ပထမဆုံး မူလဗီဇပင်မဆဲလ် (Stem Cell) အစားထိုးကုသမှုအား ဗီယက်နမ်နိုင်ငံတွင်အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ

Mr WorldWideJune 4, 20131min580

ဗီယက်နမ်နိုင်ငံတွင် အသက် ၂၁ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်အား မူလဗီဇ ပင်ပ ဆဲလ် (Stem Cell)  အစားထိုးကုသမှု ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်အောင်မြင်ခဲ့သည်ဟု ၎င်း၏နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါသည်။

ဧပြီလကုန်ပိုင်း၌ Ho Chi Minh မြို့ တောင်ပိုင်းရှိ Institude of Haematology and Blood Transfusion မှ ဆရာဝန်များက Dong Nai မြို့ တောင်ပိုင်းမှ အသက် ၂၁ နှစ်အရွယ်ရှိ Cao Xuan Hiep ကို Haploidentical မူလဗီဇ ပင်မဆဲလ် အစားထိုးကုသမှု လုပ်ဆောင်ခဲ့သည်။

၎င်းဆေးရုံမှ ဒေါက်တာ Phu Chi Dung ၏ ဧပြီလအစောပိုင်းက ပြုလုပ်ခဲ့သော စမ်းသပ်ချက်များအရ Hiep တွင် အဖျားမြင့်တက်ခြင်း၊ သွေးအားနည်းခြင်းနှင့် ခြေကုန်လက်ပန်းကျခြင်းစသော ရောဂါလက္ခဏာများကို တွေ့ရှိခဲ့ရသည်။ ထိုစမ်းသပ်မှုများအရ ဆရာဝန်များသည် ရောဂါလက္ခဏာကို အကဲခတ်၍ ရောဂါအမျိုးအမည်ကို ဆုံးဖြတ်လိုက်သည့်အခါ Hiep တွင် ပြင်းထန်သော သွေးကင်ဆာရောဂါ ဖြစ်ပွားနေကြောင်း သိရှိခဲ့ရပေသည်။ Hiep ၏အစ်မသည် သူ၏ Human Leukocyte Anti-gen (HLA) တစ်ရှူးအမျိုးအစားကို သူ့မောင်၌ အစားထိုးကုသရန်အတွက် ပေးလှူခဲ့သည်။ ဆရာဝန်များသည် Heip အစ်မ လှူထားသည့်တစ်ရှူးများကို အနုတ် ၁၉၆ ဒီဂရီ ဆဲလ်စီးယပ်ရှိသော သီးသန့်အအေးခန်းထဲတွင် အစားထိုးကုသမှုလုပ်ငန်းစဉ်အတိုင်း ရက် ၂ဝ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ဆရာဝန်များက Heip ၏ အဆုတ်၊ နှလုံးနှင့် အသည်းတို့၏ ဘေးထွက်ဆိုးကျိုးတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး ၆ လ၊ တစ်နှစ်ခန့် အနားယူပြီးပါက ပုံမှန်လူကောင်း ပြန်ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

သူ၏ ဆေးကုသမှု ကုန်ကျစရိတ်မှာ ဗီယက်နမ်ငွေ ဒေါင် သန်း၃၀ဝ (အမေရိကန်ဒေါ်လာ ၁၄၃၈၈) ကုန်ကျခဲ့ပြီး ၎င်းကုန်ကျငွေ၏ ၇ဝ ရာခိုင်နှုန်းကို ကျန်းမာရေးအာမခံဌာနမှ ပေးသွင်းခဲ့ပါသည်။ Haploidentical မူလဗီဇ ပင်မဆဲလအစားထိုးကုသမှုသည် HLa တစ်ရှူး အလှူရှင်မရှိသော ရောဂါဝေဒနာရှင် ၇ဝ ရာခိုင်နှုန်းကို ကုသနိုင်ပါသည်။