ကရုဏာစိတ်ဖြစ်လာစေရန် ဦးနှောက်ကို လေ့ကျင့်ပေးနိုင်

Mr WorldWideJune 4, 20131min1603

လူသားများကိုပိုမို၍ ကရုဏာစိတ်ကြီးမားလာစေရန် ဗုဒ္ဓဘာသာ၏တရားထိုင်ခြင်း လုပ်ငန်းဖြင့် လေ့ကျင့်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက ညွှန်းဆိုခဲ့ကြသည်။ ဝိုက်စ်ကွန်ဆင် မက်ဒီဆန်တက္ကသိုလ်၏ စိတ်ကျန်းမာရေး စောင့်ကြည့်ရေးစင်တာမှ သုတေသီများသည် အရွယ်ရောက်ပြီးသူများအား ကရုဏာစိတ်ဖြစ်ပေါ်မှုကို လေ့ကျင့်နိုင်ပြီး အတ္တစိတ်နည်းပါးသောအပြုအမှုများ ကြီးကြီးမားမား တိုးတက်လာနိုင်စေကာ အာရုံကြောစနစ်များတွင် ငုပ်လျိုးနေသည့် ကရုဏာစိတ်များ ဆက်စပ်ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ကြောင်း ဆန်းစစ်တွေ့ရှိခဲ့ကြသည်။

အဆိုပါသင်ယူမှုတွင် လေ့လာအကဲခတ်သူများအနေနှင့် အရွယ်ရောက်ပြီးသား လူငယ်များအား တရားထိုင်ခြင်းနှင့် ထိတွေ့ပေးခြင်း၊ ရှေးဟောင်းဗုဒ္ဓဘာသာနည်းစနစ်များနှင့် ဝေဒနာခံစားနေရမှုများအား ဝေဒနာပြေလျော့စေရေး စသည်တို့ကို လေ့ကျင့်ပေးခဲ့သည်။ တရားထိုင်ချိန်တွင် ပါဝင်လေ့ကျင့်သူများသည် ဝေဒနာသက်သာလာသည့် အချိန်တစ်ခုအထိ အာရုံပြုစိတ်ကူးပြီးနောက် ရောဂါဝေဒနာသက်သာရာ ရလာသည့် စိတ်ခံစားချက်ကို လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

တရားထိုင်သူများသည် လူအမျိုးအစားအမျိုးမျိုးအလိုက် လေ့ကျင့်ကြရသည်။ ပထမဦးဆုံး မိတ်ဆွေသူငယ်ချင်း ၊သို့မဟုတ် မိသားစုဝင်တစ်ဦးဦးစသော ချစ်ခင်သူတစ်ယောက်ယောက်အား အာရုံပြု ကရုဏာသက်ဝင်စေခြင်းမျိုး ဖြစ်သည်။ ထို့နောက် သူတို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးအားလည်းကောင်း ကရုဏာသက်ဝင်စေခြင်းမျိုးဖြင့် ဆက်လက်လေ့ကျင့်ခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့သည် မိမိစိတ်ထဲမှ စိတ်ချဉ်ပေါက်နေသူများကိုပင် ကရုဏာသက်ဝင်အောင် လေ့ကျင့်ကြရသည်။ ဥပမာ – လုပ်ငန်းတူသူ ၊သို့မဟုတ် အခန်းဖော်စသဖြင့် မိမိအား ပြဿနာပေးဖူးသူတစ်ဦးဦးကို ဆိုလိုသည်။ ”ဒါဟာဆိုရင် အလေးမ လေ့ကျင့်တာနဲ့တူပါတယ်။ နည်းစနစ်တကျသာ ချဉ်းကပ် လေ့ကျင့် သွားမယ်ဆိုရင် ကရုဏာတရားကိုဖြစ်စေတဲ့ ကြွက်သားတွေဟာ တကယ်ပဲ ဆောက်တည်လာနိုင်တာ တွေ့ရမှာဖြစ်ပြီး တခြားသူတွေကို စာနာကူညီမှု၊ ဂရုစိုက် ဖေးမပေးမှုအစရှိတဲ့ သူတစ်ပါးချမ်းသာစေလိုတဲ့ တုန့်ပြန်မှုတွေကို တွေ့ရှိလာရမှာပဲဖြစ်ပါတယ် ” ဟု အဆိုပါပညာကို လေ့လာဆည်းပူးနေသူ စာရေးသူ တစ်ဦးလည်းဖြစ်သည့် လက်တွေ့စိတ်ပညာဌာနမှ ဘွဲ့ရကျောင်းသား ဟဲလင်န်ဝဲန် က ပြောကြားခဲ့ပါသည်။

ကရုဏာလေ့ကျင့်ခန်းကို အာနာပါနလေ့ကျင့်ခန်းများသင်ကြားပေးသည့် ထိန်းချုပ်မှုရှိစေသော နည်းပညာရပ်တစ်ခု သို့တည်းမဟုတ် လူသားတို့၏အတွေးအခေါ်များကို မကောင်းသည့်ရှုထောင့်ဘက်မှ ကြည့်ရှုမှု နည်းပါးလာစေရန် လေ့ကျင့်သင်ကြားပေးသော နည်းပညာတစ်ခုဟု တင်စားနိုင်ပေသည်။ ”ဘာပဲဖြစ်ဖြစ် လူတွေက အချိန်တိုအတွင်း သူတို့ရဲ့စိတ်ခံစားမှုဆိုင်ရာ အမူအကျင့်တွေ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်လေ့လာချင်ပါတယ် ” ဟု ဝဲန် က ဆိုပါသည်။

Source: www.indianexpress.com/news

3 comments

  • kyaw hteik

    June 4, 2013 at 11:14 pm

    ဗုဒ္ဓဘာသာဝင်​စစ်​စစ်​တိုင်​ ဗြဟ္မစိုရ်​တရား​လေးပါးနဲ့ ပြည်​့စုံကြလို့ ကရုဏာစိတ်​အတွက်​
    အထူးပြုလုပ်​စရာ မလို​တော့ပါ။ဗုဒ္ဓဘာသာသည်​ လူရဲ့စိတ်​ကို ​အေးငြိမ်​းမှု​ပေးပြီး က်ိုယ်​ရဲ့ချမ်​းသာမှု
    ကိုဖြစ်​​စေ​သောဘာသာဖြစ်​ပါတယ်​။

  • KZ

    June 5, 2013 at 8:12 am

    ဟဲ့!
    ဟုတ်လှချည်လားကွယ်။။
    မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ။
    :hee:

    အို။
    ဒို့က မွေးရာပါ “”စာနာကူညီမှု၊ ဂရုစိုက် ဖေးမပေးမှုအစရှိတဲ့ သူတစ်ပါးချမ်းသာစေလိုတဲ့ တုန့်ပြန်မှုတွေ”” ပါ ပြီးသား။ :mrgreen:

    လူသား အားလုံး ကျန်းမာ၊ချမ်းသာ၊ ပျော်ရွှင် စေချင်ပါတယ်။ ပြုံးပျော်နိုင်ကြပါစေ။

    (ဟို လူဂျီး မပါ)
    (ဒီ မိန်းမဂျီး မပါ)

    :harr:

  • ရွှေတိုက်စိုး

    June 5, 2013 at 10:04 am

    အဲဒါတော့ ဟုတ်တယ်ဗျို..
    ကျွန်တော်ဆိုလဲ ရုံးက အဆင်မပြေမှုလေးတွေ မကျေမနပ်ခံပြင်းမှုလေးတွေ ရှိလာရင်… စိတ်ကိုတည်ငြိမ်အောင် ငါးမိနစ်လောက် ထိန်းထားလိုက်ရင် အေးချမ်းသွားရော…..
    တရားထိုင်ဖူးတော့ အဆုံးအစွန်ထိမလုပ်နိုင်ပေမယ့်… အကျိုးလေးတော့ သိနေတော့ အသုံးချတတ်သွားတာပေါ့…

Leave a Reply