“မတိုးစကောင်း တိုးစကောင်း တိုးအောင်ဘယ်လိုတောင်းပါမယ်”

တစ်ရက်မတွေ့တာကြာတဲ့ ကိုအောင်မောင်းနဲ့ 34လမ်းက လက်ဖက်ရည်ဆိုင်မှာ မထင်မှတ်ဘဲဆုံကြပါတယ်။
တကယ်တမ်းပြောရရင် အလုပ်လုပ်နေတဲ့သူတွေဆိုတာ တစ်ရက်နဲ့တစ်ရက် ကိုယ့်အချိန်ဇယားနဲ့ကို်ယ်ကျင်လည်နေရတယ်ဆိုတော့
အရင်ငယ်ငယ်ကလို ခဏခဏ မတွေ့နိုင်ကြတာကလည်းအမှန်ပါဘဲ။
တွေ့ကြပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက်မတွေ့တဲ့အချိန်က သတင်းပလင်းလေးတွေမေးကြရပါတယ်။
ဟိုရက်က ကိုကျော်ကြီးနဲ့တွေ့တော့ အောင်မောင်းတစ်ယောက် အလုပ်ရှုပ်နေတယ်ဆိုတာတော့ကြားမိပါတယ်။
နောက်အောင်မောင်းတစ်ယောက်သူ့အလုပ်မှာသူ့ဝန်ထမ်းတွေနဲ့လည်းပြသနာတက်တယ်လို့လဲပြောသွားပါသေးတယ်။
ဒါနဲ့ဘဲအောင်မောင်းကြီးကိုအကျိုးအကြောင်းမေးရပါတယ်။
အဲတော့အောင်မောင်းကြီးကလဲ မတွေ့ကြလို့မပြောဖြစ်တာတွေကိုပြောပြပါတော့တယ်။

“ဟုတ်တယ်ကိုပေါက်ရေ ပြီးခဲ့တဲ့လက ငါ့မှာအတော်ကိုစိတ်တွေလေသွားတာ။
ဝန်ထမ်းပြသနာပေါ့ကွာ၊၊ဒီပြသနာကဖြစ်ချင်းဖြစ်ရင် ပိုင်ရှင်နဲ့ဖြစ်ရမှာ။
တကယ်ဖြစ်တော့အားလုံးနဲ့ငါတယ်ရတော့တာဘဲ။
အားလုံးဆိုတာ ဝန်ထမ်းအားလုံးနဲ့မဟုတ်ပါဘူး၊ဒါပေမဲ့ငါကမနေတတ်တာလဲပါတယ်၊
တစ်ချို့ကတော့ ငါ့ကို ကွယ်ရာမှာမေးငေါ့တာပေါ့။
“ဝန်ထမ်းအချင်းချင်းကို နှိပ်ကွပ်တယ်၊ပိုင်ရှင်ထက်တောင်ကြောက်နေရတယ်”လို့ပေါ့။
ဒါပေမယ့်ငါက ဒီလိုဝေဖန်တာတွေကို ခေါင်းထဲသိပ်မထည့်ပါဘူး။
ငါက အားနည်းတဲ့ဘက်ရပ်တဲ့လူမဟုတ်ဘူး မှန်တဲ့ဘက်ကိုရပ်တဲ့ကောင်ဘဲဟာ၊
ခက်တာက ငါတို့ဆီကလူတွေရဲ့ပြင်မရတဲ့စရိုက်ဘဲ။
ပြသနာရယ်လို့ဖြစ်လာခဲ့ရင် မှန်တာမှားတာ အပထား အားနည်းသူဘက်ကနေဝိုင်းပြီးရပ်တည်လိုက်ကြတာဘဲ။
ငါပြောချင်တာက အားနည်းတယ်ဆိုတိုင်းအမြဲမှန်တယ်လို့ လက်ခံမလားဆိုတာကိုပေါ့။
ဥပမာကွာ လမ်းပြောင်းပြန်စီးဝင်လာတဲ့ စက်ဘီးနဲ့လမ်းမှန်အတိုင်း ဝင်လာတဲ့ကားတိုက်မိတယ်ဆိုရင် လူတော်တော်များက စက်ဘီးသမားကို သနားလိုက်ကြတယ်။
ကားသမားကို ဇွတ်ဝိုင်းပြီး အလျော်ခိုင်းကြတယ်။ ဒါအားနည်းသူဘက်ကဝိုင်းရပ်တည်တယ်ဆိုတဲ့သဘောပေါ့။
ငါကတော့ ကားသမားဘက်ကနေမှာဘဲ၊ စက်ဘီးသာလမ်းပြောင်းပြန်ဝင်မလာရင် တိုက်မိစရာအကြောင်းမရှိဘူးလေ၊”
သူကပြောရင်းမောလာတယ်ထင်တယ် ရေနွေးတစ်ခွက်ကိုမော့သောက်လိုက်ပါတယ်။
“ဇာတ်လမ်းအစက ငါတို့အလုပ်က နှစ်တိုင်းမြန်မာသင်္ကြန်မှာစာရင်းချုပ်တာကိုး။
အဲဒီအချိန်ရောက်ရင် လုပ်ငန်းအရှုံးအမြတ်တွေတွက်။သူတို့ပိုင်ရှင် ရှယ်ယာဝင်တွေက အစည်းအဝေးတွေထို်င်ကြ
ဝန်ထမ်းတွေလခဘယ်လိုတိုးမယ်၊ဘောနပ်ဆုကြေးဘယ်လိုပေးမယ်၊
တစ်နှစ်တာအတွင်းမှာလုပ်တာကိုင်တာ တွေကိုကြည့်ပြီး ဘယ်ဝန်ထမ်းကိုဘယ်လောက်လခတိုးမယ်၊ဆုကြေးဘယ်လောက်ပေးမယ်ဆိုတာကို သူတို့ဘာသာဆုံးဖြတ်ပါတယ်။
ငါကို ဝန်ထမ်းတွေရဲ့အခြေအနေကိုမေးရင်တော့ အမှန်အတိုင်းဖြေပေးရတာပေါ့။
ဒါကိုဝန်ထမ်းတိုင်းကလဲသိတယ်။ဒီတော့မတိုးတဲ့သူ တိုးပေးတာကို နည်းတယ်ထင်တဲ့သူက ငါ့ကြောင့်လို့ ငါပြောလို့ဆိုဖြစ်လာတော့တာပေါ.။
အဲတော့ငါကလဲဘယ်ခံမလဲ ကွယ်ရာမှာပြောတဲ့သူကို ငါကဒဲ့ခေါ်ပြီးမေးတော့ ပြသနာတက်တော့တာပေါ.၊
စဉ်းစားကြည့်ကွာ တစ်နှစ်လုံးကျတော့ဖြစ်သလိုနေ အလုပ်ကျတော့နည်းနည်းလေးတိုးတာနဲ့ ညည်းညူနေရော
ဟောနှစ်ချုပ်လို့ ရတာနည်းပြီဆိုရင်တော့ ငါက ပြောလို့ဆိုဖြစ်ရော။
ငါကလဲ ပြောထည့်လိုက်တယ် “ဒီအလုပ်ကပေးတာနည်းလို့ မတန်ဘူးထင်ရင်ခုထွက်လိုက် ကို်ယ်အစွမ်းအစနဲ့ ဒီထက်ကောင်းတဲ့နေရာကို ရှာပြီးလုပ်လိုက်၊
ဗျောက်တော့လာမဖောက်နဲ့၊အလုပ်လုပ်တဲ့လူထွက်သွားလို့ ဆိုင်ပိတ်လို်က်ရတယ်ဆိုတာမရှိဘူး ၊အေး ပိုင်ရှင်အရင်းပြုတ်လို့ဆိုင်ပိတ်မှ ဝန်ထမ်းအလုပ်လက်မဲ့ဖြစ်တာဘဲရှိတယ်”
လုို့ အမြင်ကပ်ကပ်နဲ့ ပြောထဲ့လိုက်တာ အဲဒီစကားက ပိုင်ရှင်ဆီရောက်သွားရော။
ဒီတော့ငါ့ကို ငါ့အလုပ်ရှင်က “ကိုအောင်မောင်းကြီး ကလေးတွေဘဲ ခွင့်လွှတ်ပေးလိုက်ပါဗျာ”လို့လာလဲပြောရော ငါကပိုစိတ်တိုသွားတာ။
“ထွက်သွားမှာစိုးလို့လား ဒီလိုတွက်တီးတွက်ကပ်လုပ်နေတဲ့လူ ထွက်သွားရင်လုပ်ငန်းအတွက်ပိုကောင်းတယ်” စိတ်ပေါက်ပေါက်နဲ့ပြောထဲ့လိုက်တယ်။

နောက်တော့အောင်မောင်းကြီးလဲ အလုပ်ရှိသေးတယ်ဆိုပြီး ပြန်ချသွားပါတယ်။
သူနဲ့လမ်းခွဲလို့ အလုပ်စားပွဲမှာထိုင်မိမှ လွန်ခဲ့တဲ့နှစ်တွေက ကျနော်လဲဒီလိုအဖြစ်မျိုးကြုံခဲ့တာကို ပြန်သတိရမိပါတယ်။
တစ်ခါက ကျနော်တို့အလုပ်ကို မကင်းရာမကင်းကြောင်းမိတ်ဆွေတစ်ဦးက တစ်ဆင့် အလုပ်လုပ်ချင်လို့ပါဆိုတဲ့ကလေးမတစ်ယောက်ရောက်လာပါတယ်။
မေးကြည့်တော့ အပြင်အလုပ် ဘာမှမလုပ်ဘူးဘူး၊အိမ်မှာဘဲဈေးကူရောင်းဘူးတယ်၊အတန်းပညာက အဝေးသင် ဒုတိယနှစ် (2)ခါကျ။
ဒါနဲ့ဘဲခေါ်ထားလိုက်ပါတယ်။စကတည်းကပြောထားတယ် ကျနော်တို့အလုပ်က စစချင်းလခတော့သိပ်မများဘူး၊နောက် ကိုယ်ကြိုးစားတယ် ဆိုရင်တော့တက်လာနို်င်တယ်ပေါ့။
အဲဒီတုန်းကတော့ အခုလို အလုပ်ရတာကို ဝမ်းသာလှပါပြီတို့ တစ်လကို နှစ်သောင်းသုံးသောင်းလောက် ရရင်ကို အဆင်ပြေပါတယ်လို့ပြောပြီး အလုပ်ထဲကိုရောက်လာပါတယ်။
ကျနော်တို့က လူသုံးကုန်ပစ္စည်းတွေကိုလက်ကားရောလက်လီပါရောင်းတာပါ။
ဝန်ထမ်းတစ်ချို့က တော့ အရောင်းကားနဲ့လှည့်ပြီးရောင်းတယ် ယောက်ျားလေးတွေပေါ့။သူတို့ကနယ်တွေကိုလဲနီးရင်တစ်ပါတ်ဝေးတယ်ဆိုရင်နှစ်ပါတ်လောက်ကြာအောင်
အရောင်းထွက်ရပါတယ်။မိန်းကလေးတွေက တော့ ဆိုင်မှာ showroom ဖွင့်ထားပေးပါတယ်။
အရောင်းဝန်ထမ်းအားလုံးကို တစ်လတစ်ခါ သူုတို့ရောင်းချတဲ့ပစ္စည်းအရေအတွက်အပေါ်မှာ မှာမူတည်လို့သတ်မှတ်ထားတဲ့ အရောင်းကော်မရှင်ပေးပါတယ်။
သူတို့ကိုအစကတည်းက သတ်မှတ်ပေးထားကတော့ အရောင်းကော်မရှင်က အရောင်းဝန်ထမ်းတွေရောင်းတာကိုဘဲခွဲပေးမယ်၊သူတို့ရောင်းတာမဟုတ်ရင်သူတို့
အတွက်ကော်မရှင် မရဘူးလို့ ပြောထားပါတယ်။
နောက်ပြီး ကိုယ်ရကို်ယ်ယူစနစ်နဲ့မဟုတ်ဘဲ ရတဲ့ကော်မရှင်ငွေကို လုပ်ငန်းဆောင်ရွက်နိုင်တဲ့ အပေါ်မှာမူတည်ပြီးခွဲပေးမယ်လို့ သတ်မှတ်ပေးထားပါတယ်။
နောက်တစ်ဖွဲ့ကတော့ ရုံးအဖွဲ့နဲ့စာရင်းကိုင်တွေပါ။သူတို့ကတော့ ကော်မရှင်မရပါဘူး။ဒါပေမဲ့နှစ်တနှစ်ကုန်တိုင်း ဘောနပ်စ်ဆုကြေးငွေပေးပါတယ်။
ဘောနပ်စ်ရတဲ့အဖွဲ့ကတော့ နှစ်ကုန်မှရတာရယ် ဒီတစ်နှစ်က လုပ်ငန်းအရှုံးပေါ်တယ်ဆိုရင်တော့ နည်းသွားတာပေါ့။
ဒါပေမဲ့လုပ်ငန်းစကတည်းက ဘောနပ်မရတဲ့နှစ်လည်းမရှိသလို အရင်နှစ်ထက်လျော့သွားတယ်ဆိုတဲ့နှစ်လဲမရှိပါဘူး။
မနှစ်ကရတာထက်နည်းသွားတယ်ဆိုတာမရှိပါဘူး တိုးမလာတာဘဲ့ရှိပါတယ်။
အဲဒီကောင်မလေး ကိုတော့ အရောင်းအဖွဲ့ထဲ့ပေးထားတယ်ဆိုတော့လစဉ်ကော်မရှင်မှန်မှန်ရတယ်ပေါ့။
အရင်က သူတို့ကော်မရှင်က တစ်လ တစ်လကို တစ်သောင်း တစ်သောင်းခွဲလောက် လခကတော့ပုံမှန် သုံးသောင်းဆိုတော့ လေးသောင်းခွဲလောက်ရတယ်ပေါ့။
အစက သတ်မှတ်ထားတာ က ရုံးကရောင်းတာသူတို့ကိုမပေးဘူးဆိုပေမဲ့ ရုံးက အရောင်းမန်နေဂျာလုပ်တဲ့သူက သူရောင်းလို့ရတာတွေကို အရောင်းအဖွဲ့ကိုကော်မရှင်ပေးတဲ့စာရင်းထဲကိုထည့်ပေးပါတယ်။သူတို့ရတာ နည်းမှာစိုးလို့ပါ။
ဖြစ်ချင်တို့ အဲဒီအရောင်းမန်နေဂျာက သူတို့ရောင်းတဲ့ ပစ္စည်းတမျိုးကို ပုံစံပြောင်းပြီးဈေးကွက်ကိုတင်လိုက်တဲ့အခါထင်တာထက်ပိုပေါက်သွားပါတယ်။
အဲဒီမှာ သူတို့တစ်လတစ်လရတဲ့ကော်မရှင်ကလည်းတက်လာပါတယ်။ဒီတော့အရောင်းမန်နေဂျာက သူတို့အလုပ်ပို်င်ရှင်နဲ့တိုင်ပင်လို့ ကော်မရှင်ရငွေအားလုံးကို အရောင်းသမားတွေကို
အရင်လိုခွဲမပေးတော့ပါဘူး။ သူတို့အရောင်းသမားကို အရင်ကထက်(2)ဆ ဘဲခွဲပေးပါတယ်။အရင်က နှစ်သောင်းရသူကလေးသောင်း တစ်သောင်းခွဲရသူက သုံးသောင်းပေါ့။
သူတို့အရောင်းသမားတွေကို ခွဲပေးလို့ ပိုတဲ့ပိုက်ဆံကို စာရင်းမှတ်ပြီး ရန်ပုံငွေသဘောနဲ့သိမ်းထားပါတယ်။
တကယ်ရောင်းရတယ်ဆိုတာ ကလည်း အရောင်းမန်နေဂျာကြောင့်ပါ၊အရင်သတ်မှတ်ထားတဲ့အတို်င်းသာခွဲပေးမယ်ဆိုရင်လဲ သူ့တို့အခုရသလောက်မရတာကတော့သေချာပါတယ်။
နောက် လေးလလောက်ကြာတော့ဘာဖြစ်လာလဲဆိုတော့ သူတို့ရတဲ့ကော်မရှင်အပြည့်အဝမရဘူးတို့ ခေါင်းပုံဖြတ်ခံရတယ်ဆိုတဲ့စကားမျိုးကိုကွယ်ရာမှာကျိတ်ကျိတ် ကျိတ် ……..တိုးတိုး တိုးတိုးနဲ့ မကြားတကြား ဗျောက်ဖောက်ကြပါတော့တယ်။
ဗျောက်ဖောက်တာအသံအကျယ်ဆုံးကတော့ စောစောက အလုပ်ရရင်ကိုဝမ်းသာပါတယ် ဆိုတဲ့အားနာလို့ခေါ်ထားလိုက်ရတဲ့ကလေးမပါ။
အလုပ်တွေသာများလာတယ်တိုးတက်မူ့မရှိဘူးတို့ ဘာတို့အသံတွေထွက်လာပါတယ်။
အလုပ်မှာစပြီး ပေတိပေကပ်လုပ်တာဘာတွေဖြစ်လာပါရော။
ကျနော့်စိတ်ထဲမှာတော့ တွေးတွေးပြီးရီချင်စိတ်သာပေါက်လာပါတယ်။

စောစောက ကောင်မလေးလိုဘဲလုပ်ငန်းအတွေ့အကြုံမရှိဘူး အလုပ်ရရင်ကိုကျေနပ်ပါပြီဆိုပြီး ဝင်လာတဲ့ကောင်မလေးတစ်ယောက်လဲထပ်ရောက်လာပါသေးတယ်။
သူက နှစ်ကုန်ခါနီးလေးငါးလ အလိုလောက်မှာရောက်လာတာပါ။သူကတော့ ဘာစာရင်းမှ မတတ်တဲ့အတွက် စာရင်းလုပ်ပုံလုပ်နည်းကို သင်ပေးပြီး စာရင်းကိုင်ရာထူးပေးထားပါတယ်။
တစ်ရက်တော့အဲဒီကောင်မလေး က ကျနော့်ကိုလာပြောပါတယ်။
် “ကျမအလုပ်စဝင်တုန်းက သုံးလပြည့်ရင်လခတိုးမယ်ဆိုတိုးမပေးဘူး၊အခုနှစ်ကုန်တော့လဲတိုးမပေးဘူး၊
အရင်က အိမ်နီးတော့ စက်ဘီးနဲ့လာလို့ရတယ် အခု အိမ်ပြောင်းသွားတော့ ဆိုင်ကယ်ဆီဘိုးကုန်တော့မလောက်ဘူး”လို့လာပြောပါတယ်။

ဖြစ်ချင်တော့ အဲဒီနှစ်က လုပ်ငန်းမှာ ဆုံးရှုံးမူ့တစ်ခုပေါ်လာတော့ နှစ်ချုပ်မှာ ဘယ်သူမှ ဘောနပ်လည်းမတိုး လခလည်းမတိုးဆိုတာနဲ့ကြုံရပါတယ်။
အဲတော့ ရုံးအဖွဲ့က လူတစ်ချို့က “ဒီအတိုင်းဆိုရင်ကော်မရှင်ရတဲ့လူက မှ တန်သေးတယ်”တို့ ဆိုတဲ့အသံတွေကြားလာရပါတယ်။
နောက်ပေးတဲ့လခလည်းနည်းတယ်ဆိုတဲ့အသံတွေကြားလာရပါတယ်။ဘယ်နေရာမှာဘယ်လောက်ရတာတို့ဘာညာကွိကွနဲ့ ပေါက်ပေါက်တွေဖောက်တဲ့လူလဲရှိလာပါတယ်။
အားလုံးတော့လဲမဟုတ်ဘူးပေါ့။ အဲဒီအထဲမှာယောက်ျားလေးတွေမပါဘူး။မိန်းမတွေချည်းဘဲ ပေါက်ပေါက်ဖောက်ကြတာ။
ကျနော်ကဒီနှစ်ကတော့အားလုံးမတိုးတဲ့အတွက်သည်းခံပေးဘို့ပြောပါတယ်။
ကျနော်တို့လုပ်ငန်းမှာ ဒီတစ်နှစ်လုပ်ငန်းအမြတ်အစွန်းမရှိလို့ တိုးမပေးခဲ့ရင် နောက်နှစ်တွေက သူများထက်ပိုပေးပါတယ်လို့ပြောပေးပါတယ်။

ဒါပေမဲ့သူက သူ့ဆိုင်ကယ်နဲ့လာရတာကိုဘဲဇွတ်ပြောနေတော့ ကျနော်လဲစိတ်နည်းနည်းတိုသွားပါတယ်။
ဒါနဲ့(အေး-ဒါဆိုရင် ငါပိုင်ရှင်လာရင်ပြောပေးမယ် သူက ညည်းကို အိမ်နီးတယ်ဆိုလို့ခန့်ထားပေးတာ
တကယ်လို့ ညည်းအိမ်ကပြောင်းသွားတော့ဝေးသွားတယ် ညည်းဆိုင်ကယ်နဲ့လာရတော့ ညည်းမကိုက်ဘူးဆိုတာကိုလည်းငါပြောပေးလိုက်မယ်၊
ညည်းနဲ့သူနဲ့ ညှိလိုက်ပေါ့လိုက်၊ဒါပေမဲ့ ညည်းအိမ်ဝေးလို့လစာ နဲ့မကိုက်လို့ ထွက်ချင်ရင် ထွက်လို့ရတယ်လို့ပြောရင် ငါ့တာဝန်မဟုတ်ဘူး)လို့ခပ်မာမာပြောလိုက်ပါတယ်။
သူက ဒါဆို အလုပ်ထွက်မယ်ဘာညာလေသံ လဲပစ်ရော ပိုင်ရှင်က လူသစ်နှစ်ယောက်အလုပ်ခေါ်ပြီးခန့်ထားလိုက်ပါတယ်။
အဲဒီတော့မှဘာသံမှ ထွက်မလာတော့ဘဲ ငြိမ်သွားပါတယ်။

သူရောက်မလာခင် တစ်လလောက်မှာ စာရင်းကို်င်(LCCI) လက်မှတ်ရပြီးသားတစ်ယောက်ကိုလဲ လုပ်ငန်းတစ်ခုထပ်တိုးတဲ့အတွက် လိုအပ်လို့ခေါ်လိုက်ရပါတယ်။
သူကလဲ ဒီနှစ် မှစရောက်တယ်ဆိုတော့ သူလဲ လစာမတိုးပါဘူး။သူကတော့ ဘာမှမပြောဘဲ အလုပ်ကိုလုပ်မြဲတိုင်းလုပ်ပါတယ်။
ဖြစ်ချင်တော့ အဲဒီနှစ်မှာ ပစ္စည်းအသစ်တစ်ခုထပ်ပြီးကိုယ်စားလှယ်ရပါတယ်။
အဲဒီစာရင်းကိုစောစောက ဆီဘိုးမလောက်ဘူးဆိုတဲ့ကောင်မလေးကို စာရင်းကိုင်ခိုင်းတော့ စာရင်းများလာရင် မနို်င်ဘူးမှားမှာကြောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ငြင်းပါတယ်။
အဲဒါနဲ့ သူလိုဘဲ လခမတိုးတဲ့ (LCCI) လက်မှတ်ရပြီးသားကောင်မလေးကတော့ သူကြိုးစားလုပ်ကြည့်ပါမယ်။
လုပ်ကြည့်လို့ မနိုင်ဘူးဆိုရင်တော့ နောက်ထပ်အကူလူတစ်ယောက်ပေးဘို့ပြောပါတယ်။
တကယ်လုပ်ကြည့်တော့ အဆင်ပြေသွားပါတယ်။
နောက်တစ်ယောက်ကတော့ စာရင်းကိုင် အဆင့်မြင့်သင်တန်းကို ဆက်တက်ဘို့လုပ်ပါတယ်။
သူက ဒီသင်တန်းကိုတက်တာက အားလုံးစီစဉ်ပြီးမှ ဒီအချိန်က ဒီအချိန်ကိုသင်တန်းတက်မယ်လို့ အသိပေးတာပါ။
ခွင့်တောင်းတာ မဟုတ်ပါဘူး။ကျနော်တို့ပိုင်ရှင်က ကောင်းတာလုပ်တာဘဲတက်ပါစေလို့ပြောပါတယ်။
သင်တန်းတက်တယ်ဆိုတော့ ညနေ(5)နာရီဆို ဒီမှာအလုပ်ရှိရှိ မရှိရှိ သင်တန်းမှီအောင်ပြေးရပါတယ်။
မနက်သင်တန်းရှိတဲ့ရက်ဆိုလဲ တစ်ခါတစ်လေ အလုပ်ချိန်(9)နာရီကျော်မှရောက်ပါတယ်။
ဒါပေမဲ့ပိုင်ရှင်က ကောင်းတာလုပ်တာဘဲဆိုပြီးခွင့်လွှတ်ပါတယ်။
ကျနော်တို့အလုပ်က ဥပုဒ်နေ့ပိတ်ပါတယ်။သူတို့သင်တန်းက အလုပ်ခွင်ကလူတွေလဲတက်တော့ တနင်္ဂနွေဆိုရင် အချိန်ပိုခေါ်ပါတယ်။
ဒီတော့အပါတ်တိုင်း တနင်္ဂနွေဆိုရင် နေ့တစ်ဝက်အလုပ်ပျက်ပါတယ်။
စာမေးပွဲဖြေပြီဆိုတော့လဲ ခွင့်ယူပါတယ် ဆယ်ရက်တိတိပေါ့။
သူစာမေးပွဲ တစ်ဆင့်အောင်သွားပါတယ်။
အဲဒီနှစ် နှစ်ချုပ်တော့ သူ့ကို တစ်သောင်းဘဲတိုးပေးပါတယ်။
အဲဒီမယ် သူက မကျေမနပ်တွေဖြစ်ပြီး လာပြောပါတယ်။
ပိုင်ရှင်က တစ်နှစ်လုံးလုပ်တဲ့အပေါ်မှာ မူတည်ပြီးပေးတယ်ဆိုတာကိုလက်မခံပါဘူး။
သူကဘာပြောလဲဆိုတော့ ဒီပြင်company တွေမှာ အောင်လက်မှတ်တစ်ခုရရင် လစာနှစ်သောင်းတိုးပေးတယ်လို့ပြောပါတယ်။
အဲဒီမှာကျနော်က သူ့ကိုမေးခွန်းတစ်ခုပြန်မေးလိုက်ပါတယ်။
(ကောင်းပြီ မင်းသင်ပြီးအောင်ထားတဲ့ ပညာနဲ့ ငါတို့လုပ်ငန်း ကို ဘယ်နေရာမှာ ပိုကောင်းအောင်လုပ်ပေးထားသလဲ။အထောက်အကူပြုအောင်ဘာလုပ်ပေးထားလဲ။
မင်းလုပ်ငန်းခွင်ထဲကနေ သင်တန်းသွားတက်တဲ့အချိန်တွေအတွက် ဘာအစားပြန်ပေးထားလဲ၊)လို့မေးလိုက်ပါတယ်။

နောက်နှစ် နှစ်ချုပ်တဲ့အခါကြတော့ လစာအသစ်တွေတိုးပေးပါတယ်။
ဆီဘိုးမလောက်တဲ့ကောင်မလေးကို တစ်သောင်းတိုးပေးပါတယ်။
(LCCI) လက်မှတ်ရထားတဲ့ကောင်မလေးကို သုံးသောင်းတိုးပေးပါတယ်။
ကော်မရှင်တွေ ကိုခေါင်းပုံဖြတ်တယ်လို့ ပြောတဲ့ အဖွဲ့ကတော့ အခုနှစ်ကစလို့ အရောင်းမန်နေဂျာရောင်းတာကို ကော်မရှင်ပေးတဲ့စာရင်း ထည့်ပြီး အရင်လိုအရောင်းအဖွဲ့ကိုခွဲပေးတာ ခွင့်မပြုတော့ဘူး။ သူတို့ရောင်းရသလောက်သာ ယူခွင့်ပြုပါတော့တယ်။
ခုနက သင်တန်းအောင်လက်မှတ်တစ်ခုရရင် နှစ်သောင်းပိုရတယ်ဆိုတဲ့ကောင်မလေးကိုတော့ ပေးတဲ့ ဆီကိုပြောင်းလုပ်ချင်ရင်လုပ်ပါလို့ ခွင့်ပေးလိုက်ပါတယ်။

ကျနော်တို့က လူသားတွေ ဖြစ်တဲ့အတွက်လောဘရှိမှာ ပိုလိုချင်တာတော့ သူသူ ကိုယ်ကိုယ် လိုချင်သူတွေပါဘဲ။
ဒါပေမဲ့ ကိုယ်လိုချင်တာကို မရ ရင် အလုပ်ထွက်မယ်လို့ ခြိမ်းခြောက် အကျပ်ကိုင်ပြီးတောင်းမလား ?
၊ကွယ်ရာမှာ မတရားဘူးတို့ဘာညာကွိကွလုပ်ပြီးတရားမဝင်ပြောပြီး တောင်းမလား?
ဟိုမှာတော့ ဒီလောက်ပေးတာ ဘယ်လိုပေးတာ ဆိုပြီး နိုင်းယှဉ်ပြီးတောင်းမလား?
အလုပ်နည်းနည်းတိုးလုပ်ရပြီဆိုတာနဲ့ လုပ်ခကို တိုးတောင်းမလား ?
တကယ်တော့ အလုပ်ရှင်နဲ့ ဝန်ထမ်းဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အမှီသဟဲ ပြုပြီး ကိုယ်လုပ်တဲ့လုပ်ငန်းတိုးတက်အောင် လုပ်ကြရတာပါ။
တကယ်လို့ လုပ်ငန်းနစ်နာဆုံးရှုံးကြပြီဆိုရင် ဝန်ထမ်းက တိုးတက်မူ့တန့်သွားသလို ပိုင်ရှင်က အရင်းအနှီးငွေကြေးဆုံးရှုံးပါတယ်။
ဒါပေမဲ့ ဘယ်လုပ်ငန်းမှာမဆို ဝန်ထမ်းတွေထွက်သွားလို့ လုပ်ငန်းပိတ်လို်က်ရတယ်ဆိုတဲ့ အဖြစ်အပျက်တဲ့
ပိုင်ရှင်စီးပွားပျက်သွားလို့ဖြစ်ဖြစ် လုပ်ငန်းရပ်ဆိုင်းလိုက်လို့ဘဲဖြစ်ဖြစ် ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်လို့ ကမောက်ကမဖြစ်သွားတဲ့ အဖြစ်အပျက်ကပိုများပါတယ်။
တစ်ခုတော့ရှိတာပေါ့ ပိုင်ရှင်ဘက်ကလည်း နည်းမှန်လမ်းမှန်ဆုံးဖြစ်ဘို့တော့လိုပါမယ်။
တစ်ကယ်လို့ ပိုင်ရှင်ဘက်ကသာ တစ်ဖက်စောင်းနင်းဖြစ်ခဲ့ရင် တရားမျှတမူ့မရှိဘူးဆိုရင်တော့ ဘာမှပြောနေစရာမလိုဘဲ စွန့်ခွာသွားလိုက်ရုံပါဘဲ။
ဒါပေမဲ့ ဒီလုပ်ငန်းကို မစွန့်ခွာနိုင်သေးဘူးဆိုရင် တော့ ဒီလုပ်ငန်းထဲမှာရှိနေသေးတယ်ဆိုရင် မဖွတာ ဗျောက်မဖောက်တာ မပွားတာ အကောင်းဆုံးလို့ထင်ပါတယ်.

ပုံပြင်လေးကတော့ ဒါပါဘဲကွယ်လို့ပြောရုံပါဘဲ။
ကဲခင်ဗျားတို့ရော ဒီလိုအဖြစ်မျုးိကြုံလာရင် ဘယ်လိုတောင်းမယ်လို့ စိတ်ကူးထားပါသလဲ…………………………………………………

8 comments

  • kai

    July 30, 2010 at 11:33 pm

    အလုပ်သမားအတွက်ကတော့ ရနိုင်သလောက်တိုးတောင်းရမှာ သူ့တာဝန်ဖြစ်တာမို ့..အဖြစ်နိုင်ဆုံးနည်းနဲ့တောင်းရမှာပါပဲ..။
    အရှိန်လွန်ပြီး ပြုတ်သွားရင်တော့ ခံပေါ့နော…။
    အဲဒီလိုမျိုး အလွန်အကျွံတွေ မဖြစ်အောင် အလုပ်သမားတွေရဲ့သမိုင်းမှာ…သမဂ္ဂတွေဖွဲ ့ကြတာလို့..မြင်မိပါတယ်။ (အဓိက အကြောင်းရင်း တခုပါ)
    အဲဒီလိုဖြစ်လာတော့ …လုပ်ခတိုးတောင်းတာ အကျွမ်းကျင်ဆုံး..ပရို (သမဂ္ဂဝန်ထမ်းက) က..အားလုံးကိုယ်စား ရပိုင်ခွင့်တွေအမြင့်ဆုံးရအောင်တောင်းပေးတယ်ပေါ့..။
    တခါတလေ…အကြပ်ကိုင်ဆန်ဒပြတာတွေတောင် လုပ်ပါတယ်။

    အဲဒီလိုနဲ့…အလုပ်ရှင်ဖက်ကလည်း… အပေးနိုင်ဆုံး..အမြင့်ဆုံး..ပေးရတဲ့အခြေအနေဖြစ်တော့တာပါပဲ..။
    အလုပ်ရှင်ဟာ..ငွေကြေးရှင်ဖြစ်တာမို ့..သူကတိုင်းပြည်ကို အကျိုးအမြတ်ကရတဲ့..အခွန်ငွေတိုက်ရိုက်..အလုပ်သမားတွေအားလုံးထက်ပိုပြီးဆောင်နေပါတယ်..။
    ဒါကြောင့်..သူ့ဖက်က အစိုးရအပါအဝင် အာဏာပိုင်တွေက…တတ်နိုင်သလောက် ရပ်တည်ပေးရပါတယ်..။

    အဲဒီလို အားပြိုင်မှုတွေကြောင့် ..အဲဒီလူ့အဖွဲ ့အစည်း။ပါတ်ဝန်းကျင်ဟာတိုးတက်ပြီး..အဖြစ်နိုင်ဆုံးတွေမှာ…အပြန်အလှန်ပေးဆပ်ရယူ ဖြစ်ကုန်တာပါပဲ..။

    ဆိုလိုချင်တာက…လက်ရှိမြန်မာပြည်အခြေအနေမှာ…အလုပ်သမားတွေဟာ…တဦးချင်းလွတ်မြောက်ရယူဖို့..အားစိုက်နေတာထက်..သမဂ္ဂတွေဖွဲ ့နိုင်ဖို့ဖက်ကို…အားစိုက်လုပ်နေသင့်ပါတယ်..၊

    Its just my opinion…

  • fatty

    July 31, 2010 at 8:42 am

    လုပ်ငန်းတခု သို့ company တခုမှာ middle management နေရာဖြစ်တဲ့ section head , manager, superviser တို့ဆိုတဲ့ နေရာတွေဟာခေါင်းလဲခဲရတယ် ကြားလဲညပ် တယ်ဗျ။ အပေါ်က ဖိအားကတမျိုး အောက်က ပွစိပွစိကတမျိုး ရင်ဆိုင်ရပါတယ်။ အခြေအနေကလည်း နိုင်ငံခြားသားပိုင်နဲ့မြန်မာပိုင် မတူကြပါဘူး။
    နိုင်ငံခြားသားတွေအုပ်ချုပ်ရင် မြန်မာအုပ်ချုပ်သူတွေထက်ပိုပြီး ဝန်ထမ်း အလုပ်သမားတွေကို အလေးပေးဂရုစိုက်ပါတယ်။ အပြန်အလှန်ဆိုတဲ့သဘောကို သူတို့ကပိုပြီးသဘောပေါက်ခံယူတဲ့အနေအထားကိုတွေ့ရပါတယ်။ company enterprise corporation စတာတွေဟာ သူတို့ပြီးမှ ဒီကစရတာကိုး။
    manager level အောက်ဝန်ထမ်းတွေအနေနဲ့လစာတိုးလိုချင်တာတွေ ဘောနပ်စ် ရမယ်ထင်ပြီးမရတာတွေ စသဖြင့်ကြုံကြရမှာပါဘဲ။

    စာရိုက်ရင်းကိစ္စရှိလာသဖြင်.နောက်မှဆက်ပို.ပါမည်။

  • zaymdy

    July 31, 2010 at 1:23 pm

    အဓိက ကတော့ စားဝတ်နေရေး မပြေလည်မှူ မတော်လောဘ တို. ကြောင့်လည်း လစာ တိုးတောင်းတာဖြစ်နိုင်ရင်လည်း ဖြစ်မယ်လေ လစတိုးတောင်ရတဲ့ အကြောင်းရင်းကို ဆွေးနွေးပြီး သူငှေးဘက်ကလည်း ပေးနိုင်တယ် သူလုပ်တာနဲ. တန်.တယ်ဆို. ပေးလိုက်ပေါ့ မပေးနိုင်ဘူးဆို.လည်း ပြေပြေလည်၂ ပြန်ပြောလိုက်ပေါ့ဗျာ
    အဒါဆို. သူတို.ဘာသာ သူတို. ဆုံး ဖြတ်လိုက်မယ် ခုခေတ်မြန်မာ နိုင်ငံမှာကတော့ လုပ်ငန်းတော်တော် များများ က မလုပ်နိုင်ထွက် ဆို.တဲ့ စကားတော်တော် အသုံး များတယ်ဗျ ဘာဖြစ်လို.လည်း ဆို.တော့ အလုပ်သမား လူတန်းစားက များတယ်လေ ဘာပဲ ဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် ပြော၂ လည်၂ ဆွေးနွေးသင့်တယ်လို. ထင်ပါတယ် ။

  • fatty

    July 31, 2010 at 2:26 pm

    sorry ဗျာ …..ဝန်ထမ်းတွေဘက်ကဘယ်လိုလစာတိုးတောင်းရမလဲဆိုတော့….
    ကိုယ်လိုချင်တာမရရင် ထွက်မယ်ကွာ ဆိုပြီးလုပ်ဖို့ကတော့…ကိုယ့်ဘက်ကပိုင်မှလုပ်ပါ နို့မို့ကတော့ကိုယ်ဘဲကွဲပါလိမ့်မယ်။
    ကိုယ့်ဘက်ကရသင့်ရဲ့သားနဲ့တိုးမရဘူးဆိုရင် ကိုယ်ကိုင်တဲ့ section မှာကိုယ်မရှိရင်မဖြစ်အောင်ကို ကြိုးစားထားပါ။ လက်ရှိအလုပ်ကမထွက်ခင်အသစ်တခုကိုကြိုချိတ်ထားပါ။
    အဲဒီအခြေအနေမျိုးမှာ သင်ရုတ်တရက်အလုပ်ကထွက်သွားရင် …လုပ်ငန်းဟာအနဲနဲ့အများတော့အခက်အခဲဖြစ်သွားမှာဘဲ။ ဒါပေမဲ့ 100% တော့သင်မအောင်မြင်နိုင်ပါ။
    လုပ်ငန်းရှင်ဆိုတာ သူ့လုပ်ငန်းအတွက် မဖြစ်ဖြစ်အောင်စီစဉ်မှာပါဘဲ။ ဒါပေမဲ့လဲ တချို့လုပ်ငန်းရှင်တွေလန့်သွားတတ်ပါတယ်။ ကျနော်ဆွေးနွေးနေတာက ရသင့်ရဲ့သားနဲ့မရရင်ပြောတာနော်။ တကယ်တမ်းရသင့်တာဟုတ်မဟုတ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်သုံးသပ်ရမှာပါ။
    အဲ လုပ်ငန်းတခုမှာ ပထမဆုံးကတော့ အနစ်နာခံပြီးကြိုးစားမှသာ နေရာရလာမယ်ဆိုတာမမေ့ပါနဲ့။ အစိုးရဌာနနဲ့တော့မဆိုင်ဘူးနော်။
    ကိုယ်တကယ်ကြိုးစားပြီး တိုးတက်မှု့ပြလာနိုင်ရင် ကိယ့်စကားကပေါက်မြောက်လာနိုင်တယ်ဆိုတာကုလဲမမေ့ပါနဲ့။

  • kopauk mandalay

    July 31, 2010 at 3:52 pm

    ကျနော်တကယ်ဖြစ်စေချင်တာက ပိုင်ရှင်ဘက်ကလဲ တကယ်အလုပ်လုပ်သူကို မြောက်စားရမယ်။
    ထိုက်သင့်တဲ့လစာကို တောင်းစရာမလိုဘဲ ပေးတတ်ရမယ်။
    ဝန်ထမ်းဘက်ကလဲ ကိုယ်က လုပ်ငန်းအပေါ်မှာ ဘယ်လောက်ထိကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ထားရှိနိုင်ရမယ်။
    ဒါဆိုရင် အခုလိုပိုစ့်မျုးိထွက်လာစရာမရှိပါဘူး။
    ပိုင်ရှင်တွေဘက် ချို့ယွင်းချက်ရှိတာကိုလည်း ရေးဘူးပါတယ်။
    (မဆို်စကောင်းဆိုစကောင်း မပြောင်းစကောင်းပြောင်းစကောင်း)နာမယ်နဲ့ပါ။
    ကျနော်ရေးတာက မြန်မာပြည်လက်ရှိအနေအထားနဲ့ရေးပြနေတာပါ။
    ဒီပြင်နိုင်ငံမှာလဲဒါမျိုးတွေရှိမယ်လို့ယူဆပါတယ်။

    ဒါပေမဲ့ ကျနော်တို့ပါတ်ဝန်းကျင်မှာ ဝန်ထမ်းတော်တော်များများက အလုပ်မှာစိတ်ဝင်စားမူ့နည်းလာတာကိုတွေ့ရပါတယ်။
    အလုပ်ချိန်ကိုလည်းမလေးစားတော့ဘူး
    အလုပ်နည်းနည်းလေးပိုခိုင်းရင် လခအကြောင်းအရင်ပြောတော့တာပါဘဲ။
    အဆိုးဆုံးကတော့ အတတ်ပညာကို လုပ်ငန်းနဲ့ပါတ်သက်တာကို သေချာသင်ဘို့ စိတ်ထဲမှာမရှိဘဲ
    နှစ်ကြာတာနဲ့ အလိုလိုလစာတွေတိုးလာမယ်ထင်နေကြတာပါ။
    တကယ်တော့ ကိုယ်ဘယ်လောက်အသုံးဝင်သလဲလို့မတွက်ဘဲ အဖိုးတန်တယ်လို့ထင်နေတာကို ထောက်ပြတာပါ။
    လူတစ်ယောက်ရဲ့လုပ်အား အရည်အသွေးကိုတန်ဘိုးထားပါတယ်။
    ဒါပေမဲ့ အကျပ်ကို်င်တောင်းဆိုတာကိုတော့ လက်မခံသင့်ဘူးလို့တော့ယုံကြည်ပါတယ်။
    မလုပ်ချင်ရင်ထွက်ဆိုတာက မောင်းထုတ်တာ မဟုတ်ပါ။
    တကယ်လို့ ကိုယ်အရည်အချင်းကိုသာ ယုံကြည်ရင် ပိုကောင်းတဲ့နေရာကို အသာတကြည်နဲ့ရောက်အောင်ကြိုးစားပြီးရောက်အောင်သွားနိုင်တယ်လို့ စိန်ခေါ်တာပါ။
    အခုလိုစိတ်ဝင်စားတာ ကျေးဇူးတင်ပါတယ်။
    ကျနော်ရေးတာကို လုံးဝလက်ခံရမယ်လို့ မဆိုလိုပါ။
    ကျနော့်အမြင်လေးကိုကျနော်ချပြလိုက်တယ် သူငယ်ချင်းတို့ကလဲ အမြင်လေးတွေပြန်ပြောပေးတယ်။
    အသင့်တော်ဆုံးကို ကျနော်အရေးကြုံလာရင် ယူလို့ဆုံးဖြတ်မှာပါ။
    ဆက်ပြီး အကြံတွေပေးပါ ဝေဖန်ပါ ကျေးဇူးပါ။
    ကိုပေါက် မန်းတလေး

  • mgmin

    August 1, 2010 at 5:14 am

    လစာ တိုး တောင်း လို့ ဝန်ထမ်းကို အပြစ် မြင်တာတွေသာ ထည့်ရေးနေတယ် ။ သူတို့ တိုးတောင်းတဲ့ တစ်လ စာ ငွေက သူဌေး ရဲ့ တစ်နေ့စာ အသုံးစရိတ် တောင် မရှိလောက်ပါဘူး။ ဒီလိုပါပဲ နိုင်ငံခြားမှာ ဆိုရင် လည်း စားသောက်ဆိုင်မှာ လုပ်နေတဲ့ လူတစ်ယောက်ရဲ့ တစ်နေ့စာ ဝင်ငွေလောက်မရှိပါဘူး။လူတွေက(အထူးသဖြင့် မန်နေဂျာများ၊section head ,branch manager, superviser, etc) နည်းနည်း ရာထူးလေးရှိလာပြီဆိုရင် သူဌေး ကပဲ ပြောသလိုလိုနဲ့ အာဏာ က ပြချင်သေးတယ်။ ပြီးတော့ အလုပ်ချိန်က ရောက်တဲ့ အချိန်ပဲ လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်ချိန်ရော ထိုးခိုင်းရဲ့လား။ ပြန်ချိန်ရောက်မှ အဝယ်တွေရောက်လာလို့ ပစ္စည်း ကလည်းရောင်းချင် ၊ ဝန်ထမ်းတွေမရှိရင် လက်လွှတ်မှာလည်း ဆိုးတော့ ၊ OT ဆင်းခိုင်းသေးတယ် ။ ဒီလို အပိုချိန်ဆင်းခိုင်းချင်လို့ ဝန်ထမ်း ခန့်ကတည်းက စည်းကမ်းတွေ ထည့်ရေးပြီးသားလေ ။ အလုပ်သမားတွေပေါများပြီး အလုပ်ရှင်တွေ စိတ်တိုင်းကျ ချယ်လှယ်နေတာကိုတော့ မကောင်းပါဘူး။ ကျွန်တော်ဆိုလိုတာက နေရာတိုင်းတော့ ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါပေမဲ့ အဲဒီလို ဖြစ်တဲ့ company တွေ တကယ်ရှိတယ်ဆိုတာပါပဲ။

  • kopauk mandalay

    August 3, 2010 at 3:58 pm

    ညီလေး mgminရေ
    (မဆို်စကောင်းဆိုစကောင်း မပြောင်းစကောင်းပြောင်းစကောင်း)
    (မြန်မာပြည်ကဂျစ်ပဆီလေးများ)
    (ဒီလောက်ရလို့ဒီလောက်ဘဲလုပ်ပေးမယ်ဆိုရင်)
    ဒီပို့စ်လေးတွေကို ကျေးဇူးပြုပြီးရှာဖတ်ပေးစေချင်ပါတယ်။
    အားလုံးကျနော်ရေးထားတာပါ။
    ဒါတွေက မြန်မာပြည်မှာလက်တွေ့ကြုံနေရသော အဖြစ်အပျက်အမှန်တွေပါ။

    ကိုပေါက် မန်းတလေး

  • annku7781

    August 22, 2010 at 4:09 am

    100 % ဖြစ်လာဖို ့က ၁% လေးတွေ အခါ တစ်ရာပေါင်းမှဖြစ်လာတာပါ
    ကိုယ်လုပ် လုပ်တစ်ခါ မလုပ်တစ်ခါ နဲ ့ကို ၁၀၀% လိုချင် အကြိမ်တစ်ရာ ပြည့်တိုင်း
    မဖြစ်နိင်ပါဘူး
    အဲဒါကြောင့် ဝန်ထမ်း တွေ ကို အသေးစိတ် စောင့်ကြည့်ဖို ့သဌေးက ဝန်ထမ်းတစ်ယောက် ကိုသီးသန် ့ထားသင့်တယ်ထင်ပါတယ်
    ကိုယ် မှားရင်ကိုယ်ခံ ကို်ယ်ကြိုးစားရင်ကိုယ် ရတယ်
    အလျော်အစားကို အတိအကျပေးသင့်တယ်လို ့ထင်
    ဒီပို ့မှာ ကောင်မလေးက သင်တန်းတက်တယ် ရုံးချိန်နောက်ကျတယ် ရုံးချိန်ရက်တွေပျက်တယ်လို ့ဆိုထားပါတယ်
    သူ ့ကို တာဝန်ယူခိုင်းပါ လစာထဲကဖြတ်သင့်တယ်
    သီးသန် ့ခွင့်ပေးတာမဖြစ်သင့်ပါဘူး
    လစာတိုးချိန် ကျရင်လည်း သူလုပ်ခဲ့တာတွေကိုလည်း လစ်လျူရှုလို ့မရပါဘူး
    ဗျောက်အိုးဖောက်တဲ ့သူကိုလည်း ဗျောက်တဲ ့အခါမျိုးမှာ သူ ့လုပ်ဆောင်ချက်နဲ ့ မေ့လျော့နေတဲ ့သူရဲ ့ပေ့ါဆမှုတွေကိုလည်း ထောက်ပြနိင်တဲ ့နေစဉ်ရုံးတွင်းဖြစ်စဉ်ကိုထားသင့်တယ်လို ့လည်းထင်ပါတယ်
    အဲလိုကျရင် ဘယ်သူ ့ကိုမှ အားနာစရာမလိုသလို ဖြစ်လာတာကိုလည်းရှင်းပြစရာမလိုတော ့ဘူး မင်းဇယား မင်းလုပ်ထားတာသွားကြည့် ကိုယ် ့ဖာသာစဥ်းစား လို ့သာဖြေရှင်းပေးရုံသာရှိတယ်လို ့ထင်ပါတယ်
    မိမိရဲ ့ထင်မြင်ချက်သက်သက်တာဖြစ်ပါသည် အမှားရင်သင်ကြားပေးပါလု ိ ့ဝန်ဖေပေးပါလို ့

Leave a Reply