သဒင်းပတေသာ Variety

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဥက္ကဌ ဘွားဒေါ်ဂျီးမှ နေရာမလုဂျရန်နှင့် ကုလားထိုင်တွင် ကြာကြာထိုင် မိသူများ ဆိတ်ရောဂါ ဖြစ်တတ်ကြောင်း ပြောခဲ့မှုအပေါ် သမဒဂျီး ဦးသိန်းစိန် အစိုးမရမှ တိရစာ္ဆန် ဆရာဝံများ တိုးချဲ့ခန့်အပ်မည်ဟု အပြုသဘော တုံ့ပြန်ခြင်းကို တီထွင်ပါရဂူ ဖိုးဆိတ်ဖြူမှ ကြိုဆိုလိုက်သည်။ ရဲရဲတောက် ဆောင်းပါးရှင် ဆိတ်ဖွားမှာ အသံတိတ်နေ၍ လက်စတုံး အရှင်းခံရပုံပေါ်သည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် နှစ်နိုင်ငံ အကျိုးရှိရာဖစ်ကြောင်း သမဒဂျီး ဦးသိန်းစိန် ပြောဆိုဂျက်အား  တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝမ် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ ချီးမွှမ်းလိုက်ပြီး မြန်မာအကျိုးအတွက် ဂျိုင်းထောက်များ ပေးအပ်လှူဒါန်းခဲ့သည်။

ဒီချုပ်အနေဖြင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါက အာဏာခွဲရန် သဘောထားမရှိ ဆိုခြင်းကို သွားဆရာဝံ ဇာဂနာမှ ညစာစားပွဲ တခုတွင် ပြစ်တင်ရှုံ့ချမိခြင်းမှာ ၎င်းအရက်မူးနေစဉ် အာဏာနှင့် အာနာ နားကြားလွဲသွား၍ မှားယွင်းခဲ့သည်၊ နောင်မသိလျင် မပြောတော့ပါဟု ခံဝန်ကတိပေးရသည်။

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များ စွမ်းရည်တိုးမြှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရာ စပွန်ဆာကုမ္မဏီများမှာ ဗီယာဂယာအားဆေး၊ အေဘီစီစတောက်ဘီယာ၊ စီပီမွေးမြူရေးကြက်ဥ၊ ဆာဒူးဂျီးကပေ ဖီးကြမ်းငှက်ပျောသီး တို့ဖစ်သည်။

ဝင်းဒိုးဆော့ဖ်ဝဲလ် ထုတ်လုပ်သည့် မိုက်ခရိုဆော့ဖ် ကုမ္မဏီနှင့် ဆွေးနွေးပွဲတွင် နီးပြင်ညာဒုဝံကျီး ကေအမ်ဒီ ဦးသောင်းတင်မှ လိုင်စင်ခ မပေးရပဲ ဖရီးရလျင် မြန်မာပြည်အတွက် အသင့်တော်ဆုံးဈေးဖြစ်မည် ပြောခြင်းကို ပြိုင်ဖက် အက်ပဲလ်ကုမ္မဏီဂျီးမှ လုံးဝ ဖြစ်သင့်ဂျောင်း ထောက်ခံလိုက်သည်။

၅၀၀ဝကျပ်တန် ငွေစက္ကအတု အမှုနှင့် ပတ်သက်နေသော ကေအိုင်အို အရာရှိနှစ်ဦးအား အစိုးရထံ လွှဲပြောင်း မပေးခြင်းမှာ အစစ်ထက် အတုက အရည်အသွေး ပိုကောင်းနေ၍ဟု ကေအိုင်အေ ဗိုလ်ဂျုပ်ဂွမ်မော်မှဆိုသည်။

အစိုးရထုတ် ငွေစက္ကူ
အစိုးရထုတ် ငွေစက္ကူ

ငွေစက္ကူအတု
ငွေစက္ကူအတု

မြန်မာပြည်သို့ ရင်းနှီးးမြှုပ်နှံရာတွင် တရုတ်၊ အာဆီယံ နိုင်ငံများထက် နောက်ကျနေသော ဂျပန်နိုင်ငံအနေဖြင့် လူလက်ခံပြီးသား အပြာမူဗွီများဖြင့် ခြေကုပ်ယူ ထိုးဖောက်သင့်ကြောင်း စွန့်ဦးတီထွင် ပရိုဂျူဆာ ဦးချက်ကြီးမှ ပုရိသကြိုက် “ဆော်စရာရှိ အပြတ်ဆော်” ဇာတ်ကားကန်တော့ပွဲတွင် နှာသံဖြင့် ပြောဆိုသွားသည်။

ရခိုင်ပြည်နယ်တွင် တရုတ်ရေနံကုမ္မဏီ စီအန်ပီစီ မှ ပိုက်လိုင်း တည်ဆောက်ခြင်း ပြီးစီးလုပီဖြစ်၍ ၂၀၁၄ခုနှစ်   တွင်စ၍ လုပ်ငန်း လည်ပတ်မည့်အပေါ် အိန္ဒိယ ရေမွှေးကုမ္မဏီ မဆလာ က ၎င်းတို့ဈေးကွက်ဝေစု ထိခိုက်ဖွယ် မရှိဂျောင်း ဆယ်နှစ်ကြာ လေ့လာထားသော စစ်တမ်းရလဒ် ထုတ်ပြန်သည်။

၂၀၁၃ ဇွန်လ၁ရက်နေ့က ကွယ်လွန်သွားသော တေးရေးဆရာ ကေအေတီမှာ ဦးကြောင်ကြီး မဟုတ်ကြောင်း သတင်းလာ မမေးနေနိုင်ရက်သည့် သာမီးလေးများ သိစေရန် ကြော်ငြာထားသည်။

ကေအိုင်အိုနှင့် ဆွေးနွေးနေသော မြန်မာစစ်တပ် ကိုယ်စားလှယ်ဒေါ် ဒုဗိုလ်ဂျုပ်ကျီး မြင့်စိုးမှ ကျောင်းသားဘဝ၌ ဦးသန့်အရေးအခင်း ပါခဲ့ကြောင်း ပြောဆိုသော်လည်း ၎င်းအမည်အား ကျောင်းသားသမဂ္ဂ မှတ်တမ်းများတွင် မတွေ့သဖြင့် ကြောက်ချေးပါခြင်း ဖြစ်မည်ဟု ယူဆဖွယ်ရှိသည်

သမဒ ဦးသိန်းစိန်အား ထောက်ခံ ဆန္ဒပြပွဲအား သုဝဏ္ဏ ဘော်လုံးကွင်းတွင် ကျင်းပရာ သမဒဂျီးမှ ဝန်ထမ်းများ အာဏာအလွဲသုံးစား မပြုရန် မိန့်ခွန်းပြောချိန်တွင် ကွင်းမအားသဖြင့် လယ်ထဲဆင်း လေ့ကျင့်နေရသော လက်ရွေးစင် ဘောသမားတဦး စိတ်ဆိုးဆိုးနှင့် ကန်ဘောင်ရိုးအား ပိတ်ကန်လိုက်၍ ခြေနာသွားသည့်သတင်း မဟုတ်မမှန်ဂျောင်း သမဒရုံးမှ ငြင်းဆိုလိုက်သည်။   

မလေးရှားနိုင်ငံတွင် မြန်မာအချို့ ရိုက်နှက်သတ်ဖြတ် ခံရသောသတင်း မဟုတ်မှန်ဂျောင်းနှင့် အွန်လိုင်းသတင်း ဖြန့်ချီမှုများအား အလွယ်မယုံဂျရန် ပျံကျားရေး ဒုတိယဝံကျီး ဦးရဲထွဋ်မှ ပန်ကြားခဲ့ပြီးနောက် ၎င်း မနေ့ညက အိမ်အပြန်လမ်းတွင် ပန်းကန်ပြားပျံ တွေ့လိုက်သည့်ဇာတ်လမ်း တကယ်ဟုတ်ကြောင်း ဖွဲ့နွဲ့ ပြောသွားသည်။

အင်တာနက်ပေါ်တွင် ရေးထားသည့် မလေးရှားရောက် မြန်မာများ ရိုက်နှက်သတ်ဖြတ်ခံ ခံရသည့်သတင်းအား လိမ်စဉ်ဟု ၎င်းဖေ့ဘွတ်တွင် ရေးထားပြီးမှ မှားယွင်းကြောင်း တောင်းပန်သည့် ပျံကျားရေးဒုဝံကျီး ဦးရဲထွဋ်အား  အွန်လိုင်းသုံးစွဲသူများက ဗွာတေးဝံကျီး ရာထူးသစ် ပေးအပ်ချီးမြှင့်သည်။

နောက်ဆက်တွဲအဖြစ် မလေးရှားသံအမတ် ဦးငိုက်မြည်းမှ ဦးရဲထွဋ်အား သတင်းမှားပေးခြင်းကို စိတ်မဆိုးရန် မလေးရှားကြက်ကြော် တဒါဇင် ဒီအိပ်ချ်အယ်လ် အမြန်ချောပို့ဖြင့် လက်ဆောင်ပေးပို့ခဲ့ရာ မလေးရှားရောက် မြန်မာအလုပ်သမားများမှ ဗီဇာကြေးတိုးမြှင့် ကောက်ခံမည်ကို စိုးရိမ်နေကြသည်။

ဗီဇာမရ၍ သမဒဂျီး ထောက်ခံဆန္ဒပြပွဲ မတက်လိုက်ရသော ထိုင်းနိုင်ငံရောက် ဂျော်လကီဖားပြုတ်အောင်ပုမှ မှောက်ခံဆန္ဒပြပွဲ ထပ်မံ ကျင်းပမည်ဖြစ်ရာ ဆိတ်ဝင်စားသူတိုင်း ဖရီးအားပေးနိုင်ဂျောင်း သိရသည်။

16 comments

  • ကြက်အူလှည့်

    June 3, 2013 at 8:38 am

    ကျုပ် အားအကျဆုံး တေးရေး ကွယ်လွန်သွားလို့ စိတ်မကောင်းဘုဗျာ…
    :'(

    RIP

    • KZ

      June 3, 2013 at 9:02 am

      ဟုတ်တယ်။
      သူ့ ရင်တွင်းဖြစ် စာသားလေးတွေ နားထောင်နိုင်တော့ ဘူး။
      :byae:

    • ဦးကြောင်ကြီး

      June 3, 2013 at 9:15 am

      ဟေ့ဟေ့..တော်လောက်ပီ… ငါ့ပို့စ်က ဝမ်းနည်းကြော်ငြာ ထည့်တဲ့နာရေးကဏ္ဍမဟုတ်၊ အလွမ်းသယ်ဖို့ နေရာလည်းဟုတ်ဖူး..။ ခွီးထဲမှ ဆိတ်မကောင်း သိပ်ဖစ်နေရင် နွားမွေးဂျ… 🙁

      • အရီးခင်လတ်

        June 3, 2013 at 11:47 pm

        အောင်မယ်လေးဟဲ့။
        စွာနေလိုက်တာ။
        ဟိုက “ကက်” ချင်းတူလို့ ဝင်လာပြီး အားပါးတရ မှီငိုဖို့ ပခုံးစွန်းရှာနေတာ ကိုများ။
        နည်းနည်းပါးပါး အမှီခံလိုက်ပါတော့လား။
        (CAT = KAT)

  • အလင်း ဆက်

    June 3, 2013 at 10:20 am

    သတင်းပဒေသာ
    အပျင်း င တေမာ
    ပုလင်း အရည် ပါ
    အရင်း မ သေတာ
    ပြတင်း တစ်ဂေဟာ
    စာရင်း အ ပွေ ပါ

  • မောင် ပေ

    June 3, 2013 at 12:00 pm

    ဦးရဲထွဋ် က မလေးရှား ပြဿနာ ဒီဘက် မှာ ကူး လာမှာ စိုးလို ့၊ နာမည်ပျက်ခံပြီး ပိတ်တယ် ထင်ပါရဲ ့
    ဖေ့ဘုတ်တခွင်လုံး
    မလေးရှားက မြန်မာတွေ ဓါတ်ပုံတွေ နေရာတွေ အချိန်တွေ နဲ ့ဆက်တိုက် တင်နေကြတာကို
    ဦးရဲထွဋ် က ဘာမှ မဖြစ်ဘူး… ကောင်းသွားမှာပါ ဆိုသလိုလို

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 3, 2013 at 1:21 pm

    တပ်မတော်အနေနှင့် မည်သည့်အစိုးရအာဏာရလာသည်ဖြစ်စေ
    တိုင်းပြည်တာဝန်ကို သမ္မတအမိန့်အာဏာအောက်မှာ
    ရွပ်ရွပ်ချွံချွံထမ်းဆောင်မည်ဆိုတဲ့
    တပ်မတော်တာဝန်ရှိသူတစ်ဦးရဲ့ ဖြေကြားချက်ကိုချန်လှပ်ထားခြင်းဟာ
    တပ်မတော်ရဲ့ ရိုးသားတဲ့ဂုဏ်ပုဒ်ကို ဖုံးကွယ်တဲ့သဘောရောက်စေတဲ့အတွက်
    ဒီသဒင်းဂို တရားစွဲဘါဒယ်

  • Yin Nyine Nway

    June 3, 2013 at 2:34 pm

    အတုက အစစ်ထက်ကောင်းဒယ် ဆိုတာရယ်…
    အလကားရရင် မြန်မာနိုင်ငံအတွက် ပိုကောင်းဒယ်ဆိုတာ တော့ မှန်တယ်ဗျို့ …
    ရုံးမှာ အလကားကျွှေးတဲ့ ထမင်းစားပြီး ဗိုက်လေး အိပ်ငိုက်နေဒါ… ဦးကြောင် ပိုစ့်ဖတ်မှပဲ
    အူနိုက်နေရဒယ်….. :O :O :O

  • kai

    June 3, 2013 at 2:39 pm

    ဘာရယ်မဟုတ်ပါ…
    အခုတနင်္ဂနွေက.. နေ့လည်ပိုင်း… ၈၈ မျိုးဆက်ခေါင်းဆောင်၂ယောက် အယ်လ်အေလာတာ… လေဆိပ်သွားကြိုခဲ့တဲ့အကြောင်း..
    နောက်.. ဟောလိဝုဒ်သွားလည်ကြတဲ့အကြောင်း…
    လူပျိုကြီးတွေ.. ဟောလိဝုဒ်မှာဘာလုပ်ကြသလည်း.. သိချင်ကြသလား… ဗျ…။

    သတင်းစစ်တွေဗျိုး… သတင်းအစစ်တွေ…။ :kwi:

    • အရီးခင်လတ်

      June 3, 2013 at 3:04 pm

      မှ –
      သူကြီးမင်း
      နားစွန်နားဖျား ရပ်ကွက်
      (စီဒီ တူ ကဘချော)
      😆

  • အရီးခင်လတ်

    June 3, 2013 at 3:03 pm

    ပိုက်ဆံအတု နဲ့ အစစ် ကို ယှဉ်ပြထားတဲ့ အိုင်ဒီယာလေး ကြိုက်၏။
    ဟိုတစ်လော က ရွာထဲ အတု ကဗျာ တွေ ပွသွားတာ သတိရသေး။
    အစစ်က စုတ်ပြတ်ပြီး ကိုင်ချင်စရာ မရှိ၊ ပေးလဲ မယူမှတော့ အတုကို ထွင်သုံးကြတာ အပြစ်လား ကွယ်။
    😆

  • lele kyi

    June 3, 2013 at 3:40 pm

    အင်း…ထောက်ခံဆန်ဒပြပွဲ။ 🙂
    ငယ်ငယ်တုန်းက လိုက်ခဲ့ဖူးတယ်..အင်း..ဘောလုံးကွင်းတွေကြီးပဲ။ အစောကြီးထ.အဝေးကြီးသွား..ဘာမှမကြားရ.ဘာမှန်းလည်းမသိတဲ့ဆိုတွေကို အူလည်လည် အိပ်ချင်မူးတူးထောက်ခံ့တာ။ ဟီး ဟီး။ စဉ်းစားလို့မရဘူး..အချိန်ကုန် လူပန်း ဘာမှဖြစ်မလာတဲ့အရာတွေကို အချိန်ယူ ပြင်ဆင်ပြီးလေးလေးနက်နက် ထောက်ခံဆန်ဒပြ။ 😉

  • marga thagyar

    June 3, 2013 at 5:43 pm

    ကျွန်ပ် လည်း သတင်းထူး တစ်ပုဒ် ရသဖြင့် မျှဝေ လိုပါသည်. မြန်မာနိုင်ငံ ဝန်ဂျီးထာန တစ်ခုက သုံးရာသီ လုံး စားသုံးနိုင်သည့် သေဆုံးခြင်းမရှိသည့် အပင် တစ်မျိုးကို အောင်မြင်စွာ သုတေသနပြု ထုတ် လုပ်လိုက်ပြီ ဖြစ်ကြောင်း ၊နည်းပညာရရှိရေးအတွက် ကျန်အာဆီယံ (၉)နိုင်ငံကအပူတပြင်း လာရောက်ချဉ်းကပ်တောင်းခံလျက်ရှိကြောင်း၊တောင်း မရပါက ဖြစ်သည့်နည်းဖြင့် ရအောင်ယူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထူးဆန်းသောထိုအပင် မှာ ” စည်ပင်”. ဖြစ်ကြောင်းသိရှိရပါသည်။

  • ဖရီးအားပေးလို့ရဒဲ့
    ဟို … ဆန်ဒ ပျဘွဲဂိုဒေါ့
    ဆိတ်ဝင်စားဒယ် ..
    နွားလေးပါ လွှတ်ပေးအုံးမှ ….

  • uncle gyi

    June 3, 2013 at 10:48 pm

    အရင်အစိုးရဆီတိုင်တွေတုန်းကလည်းခွက်ချင်အခု်ိးခံရ
    ယခုပုဂ္ဂလိကဆီတိုင်တွေမှာလည်းခွက်ချင်အခိုးခံနေရကြောင်းကြားသိရပါတယ်

    ဖမ်းဆီးအဖွဲ့များမှဖမ်းဆီသော်လည်းဂါလံနှင့်လီတာအခေါ်ပြောင်းသွားသောကြောင့်
    အဖမ်းမခံကြရပါ

    ထို့ကြောင့်ပျော်ပျော်ပါးပါးဆက်လက်ခိုးနေကြကြောင်းသတင်းရရှိပါကြောင်း

Leave a Reply