နှုတ်ခမ်းခြင်း တေ့ နမ်းကြလေသောအခါ…။

black chawJune 4, 20131min688102

ကြိုတင် ဝန်ခံထားပါရစေ…။
လွန်ခဲ့တဲ့ ငါးလလောက်က ရေးထားဖြစ်ခဲ့ပြီး
တင်ချင်စိတ်မရှိလို့ မတင်ဖြစ်ပဲ ထားခဲ့တဲ့ ပို့စ်ကို
အခု အားအားလျားလျား ဖြစ်နေတဲ့အချိန်…၊
ပို့စ် ရေးရမှာလည်း ပျင်းနေတာနဲ့
နည်းနည်း ပြင်ဆင်ခြယ်သ မွမ်းမံပြီး တင်လိုက်တာပါဗျာ…။

စာရေးဆရာမက ဝတ္ထုရေးတယ်…။
ရုပ်ရှင်ဒါရိုက်တာက ရုပ်ရှင်ရိုက်ဖို့ဝယ်တယ်…။
မင်းသားနဲ့ မင်းသမီးက သရုပ်ဆောင်တယ်…။
ဘာဆန်းလဲ…။
ဘာများဆန်းကြယ်နေပါသလဲ…။
အဲဒီမဆန်းတာတွေကြားကပဲ ဆန်းတာကြီးတစ်ခုက ထွက်ချလာရော ကျောင်းဒကာရေ…။
နှုတ်ခမ်းခြင်းနမ်းတဲ့ အခန်းတစ်ခန်းကို အဲဒီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဒါရိုက်တာက ထည့်မလို့တဲ့…။
ဝတ္ထုထဲမှာလည်း မပါခဲ့ဘူးတဲ့နော်…။
ကဲ…ကြည့်…။
အဲဒါကြီးကိုက ဆန်းနေပါတယ်ဆို…။
မင်းသမီး အဖြစ်သရုပ်ဆောင်မယ့် သက်မွန်မြင့်က အင်္ကျ ီအဝတ်အစားအတွက် ကြိုတင်ပြင်ဆင်ဖို့ ဆိုပြီး…
ဒါရိုက်တာ လုပ်သူထံက ဇာတ်ညွှန်းတောင်းဖတ်သတဲ့…။
ဇတ်ညွှန်းထဲမှာပါလာတဲ့ ဆင်းန် နံပတ် ၃ရ ကို ဖြုတ်ပေးဖို့ သက်မွန်မြင့်က ဒါရိုက်တာ ဝိုင်းကို တောင်းဆိုတယ်တဲ့…။
အဲဒီမှာ စတွေ့တော့တာပါပဲ…။
ဆင်းန်နံပတ် ၃ရ နဲ့ ပတ်သက်ပြီး…
ဒါရိုက်တာ ဝိုင်း ဘက်က ပြတ်တယ်…။

ဖြုတ်မပေးနိုင်ဘူး…ဒါအမြင့်ဆုံး Tempo…
ဒီဆင်းန် မပါရင် ဒီကားက အရင်ကားတွေအတိုင်းပဲ ဖြစ်သွားမယ်…
ကွဲမထွက်ပဲ ဖြစ်သွားမယ်…
ဒီအခွံတွေထဲပဲ ပြန်ဝင်မယ်
Ending မှာလည်းချိတ်ထားတာဆိုတော့ မဖြုတ်ပေးနိုင်ဘူး…
ထုတ်လုပ်သူတွေနဲ့ပဲ ညှိလိုက်ပါ

လို့ ပြောတယ်တဲ့…။
လုပ်ကြပေါ့ ရှင်တို့က ရဲတွေကိုး…။
မင်းသမီး သက်မွန်မြင့် ကျတော့ တစ်မျိုး…။
သူ့ဘက်ကလည်း ဆင်ခြေက ခိုင်မာနေပြန်ရော…။

သက်မွန်က ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်…
ကျန်တဲ့ နှုတ်ခမ်းခြင်းနမ်းပြီး လျှာသပ်တာ…
ကောင်လေးအင်္ကျ ီကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ…
အဲဒါတွေကိုတော့ သက်မွန်မလုပ်နိုင်ဘူး…။

ပါးနမ်းတယ်ဆိုတာကလည်း ကောင်မလေးက ပါးရိုက်ခဲ့လို့ ကောင်လေးက နာကြည်းချက်နဲ့ ပြန်နမ်းခိုင်းတာ
Ending မှာချိတ်ထားတာလည်း နှဖူးပဲနမ်းတာဆိုတော့ ဒါတွေကို လျှော့ပေးဖို့ ပြောတာပါ…။
ဆင်ဆာလွတ်လပ်ခွင့်ရတယ်ဆိုပေမယ့် သက်မွန်အနေနဲ့ ဒါမျိုးတွေ ရိုက်ဖို့တော့ မသင့်တော်ဘူးထင်ပါတယ်…။
ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုဆိုတာ ရှိသေးတယ်လေ…။
သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူးထင်ပါတယ်…။
နောက်…ထားသခင် ရဲ့ စရိုက်ကလည်း ဒါမျိုးမဟုတ်ဘူး ထင်ပါတယ်…။
အဲဒီအတွက် ဒီဆင်းန်ကို ညှိပေးဖို့ တောင်းဆိုတာ…။
ဒါသည် ဇာတ်လမ်းကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘူး…။
ဒီဇာတ်ကားကို သရုပ်ဆောင်မယ့် မင်းသမီးတစ်ယောက်အနေနဲ့ ညှိနှိုင်းတာ…။
တောင်းဆိုကြည့်တာ…။
ဒါရိုက်တာကို စော်ကားတာလည်းမဟုတ်ဘူး…။
ဆရာလုပ်တာလည်း မဟုတ်ဘူး…။
သူပြောသလို ဒါရိုက်တာခိုင်းတာပဲ လုပ်ရမယ်ဆိုတာ ဒီမင်းသမီးက ဒီသရုပ်ဆောင်တစ်ယောက်က သူ့ရဲ့
အနုပညာပေါ် ခံယူချက်…။
ဒီဇာတ်ကားပေါ်မှာ ခံစားချက်…၊ သူ့ရဲ့ ရပ်တည်မှု…၊ အဲဒါတွေတော့ ရှိသေးတယ်လေ…။
အရုပ်မဟုတ်ဘူးလေနော်…။

ဟုတ်တယ်…။ ပြောပြလိုက်စမ်းပါ သက်မွန်လေး…။ မင်းလေး မှန်ပါတယ်…။
ဒီကိစ္စအတွက်
စာရေးဆရာမ ပုညခင် က သူမရဲ့ မူရင်းဝတ္ထုမှာ မပါပဲ ဝိုင်းက ထပ်ဖြည့်ထားတဲ့ နမ်းတဲ့အခန်းလေး ဖြုတ်ပေးပါ လို့
ပြောထားတာလေးကိုလည်း ကျွန်တော်တို့ သိထားသင့်ပါတယ်…။
စာရေးဆရာမရဲ့ အပြောကို ဒါရိုက်တာဝိုင်းက နံနက်ခင်း ဂျာနယ် အင်တာဗျူးမှာ အခုလို ပြန်ဖြေရှင်းသွားပါတယ်ဗျာ…။

ကျွန်တော် ဒီအတိုင်းပဲ ဆက်ရိုက်မယ်…၊ ကားထွက်လာပြီး ပရိသတ်က ဝေဖန်တယ်ဆိုလည်း ခံမယ်…၊
အမှားကို လက်ခံပေးပါမယ်…၊ သို့သော်လည်း စာရေးဆရာမဆိုတာ ဝတ္ထုပဲရေးတတ်တာ..၊ ရုပ်ရှင်မရိုက်တတ်ပါဘူး…။
မင်းသမီးဆိုတာလည်း သရုပ်ဆောင်ပဲ တတ်တာ…၊ ဇာတ်ညွှန်းမရေးတတ်ဘူး…၊ ဒါရိုက်တာ မလုပ်တတ်ဘူး…၊ ဒီဘက်ပိုင်း လုပ်ရမယ့်ကိစ္စကျတော့ အားလုံးတတ်ရပါတယ်…၊ အဲဒီအတွက် လျှော့ဖို့ အစီအစဉ်မရှိပါဘူး…။
ထပ်ပြောပါမယ်…။
အာဒမ်၊ ဧဝ၊ ဒသ ဝတ္ထုလည်း ဒီဆရာမရေးတာပါပဲ…၊ ကျွန်တော်အများကြီးပြင်ရိုက်…ထည့်ရိုက်တာတွေဟာ ကျွန်တော့် ဖန်တီးမှုဖြစ်ပါတယ်…။ ဝတ္ထုဆိုတာ ဈေးက ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်သားငါးနဲ့ တူပြီး ဒါရိုက်တာက စားဖိုမှူး နဲ့တူပါတယ်…။ ဟင်းကောင်းအောင်ချက်ရမှာ ကျွန်တော့်တာဝန်ပါ…။

နေစမ်းပါဦး ကိုဝိုင်း ရယ်…။
သက်မွန်မြင့်လေးက
နှုတ်ခမ်းခြင်း တေ့နမ်းပါ့မယ် ဆိုဦးတော့…ပြေတီဦးကြီးကလည်း
နမ်းပါ့မယ်ဆိုဦးတော့…။ ပြေတီဦးကတော် ဒေါ်အိန္ဒြာကျော်ဇင်ကြီးကရော ကြည်ကြည်ဖြူဖြူနဲ့…
ခွင့်ပြုပေးပါ့မလားဗျ…။
ဟုတ်ပါပြီ…။
အခုအချိန်မှာ အဲဒီဇာတ်ကားကို မင်းသမီးပြောင်းပြီး ဖွေးဖွေးနဲ့ ရိုက်နေပြီ ဆိုလား …
မင်းသားကလည်း နေတိုး ဆိုလား…
နားစွန်နားဖျားကြားမိပါသေးတယ်…။
တေ့နမ်းကြမယ့် နှုတ်ခမ်းတွေပြောင်းပစ်လိုက်တဲ့ သဘောပေါ့…။ အာဟိ…။

ဒါပေမယ့်ဗျာ…။
သက်မွန်မြင့် နှုတ်ခမ်းနဲ့ ဖွေးဖွေး နှုတ်ခမ်းအဝေးကြီးပါ…။
နှစ်ယောက်စလုံးရဲ့ နှုတ်ခမ်းတွေကို ဘလက်ကြီး နှုတ်ခမ်းတွေနဲ့
ပယ်ပယ်နယ်နယ် နမ်းကြည့်ပါတယ်…။
(စိတ်ကူးနဲ့နော် အစ်ကို…ဟေးဟေး)
ကိုယ်တိုင်သာရွေးခြယ်ခွင့်ရှိခဲ့မယ်ဆိုရင်
သက်မွန်မြင့် နှုတ်ခမ်းလေးပဲ
ရွေး…ဦး…မှာ…။

ချစ်ခင်လေးစားတဲ့ အနမ်းဆရာ ဘလက်…။

102 comments

  • Miss Crystalline

    June 7, 2013 at 11:05 am

    ဦးဘလက်တစ်ယောက်သွေးတက်နေတာ..သွေးတက်စရာတွေဖတ်လေ..ကြည့်လေလို ့ပဲလား.. 🙂
    သက်မွန်မြင့်နဲ ့စိုင်းစိုင်းကတော့ ရင်းနှီးခဲ့တဲ့နှစ်ပေါင်းမနည်းတဲ့အပြင် တကယ့်မောင်နှမရင်းချာတွေ လိုနေလာသူတွေဆိုတော့ မတော်ရာကိုင်တယ်လို ့တွေးမိပုံမပေါ်ဘူးထင်တာပဲ.. :kwi: စိုင်းစိုင်းက သူပိန်ပေမယ့်ဗလကောင်းကြောင်းကြွားချင်တာကို သက်မွန်မြင့်က ပါရမီဖြည့်ပေးရတာပါ။ :harr:
    ရွှေမှုံရတီလေးကို ချစ်ဖို ့ကောင်းလို ့သတိထားမိပေမယ့် ..မြန်မာကားကြည့်လေ့မရှိလို ့ မကြည့်ရသေးဘူး.. ဒီပိတ်ရက်မှ ၂ခွေလုံးငှားကြည့်လိုက်အုန်းမယ်.. 🙂

    • ဦး ကျောက်ခဲ

      June 7, 2013 at 11:27 am

      တိန်… လာပြန်ပဟဲ့ ဆိုင်းဆိုင်းဖမ်းကိုင် ချစ်သူတစ်ယောက်…
      :harr:

    • KZ

      June 7, 2013 at 11:42 am

      ဟုတ်ပါဒယ်။
      မှန်ပါဒယ်။
      ခရစ်(စ) လေးကို ပိုချစ်သွားဘီကွယ်။
      :528:

      • ကြက်အူလှည့်

        June 7, 2013 at 11:46 am

        :chee:

        ဒါကို ညှစ် မဒဲ့လား အဲ့ဒါ ညှစ်မဒဲ့လား ဒါများ ညှစ်မဒဲ့လားကွယ် ပြန်ပြောဦး… (ပြောဇမ်း)
        ဒါဟာ ညှစ် သဒဲ့လား ..အဲ့ဒါ ညှစ်သဒဲ့လား ဒါများ ညှစ်မဒဲ့လားကွယ် ..မင်းပဲပြော…

        သီချင်းဝင်ဆိုသွားပါသီ

        :harr:

        • KZ

          June 7, 2013 at 11:52 am

          နိရဲ့ ချာ ဂျီး အညှစ် မခံရလို့ ဒီ လို မနာလို ဖစ်နေသလား။

          ရန်တူ ဂျီး တစ်ယောက်လို ထင်နေဘီရား:::::::
          အမုန်းလက်နက်တွေ ကိုင်ဆွဲထား:::::::::::

          :harr:

    • black chaw

      June 7, 2013 at 6:58 pm

      @ Miss Crystalline ;
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ Miss..။
      ဦးဘလက်ကြီး အဲဒီလောက်လေးတွေနဲ့တော့ သွေးတိုးတော့ဘူးဗျ…။
      :mrgreen:

  • Thuyazaw

    June 7, 2013 at 12:22 pm

    ဒီဇာတ်လမ်းအဖြစ်အပျက်လေးကို ဝေဖန်ကြည့်ပြန်ရင်တော့ ကွန်ဆာဗေးတစ်ကြီးဖြစ်ဦးမယ်ပေါ့နော်…………. မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့အရဆိုလျှင်တော့ ဒီလိုဇာတ်ဝင်ခန်းမျိုးဟာ မြန်မာဇာတ်ကားမှာ မပါဝင်သင့်ဘူးလို့မြင်မိပါတယ်……. ဒါရိုက်တာဝိုင်းပြောတဲ့ ဒီအခွံကြီးထဲပြန်ဝင်မယ်ဆိုတာကတော့ လုံးဝအလွဲကြီးပါ…… ဘာလို့လဲဆိုတော့ ဒီအနမ်းခန်းလေးမပါပဲ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ ဇာတ်ကားများကလဲ အများသားလား…… အရင်ခေတ်ကလို လူဆိုးကြီး ချွေးသံရွှဲရွှဲ မျက်နှာကြီးအဆီတဝင်းဝင်းနဲ့ မင်းသမီးအခန်းထဲက ပြန်ထွက်လာတာတို့၊ သမင်လေးကို ကျားလိုက်နေတာတို့၊ အခန်းရှေ့က ပန်းအိုးတွေကျကွဲတာတို့ ဟိဟိ ဒါမျိုးတွေနဲ့ အသားကျနေကြတာရယ်လေ….. ခုတော့ မီဒီယာလွတ်လပ်ခွင့်ရတာနဲ့ ဒီလိုအနမ်းစူးစူးကြီးတွေပါထည့်သွင်းကြတော့မယ်….. ဟော ဟိုတလောက အဖြစ်ပျက်လေးလဲအားလုံးသိကြရောပေါ့….. ကိုးတန်းကျောင်းသူလေးကိစ္စလေ ဟေဟေ့
    အနော်တို့ မြန်မာလူမျိုးများမှာ အများညီရင် ဤ က ကျွဲ ဖြစ်ပါတယ်…. ဆိုလိုရင်းက အများလက်ခံမယ်ဆိုရင်ဖြင့်ဒီလိုဇာတ်လမ်းဇာတ်ကွက်ကို ”ကျွဲ” လုပ်လိုက်ပေါ့ဗျာ…….
    သင့်ကြောင့် ဘာသာ/သာသနာ/လူမျိုး မညှိုးနွမ်းပါစေနှင့်
    ဆိုတော့ ကျောင်းဒကာ အူးလေးအူးဘလက်ရေ မင်းသားနေရာရလျှင်ဖြင့် သရုပ်ဆောင်လိုကြောင်း
    ယခုခေတ်ပေါ်မော်ဒယ်များနှင့် နှုတ်ခမ်းခြင်းဆိုလျှင်တော့ မည်သူ့ကိုမျှ ငြင်းဆိုမည်မဟုတ်ကြောင်း
    ဈေးပေါပေါဖြင့် သရုပ်ဆောင်ပေးမည်ဖြစ်ကြောင်း
    😀

    • black chaw

      June 7, 2013 at 7:02 pm

      @ Thuyazaw ;
      တကူးတက ဝင်လာပြီး ကွန်းမန့်လေးရေးပေးသွားတာ
      ကျေးဇူးအထူးပါ ညီလေးရေ…။
      အိမ်ထောင်သည်များ နှုတ်ခမ်းခြင်းနမ်းခန်းမရိုက်ရတော့ဘူးလို့
      ဥပဒေထုတ်လိုက်ပြီ…။
      မမျှော်နဲ့တော့…။
      :mrgreen:

  • Yin Nyine Nway

    June 7, 2013 at 4:43 pm

    အနော်ဖတ်ရတဲ့ အင်တာဗျုးမှာကျတော့
    ဝိုင်းက သူတကယ် အဲလိုမရိုက်ပါဘူးတဲ့
    နှုတ်ခမ်းချင်းမတေ့ဘဲ နဖူးလေးသာ နမ်းချင်နမ်းခိုင်းမယ် ဂျောတာဂျ
    ..ဘာပြောပြော
    ခုတလောထွက်လာတဲ့ ဗီစီတီဒွေက
    နဲနဲနောနော ပြောင်းလဲခြင်းမှမဟုတ်တာ
    တော်တေ်ာပွင့်လင်းမြင်သာတဲ့ ပြောင်းလဲခြင်းကြီးဒွေဗျ

    • black chaw

      June 7, 2013 at 7:07 pm

      @ Yin Nyine Nway ;
      အော်…သမီးရယ်…။
      ဦးဘလက်က နံနက်ခင်းထဲက အင်တာဗျူးတွေကိုဖတ်ပြီး
      နားစွန်နားဖျားနဲ့ ရေးလိုက်တာပါကွယ်…။
      စကားအတင်းစပ်…။
      မင်္ဂလာဆောင်ရောက်မလာနိုင်ခဲ့တာ ခွင့်လွှတ်ပါဗျာ…။
      လေးစားခင်မင်တဲ့…
      ဦးဘလက်…။
      :mrgreen:

  • nozomi

    June 7, 2013 at 4:52 pm

    တကယ် ရ ရင် တကယ် လုပ်မဲ့
    မိုက်ကယ်‌ဒေါက်ဘလက် ရဲ ့ ပို ့စ် ကို
    ‌ခေတ် မမီ မှာ စိုး လို ့ ဝင်‌ရောက် အား‌ပေးသွားပါတယ်

    • black chaw

      June 7, 2013 at 9:21 pm

      @ nozomi ;
      ခေမီသူတိုင်း နှုတ်ခမ်းခြင်းတေ့ နမ်းကြသည် ပေါ့ကွယ်…။
      :mrgreen:

  • အာဂ

    June 7, 2013 at 5:22 pm

    အဲဒီဇာတ်ကား ထွက်လာဘီလား လေးလေး။ သက်မွန်မြင့်ကတော့ မနမ်းခဲ့ပေမဲ့ နမ်းတဲ့လူကတော့ နမ်းမှာပေါ့နော်..။

    အခုတစ်လော အနမ်းဇာတ်လမ်းတွေအကြောင်း တော်တော်လေးကြာရဗျ…။

    • black chaw

      June 7, 2013 at 9:31 pm

      @ အာဂ ;
      ကွန်းမန့်လေးဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါအာဂရေ…။
      :mrgreen;

  • cobra

    June 7, 2013 at 6:20 pm

    ဗမာ ကားတွေကြမ်းချက်ကတော့ လက်ကုန်ပဲ
    လူမင်း ဆိုလည်းဖက်ချက်က ကမ်းကုန်
    မင်းသမီးက အိပ်ရာခင်းကိုလက်နဲ့ခြစ်နေတုန်းဘာဖြစ်နေတာလည်းကြည့်နေတာနေမင်း ဆိုတဲ့ငနဲကလည်း စောင်ခြားထဲကထွက်လာ ဘာတွေလဲ
    စိုးမြတ်သူဇာကြီး နဲ ့ နေတိုးကလည်း ခုတင်ပေါ်မှာ သရုပ်ဆောင်ကောင်းချက်ကတော့ လန်ထွက်နေတာပဲ
    ခွေနာမည်တွေတော့ မမှတ်မိတော့ဘူး ကြည့်ချင်ရင်တော့ ဆက်လက်စုံစမ်းကြည့်ရှုကြကုန်လော့……..
    အားလုံးကိုချစ်တဲ့……….မြွေဟောက်

  • black chaw

    June 7, 2013 at 9:45 pm

    @ cobra ;
    ကြမ်းကြစမ်းပါစေ ညီလေးရာ…။
    သူတို့ကပဲ ကြမ်းနိုင်မလား…။
    ကိုယ်တို့ကပဲ ကြည့်နိုင်မလား…။
    စောင့်ကြည့်ကြသေးတာပေါ့…။
    :mrgreen:

  • cobra

    June 8, 2013 at 5:56 pm

    လေး ဘလက်က သိပ်မကြည့်ချင်ရှာဘူးနော်… ဟီးးဟီးးး
    “မျက်လုံးလေး ကလယ်ကလယ်” ဆိုတဲ့အခွေကိုငှားကြည့်
    စိုးမြတ်သူဇာ နဲ ့နေတိုးတို့ဘယ်လိုတွေသရုပ်ဆောင်လဲဆိုတာတွေ ့လိမ့်မယ်

  • Char Too Lan

    June 8, 2013 at 6:19 pm

    လွန်ခဲ့တဲ့ ၅လလောက်ကသာတင်ရင် ပွဲဆူမှာဒဂယ်ကျောတာ….
    ဘတ်… သို့သော်…. ဒါပေမယ့်………… ဂျားထဲမှာ မျက်လုံးလေးလကယ်လကယ် @_@ ဖြစ်သွားတော့
    ဦးဘလက်ရဲ ့အနမ်းတွေ မှိုတက်တွားဘီကွီ………. ချိတ်မကောင်းဘာဝူး ဂျာ……….

Leave a Reply