မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် ၅ ရပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယက အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ၁၃၆ သန်း ကူညီခဲ့ကြောင်း သိရသည်။

အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းခေါင်းစဉ်အောက်မှ ရထားလမ်းများတိုးချဲ့ရေးအတွက် သန်း ၆၀၊ ချင်းပြည်နယ်နှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ လမ်းပန်းဆက်သွယ်ရေးအတွက် သန်း ၆၀၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ၁၀ သန်းနှင့် အိန္ဒိယနယ်စပ် မိုးရေးမြို့မှ အထက်မြန်မာပြည်မြို့တော် မန္တလေးသို့ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းအတွက် ၆ သန်း ကူညီခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်အား လက်ခံတွေ့ဆုံနေသည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း

ထို့ပြင် အခြားချုပ်ဆိုခဲ့သော စာချုပ်များမှာ နှစ်နိုင်ငံ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှရေး၊ သိပ္ပံနှင့် နည်းပညာများ ကူညီထောက်ပံ့ရေး၊ ပုဂံဒေသရှိ အာနန္ဒာဘုရားအား ထိမ်းသိမ်းစောင့်ရှောက်ရန် အိန္ဒိယမှ ကူညီရေးနှင့် နှစ်နိုင်ငံ ရာဇ၀တ်မှုရေးရာ ကိစ္စရပ်များကို အပြန်အလှန်ကူညီပေးရေး စသည်တို့ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ၂၀၀၄ ခုနှစ်က ပထမအကြိမ် လာရောက်ခဲ့ဖူးပြီး ထိုစဉ်က စာချုပ် ၈ ခု ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီမှုထဲတွင် လျှပ်စစ်ဓာတ်အား မဂါဝပ် ၁၂၀၀ ထုတ်လုပ်နိုင်မည့် အမေရိကန် သန်း ၁၀၀ တန်ဖိုးရှိ ထမံသီရေအားလျှပ်စစ် စီမံကိန်းလည်း အပါအ၀င်ဖြစ်သည်။ ယင်းစီမံကိန်းကို စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့အနီးတွင် ယခုတိုင် တည်ဆောက်နေဆဲဖြစ်သည်။

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.