည်းလာတဲ့ ဆားရနံ့ပါချွေးတွေကို ပါလာတဲ့ တဘက်အဖြူလေးနဲ့ တပတ်လည်သုတ်လိုက်တယ်။ ပြီးမှ ကျကျနနပြန်ခေါက်ပီး ပခုံးပေါ်တင် ….. မျက်မှန်ကို အသာပင့် အသင့်ယူလာတဲ့ လေးထောင့်စပ်စပ် အနက်ရောင် ကိုင်းထူထူနဲ့ မျက်မှန်အကြည်ကို ပြောင်းတတ်ပီး မနေ့ညကမှ တုံးထားတဲ့ ကတုံးပြောင်ကို အသာအယာ တချက်ပွတ်လိုက်တယ်။ ဒီအထိ တော်တော်များများ ဘယ်သူမှ စိတ်မ၀င်စားသေးဘူး ………..။

ဆက်တင်(၂)

လောလောလတ် ဆားဗစ်စင်တာက ပြန်ရောက်လာတဲ့ ဆိုနီ အန်န်အီးအိတ်ခ်စ် ဆဲဗင်းကို အိတ်ထဲကထုတ် ၂၀မမ အက်ဖ် ၂.၈ ပြောင်းကို တပ်လိုက်ပီး ခပ်တည်တည်နဲ့ ထရိုင်ပေါ့ပေါ် ကောက်တင်လိုက်တယ် ပီးမှ ဘာဆက်တင်မှ မချိန်ရသေးလို့ ပြန်ဖြုတ်ပီး ရောက်တတ်ရာရာ ထင်ရာမြင်ရာ အကုန်လျှောက်လှည့်ပလိုက်တယ် မနက်စောစော နေကို ကျောပေးရိုက်မှာ ဆိုတော့ ခပ်တည်တည်နဲ့ အိုင်အက်စ်အို ၈၀၀လောက် ထားပလိုက်တယ်။ ပီးတော့ ဆဲ့လ်ဖ်တိုင်မာကို အတွဲလိုက် ၁၅ချက်ဆင် ထရိုင်ပေါ့ပေါ် ပြန်တင်ပီး၊ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ၃ခါလောက်ပတ်လိုက်တာ ခုနက ပြောင်နေအောင် ညှိထားတဲ့ သဲပြင်မှာ ခြေရာတွေ ပြန်ထင်ကုန်လို့ သွားကလေးဖြီးပီး နောက်ပြန်လှည့်ကြည့်တော့ အိမ်ကမှာထားတဲ့ ဆင်ဆင်တံဆိပ် ဆေးပေါ့လိပ်ကို အားပါတရ ဖွာနေတဲ့ ကိုအာဖရိကန်က လယ်ခလည် တချောင်းထောင်ပြလေရဲ့ …။

ဆက်တင်(၃)

ဟေးးး …. ဂိုင်ရ်း … ဟားရ်အီရ်ပ်

အိုကေ …. ၀တ်ထားတာက ဘဲငန်းတံဆိပ် ယိုးမန်းတရုတ် လက်နဲ့စွပ်ကျယ် နံပါတ် ၃၈၊ ခါးမှာက လီနင်သားဘောင်းဘီတို ဆိုဒ်က ၃၃မို့ အတော်ချောင်နေတာ ကြိုးနဲ့ဆွဲတင်းထားတယ်၊ လက်မှာဝတ်ထားတဲ့ ထိုင်ဝမ်လုပ် ဆွစ်တံဆိပ်ပါ ဆွတ်ခ်ျနာရီကိုချွတ်၊ ဗီယက်နမ်လုပ် ကွန်းဗာ့ဇ်တံဆိပ် ဆန်န်းစတား ညှပ်ဖိနပ်ကို အသာပစ်ချွတ်လိုက်ပီး ခပ်လှမ်းလှမ်းကနေ အသင့်အနေအထားနဲ့ ကင်မရာ မြင်ကွင်းအစပ်လောက်မှာ မှန်းပီးရပ်လိုက်တယ် ပီးတော့ ခေါင်းကို အောက် အသာငုံ့လို့ မုဒ်ထ်သွင်းလိုက်တယ် လောကကြီးကို စက္ကန့်၂၀လောက် အဆက်အသွယ် ဖြတ်တဲ့သဘော။

အိုကေ ….. ရယ်ဒီ ….. ဟော…လာပါဘီဗျာ ကျနော့် ပရိုဂရမ်မာ ပြင်သစ်သားနဲ့ နက်ဝပ်ခ်ဆြာ အာဖရိကန်။ ခုမှ မူးကြောင်ကြောင်နဲ့ ထလာပီး ဘက်လိုက် ခဲပြားကြီးကိုင်လို့ သူတို့ဘာ သူတို့ထင်တဲ့နေရာကနေ ဟိုဘက်ဒီဘက် ပိတ်ရပ်ပီး မီးထိုးမှန်ထိုး အနေအထားကို ပရိုစတိုင်ဖမ်းပီး နေရာယူလိုက်တယ်။ ခုန ဆက်တင်မန်နေဂျာ ကိုအာဖရိကန်က ဆေးပေါ့လိပ်တိုကြီး ကိုက်လျှက်သား မျက်မှန်မဲကြီး မချွတ်ပဲ သူ့လက်ထဲက နီကွန်း ကင်မရာကို ဟန်ပါပါနဲ့ ချိန်လိုက်တယ် ….. ။

အိုကေ …. လဒ်စ်ဂိုး …. အက်ရှင် ၁ ၂ ၃ …… ဂလွတ် … ဂဂျွတ် …. ခရပ်…. ခရပ်… ခရပ်

တိန်… တိန်… လေတချက်ဆောင့်အတိုက် နမော်နမဲ့ ထောင်ထားတဲ့ ထရိုင်ပေါ့ လဲသွားပီး ကင်မရာက သဲထဲလူးပီး တဖြပ်ဖြပ် ရိုက်လေရဲ့ ….

အရှ် … နည်းနည်းတင်းသွားတဲ့ ရုပ်နဲ့ ဒင်းတို့ကို လည်ပြန်ကြည့်လိုက်တယ် … ဟင်း ဟင်း …..

ဆောရီးး ….. ရယဲ

ဆက်တင်(၄)

အိုကေ … အိုကေ …

ပြန်စကျတာပေါ့ အထက်မှာ ပြောခဲ့ပီးသား အတိုင်း … ဒီတခါတော့ သေချာပြန်စစ်ပီး …. မြင်ကွင်းအစပ်မှာရပ် ခေါင်းကို ၅စက္ကန့်ငုံ့ မုဒ်ပြန်သွင်းပီး … အက်ရှင် ဆိုတာနဲ့ ခေါင်းကိုပြန်မော့ပီး သောင်ပြင်ပေါ် ခြေရာတွေ တလှမ်းချင်းချ ခပ်ငြိမ်ငြိမ်နဲ့ လျှောက်လိုက်တာ …… ဟာ …. ရှစ်ထ် ကင်မရာမှာ ချိန်ထားတဲ့ အတွဲလိုက်ရိုက်တဲ့ ဆက်တင်ကို စဖို့ ခလုပ်မနှိပ်လိုက်ရဘူး ….. နည်းနည်း ပိုတင်းသွားဘီ …. ပတ်ဝင်းကျင်ကို ပြန်ကြည့်တော့ အားလုံးက ကွက်ကြည့် ကွက်ကြည့်နဲ့ …. မျက်လုံးထဲ မြင်ကြည့်ပေါ့ ပိတ်သတ်ကြီးရယ် …. အပြင်မှာ မပြောနဲ့ အင်တာနက်မှာတောင် မတွေ့ဘူးတဲ့ အမဲ၃ကောင် အဖြူတကောင်၊ ကင်မရာ ၂လုံး ခဲပြား၂ချပ်နဲ့ သောင်ပြင်မှာ မနက်စောစော ကို့ရို့ကားယား၊ အဲ့ကလူတွေက မြန်မာပြည်လို ၀ိုင်းအုံ မကြည့်ဘဲ ဖာသိဖာသာနေနေလို့တော်သေးတယ်၊ ရဲဆေးတင်ထားတာတွေလဲ နည်းနည်းတော့ လျော့ကုန်ပီ။ ခပ်လှမ်းလှမ်းက ဘီကနီနဲ့ ကလေးမ တသိုက်ကတော့ ဘောလုံးလေးတွေ ကိုင်ပီး ကျနော်တို့၎ကောင်ကို လှမ်းကြည့်နေလေရဲ့ …. ။

ဟိုင်း …. တယောက်က မနေနိုင်လို့ထင် ခပ်သွက်သွက်လှမ်းလာပီး ထရိုင်ပေါ့နားမှာရပ် ကျနော့်ကိုကြည့်ပီး မေးဆတ်ပြတယ် … ကျနော်လဲ သူ့ကိုပြန်ကြည့်  ဂလု …… (ချက်… တော်လိုက်တဲ့ကောင် နောက်ကနေ တပုံရိုက်လိုက်သေး ….. )

ဂလု

ဂလု

 

ဂလု

အက်ရှင် …. ၁  ၂  ၃ ချက် … ရှက်ရ် …. ဖြတ် … ဖြပ် …. ဖြက် … ၁၅ခါ

ဆက်တင်(၅)

ကျနော့် ပါတနာက ပြင်သစ်လို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်၊ ပြီးတော့ ပစ္စည်းတွေ ဖြုတ်သိမ်းပီး ဟန်ပါပါနဲ့ လှမ်းအလျှောက် … ဟို ငနဲကတော့ တော်ကီတွေရောင်းပီး အင်ထရိုပစ်နေလေရဲ့ သေချာတာကတော့ …… အွန်းးး

အန်းဒင်း ….

အကုန်အဆင်ပြေသွားပီမို့ …. စိတ်ထဲတော့ ကျေနပ်သွားတယ် … ဒါနဲ့ ကင်မရာထဲက ပုံတွေကို ပြန်ကြည့်လိုက်တော့ …….

တိန် ..

 

တိန် …..

ဂွမ် ……

 

ဟိုကလေးမက မေးဆတ်ပြကထဲက ခလုပ်နှိပ်လိုက်ပီးသား … ကျနော်တို့ကသာ သူမကို ၅စက္ကန့် ပြန်ကြည့်တာနဲ့ …. ဂလု … ဆိုပီး တံတွေးမြိုချတာနဲ့ … မုဒ်ပြန်သွင်းတာနဲ့ ပေါင်းလိုက်တော့ …..

သောင်ပြင်ပေါ်မှာ ကျနော် လှမ်းမလျှောက်လိုက်ရဘူး ………. ။

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း