အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၃)

 

ရရက်အတွင်း အခန်းခ ရူးပီး လေးရာ ဘွားဒေါ်ကို ပေးဖို့ရှိတယ်ဆိုတော့ ကျွန်တော် အချိန်ဖြုန်းလို့

မဖြစ်တော့ဘူး။ ကိုယ်လုပ်မယ်ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကြောင်းမည့် ကိစ္စနဲ့ ပတ်သက်

တာလေ့လာရဦးမယ်မဟုတ်လား။ လက်ထဲကျန်တဲ့ ရူးပီး ငါးဆယ်က တပ်ဂျ် ထဲ နှစ်ရက်

လောက်တော့ သွားလို့ရမယ်။ ရှန်ကာ့ ဆီက တစ်ဆယ်ချေးတော့ နောက်တစ်ရက် ထပ်သွားလို့

ရမပေါ့။ အနောက်နိုင်ငံသား ခရီးသွား အုပ်စုတွေနောက် မယောင်မလည်လိုက်..ဧည့်လမ်းညွှန်

ရှင်းပြတာ သေချာလိုက်မှတ်..တတ်နိုင်သလောက်များများ မှတ်မိအောင် လုပ်။ အေးဆေးပါပဲ..သိပ်

မခက်ဘူး။ မခက်ဆို တပ်ဂျ် ထဲ လျှောက်သွားနေတာ လူကြပ်ကြပ် ဘတ်စ် ကားပေါ် ရွေးတက်တဲ့

ခါးပိုက်နှိုက် တစ်ယောက်လိုပဲ ဆိုတော့ သိပ်မကြာခင် ဘယ်လို ဝမ်းကျောင်းရမယ်ဆိုတာ သဘောပေါက်

လာတယ်။ အဲ.. မွမ်းတက်ဇ် မဟယ် ဆိုတာ ကျွန်တော့် ဘိုးဘွား အနွယ် တစ်ယောက်တောင်ဖြစ်နိုင်တယ်

..ပြီးတော့ ကျွန်တော့်အဖေဆို မဂိုမင်းဆက်က ဆင်းသက်ပေါက်ဖွားလာတာတောင် ဖြစ်နိုင်သေးတယ်..

အဟား။ လေးရက်လောက်ကြာတော့ သတင်းလည်းစုံ..အထာလည်းပေါက်သလောက်ရှိပြီ..။ အက်ဂရာ

မှာ လိုင်စင်မဲ့ ဧည့်လမ်းညွှန်တွေ ရာပေါင်းများစွာ ရှိတာကိုး။ကိုယ်လည်း သူတို့လိုပဲ လုပ်ရမှာပေါ့။ ပူကြွပ်နေ

တဲ့ ဂျွန်လရဲ့ အပူရှိန်အောက်မှာ အနီရောင် သဲကျောက် မုခ်ပေါက်ကြီးအနား တောင်လျှောက် မြောက်

လျှောက်နဲ့ ကိုယ့်ငှားမဲ့ ဧည့်သည်မျှော်နေရတာ ။ ဟော..ကျွန်တော့် ပထမဆုံးဧည့်သည်တွေ လာပြီ။

အင်္ဂလန်က ကောလိပ်ကျောင်းသူလေးတွေတဲ့။ တင်းတိပ်..မှဲ့ခြောက် ကလေးတွေနဲ့ဗျ။ အဝတ်အစား

နည်းနည်း ၊ ခရီးသွား ချက်လက်မှတ်လောက်နဲ့ လာကြတာ။ကျွန်တော်ပြောတာ အာရုံစိုက်နားထောင်ကြ

ပါတယ်။ မေးခွန်းခက်ခက်တွေလည်းမမေးဘူး။ ဓာတ်ပုံတွေတော့ အတော်ရိုက်ကြတယ်။ ပြီးတဲ့အခါ

ကျတော့ ဆယ်ပေါင်တန်တစ်ရွက်ပေးလိုက်သဗျ..။ အဲဒါကို ရူးပီးနဲ့ သွားလဲတာ ခုနစ်ရာ့ငါးဆယ် တောင်ရ

တယ်။ ဒါတောင် ငွေလဲဆိုင်ကို သုံးရာခိုင်နှုန်း ကော်မရှင်ပေးတာနှုတ်လိုက်ရင် အိမ်ခန်းငှားခ နှစ်လစာ

လောက်ဖူလုံသေးတယ်။

 

            တစ်ပတ်ပြည့်တော့ ကျွန်တော်နေရမဲ့ အခန်းလေးပြောင်းနေလိုက်တယ်။ ရှန်ကာနဲ့ နေခဲ့တဲ့

ရက်တွေအတွင်းမှာ သူ့အကြောင်းတော်တော်လေး သဘောပေါက်လာတယ်။ သူပြောတဲ့ စကားက

ပေါက်ပန်းဈေး အဓိပ္ပါယ်မရှိတာတွေ မဟုတ်ဘူး။ အသံကသာ ကျွန်တော်တို့နားထဲ ဗလုံးဗထွေး ဖြစ်နေ

တာ သူ့အတွက်ကတော့ အဓိပ္ပါယ်ရှိတယ်။ သူ့အကြိုက်ဆုံးအစားအစာက ချာပါတီ နဲ့ လန်တေး။ ခရမ်း

သီးနဲ့ ဂေါ်ဖီထုပ်ကို သူမုန်းတယ်။အရုပ်တွေဘာတွေ စိတ်မဝင်စားဘူးဗျ။ ပုံဆွဲတာတော့ အဟုတ်ဗျား။

လူပုံဆို တော်တော်လေးတူအောင် အသေးစိတ်ဆွဲနိုင်တယ်။ ပြီးတော့ ကျွန်တော့်လိုပဲ သူ့အမေကို

အိပ်မက် မက်တတ်တယ်နဲ့ တူပါတယ်။ နှစ်ညလောက် သူ ယောင်ယမ်း အော်နေတာကြားမိတာပဲ။

မေမေ..မေမေ ရေ တဲ့လေ။ ကျွန်တော်နားလည်လိုက်တယ်။ သူ့အတွင်းစိတ်မှာ သူလိုကိုယ်လို

စကားပြောနိုင်တဲ့ အစွမ်း သေချာကို ရှိတယ်။

 

            သူနဲ့နေတာ ကျွန်တော့်စိတ်တောင် ဂယောင်ချောက်ချား ဖြစ်ခဲ့ရသေးတယ်။ သေချာတယ်ဗျ..။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မကြာခဏမက်လေ့ရှိတဲ့ အိပ်မက်လေ။ အရပ်ရှည်ရှည် ဆာရီအဖြူ နဲ

့ အမျိုးသမီး။ ကလေးလေးတစ်ယောက်ကိုပွေ့လို့။ လေတွေကလည်း တဟူးဟူးအော်မြည်တိုက်ခတ်နေတော့

သူ့ပိတုန်းရောင် ဆံပင်တွေက သူ့မျက်နှာပေါ် လွင့်ပျံပြီး ဖုံးအုပ်ထားသလိုမျိုး။ ကလေးငယ်က သူ့မျက်လုံး

ထဲကြည့်ပြီး ချစ်စဖွယ်အသံလေးနဲ့ မာမာ..မာမာ လို့ ခေါ်လိုက်တော့ အမေလုပ်တဲ့ အမျိုးသမီးက ကလေးကို

ပြန်ပြီး ချော့မြူတယ်..။ဒါပေမဲ့လို့ သူ့ပါးစပ်ကထွက်လာတာ အရိုဟ် ဟိလ် ကာရ် လေး ဟယ် တဲ့..။ ကလေးက

လန့်ပြီး သူ့လက်ပေါ်က အတင်းတွန့်ထိုးပြီး ဆင်းဖို့လုပ်တယ်လေ။ ကျွန်တော်လည်း လန့်နိုးပြီး ကိုယ့်လျှာ

ကိုယ်ပြန်စစ်ရသေးတယ်။

 

 

                                                        ************************************

 

            အက်ဂရာမှာ နောက်တစ်နှစ်လောက်နေတော့ တပ်ဂျ်မဟာ အကြောင်း သေသေချာချာ သိလာတယ်။

မွမ်းတက်ဇ် မဟယ် ရဲ့ ဘဝဇာတ်လမ်းကိုလည်း အသေးစိတ် သိလာတယ်။ဥပမာဗျာ..သူနောက်ဆုံးမွေးခဲ့တဲ့

ကလေး..အဲ့ဒီကလေးမွေးပြီး သူဆုံးတာလေ။ အဲ့ဒီကလေး နာမည်က ဂေါဟာရာတဲ့။တပ်ဂျ် ကို ဆောက်တဲ့

အကြောင်းလည်း တိတိကျကျ သိလာခဲ့တယ်။ တပ်ဂျ်ကိုဆောက်တော့ နိုင်ငံတော် ဘဏ္ဍာတိုက် ကနေ ရွှေစင်

၄၆၆.၅၅ကီလိုဂရမ် ထုတ်ပေးခဲ့ရတယ်။ အဲဒီအချိန် ၁၆၃၁ တုန်းက ဆို ရူးပီးခြောက်သိန်းလောက် တန်ကြေးရှိ

မှာပေါ့။ တပ်ဂျ် တစ်ခုလုံး တည်ဆောက်မှု ကုန်ကျစရိတ် စုစုပေါင်းက ၄၁၈၄၈၈၂၆ ရူးပီး ၊ ရပြားနဲ့ ၆ပဲ တိတိ။

တပ်ဂျ် ကို တကယ်ဆောက်တာ ဘယ်သူတုန်းဆိုတာလည်း အငြင်းပွားနေကြတာတွေရှိတယ်။ အဲဒါတွေလည်း

နှိုက်နှိုက်ချွတ်ချွတ် ကျွန်တော်လေ့လာခဲ့တယ်။ အီတာလျံ ရွှေပန်းထိမ် ဆရာ ဂျော်ရိုနီမို ဗာရိုနီယို က အတုအယောင်

ဆိုတာလည်း ကြားခဲ့ရတယ်။ နောက်ပြီးတော့ ဒုတိယ တပ်ဂျ် အကြောင်း ဒဏ္ဍာရီ တို့၊ မြေအောက် အခန်းတွေရဲ့

လျှို့ဝှက်ဆန်းပြားမှု ၊ တတိယ ဂူသင်္ချ ိုင်းဖြစ်နိုင်သော နေရာစသည်ဖြင့်ပေါ့လေ။ တပ်ဂျ် ရဲ့ နံရံတွေမှာ မှာ အလှ

ဆင်ပုံဖော်ထားတဲ့ ပွင့်ရိုက်ဒီဇိုင်း တွေရဲ့ အနုပညာအကြောင်း (ပိုင်ထွာ ဒူရာလို့ ခေါ်သဗျ) လေကြောရှည်ရှည် နဲ့

ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်နိုင်တယ်။ ပါးရှန်း ချားဘဂျ် ပုံစံ လုပ်ထားတဲ့ ဥယျာဉ် အကြောင်းလည်း သေသေချာချာ

ပြောနိုင်သဗျ..။ ဒီလို ပြောနိုင်တဲ့အကြောင်းကတော့ အင်္ဂလိပ်စကား ကောင်းကောင်းကြီး ကျွမ်းကျင်တာ အဓိက

ဖြစ်မှာပေါ့။ အဲဒါ အားသာချက်ပဲလေ။ ဒီလိုနဲ့ ကျွန်တော့်နားမှာ နိုင်ငံခြားသား ကမ႓ာလှည့်ခရီးသွားတွေ အုံ

လာတော့တာပါပဲ။ ဧည့်လမ်းညွှန် ရာဂျူးဆိုတာ အနီးအဝေး ပျံ့နှံ့ ကျော်ဇောပြီး လူသိများလာတော့တယ်။

တရားဝင်တော့ ဘယ်ဟုတ်မလဲဗျာ..။ ဒီလိုပဲ လုပ်စားရတာပေါ့။ ကျွန်တော့်မှာ သတင်း အချက်အလက်စုံတယ်။

ကြားဖူးနားဝတွေ ၊ ပါးစပ်ရာဇဝင်တွေ၊ ဒဏ္ဍာရီတွေပေါ့..ရာဇဝင်အူပေါက်ဆိုတာလိုမျိုးတွေလေ။ ဒါပေမဲ့

ကျွန်တော့်မှာ ပိုင်းခြားဝေဖန် စိစစ်နိုင်စွမ်းတော့ မရှိဘူး။ ရာဂျူး ဆိုတဲ့ ဧည့်လမ်းညွှန်ကောင်လေးဟာ စကားလုံး

တစ်လုံးကိုတောင် သေသေချာချာ သဘောပေါက်နားလည်ခြင်း မရှိဘဲနဲ့ သိသမျှ ကြားသမျှ အချွင်းအချန်မရှိ

တိတိပပ ပြန်ပြောတတ်တဲ့ ကြက်တူရွေးလို အကောင်လေးတစ်ယောက်ဆိုတာထက်တော့ မပိုပါ ခင်ဗျား။

 

            နောက်တော့လည်း ဂျပန်ခရီးသွားတွေဆို ကိုနိချိဝါ လို့နှုတ်ဆက်ရမှန်းသိလာတယ်။ ရုရှားတွေ ဆို

ဒက်စ်ဗာဒန်းည ပေါ့။ ဟစ်ပန်းနစ်တွေကျတော့ မူးချက်စ် ဂရာစီယာစ် ပေါ့။ အမေရိကန် တောဘက်ကလူတွေ

ကိုတော့ ဟောင်းဒီး ပေါ့။ အဲ.. ကျွန်တော့် ပုခုုံးကို ပုတ်လို့ ဂတ်ဒေး မိတ် ဆိုပြီး လမ်းညွှန်ဖို့ ပြောမည့် ဩစတြေးလျ

ဧည့်သည် တစ်ယောက်တောင်မှ မတွေ့ရသေးဘူးဗျာ။

 

            ဒီလိုနဲ့ လမ်းညွှန်လုပ်တာကနေ ဝင်ငွေလေးရလာတယ်။ ချမ်းသာလောက်အောင်တော့ ဘယ်ဟုတ်မှာ

တုန်း။ စားလောက် သောက်လောက်ပေါ့။ အခန်းခပေးတယ်။ တစ်ခါတလေ မက်ဒေါ်နယ် ၊ ဒါမှမဟုတ် ပီဇာဟတ်

မှာ သွားစားပေါ့။ မိုးတွင်း ရောက်ရင် ဧည့်သည်ပါးတော့မှာဆိုတော့ကြိုကြိုတင်တင်လေး ပိုက်ဆံစုဖို့ လုပ်နေတုန်း။

လုပ်နေတုန်းဆိုတာ သေချာ မလုပ်ဖြစ်သေးတာပါ။ တစ်သက်လုံး မိုးထဲရေထဲ နေလာတဲ့ လူတစ်ယောက်အ

တွက်တော့ မိုးတစ်ရက်ရွာလို့ ဘာပိုထူးမလဲ တွေးမိတယ်။ ကျွန်တော့် တစ်သက်လုံး မွေးကတည်းက ကံဆိုး

တာတွေပဲ ဆက်တိုက်ကြုံခဲ့ရတော့လေ။ မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲကား ရောက်လာပြီး ဘယ်နေ့ လူသတ်မှုနဲ့

ငါ့ကို ဖမ်းခေါ်သွားမလဲဟ ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်ကလည်းအမြဲလိုလို ဖိစီးနေတာ။ ဟာ..ရထားပေါ်က

အမည်မသိတဲ့ ဓားပြရယ်..ရှမ်တာရမ်ကြီးရယ်လေဗျာ..။ နီးလိမာ ကုမ္မာရီ ကို သတ်မှုနဲ့တောင် အဖမ်းခံ

ချင် ခံရနိုင်သေးသဗျ..။ ဒီတော့ဗျာ..ရေရှည် စီမံကိန်း ဆိုတာ ကိုယ့်အတွက် အဓိပ္ပါယ် သိပ်မရှိသလိုဆိုတော့

သုံးလိုက်ဟ..စွဲလိုက်ဟ နဲ့ လွယ်လွယ်ရလွယ်လွယ်ကုန်။ သိပ်အံ့ဩစရာတော့မရှိဘူး..ခဏတွင်းမှာပဲ ဟောဒီ

တန်းလျားက အိမ်ငှားတွေကြားမှာ အပြောကောင်းရင် ငွေးချေးတတ်တဲ့ လက်ဖွာတဲ့ ငနဲလေးတစ်ယောက်

အဖြစ် လူသိများလာတော့တာပဲ။

 

                                                  *******************************

 

            အိမ်ငှားနေတာတွေကတော့ လူစုံ ၊စရိုက်စုံ ပေါ့ဗျာ။ တိုင်းစွန် ဇနပုဒ်က ဆင်းရဲသား ကောလိပ်ကျောင်း

သား ရှိမယ်။ အစိုးရပေးတဲ့အခန်းကိုတရားမဝင် သူများပြန်ငှားထားတဲ့ ရုံးစာရေး ပါမယ်။ မီးရထားမောင်း

တဲ့သူ၊ ကားမောင်းတဲ့သူ၊ အဝတ်လျှော်တဲ့သူ၊ မာလီ၊ ထမင်းချက်၊ သန့်ရှင်းရေး၊ပိုက်ပြင်၊ လက်သမား ဟား..

စုံလို့ဗျ။ ကဗျာဆရာတောင်ပါသေး..ဟုတ်တယ် မုတ်ဆိတ်နဲ့။ ကဗျာဆရာမှန်ရင် မုတ်ဆိတ်ထားရမယ်လို့

ဘယ်သူပညတ်သွားသလဲတော့ မပြောတတ်ဘူး။ သူတို့ကြားထဲ နေတာကြာလာတော့ ဟောဒီခြောက်ကပ်

ကပ်မြို့လေးမှာ ဧကရာဇ် ရှားဂျဟန်နဲ့ မွမ်းတက်ဇ် တို့အကြောင်းသာ ဇာတ်လမ်းရှိတာ မဟုတ်ဘူး ဆိုတာ

သိလာတယ်။

 

            သတင်းလား..အတင်းလား..အဖျင်းလား ..လဂျ်ဝန်တီကိုမေး။ ဒီမှာနေသမျှ လူအကုန်လုံးအကြောင်း

အကုန်ပြောပြလိမ့်မယ်။ အပ်ကျတာတောင် သိတယ်ဗျာ။ ဘယ်သူက မိန်းမကို ရိုက်နှက်တတ်တယ်၊ ဘယ်သူ

ကတော့ လင်ငယ်နေတယ်၊ ဘယ်သူကတော့ ကြာကူလီ၊ ဘယ်သူကတော့အရက်သမား၊ ဘယ်သူကတော့

ကပ်စေးနဲ ကော်တရာ၊ ဘယ်သူကတော့ လာဘ်စားတယ် ၊ ဘယ်သူကတော့ အိမ်ငှားခ ဟိုရွှေ့သည်ရွှေ့နဲ့ အချောင်

ခိုနေတယ်..အိုစုံလို့ခင်ဗျ။ သူ့အလုပ်ရှင်ပေါ်မှာ သစ္စာရှိတယ်ဆိုပေမယ့် အိမ်တော်ကြီးက အကြောင်းလည်း မချန်

ဘူး ခင်ဗျ။ တိုတိုထွာထွာ၊ စုံစီနဖာဖောက်သည်ချတတ်သေးတယ်။ သူပြောလို့ ဘွားဒေါ် ဆွာပနား ဒေဝီ ရဲ့အရောင်စုံ

အတိတ်က ရမ္မက်ကြမ်းကြမ်း အချစ်ဇာတ်လမ်းအကြောင်းလည်းကြားခဲ့ဘူးပါသကော။ကောလာဟလ ကတော့

ဘွားဒေါ်က သူ့ခဲအိုတော် ကွန်နဝါ မဟန်ဒြာ ဆင်းဂ် နဲ့ ပြန်ဖြစ်တာတဲ့။ နောက်ဆုံးတော့ ဘာတွေအချင်းများသလဲ

မသိဘူး သူ့ခဲအိုကို ဘွားဒေါ်က အဆိပ်ခတ် ပြီး သတ်ပစ်လိုက်သတဲ့ဗျား။ သူတို့ တိတ်တိတ်ပုန်း ဇာတ်လမ်းဖြစ်ပြီး

ကလေးတစ်ယောက်လည်း ရသတဲ့။ မိန်းကလေးတဲ့။ ခု ဘီနာရပ်စ် မှာလိုလို ပြောတာပဲ။ အဲဒီ မိန်းကလေး

ဘာဖြစ်သွားသလဲ..ဘယ်သူသိမှာတုန်း။ ဘယ်သူက ဂရုစိုက်နေမှာတုန်းဗျာ။

3 comments

  • Ma Ma

    June 3, 2013 at 6:59 pm

    ဧည့်လမ်းညွှန် ရာဂျူးအကြောင်းဖတ်ပြီး ပုဂံဘုရားတွေမှာ ခရီးသွားတွေ ဘေးကနေ တတွတ်တွတ်လိုက်ပြောတဲ့ ဧည့်လမ်းညွှန်လေးတွေကိုတောင် သတိရမိတယ်။
    ဘဝမှာကိုယ့်အားကိုယ်ကိုးနေရတဲ့ ရာဂျူးရဲ့ ထူးချွန်ထက်မြက်တဲ့ သင်ယူတတ်တဲ့ ဉာဉ်ကလေးကို တွေ့လိုက်မိတယ်။ :hee:

  • မောင် ပေ

    June 3, 2013 at 8:12 pm

    တပ်ချ်မဟာ ထဲ မှာ လုပ်စားတဲ့ ဂွင်တော့ သိရပြီ
    ဒီတစ်ခါ မေးခွန်းက ဘာဖြစ်မလဲ ဆိုတာ စောင့်ဖတ်ရမယ်ဗျို ့
    မြန်မြန်ရေးပါ မစ်စတာဘလှိုင်

  • အရီးခင်လတ်

    June 4, 2013 at 3:25 pm

    မောင်ဘလှိုင် – ဒီတစ်ခါ တစ်ပုဒ် နဲ့ တစ်ပုဒ်မကွာတော့ဘူး။
    မြန်မြန်လေး ဆက်ပါဟေ့။

Leave a Reply