ဝမ်းနည်းမှတ်တမ်း

ムラカミJune 3, 20131min38235

ဟတ်ကောင် သေမင်း
ရီးဘဲ ကွာ …
မင့်ကို ကျော်ကိုကို့ ဇဂါး
ငှားပြောလိုက်မယ် ..
ဘောပဲ မှတ်တယ်…။

ကိုငှက်ကို ပြန်မပေးနဲ့ …
ကိုဃကြီး ပြန်မပေးနဲ့
ကိုတိုးဂျီး ပြန်မပေးနဲ့ …
ဦးခင်ဝမ်း ပြန်မပေးနဲ့ …
ပြန်ပေးရအောင် သူဒို့
မင့်ဆီ လာတာမှမဟုတ်တာကွ…
ဟိုဂဒုံး စကား အရဆို .. သူရို့
ကောင်းကင်ဘုံမှာ ဝိုင်းခြင်း ခတ်နေတာတဲ့…

အခု နောက် တျောက် …
ငဒို့ ချာတိတ်တွေ
အသဲကွဲတိုင်း
မကင်းနိုင်ခဲ့ကြတဲ့ လူဂျီး
ဘာဖစ်တုန်းကွ …
သူလည်း ခြင်းခတ်ချင်မပေါ့… ရီးဖစ်လား..
ငဒို့ အနှိုင်းမဲ့တွေက
နဲဗား ဆောရီး ကို နှလုံးသွင်းတယ်ဆိုတာ …
မင်းမသိ တာ ညံ့လွန်းသေးတယ်
သေမင်းဆိုတဲ့ ချာတိတ်ရာ…

မင့် ၆၃မကျလို့ …
အိမ်အိမ်း – ဖွာထောင်း နဲ့ နစ်ကီ
ခြင်းလာခတ်ပြနေတာ ..
ငဒို့ သီးခံ ကြည့်ပေးနေတယ်ကွ…
ဘာမှ မပြောဘု ..

စကားမစပ် ..
ဟတ်ကောင်သေမင်း
ရီးးးး ဘဲ ကွာ…။
R.I.P KAT
01-06-2013

:'(

35 comments

  • KZ

    June 3, 2013 at 9:18 am

    ဟုတ်တယ်။
    ကြက်အူလှည့် ပြောတဲ့ အတိုင်းပဲ။
    🙁
    သေမင်းဆိုတဲ့ လူရီး အဲ လူဂျီး…!

    ခေါ်ဖို့ ကျန်နေသေးတဲ့ လူတွေလည်း တပြွတ် အဲ တစ်ပုံကြီး ရှိသေးတယ်။

    ဒါပဲ။

    အဲ စကားမစပ်။ ဟိတ် လူဂျီး။
    ခေါ်ချင်းခေါ်လည်း သူ့ ကို အရင် ခေါ်ပါ။
    သူ အရင် ဆဲ တာပါ။ :mrgreen:

    • ကြက်အူလှည့်

      June 3, 2013 at 1:26 pm

      သွားလေသူ ဆြာမင်းသိင်္ခ စာတွေထဲမတော့ သေမင်းနှုတ်ခမ်းမွေးကို တပင်ချင်းနှုတ်ပြီး ကြည်ဆယ်ဝံ့သူတို့
      သေတယ်ဆိုတာ ခေတ္တ ခန အိပ်စက်တယ်ပဲ မှတ်တယ် ပြောတာတို့ .. ဖတ်ဖူးတာပဲလေ..။

      နောက်ထပ် သွားလေသူ တဦးဖြစ်တဲ့ ဆြာချော ကတော့ ကြွေတယ် ဆိုတာကို က ပွင့်ခြင်း ပဲ တဲ့…
      သည်တော့ သေတယ်ဆိုတာ ကိုက မွေးခြင်း တမျိုး ပဲလို့ ကောက်ချက်ဆွဲနိုင်မလား မပြောတတ်…။

      နောက်ဆုံးပြောချင်တဲ့ နောက်ထပ်သွားလေသူကြီး တယောက်ကတော့ ‘Oh wow. Oh wow. Oh wow’ တဲ့ ….

      ကျုပ်တော့ ဂနေ့ သေတဲ့လူတွေအကြောင်းပြောတာ များမယ်ထင့်…။

  • ဦးကြောင်ကြီး

    June 3, 2013 at 10:22 am

    ဝမ်းနည်းမှတ်တမ်း
    ငမ်းဆွဲဖက်နမ်း
    လမ်းလွဲဖြတ်သန်း
    ဖမ်းပွဲကြက်ခန်း..

  • kyeemite

    June 3, 2013 at 1:29 pm

    ဟတ်ကောင် မောင်ဂီ
    ဒေါသကိုထိန်း..ကြည့်ကျက်ဖိန်းအုံး
    ဘဝကိုလည်းမင်းမပိုင်ဘဲ
    သေမင်းဆိုတဲ့ ငါ့ကိုဆဲ
    မသေခင်မှာ လုပ်ချင်ရာလုပ်
    အဟုတ်ထင်မနေနဲ့
    အလှည့်ရောက်ရင်တော့
    ၆၃မကျတဲ့နင့်ကိုလည်း
    ငါလာဆွဲမှာပဲ…။
    ပုံ/ သေမင်း
    ခေတ္တလူ့ပြီ။
    :harr:

  • ကြက်အူလှည့်

    June 3, 2013 at 1:40 pm

    ညလေး မှောင် မဲ .. တိမ်ညိုတွေကြား အလင်းပျောက်ကွယ်…
    အို.. ဒီလိုညမျိုး အိပ်လို့ပျော်အောင် ..လာပြီး .
    ဘယ်သူကများ နှစ်သိမ့်မလဲ ..မင်းကို ငါတကယ် မမေ့သေးဘူး

    http://zarnywin.blogspot.jp/2010/11/blog-post.html

    ဒါလေး သွားတွေ့ပြီး စိတ်မကောင်း အတော် ဖြစ်သွားတယ်..
    (ကောမန့်တွေပါဖတ်မှ ဇာတ်ရည်လည်ပါမယ်..)

    တခါတရံ အချစ်ဆိုတာ သေတတ်သည်။

    :byae:

  • black chaw

    June 3, 2013 at 1:55 pm

    ဝမ်းနည်းမှတ်တမ်း
    တေးရေး – မောင်မောင်ဇော်လတ် တေးဆို – လေးဖြူ

    ဖြစ်မယ် ပျက်မယ် သေခြင်းတရား
    တစ်နေ့ကျ အိုမုချ လို့ ကြုံမှာ သိတယ်…သိလည်းပဲ…
    နောက်ဘိတ်ဆုံးမှာ လူတိုင်းဟာ
    အကုန်ခွဲခွာ အနိစ္စမမြဲဘူးဆိုတာ သိတယ်…သိလည်းပဲ…
    မျက်လှည့်ပြသလိုပဲ…
    ငါ့ရှေ့မှာ မနေ့တစ်နေ့က ရှိကြသေးတယ်…
    ရုတ်တရက် နှုတ်ဆက်ပျောက်ကွယ်…
    အခုတော့ ငါ့တစ်ယောက်တည်း…ဘယ်ယုံနိုင်မလဲ…
    (အတူတူ အိပ်မက်နေတုန်း
    အတူတူ လမ်းတစ်ခုလျှောက်တုန်း
    အတူတူ ရွက်လွှင့်နေတုန်းမှာ ပျောက်ကွယ်…
    အတူတူ သီချင်းများဆိုတုန်း
    အတူတူ အလင်းများရှာတုန်း
    အတူတူ တစ်မိုးအောက်ခိုနေတုန်း…)

    ညီလေးရေ…။
    အယ်လ်ဖြူနဲ့ ထူးအိမ်သင် ကွယ်လွန်သွားတဲ့အခါ
    ဒေါက်တာ မောင်မောင်ဇော်လတ် ဆိုတဲ့ သီချင်းရေးဆရာက
    သူ့ရင်ထဲထိခိုက်ခံစားရတာကို သီချင်းတစ်ပုဒ်ရေးပြီး ပေါက်ကွဲပါတယ်…။
    ခံစားချက်တူတဲ့ လေးဖြူက ဒီသီချင်းကို ဆိုပါတယ်…။
    အခု…
    ကေအေတီကြီး ကွယ်လွန်သွားပါတယ်…။
    လေးဖြူ ဘယ်လောက်ခံစားရမလဲ…။
    အငဲ ဘယ်လောက်ကြေကွဲရမလဲ…။
    တွေးကြည့်ရုံနဲ့တင် ဝမ်းနည်းစရာကောင်းနေပါပြီ…။
    ကိုယ်လည်း ကေအေတီကြီးကို ဝင်လွမ်းခွင့်ပြုပါ…။
    မြန်မာ စတီရီယို လောကမှာ…
    မင်းလေးမင်း (သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ မင်းချစ်သူ)
    နောက်ပိုင်း…
    အဲဒီ ကေအေတီကြီးကို ကိုယ်အကြိုက်ဆုံးပါ…။

    • ကြက်အူလှည့်

      June 3, 2013 at 1:59 pm

      အူးလေး.. သူရို့ စိတ်ကောက်နေကြတယ် ကြားတယ်…
      ဘာဖြစ်သလဲဆိုတာ ဒီတေးလ်တော့ သများလည်း မသိသေးဘူး

      သူခံစားထိရှ ရတဲ့အထဲမယ် အဲ့ဒါတွေလည်း ပါမယ်ပေါ့ဗျာ..

      :byae:

  • ဝဋ်ကြွေးတွေကို ဆပ်လို့မကုန်သေးတဲ့ ကိုကေအေတီရဲ့.. ဝဋ်ကြွေးဆိုတဲ့ အသံလေးကို အခုထိ ကြားနေတုန်းပါပဲ…
    တကယ်ကို စိတ်မကောင်းဖြစ်မိတယ်…

    • ကြက်အူလှည့်

      June 3, 2013 at 2:01 pm

      အိုက်ဒိ အငိုချံပျံ လဗြိုလ်ကြီးတော့ ဒီတခါမှ တကယ်ငို ရပြီဗျာ…

      မြင်ယောင်မိတယ် အတိတ်မြက်ခင်းစိမ်းလေး.. မြင်ယောင်နေဆဲ .. ကြာဘီ ဆိုပေမယ့် ..

      :byae:

  • အရီးခင်လတ်

    June 3, 2013 at 3:17 pm

    နာမည်တော့ကြားဘူးပါတယ်။
    ဘယ်သူဆိုတဲ့ ဘာသီချင်း ဆိုတာလေးများ ပြောရင် ပိုမှတ်မိ သွားမယ်။
    “Rest in peace” ပါ ကေအေတီ။

    • ကြက်အူလှည့်

      June 3, 2013 at 3:24 pm

      အသဲကွဲ သီချင်းသစ်
      ဒီကစောင့်နေသူ
      စွဲလမ်းမှု ပြဿနာ
      မေ့မှာပါ

      အဲ့ဒီအူးလေး ကျော်အောင်သစ် ကို ဖြစ်စေခဲ့တဲ့ သီချင်းတွေ ပေါ့ဗျာ
      (ဆက်ဆွဲထုတ်ရင် တပြွတ်ကြီး ထွက်လာဦးမယ်)
      “ကမ်းခြေ”

      လူတွေ ပျားပန်းခတ် အသက်ဝင်နေပေမယ့်
      သူ့ကိုယ်ပိုင် အသက်ရှင်ချိန်က ရှားတယ်
      တိမ်မျှင် တခုလို ခပ်ပါးပါးခပ်နွဲ့ နွဲ့

      မနက်မှာ အရုဏ်အလင်း
      ညအခါလေပြေညှင်း
      သဘာဝရဲ့ ပြတင်းပေါက်တွေကတဆင့်
      အပေါင်းအသင်းဆန်ဆန်
      ဆက်ဆံရေးရှိသော်လည်း
      (တကယ့်တကယ်ကျ…)
      ကျနော့်လိုပဲ ..
      နာကျင်အချိန်တွေက ပိုများတယ်။ ။ ။

      (ကျော်အောင်သစ်)

      တဲ့ ..

      :byae:

      ငိုပယဇီ ဗျာ…။

  • black chaw

    June 3, 2013 at 3:43 pm

    ညီလေးဂီရေ…။
    ဇွန်လရဲ့မိုးရေစက်များပို့စ်ထဲမှာ ကိုယ်ထည့်ရေးခဲ့တဲ့
    ကေအေတီ သီချင်းလေး အကြောင်း ပြန်ကူးတင်ပေးလိုက်ပါတယ်ဗျာ…။

    မိုးရာသီနဲ့ မိုးကိုဖွဲ့တဲ့သီချင်းတွေထဲမှာ အခုလောလောဆယ်
    ကျွန်တော် နားထောင်ဖြစ်နေတဲ့ သီချင်းလေးကတော့
    ကေအေတီနဲ့ အာရ်ခိုင် တို့ရေးပြီး မဒီ သီဆိုထားခဲ့တဲ့ ရွာသာရွာပါမိုး သီချင်းလေးပါ။
    CHORUS အပိုဒ်အရောက်မှာ ရွာသာရွာပါမိုး
    ဒီးတာဒီး ဒီးတာဒီး ဒီးတာဒီးတာဒီးတာဒီးတာ ဒီးတာတီး
    ဆိုတာလေးက နားထောင်သူရဲ့ စိတ်ကို လန်းဆန်းစေမှာပါ…။
    စာသားလေးတွေ နည်းနည်း ဖတ်ကြည့်ပေးပါဦး…။

    ရွာသာရွာပါမိုး
    တေးရေး – ကေအေတီ+Rခိုင် တေးဆို – မဒီ

    ကြည့်စမ်းပါ ဝန်းကျင် တစ်လောကလုံး
    မိုးတိမ်မိုးတိမ်မိုးတိမ်များဖုံး
    လျှပ်ပန်းတွေလက်နေကောင်းကင်ထဲ
    ရွာတော့ မိုး ရာ…
    ဒီလမ်းနဲ့ မိုးကို မှန်းမျှော်မိ
    အတိတ်လှိုင်းတွေ ဒို့ဆီမျောပါပြီး
    အရိုင်းလေပျင်းရေ မိုးခေါ်ခဲ့
    ရေလည်းခမ်းပြီကွာ
    နွေလွန်သွားတဲ့ အချိန်ရောက်တိုင်း သတိရနေ..
    လူတွေတိုင်း….ahyaya
    အိုရွာသာရွာပါမိုး
    တီးဒါတီး တီးဒါတီးဒါတီးဒါတီးဒါတီးဒါတီး တားတီ။
    ထစ်ချုန်းသံကြားရင် လွမ်းတယ်အတိ်တ်
    ဝသန်မိုးရွာတုန်း ကြည်နူးစိတ်
    ကလေးလို ဒို့မှာ လမ်းပေါ်ပြေးချင်လို့ မိုးရွာပါ။
    အလွမ်းပူမီးတွေ အေးစေဖို့
    အဆိုးတွေ အဆိုးတွေ အဆိုးတွေ အားလုံး
    ရှိသေးရင်ဘေးဖယ် မိုးရေထဲ ပြန်ညှိမ်းသတ်ချင်တယ်
    အို ရွာသာရွာပါမိုး
    တီးဒါတီး တီးဒါတီးဒါတီးဒါတီးဒါတီးဒါတီး ဒါတီ။

    သိတ်မကြာသေးခင်က ဂျာနယ်တစ်စောင်ထဲမှာ ဒီသီချင်းအကြောင်း ပြောခဲ့ကြဘူးပါတယ်။
    ဂျာနယ်နာမည် မေ့နေလို့ ခွင့်လွှတ်ပေးကြပါ…။
    ဂျာနယ်ထဲပါခဲ့တဲ့ မဒီ ရဲ့ ရွာသာရွာပါမိုး သီချင်းလေးအကြောင်း ဖတ်ကြည့်ကြရအောင်ဗျာ။
    ဒီသီချင်းကို ကနဦးပေါက်ဖွားစေခဲ့သူ တေးရေးကေအေတီရဲ့ စကားတွေကတော့ ..

    “ဒီသီချင်းက ကော်ပီသီချင်း။မဒီရဲ့စတုတ္ထမြောက်စီးရီးလုပ်နေတုန်း
    မူရင်းသီချင်းထွက်လာတာ နားထောင်ပြီးကြိုက်လို့ ရေးမယ်ဆိုပြီး ဝိုင်းဒိုင်းကြဲ လုပ်ဖြစ်တဲ့သီချင်းပါ။
    နောက်ပြီး ဒီသီချင်းကကျွန်တော် တစ်ယောက်တည်းရေးတာ မဟုတ်ဘူး။
    R ခိုင်နဲ့ပေါင်းပြီးရေးတဲ့သီချင်း လေ”

    လို့ဒီသီချင်းရဲ့ထူးခြားမှုလေး အကြောင်းကို ယခုလိုဆိုပါတယ်။
    တေးရေးဆရာနှစ်ဦး ပေါင်း စည်းရေးဖြစ်ခဲ့ပုံကိုလည်း

    “ ဒီသီချင်း ကိုကြိုက်နေတော့ ထပ်ထည့်ချင်တာနဲ့ အသံသွင်းဖို့ စတူဒီယိုသွားခါနီးမှာ
    R ခိုင်ကို ကော်ပီလေးပြပြီး
    When The Story Go ဆိုတဲ့နေရာလေးမှာ ရွာသာရွာပါမိုးဆိုတဲ့ ခေါင်းစဉ်ပေးပြီး
    မိုးအကြောင်း အပျော်လေးရေးထားဖို့ ပြောလိုက်ပြီး
    သွားလိုက်တယ်ပေါ့။ ညပြန်ရောက်တော့မှ
    Rခိုင်ရေးထားတာတွေမှာ တချို့နေရာလေးလိုက် ပြင်ချောလိုက်တာပေါ့။
    ဒါကြောင့် ဒီသီချင်းက ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းရေးတဲ့ သီချင်းလေးပါ”
    လို့ ဆိုပါတယ်။

    • TNA

      June 3, 2013 at 5:29 pm

      အခုတော့ ဦးကြီးဘလက်ပြောဒဲ့ ကေအေတီကြီးကို တေမင်းကခေါ်တွားဘီတော့။ တနားဘာဒယ်။ ၄၈ ပဲရှိရှာသေးတယ်။

      • ကြက်အူလှည့်

        June 3, 2013 at 6:44 pm

        အိုက်ဒိအစ်မယီးကိုတော့ အားမပေးတော့ပါ.
        အန်တီလေးတင်ဇာမော်ကိုပြောင်း အားပေးပါတော့မယ်.
        ကျနော် ရှဲထားတဲ့ လင့်ခ်သာ သွားဖတ်ကျိပါတော့ ဘဘဘလက်ရယ်.

        တော်သေးဘီ
        :byae:

  • အရီးခင်လတ်

    June 3, 2013 at 3:52 pm

    အသဲကွဲ သီချင်းသစ်
    ဆို – လေးဖြူ
    တေးရေး – ကေအေတီ

    မင်းရက်စက်မှာကို ကြိုတင်မတားနှိုင်
    မင်းနှုတ်ဆက်ခြင်းမှာ ထားရစ်ခဲ့တော့
    မင်းပြောင်းလဲနှိုင်တာ ကြိုသိထားတယ်
    ပြောင်းလဲအတွက်ထိမ်းမရခဲ့တာ စိတ်ဓာတ်တို့
    အားလုံးမှားခဲ့ ဒါဟာငါဘဲလား
    ဒီလို သီချင်းတစ်ပုဒ် အထီးကျန်သွား . . .

    မင်းသိပ်ချစ်တာကို လိုချင်ခဲ့တာ
    မင်းလေးပေးဆပ်ခဲ့တာ လွမ်းရတဲ့အနမ်း
    အဝေးပြေးသွားချိန်ကို မျှော်ကြည့်ရင်းမှာ
    ရူးသွပ်လွမ်းဆွတ်ခြင်းကို အမြဲသတိရ
    တစ်မြေ့မြေ့နဲ့ပေါ့ ဒါဟာကြေကွဲစရာ
    ဘယ်လို ကြိုးစား မမေ့တော့ဘူး

    ဘယ်လိုနေရမလဲ
    အသဲများကွဲသွား အလူးအလှိမ့်နဲ့ ခံစား
    ဘယ်လိုရင်ဆိုင်နေနှိုင်မလဲ မင်းမသိနှိုင်ဘူး

    မင်းသိပ်ချစ်တာကို လိုချင်ခဲ့တာ
    မင်းလေးပေးဆပ်ခဲ့တာ လွမ်းရတဲ့အနမ်း
    မင်းရဲ့အနမ်းပွင့်တွေဟာ ပူလောင်လွန်းလို့
    နေ့နဲ့ည ဖြစ်ပျက်သမျှဟာ အသက်မဲ့ဘဝလေး
    တစ်မြေ့မြေ့နဲ့ပေါ့ ဒါဟာကြေကွဲစရာ
    ဘယ်လို ကြိုးစား မမေ့တော့ဘူး

    ဘယ်လိုနေရမလဲ
    အသဲများကွဲသွား အလူးအလှိမ့်နဲ့ ခံစား
    ဘယ်လိုရင်ဆိုင်နေနှိုင်မလဲ မင်းမသိနှိုင်ဘူး
    ဒီမှာကြည့်လိုက်အုံး . . .

    Source – soemoeaung.blogspot.co.uk/2007/07/blog-post_15.html

    • ကြက်အူလှည့်

      June 3, 2013 at 6:49 pm

      ကော်ပီအုံးကျုံးဆြာတွေ ငြင်းဂျအူးလေ. သူကတော့ထားသွားပြီ.
      ကျုပ် တော့ ဂီတာကဖီး နားထောင်ဖြစ်တိုင်း သတိရရမယ့် မျက်နှာသစ်တခုတိုးပေါ့

      :byae:

  • Miss Crystalline

    June 4, 2013 at 9:51 am

    Melody World သီချင်းဆိုပြိုင်ပွဲမှာ ဆရာကေအေတီရေးပေးတဲ့ ပထမဆုံးကိုယ်ပိုင်သီချင်း မချစ်နဲ့တော့ နဲ ့လူသိလာခဲ့တဲ့ ကိုကိုမောင် လွန်ခဲ့တဲ့တစ်ပတ်က လှိုင်သာယာမှာ ဆိုင်ကယ်အက်ဆီးဒင့်နဲ ့ဆုံးတယ်.. ပြိုင်ပွဲမှာလည်းဆရာကေအေတီသီချင်း ဝတ်ကြွေးဆိုတာဝိုင်ဝိုင်းထက်ကောင်းတယ်လို ့ခံစားရတယ်.. အသံအရမ်းကောင်းတဲ့ရှားရှားပါးပါးအမျိုးသားအဆိုတော်.. နှမျောလိုက်တာ..
    အခုတော့ဆရာကိုယ်တိုင်.. ဆရာရေးတဲ့သီချင်းတွေ အများစုက ကော်ပီတွေဖြစ်ပေမယ့် သူရေးတဲ့ သီချင်းတိုင်းရဲ့စာသားလေးတွေကိုအရမ်းနှစ်သက်ခဲ့တာ.. သွားပြန်ပြီ.. အရမ်းနှမျောတယ်.. သူတို ့အရွယ်တန်းထဲမှာ သဘောကျမိတာ.. သူရယ်.. ဆရာမြင့်မိုးအောင်ရယ်.. ကိုကြီးငဲရယ်ပေါ့..
    လူတိုင်းမလွဲမသေသွားရမယ့်လမ်းဆိုပေမယ့် သူလိုလူမျိုးကိုတော့နှမျောမိတယ်.. သူ ့အတွက်ကတော့အရမ်းငြိမ်းချမ်းသွားတာပါ.. R.I.P 🙁

    • ကြက်အူလှည့်

      June 4, 2013 at 10:08 am

      ကွမ်းသီးရင်းကနေ အသက်ပါသွားတာတဲ့ ..
      အော် ..နှလုံး သမားများ မြန်ချက်..
      တခါသေမလိုဖြစ်ပြီး ပြန်ကောင်းကာစက အင်တာဗျုးတွေ
      ပြန်ဖတ်ဖြစ်ရင်း ပြန်စိတ်မကောင်းဖြစ်ရသေးတယ်..

      အချစ်ဆိုတာ တခါတလေ အသက် ကိုရန်ရှာတတ်တယ်ဗျ…။
      စကားအတင်းစပ် မိုက်ကယ်ဒေါက်ကလပ်ကြီး လည်ချောင်းကင်ဆာ နောက်ဆုံးအဆင့်တဲ့ …
      (ကျန်တာတော့ ရှာဖတ်ပါကုန် … ကွိကွိ..)

      :harr:

  • သျှားသက်မာန်

    June 4, 2013 at 10:28 am

    မိုက်တယ်…………….

  • ဦး ကျောက်ခဲ

    June 4, 2013 at 10:41 am

    ဒီဆရာ မဒီကို “မ” သွားတုန်းက တင်းနေတာ…
    အခုလို လူ့ဘဝကို စောစောစီးစီး စွန့်သွားတော့…
    တရားလည်းကျမိ သံဝေဂလည်းရမိပါရဲ့…
    ကောင်းရာမွန်ရာ ရောက်ပါစေဗျာ…

    • ကြက်အူလှည့်

      June 4, 2013 at 10:49 am

      မိန်းမ ဗျ မိန်းမ ..
      Main တွေချည်း မ သွားလို့ မိန်းမ လို့ ခေါ်တာနေမှာ…နှလုံးရောဂါပါ အဆစ်ပေးသွားသေး..

      :byae:

      ဒီဆြာကို
      သုံးဆယ်တန်းမှာ အသက်နှစ်ဆယ်အရွယ် ဟိုအန်တီကြီး
      လေးဆယ်တန်းမှာ အသက်နှစ်ဆယ်အရွယ် ဟိုအကယ်ဒမီ အန်တီလေး
      နဲ့ဆုံခဲ့လို့ ဖိုးကံကောင်းမှတ်ခဲ့တာ …အော်..ခမျာ ဟိုက main တွေချည်း မ-မသွားကြတာကိုးဗျာ…

      • အရီးခင်လတ်

        June 4, 2013 at 2:34 pm

        {{
        မိန်းမ ဗျ မိန်းမ ..
        Main တွေချည်း မ သွားလို့ မိန်းမ လို့ ခေါ်တာနေမှာ
        }}
        ဝါးလုံးရှည် နဲ့ ရမ်းရိုက်နေပါရောလား။
        ပြန်ရိုက်လိုက်ရင် ထပ်ပြီး ငိုမဆုံး ဖြစ်ရပေဦးမယ်။

        • ကြက်အူလှည့်

          June 4, 2013 at 2:38 pm

          ဝုတ်ဘာဒယ် ဝုတ်ဘာဒယ် ယောက်ျား ဒွေသာ မကောင်းဒါဘာ ..
          မကောင်းမှန်းသိလို့ ကျော် ဆို အဲ့ဘဲတွေ တကောင်မှ ယူမှာမှုတ်ဖူး
          မိန်းမပဲ ယူမှာ ။

          :528:

    • kai

      June 4, 2013 at 2:52 pm

      မဒီများ.. မည်သို့မည်ပုံဖြစ်သွားသည်မသိ…
      တပုဒ်မှကို.. မဆိုဘူး.. သူ့သီချင်းပြောတာ.. :harr:

      • ကြက်အူလှည့်

        June 4, 2013 at 9:16 pm

        ဘယ်ပွဲမှာတုန်း ဘယ်တုန်းကတုန်း ဘာမှ ရိုက်နှက်မလာဘူးလား.
        ရင်ခွင်ပျောက်သူ သွားတွေ့မိတယ်. အော်. ကိုငှက်နဲ့ ဆိုထားတာ.
        တကယ့် ပဂေး ၃ ယောက် ဆုံဆည်းမှုပါပဲဗျာ.

  • black chaw

    June 4, 2013 at 11:56 am

    ဂီဂီရေ…။

    ကေအေတီ ရဲ့ လူသိနည်းသေးတဲ့
    ဂီတလောက အစပိုင်းလေး နည်းနည်းပြောချင်ပါသေးတယ်…။
    ကေအေတီဟာ လေးဖြူရဲ့ ကန္တာရလမင်း စီးရီး မတိုင်မီကတည်းက
    ကိုယ်ပိုင်သံစဉ် သီချင်းလေးတွေကို ရေးခဲ့ဘူးပါတယ်တဲ့…။
    သျှိုင်းအောင် ရဲ့ သဇင်မင်း စီးရီးမှာ ကျော်အောင်သစ် နာမည်နဲ့
    ရေးခဲ့တဲ့ သီချင်းလေးတွေ
    ပါဝင်ခဲ့ဘူးကြောင်း သိရပါတယ်…။
    လူသိတော်တော် နည်းမယ်လို့ ယူဆရပါတယ်…။

    နောက်ထပ် ပြောပြချင်သေးတာက
    ကေအေတီ ဆိုတဲ့ နာမည်ကို လေးဖြူက ရွေးပေးခဲ့တာပါတဲ့…။
    လေးဖြူက ကျော်အောင်သစ် ဆိုတဲ့ နာမည်ကို ကဗျာရေးဖို့အတွက်ထားလိုက်ပြီး
    ကေအေတီ ဆိုတဲ့ နာမည်နဲ့ ရေးပါလားလို့ ပြောခဲ့ပါတယ်တဲ့…။
    ဒါနဲ့ ကေအေတီဆိုတာ အဓိပ္ပာယ်တစ်ခုခု ရှိမှ ကောင်းမယ်ဆိုပြီး
    Dictionary မှာရှာကြည့်ကြပါတယ်တဲ့…။
    ကေအေတီ ဆိုတာ ဂျာမန် ဘာသာ စကား မှာ ကြောင် ကိုပြောတာ…၊
    ကြောင်မှ ကြောင်စုန်း၊ သင်းကွဲကြောင်၊ အဲဒီ အဓိပ္ပာယ်ကို ကြိုက်တာနဲ့
    ကေအေတီ လို့ နာမည်ပေးလိုက်တာလို့ အင်တာဗျူးတစ်ခုမှာ ကြားခဲ့ဖူးပါတယ်ဗျာ…။
    အဲဒါလေး ပါ…။
    (ပြောစရာတွေ အများကြီးကျန်းနေသေးပေမယ့်
    မျက်စိနောက်နေကြမှာစိုးလို့ ဒီလောက်ပါပဲဗျာ…။)

  • ဦး ကျောက်ခဲ

    June 4, 2013 at 6:51 pm

    ကိုရင် ကြက်အူလှည့်ရေ… ကိုမျိုးဆွေသန်းဖွဘုတ်ကမလာတာခင်ဗျ

    သူငယ်ချင်းကျော်အောင်( ကေအေတီ)ကို သူချစ်ခင်တဲ့မိတ်ဆွေများလုပ်ဖော်ကိုင်ဖက် အနုပညာညီအစ်ကိုမောင်နှမများ၊ မိသားစုဝင်များက ဒီနေ ့ညနေမှာ မီးသဂြိုင်္လ်ပြီး အရိုးအိုးကို ဂူသွင်းပေးခဲ့ပါတယ်။ အရိုးအိုးကို ကျော်အောင့် ညီမနဲ ့ ညီကိုပေးပြီးဂူသွင်းစေပါတယ်။ ကျွန်တော်၊ကိုလေးဖြူ၊ အယ်နောင်း၊ ဟန်ထွန်း၊ ကိုလင်းလင်း၊ဦးလီ၊ သားငယ်၊ စိုးနိုင်၊ Mသီဟ၊ Rခိုင်၊ ကိုမိချောတို့ ကနောက်ဆုံးနှုတ်ဆက်ကြပါတယ်။ အပြန်မှာကျွန်တော်နဲ ့ကိုလေးဖြူနဲ ့နှစ်ယောက်ထဲပြန်လာပါတယ်၊ အပြန်လမ်းမှာ ပြောဖြစ်တာက အချိန်တိုတိုအတွင်းမှာကိစ္စပြီးဆုံးတဲ့ သူ ့သေခြင်းကိုအားကျကြပါပါတယ်။ ကျွန်တော်တို့ထင်တာက သူ့အိမ်နဲ့လမ်းထိပ်က ကန်တော်လေးဆေးရုံကြားမှာ နှလုံးခုန်ရပ်လေပြီလို့လည်းထင်ပါတယ်။

    သူက အာနာပါနလည်း ရှုလေတော့ ကိုလေးဖြူက သူဆေးရုံကိုလည်း SSC ကိုမောင်းလို့ ပြောနိုင်ပြီး အသက်ရှု ကျပ်သော်လည်း ငြိမ်သက်စွာထိုင်ပြီးပါလာတယ်ဆိုတော့ တည်ငြိမ်စွာပဲ နှလုံးခုန်ရပ်ခဲ့တယ်လို ့ထင်ပါတယ်။
    ဒီတော့ ဒို ့လည်းပြင်ကြစို ့ကျန်းမာရေးဂရုစိုက်၊လောကကြီးကို အကောင်းမြင်၊ ဒီအလုပ်ပဲလုပ်တော့ တတ်နိုင်သလောက်လှပမယ့်အနုပညာပစ္စည်းလေးတွေဖန်တီး၊ ကံ၊စိတ်၊ ဥတု၊ အဟာရ မျှတအောင်နေ၊သတိလက်မလွတ်စေနဲလို့နှစ်ယောက်သားပြောပြီး သားငယ်၊ စိုးနိုင် တို ့နဲ ့ကော်ဖီသောက်ပါတယ်။

    ပြီးတော့ သူငယ်ချင်းကိုပြည့်ကလှမ်းဖုန်းဆက် တာနဲ ့ကျွန်တော်နဲ ့ကိုလေးဖြူနဲ ့ ကိုပြည့်အိမ်မှာ ကျော်အောင့်အကြောင်းလေးတွေပြောပါတယ် ကန္တာရလမင်းကတည်းက လူတွေထဲက သွားနှင့်သူ ကေအေတီ(ကျော်အောင်)ကို ကျန်ခဲ့သူ
    ကျွန်တော်နဲ ့ ကိုလေးဖြူ ကနှုတ်ဆက်တဲအနေနဲ့ သူ့သီချင်းလေးတစ်ပိုဒ်အော်ပြီး နှုတ်ဆက်လိုက်ပါတယ်၊ ကိုလေးဖြူရဲ့နောက်ထွက်မယ့်ခွေအတွက် ကေအေတီက ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ်ပြီးအောင်ရေးပေးသွားနိင်ခဲ့ပါတယ်။
    အခုကျွန်တော်နဲ ့ကိုလေးဖြူဂစ်တာတီးပြီးအော်တာ အဲဒီသီချင်းရဲ ့တစ်ပိုဒ်ပါ။ ကေအေတီရဲ ့စာသားက

    ဟေး—-အကျအဆုံးများစွာဟာ၊ဟေး—-မကြာခင်ရောက်လာမှာ
    မြင်ရရဲ့လား–မြင်ရရဲ့လား
    ငါတစ်ယောက်ထဲ ခက်တဲ့ဘဝဟာ ဆက်ပြီးအသက်ရှင်စရာ – -ရေးဟေး
    ဟေး—-အကျအဆုံးများစွာဟာ၊
    ဟေး—-ရှောင်တခင်ရောက်လာမှာ—-တဲ့

    ကျွန်တော်တို ့က အော်— မင်းကစီစဉ်ပြီး သွားတာပေါ့လို ့တောင်ပြောမိပါတယ်။ ဒီတော့လည်း ကျွန်တော်တို့ စိတ်ဖြောင့်ပါတယ်သတိတရားရှိရှိနဲသွားတာလို့ သူ့တွက်ကျေနပ်ရပြီး သူနေထိုင်ခဲ့ချိန်မှာလည်း ကမ္ဘာလောကကြီးအတွက်
    တတ်နိုင်သလောက်လှပတဲ့အကြောင်းတရားလေးတွေပဲ ြ­ဖည့်သွင်းပေးခဲ့တဲ့ ကေအေတီ ဆိုတဲ့ သူငယ်ချင်းကျော်အောင်သစ်အတွက် ကျေနပ်ဂုဏ်ယူစွာနဲ့ ကေအေတီ ရဲ့ ့နောက်ဆုံးခရီး သတင်းကို ဒီမှာနိဂုံးချုပ်လိုက်ပါတယ်။

    (နှလုံးရောဂါ ဒုတိယအကြိမ်ပြန်အတက်မှာနှလုံးခုန်ရပ်တန် ့သွားတဲ ့တေးရေးကေအေတီကို ကွမ်းယာသီးလို့ သေတယ်လို့ပြောကြတော့ အနုပညာရှင်များသေရင်ဆန်းဆန်း သေမှကြိုက်ကြတဲ့ကမ္ဘာလို့ ့ပြောနိုင်ပေမယ့် စကားလုံးလှလှလေးတွေရေးပြီးချန်ထားခဲ့တဲ့ ကေအေတီ ကတော့ သူ ့သေခြင်းကို အဲဒီနာမည်တတ်တာမမျှတဘူး လို့ ပြောမှာအသေအချာပါ။)
    (သူ ့ကိုချစ်ခင်ကြလို ့ဆုတောင်းပေးကြတဲ့မိတ်ဆွေများကိုလည်း မိသားစုကိုယ်စား ကျေးဇူးတင်ကြောင်းလည်းဆိုပါရစေ)။ ။

    • ကြက်အူလှည့်

      June 4, 2013 at 7:09 pm

      ကျေးကျေးချင့်.
      တယောက်ဖွတာ သွားဖတ်မိလို့ ဘာဖစ်ကြပြန်ပလဲ ဆိုသိတ်ပူသွားတာ. ဟိုးတုန်းက ဟာတေပါ
      ပြန်လည်းပြေလည်သွားတယ်ကြားပါတယ်.
      အူးလေးတို့ဆီမှာမလား ဟိုအငိုချံပျံလေးက. သူ့မတွေ့မိလို့

    • အရိပ်စစ်

      June 5, 2013 at 4:04 pm

      ဟေး—-အကျအဆုံးများစွာဟာ၊ဟေး—-မကြာခင်ရောက်လာမှာ
      မြင်ရရဲ့လား–မြင်ရရဲ့လား
      ငါတစ်ယောက်ထဲ ခက်တဲ့ဘဝဟာ ဆက်ပြီးအသက်ရှင်စရာ – -ရေးဟေး
      ဟေး—-အကျအဆုံးများစွာဟာ၊
      ဟေး—-ရှောင်တခင်ရောက်လာမှာ—-တဲ့….

      အဲဒီရှောင်တခင်မှာ သူကတော့ ကောင်းကောင်းမွန်မွန်နဲ့ ပါသွားဘီ….

  • KZ

    June 5, 2013 at 5:38 am

    ◄ တနင်္လာအစ သောကြာအဆုံး ►

    ခင်ဗျားနာမည်ဟာ ဒီကဗျာခေါင်းစဉ်ပဲ။
    ဆံပင်ရှည်တွေ ကျောပေါ်ပြိုကျလို့
    မုတ်ဆိတ်ကျင်စွယ်တွေက မေးစေ့တဝိုက်ရုန်းကန်ထကြွလို့
    ကွမ်းတံတွေးတွေက နှုတ်ခမ်းပေါ်နယ်ချဲ့သိမ်းပိုက်လို့
    ဒီ ဒီဇိုင်း၊ ဒီစတိုင်လ်ကို မဂ္ဂဇင်းအဟောင်းတွေပြန်လှန်တွေ့ရတော့မှ
    “ဒီကစောင့်နေသူ”ဆိုတာ ပိုပြီးအရသာရှိရ
    ခင်ဗျားနဲ့မတူတဲ့ တခြားခင်ဗျားတစ်ယောက်ကို
    ရုပ်/သံတွေမှာတွေ့ရတော့မှ
    “မေ့မှာပါ”ဆိုတာ ပိုပြီးနာနာကျင်ကျင်ဖြစ်ရ
    ခင်ဗျားဟာ ဒီကဗျာခေါင်းစဉ်အတိုင်း
    ကဗျာနဲ့စပြီး သီချင်းနဲ့ဆုံးတဲ့လူ။
    ဒီတစ်ခါသီချင်းဟာ အရင်းအနှီးများလွန်းတယ်
    နုတ်စ် ဘယ်သူမှမရေးချင်ဘူး
    ကီး ဘယ်သူမှမချိန်တတ်ဘူး
    အရိန့်ချ် ဘယ်သူမှမလုပ်ရဲဘူး
    ဘယ်ပရိတ်သတ်မှ နားမထောင်ချင်တဲ့သီချင်း
    သိသိကြီးနဲ့ ခင်ဗျားရေးရက်တယ်
    ကျွန်တော်တို့ကျောင်းသားဘဝဟာ
    ဒီကဗျာခေါင်းစဉ်ပဲ။
    “ငါတို့ငယ်ငယ်က ထွက်ခဲ့တဲ့ကဗျာတွေပြန်ဖတ်ကြည့်ဟ”ဆိုပြီး
    မျှကြဝေကြလက်ဆင့်ကမ်းကြတော့
    ခင်ဗျားအသားတံဆိပ်နဲ့ အနာတွေလည်းပါတာပေါ့။
    နည်းနည်းမှောင်လာရင် ခြောက်ကြိုးလက်နက်တွေထမ်း
    အဆောင်ရှေ့ရေကုန်ရေခမ်းတိုက်တဲ့တိုက်ပွဲတွေမှာ
    ခင်ဗျားမဟုတ်တဲ့တခြားခင်ဗျားတစ်ယောက်ရဲ့
    သေရာပါရင်ကွဲနာတွေလည်း မပါမဖြစ်ပေါ့။
    ခင်ဗျားနာမည်ဟာ တင်္နလာအစ၊တနင်္ဂနွေအဆုံး ကျွန်တော်သိတယ်။
    ဒါပေမယ့် .. ဒီကဗျာခေါင်းစဉ်ပဲလို့ပြောမယ်။
    တစ်ပတ်မှာ ရ ရက်လုံးခင်ဗျားဆုံးနေလို့ဘယ်ဖြစ်မလဲ
    ဆုံးရှုံးခဲ့တာတကယ်ပဲဆိုရင်တောင်
    တစ်ပတ်မှာ ၅ ရက်ပဲ ဒီကဗျာခေါင်းစဉ်အတိုင်း ခင်ဗျားဆုံးရှုံးရမယ်။
    ကျန်တဲ့နှစ်ရက်ကို ကျွန်တော်တို့ယူထားမယ်။
    ကမာ္ဘပေါ်က နုတ်စ်၁၂လုံးကလည်း ခင်ဗျားကိုလုမှာပဲ
    ကမာ္ဘပေါ်က တူရိယာတိုင်းကလည်း ခင်ဗျားကိုလုမှာပဲ
    ကမာ္ဘပေါ်က မာကျောနုရွစကားလုံးတိုင်းကလည်း ခင်ဗျားကိုလုမှာပဲ
    ခင်ဗျားနဲ့နေချင်သေးတဲ့အကြောင်း သူတို့အော်ငိုနေမှာမယုံမရှိနဲ့။
    ခုတော့ Dm ကော့ဒ်ကြီးကို ဂျလွမ်ခနဲချလိုက်ရင်တောင်
    “မေ့နိုင်မယ်လို့တော့ မင်းထင်မလား”လို့
    ဘယ်ကောင်မှ မဆိုရဲတော့ဘူး။
    G ကော့ဒ်ကြီးကို ဂျလွမ်ခနဲချလိုက်ရင်တောင်
    “နောက်ဆုံးရထား”မဟုတ်တဲ့သီချင်းကိုပဲ စမိတဲ့အထိ။
    ဒီကဗျာခေါင်းစဉ်ဟာ ၂၀၁၃၊ ဇွန်(၁)၊ စနေမှာဆုံးတယ်
    ဒီလိုကျွန်တော်မသုံးချင်ဘူး။
    ခင်ဗျားကို ကျွန်တော်သိခဲ့တဲ့အတိုင်း
    “ဧကစာမီးခိုးများ”အစ၊ “သအိုအယ်လ်ဘမ်ထဲကသီချင်း”အဆုံး
    ဒီလိုပဲသုံးချင်တယ်။
    အပူရှိန်ပြင်းပြင်းအညာမြို့ကြီးမှာစတယ်၊ အငြိမ်းစားမြို့တော်ဟောင်းမှာဆုံးတယ်
    ဒီလိုကျွန်တော်မသုံးချင်ဘူး။
    ခင်ဗျားကို ကျွန်တော်သိခဲ့တဲ့အတိုင်း
    “ရှပ်အကွက်အကျီင်္”အစ၊ “တီရှပ်အကျင်္ီ”အဆုံး
    ဒီလိုပဲသုံးချင်တယ်။
    မနေ့တစ်နေ့ကပဲ ခင်ဗျား comment တွေ
    ကျွန်တော်တို့ like နှိပ်နေသေးတယ်
    ဒါကြောင့် ဒီကဗျာဟာဒီမှာဆုံးတယ်လို့ မရေးချင်ဘူး။
    အဓိပ္ပါယ်မရှိပေမယ့် .. ဝလုံးရေးသလိုပေါ့
    အဆုံးဟာ အစကို နင်းပြီး
    ကမာ္ဘတစ်ပတ်လည်အောင်ခရီးဆက်လက်ထွက်ခွာနေဦးမယ်လို့
    ယုံကြည်နေချင်သေးတယ်။

    ဟိန်း

    6:30PM
    ဇွန်(၁)၊၂၀၁၃

  • marblecommet

    June 5, 2013 at 1:09 pm

    အူးလေးကိုတော့
    တကယ်နမြောမိပါတယ်…..

  • ကြက်အူလှည့်

    June 17, 2013 at 1:06 pm

    မနေ့ညက မယ်လိုဒီဝါးလ် ကိုကိုမောင် အမှတ်တရ ဆိုပီး လုပ်တဲ့ မူဗီလေးကျိဖြစ်တယ်
    စိတ်မကောင်းဘူးဗျာ …ဟိုဘဲယီး ငိုတာ ..ငိုတာ …
    ရက်ပိုင်းအတွင်းသူလည်း လိုက်ရမယ်ဆိုတာ မသိလေတော့…
    အိုဘယ့်

    အနိစ္စ

Leave a Reply