အိနိ္ဒယက မြန်မာကို ဒေါ်လာ ၁၃၆ သန်း ကူညီ

True FaithJuly 28, 20101min672

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် ၅ ရပ် ချုပ်ဆိုခဲ့ပြီး အိနိ္ဒယက အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ၁၃၆ သန်း ကူညီခဲ့ကြောင်း သိရသည်။

အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းခေါင်းစဉ်အောက်မှ ရထားလမ်းများတိုးချဲ့ရေးအတွက် သန်း ၆၀၊ ချင်းပြည်နယ်နှင့် အိနိ္ဒယ အရှေ့မြောက်ပြည်နယ်များ လမ်းပန်းဆက်သွယ်ရေးအတွက် သန်း ၆၀၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ၁ဝ သန်းနှင့် အိနိ္ဒယနယ်စပ် မိုးရေးမြို့မှ အထက်မြန်မာပြည်မြို့တော် မန္တလေးသို့ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းအတွက် ၆ သန်း ကူညီခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်အား လက်ခံတွေ့ဆုံနေသည့် အိနိ္ဒယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း

ထို့ပြင် အခြားချုပ်ဆိုခဲ့သော စာချုပ်များမှာ နှစ်နိုင်ငံ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှရေး၊ သိပ္ပံနှင့် နည်းပညာများ ကူညီထောက်ပံ့ရေး၊ ပုဂံဒေသရှိ အာနန္ဒာဘုရားအား ထိမ်းသိမ်းစောင့်ရှောက်ရန် အိနိ္ဒယမှ ကူညီရေးနှင့် နှစ်နိုင်ငံ ရာဇဝတ်မှုရေးရာ ကိစ္စရပ်များကို အပြန်အလှန်ကူညီပေးရေး စသည်တို့ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၂၀၀၄ ခုနှစ်က ပထမအကြိမ် လာရောက်ခဲ့ဖူးပြီး ထိုစဉ်က စာချုပ် ၈ ခု ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီမှုထဲတွင် လျှပ်စစ်ဓာတ်အား မဂါဝပ် ၁၂၀ဝ ထုတ်လုပ်နိုင်မည့် အမေရိကန် သန်း ၁၀ဝ တန်ဖိုးရှိ ထမံသီရေအားလျှပ်စစ် စီမံကိန်းလည်း အပါအဝင်ဖြစ်သည်။ ယင်းစီမံကိန်းကို စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့အနီးတွင် ယခုတိုင် တည်ဆောက်နေဆဲဖြစ်သည်။

2 comments

  • zuugyi

    July 29, 2010 at 3:35 am

    အဲ့ဒီဒေါ်လာတွေက သူတို့အိပ်ထဲပဲရောက်သွားမှာ… အမှန်ဆိုခေါင်းစဉ်က
    “အိန္ဒိယက နအဖသို့ ဒေါ်လာ ၁၃၆သန်းလဘ်ထိုး” လို့ပေးရမှာ…. 😛

  • thihayarzar

    July 30, 2010 at 3:31 am

    ငါးစိမ်းမြင်လို့ငါးကင်ပစ်မှာနေမှာပေါ့ ….. တကယ်ကူညီချင်တယ်ဆိုရင် မြန်မာလူမျိုးတွေ အထွက်အမြတ်ထားတဲ့ ဗုဒ်ဓ မွေးဖွားတည်ရှိခဲ့တဲ့ နေရာလေးတွေကိုသာ ကောင်းအောင်ထိန်းသိမ်းချင်ပါတယ် …

Leave a Reply