ဓာတ်သေပညာကျမ်း (အပိုင်း ၂)

အပိုင်း(၂)

အိတ်စပိုရှာဆိုတဲ့ အလင်း/အမှောင်ကို ကင်မလာထဲမှာ ပါတဲ့ ပုံရိပ်ဖမ်း ဆင်ဆာထဲကို လိုအပ်သလို ရစေဖို့ အဓိကဆောင်ရွက်ပေးမှာ ကတော့ ကင်မလာမှာ ပါတဲ့ ရှက်တာ (shutter) နဲ့ မှန်ဘီလူးမှာ ပါတဲ့ အပါချာ (aperture) ပေါက် တို့ဖြစ်ပါတယ်။  ပုံရိပ်ဟာ မှန်ဘီလူး ထဲက ဝင်လာပြီး အပါချာကို ဖြတ်ပြီး ကင်မလာထဲက ပုံရိပ်ဖမ်းဆင်ဆာ ကိုရောက်ပါတယ်။

 

 

လန်းစ်အကြောင်း

လန်းစ်တွေကိုပြောမယ်ဆိုရင် ကင်မလာ အသေးလေးတွေမှာ တော့ တွဲရက်ပါတဲ့လန်းစ် တစ်ခုပဲရှိ ပြီး DSLR ကင်မလာ အကြီးတွေမှာ ကတော့ အလတ်၊ အတို၊အရှည်၊ အကြီး၊ ဆိုပြီး အမျိုးမျိူး ရှိပါတယ်။

 

Prime Lens
Kit Lens
Normal Lens

 

Wide Angle Lens
Fisheye Lens
Tele Lens
Micro Lens

 prime, kit, normal, tele, wide, super wide, fish eye, micro စသဖြင့် ဖြစ်ပါတယ်။ ဒီ အမျိုးမျိုး သော လန်းစ် တွေကို အမျိုးမျိုးပြောင်းရိုက်ရတာလဲ DSLR ကင်မလာ သမားတွေ အတွက် အတော်ကြီးတဲ့ ဒုက္ခပါ။ (DSLR: Digital Single Lens Reflex camera) အဲလိုလန်းစ်တွေဟာ focal length ပေါ်မူတည်ပြီး ရိုက်ရတဲ့ အမျိုးအစားကွာသွားပါတယ်။

 

ထားပါလေ ကင်မလာအသေးတွေမှာ တော့ လိပ်ခေါင်းလန်းစ် လေးတစ်ခု (ထွက်လိုက်/ဝင်လိုက် မို့လို့ လိပ်ခေါင်းလန်းစ်ဟုခေါ်မည်။) အဲသဟာလေးနဲ့ အနီးရိုက်ရိုက်၊ အဝေးရိုက်ရိုက် အိုကေသည်။

 

 

 

 

ဆက်ပါဦးမယ်..

30 comments

  • uncle gyi

    June 3, 2013 at 10:13 pm

    လိပ်ခေါင်းလန်းစ်ရယ်လို့အခုမှပဲကြားဖူးတော့တယ်ကိုရင်ရယ်
    မှတ်သားလောက်ပါပေတယ်

  • သခင် mobile

    June 3, 2013 at 10:28 pm

    နားမရှင်းဘူးဗျာ…..
    ပုံတွေပဲ ကြည့်သွားတယ်………..

  • kyaw hteik

    June 3, 2013 at 11:21 pm

    pro လုပ်​မယ်​ဆို ပိုက်​ပိုက်​ အ​တော်​ထွက်​မဲ့ အလုပ်​ပဲ။အရင်​းအနှီးအ​တော်​ကြီးတဲ့ လုပ်​ငန်​းဖြစ်မယ်​။
    အ​ပျော်​ရိုက်​​လေးပဲ ​ကောင်​းပါတယ်​။ဖတ်​မှတ်​သွားပါတယ်​။​ကျေးဇူးတင်​ပါတယ်​။

  • padonmar

    June 4, 2013 at 12:59 am

    ပလဲဆင့်တီချာ။
    လက်စသပ်တော့ တူမဆီက အမွေရထားတာ Kit Lens ကိုး။
    လိပ်ခေါင်းလဲန်းစ်လေးလည်းရှိပါတယ်။

    • ကြက်အူလှည့်

      June 4, 2013 at 6:32 am

      kit lens လို့ ခေါ်တာ ဂလို ..အန်ကယ်ဒုံရဲ့ …
      သူက ကင်မလာ ဘော်ဒီဝယ်ရင် တွဲပါတတ်တဲ့ kit မို့ ခေါ်တာ
      (ကျော့် အသီးကျော်လေး kit kit နဲ့ ဘာမှမဆိုင်ကြောင်း သိစေအပ်ပါသည်)
      သူ့ကို နောက်တနည်း multi-purpose lens ထသွားထလာ ရိုက်တဲ့ပြောင်း
      normal lens လို့လည်းခေါ်တတ်ကြသေးရဲ့ …။
      kit lens ပျက်တဲ့နေ့ သူနဲ့ လုပ်လို့ရတဲ့ လစ်မစ်တွေကို မြင်ပြီး နောက်တခုခု ဝယ်ဖို့ ချောင်းတဲ့နေ့က
      ဖိုတိုဂလပ်ဖီ ပညာနောက်တဆင့်တက်တဲ့နေ့ လို့သာမှတ်ပေတော့ဗျို့ ..
      ကွိကွိ..

      (လျှာဝင်ရှည်သွားပါတယ် ဆြာအုပ်ရေ)

      :harr:

      • kai

        June 4, 2013 at 3:17 pm

        အခုအိမ်မှာ.. ၅၁၀ဝရဲ့..အဲဒါကြီးအပိုဖြစ်နေလေရဲ့..
        တမလွန်တပ်ရိုက်ပြီးကတည်းက.. ပြန်ကိုမဖြုတ်တော့တာမို့ပါ…

        ပြန်ရောင်းစားလို့.. ရသလားဟင်င်င်.. :kwi:

        • ကြက်အူလှည့်

          June 4, 2013 at 3:28 pm

          ဆြာ့ဆြာဂျီးဒွေက ပြောတာကတော့ ကစ်ဒ် လန်းစ် တလုံးဖျက်ဆီးပြီးလောက်မှ ဖိုတိုဂလပ်ဖီ တတ်တာ လို့ အဆိုရှိပါဒယ်။
          (မရောင်းပါနဲ့ဗျာ နှိမ်မှာပဲ)
          http://www.amazon.co.jp/gp/product/B00CFC3JK4/ref=oh_details_o00_s00_i00?ie=UTF8&psc=1

          ဒါမိုးလေး ရှာဝယ် သဂျီး ..၁ဝဒေါ်လှ လောက်ပဲချိဒါ.. အဲ့ဒါမိုးလေးကို ကစ်လန်းစ်မှာ တပ်ရင် မန်နျူရယ် မက်ခရိုလန်းစ် ဖစ်တယ်..ကွိကွိ…။
          ကစ်လန်စ်း ကို တယ်လီနဲ့ ၂လုံးပူး ပြောင်းပြန်ပြန်တပ်ပြီးတော့လည်း မက်ခရိုရိုက်လို့ရတယ်.(အဲ့နည်းက ပို ဒုက္ခများပါတယ်..)
          ၂နည်းစလုံးကတော့ မြန်မြန်ကန်းဖို့ နီးပါတယ်ခီညော်…

        • kai

          June 4, 2013 at 11:39 pm

          သူ့ဟာက… ကုန်ပေါက်ကြီးပဲ..
          ဆိုတော့..
          မရောင်းပဲ.. ဝယ်ဦးမှ… :kwi:

      • ဂန္ဓာရီ ဆြာအုပ်

        June 4, 2013 at 7:25 pm

        ကောင်းပါတယ်ဗျာ အဲလိုလေး ဝင်ရှင်းပေးတော့ အနော်က သိပ်မဝင်ဖြစ်လို့

  • Ma Ma

    June 4, 2013 at 9:58 am

    ဆြာအုပ်ရဲ့ ပညာတွေထဲမှာ မှတ်မိအောင် နာမည်ပေးတာလည်း တစ်ခုအပါအဝင်ပဲ။
    လိပ်ခေါင်းလန်းစ်လို့ ပြောတာနဲ့ ထင်းကနဲ ရှင်းကနဲ မြင်မိပြီး ပြုံးမိသွားတယ်။
    မမေ့တော့ဘူးပေ့ါ။ :hee:

  • အီခု ဓာတ်သေ ပညာ အပိုင်း ၂ ကိုလည်း
    မပျက်မကွက် လာရောက် တက်သွားပါအိ …
    ဒီထဲ ကွက်ကွက်ကွင်းကွင်း မျင်မိတွားဒါဂဒေါ့
    ဟို .. လိပ်ခေါင်းလန်းစ် ဆိုဒါဗျဲစ် … :mrgreen:

  • Ma Ei

    June 4, 2013 at 10:14 am

    ညည်းနှယ်အေ…
    လိပ်ခေါင်းလန်းစ် များဖြစ်ရသေး…
    ကင်မရာကိုင်တိုင်းပြုံးရတော့မှာပဲ…
    :hee:

  • kyeemite

    June 4, 2013 at 10:44 am

    ကျုပ်ကင်မလာမှာတော့…“လိပ်ခေါင်းလန်းစ်”ပဲပါတယ်ဆြာ :hee:

  • black chaw

    June 4, 2013 at 12:28 pm

    ဆရာအုပ်ရေ…။
    ပညာဝင်ယူသွားတယ်ဗျို့…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • ကိုရင်အုပ်
    ကျွန်တော်မှာလဲ လိပ်ခေါင်းလန်း နဲ. ဆိုနီ မိုးကျော် ကင်မလာလေးရှိတယ်…
    အဲဒါပုံထွက်လှလှလေးရိုက်တတ်အောင် သင်ပေးနော်…..
    သင်တန်းတက်တယ်နော်….

  • အရီးခင်လတ်

    June 4, 2013 at 3:31 pm

    ပြပွဲ၊ ပြပွဲ။
    ကဘာ မှာ မဝင်နိုင်လို့ ဝင်လို့ ရတဲ့ နေရာကို ပူဆာ နေတာဟေ့။

    • ဂန္ဓာရီ ဆြာအုပ်

      June 4, 2013 at 7:19 pm

      ပြပွဲ အတွက် စီစဉ်သူတွေ စကြရင် အနော်လဲ ဝင်ပါပေးပါမှာပါ အရီး

      • ကြက်အူလှည့်

        June 5, 2013 at 7:29 am

        ဆြာအုပ်ရေ ဝင်ဝင် လျှာရှည်နေတာ စိတ်မဆိုးတဲ့အပြင် ခွင့်ပြုပေးလို့ ကျေးကျေးခည…
        အရီး ပြောနေတဲ့ ပြပွဲဆိုတာ ဂလိုဗျ ..ဆြာအုပ်ကို ဦးစီး ပေးပါလို့ ရည်စူးပြီးပြောနေတာ
        လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးပါဗျာ…

        အရင်နှစ်က လုပ်ခဲ့ဖူးပေမယ့် မူရင်း အိုင်ဒီယာ ဆြာသမားရော .. နောက်ဆုံးလုပ်ဖြစ်ခဲ့တဲ့လရဲ့
        ပိုစ့်ပိုင်ရှင် ဆြာသမားပါမရှိတော့လို့ မဆက်ဖြစ်တာဗျို့ … ကျုပ်ကလည်း ပီစီပျက်ပြီး တနှစ်လောက်
        စနပ်စိ နဲ့ ကိုယ့်ပုံကိုယ် မနဲပြင်နေရတာ … (ပုံတင်ဖို့ ဝေါ့ပရက်စ် အပ္ပလီတောင် သွင်းရသေး)
        ဆိုတော့ .. တာဝန် မယူပေးနိုင်ခဲ့ဘူးခည…ခုလည်း တက်ဘလွတ်နဲ့ ကတ်တွေ ပြည့်ကုန်လို့သာ
        ပီစီဝယ်လိုက်တယ် ၆၄ဘစ် ဖြစ်နေလို့ .. ဖိုတိုရှော့ လိုင်စင် ပေးတဲ့လူရှိတာတောင် ၃၂ မို့ သုံးမရ ဂွကျ…
        ဝယ်ဖို့ ခြမ်းဖို့ လုပ်နေရ… ပိုဆိုးတာက ပြတင်းပေါက် ၈ မို့ မြန်မာစာ ရိုက်မရသေး (ရှာရဦးမယ်)
        သည်လိုအနေအထားမှာ ဖတ်ရွေး လုပ်ကြ ကဗျာပြခန်း လုပ်ကြ နဲ့ အချိန်မှာ ရွာ့လူကြီးတချို့ က ဒါ့ပုံလည်း ပြန်စချင်တယ်
        ပြောလာတယ်ခည … ဟိုဆြာ၂ယောက်က မရှိတော့တဲ့အပြင် ကျော်ကလည်း ကိုယ့်အခက်အခဲနဲ့မို့ ငြင်းလိုက်ပါတယ်ဗျို့..
        (ခုလို အသေးစိတ်တော့ ရှင်းမပြခဲ့ဖြစ်) .. ကနေ့နက်ဖန် တက္ကနစ်ကယ် ဒစ်ဖစ်ကယ်လ်တီ ပြေလည်ရင်တောင်
        အမျိုးတွေ ရောက်နေလို့ သည်လကုန်ထိတော့ ခရီးယာယီ များနေဦးမှာမို့ ဆြာအုပ် ဦးစီးပေးနိုင်ရင် နောက်ကနေ
        ပံ့ပိုးပါ့မယ်ဗျို့ …။ ဆြာနဲ့ အရီးတို့ သဂျီးတို့ ဒီတေးလ် ဆွေးနွေးကြပါဗျားးးး..။

        • ဂန္ဓာရီ ဆြာအုပ်

          June 5, 2013 at 8:28 am

          အင်း .. သဟာဆိုရင်တော့ လုပ်တာပေါ့ဗျာ.. ဒါပေမယ့် ကျနော်ကလဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတော့ ဂွကျ သဗျို့.. ရုံး မှာကလည်း နောက်ကျကျနေ.. အိမ်မှာကလည်း ကွန်မကောင်းတော့ အဲလိုဖြစ်နေတာမို့လို့ပါ.. တာဝန် ယူရမယ်ဆိုရင်တော့ ကြိုးစာပြီးလုပ်ကြည့်ရမှာ ပေါ့ဗျာ.. ဒါဆိုလဲ သဂျီးတို့ကပြောလိုက်ပါဗျာ.. စကြတာပေါ့

  • lele kyi

    June 4, 2013 at 5:52 pm

    ဆြာအုပ်..ဘယ် လန်းစ် က နိုက်ဗီးရှင်းအတွက်ကောင်းလည်းဟင်။ လိပ်ခေါင်းလန်းစ်နဲ့ရိုက်ထားတဲ့နိုက်ဗီးရှင်းကဇွန်းဆွဲရင်တော်တော်ကြည့်ရဆိုုးတယ်။ 🙁

    • ဂန္ဓာရီ ဆြာအုပ်

      June 4, 2013 at 7:20 pm

      နိုက်ဗီးရှင်း အတွက်က အပါချာနဲ့ဆိုင်ပါသဗျို့.. အပါချာ အကြောင်းကိုတော့ နောက် အပိုင်းတွေမှာ ရှင်းပြပေးပါမယ်

    • ကြက်အူလှည့်

      June 5, 2013 at 7:08 am

      ဂလိုချိဒယ် ခေးးရဲ့
      ဆြာအုပ် ပြောတဲ့ လိပ်ခေါင်း လန်းစ် တပ် ကင်မလာလေးတွေ
      ဇွမ်း ဆွဲတဲ့အခါ ဇွမ်း ဘယ်လောက်ဆွဲထားပြီ ဆိုတာကို ပြတဲ့ ဘားလေး စကရင်ပေါ်
      ပေါ်လာတာ ကြည့်ဖူးမယ် ထင့် အဲ့သည့်မှာ ကန့်လန့်ဖြတ် လိုင်းလေး တစ်လိုင်းပါတယ်..
      |_________|______|
      ဒါမိုးလေးပေါ့ …
      အလယ်လောက်က ကန့်လန့်ဖြတ် လိုင်းလေးရဲ့ ဘယ်ဘက် ခြမ်းက Optical Zoom ခည…
      လိပ်ခေါင်း lens လေး ဝင်ကာထွက်ကာ နဲ့ ချိန်ညှိပေးတဲ့အပိုင်း
      ညာဘက်ခြမ်းက အပိုင်းကတော့ Digital Zoom ဗျ.. သူကျတော့ ကွန်ပူတာမှာ
      စကရင် တဝက်လောက်ရှိတဲ့ ပုံ ကို စကရင် အပြည့် ချဲ့ကြည့်တာ နဲ့ သဘောတရားတူတယ်..
      (ပြောချင်တာ Pixel ကျတယ်ပေါ့)
      နောက်တခု သေဖို့ကောင်းတဲ့ မာကတ္တာ တချို့ လက်ချက် ကြောင့်လည်း ပါတယ်ခည…
      လိပ်ခေါင်း ကင်မလာတွေ ဝယ်ရင် လူတွေက Zoom ဘယ်လောက် x ရလဲပဲ ကြည့်တတ်ကြတာရယ်..
      ဆိုပါတော့ 10x, 15x, 20x ရေးထားကြတယ်..
      ဆိုပါတော့ 20x သေချာရှာကြည့် တော့မှ 16x အထိပဲ Optical Zoom (အမှန်တကယ် Zoomတာ)
      16 to 20 (အပေါ်က လိုင်းကလေးရဲ့ ညာဘက်) က Digital Zoom (ပုံရိပ်ဆွဲဖြဲတာ)ဖြစ်နေတတ်တယ်ဗျို့ ..

      ဖုန်းကင်မလာ လို ကင်မလာမျိုးဒွေမှာ Zoom ဆွဲရိုက်လေ ပုံရိပ်အရည်အသွေးကျလေဆိုတာ
      အဲ့ဒါကြောင့်ဗျ.. သူ့မှာ လိပ်ခေါင်းမှမရှိတာကော…Digital Zoom နဲ့ပဲ ပုံကို ဆွဲဖြဲ သလို ဖြစ်နေတာကြောင့်ရယ်ပါ။
      လိပ်ခေါင်းနဲ့ DSLR အခေါ်အဝေါ်အယူအဆ နဲ့ စံ Unit တွေ မတူဘု ခည(ဆြာအုပ်နောက်ပိုင်း ရေးပါလိမ့်မယ်ခီညား)

      ကြော်ငြာကြိုဝင်ထားတာ …ကွိကွိ..။

      :harr:

  • Mr. MarGa

    June 4, 2013 at 6:24 pm

    ရောက်ရှိပါကြောင်း
    ကြည့်ရင်းကြည့်ရင်း
    ရှားလော့ဟုမ်း လန်းစ် မထွက်သေးကြောင်းမှတ်သားသွားပါကြောင်း
    :harr:

  • ဂန္ဓာရီ ဆြာအုပ်

    June 4, 2013 at 7:32 pm

    တက်ရောက်သူများ အားလုံးကို စာရင်းပြုလုပ်ထားပါဂျောင်း
    ကျောင်းခေါ်ချိန် ၇၅% မပြည့်သူများ စာတီဖီကိတ်ရမှာ မဟုတ်ကြောင်း
    ကြိုတင် သတိပါအပ်ပါသည်။

    ပုံ/ ကြောင်အုပ်ကြီး အုပ်အုပ်

    • အုပ်အုပ် ….. ဒဲ့ ..
      ဟီဟိ …
      ဟိုတစ်ယောက်က တိုက်တိုက် …
      ဒီတစ်ယောက်က အုပ်အုပ် …
      ပေါင်းလိုက်တော့ အုပ်တိုက် .. တိုက်အုပ် …
      ဟုတ်ဒေါ့ ဟုတ်နေဘီ … :mrgreen:

      • အေးအေး အဲဒီ တိုက်အုပ် က နီကို ဝိုင်းရှင်ပြုပေးလိုက်မှဖင့်……… ဟင်းဟင်းဟင်း

        • ဂန္ဓာရီ ဆြာအုပ်

          June 5, 2013 at 12:14 pm

          ဟုတ်ပ ကျူပ်လဲ ရဟန်းဒဂါ ဖြစ်ချင်နေတာနဲပ အတော်ပဲ

  • မောင် ပေ

    June 5, 2013 at 1:26 pm

    ဗဟုသုတ အလို ့ငှါ ဖတ်ရှု သွားပါတယ် ကိုအုပ်လှကြီး

  • နွေဦး

    June 7, 2013 at 4:20 pm

    အတန်းပျက်တယ်ဆိုပြီးဆာတီဖိကိတ်မရမှာစိုးလို့ အတင်းဒန့်လက်မှတ်လာပြန်ထိုးသည်..။ဗပဘေပေ့…ဂျိ ။

Leave a Reply