မြန်မာတွေအရွေးမှားမှာစိုးရတယ်…

cruzJuly 28, 20101min1905

Snap Shot ဂျာနယ်.. မှ ဆရာမြတ်ခိုင်ရေးသားသောဆောင်းပါးမှ..ကာတွန်းဆရာကြီးသိန်းဖေ၏လက်ရာကာတွန်းသရုပ်ဖော်ပုံ

(မြန်မာပြည်ရဲ့နိုင်ငံရေးသမားကြီးတွေကိုသရော်ထားတဲ့ ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့ လက်ရာတစ်ခုပါ….Snap Shot ဂျာနယ် ဆရာဦးမြတ်ခိုင်းရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ထဲကတွေ့လို့ နှစ်သက်မိတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်…. ။)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ…ဒီလိုလူမျိုးတွေ အများကြီးရှိခဲ့တယ်ဆိုတာ… ဒီကာတွန်းလေးကဖော်ပြနေပါတယ်…ခုလည်း

ရှိနေမှာပါပဲ…… ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့..အရွေးမမှားကြဖို့လိုပါတယ်လို့ကျွန်တော်ထင်ပါတယ်….

မီဒီယာတွေကနေလည်း အရွေးမမှားဖို့တော့တိုက်တွန်းနေကြတာပါပဲ…။ခက်တာက ကျွန်တော်တို့ မြန်မာလူမျိုးတွေက နိုင်ငံရေး အသိအမြင်အားနည်းတဲ့သူတွေများနေတဲ့အဖြစ်ကဆိုးတယ်…။ခုထက်ထိဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုမျိုးမှန်းတောင်မသိတဲ့သူတွေ အများကြီး…။အဲထဲပါတဲ့အချက်အလက်တွေသိဖို့ဆိုတာ ဝေလာဝေး…။

သတင်းစာမှာ အချက်အလက်တွေကိုထည့်ပါတယ်ဆိုရင်တောင် သတင်းစာဖတ်တဲ့သူက ရှိတဲ့လူဦးရေပျမ်းမျှနဲ့တွက်ကြည့်မယ်ဆိုရင်..အတော်လေးကိုနည်းနေပါသေးတယ်…။

စာအုပ်ထုတ်တော့လည်း…လူတွေက ကိုယ့်ထမင်းကိုနပ်မှန်အောင်မနည်းရုန်းနေရတဲ့အချိန်….ဒီစာအုပ်တော့ ဝယ်ဖတ်ဖို့အတွက် ပိုက်ဆံအကုန်မခံနိုင်ဘူးဆိုပီး..နေတဲ့သူကလည်းအများသားခင်ဗျ…။

အင်း……..ဘယ်လိုတွေနားလည်နေကြလို့…ဘယ်လိုရွေးချယ်ကြမယ်ဆိုတာတော့ မသိတော့ပါဘူးဗျာ….။

ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အစိုးရဟာ…ကျွန်တော်တို့ မြန်မာနိုင်ငံကို…တိုးတက်သာယာဝပြောအောင် တကယ်ပြုလုပ်ပေးနိုင်မယ့်အစိုးရဖြစ်ဖို့လိုပါတယ်။

ကျွန်တော်တို့မှားရင် ကျွန်တော်တို့တွေပဲခံရမှာပါ။ကျွန်တော်တို့အရွေးမမှားဖို့ လိုအပ်ပါတယ်…။

ပြောမယ့်သာပြောရတာပါ….. အားကခပ်လျော့လျော့ရယ်ပါခင်ဗျာ…။

5 comments

  • fatty

    July 29, 2010 at 3:07 am

    ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့လက်ရာဖြစ်ပါတယ်။
    သူ့သားလေး ဖေမောင်သိန်း ကတော့RIT ကျောင်းသားတဦးဖြစ်ပြီး
    မဆလ ပြုတ်ခါနီးမှာ စစ်ထောက်လှမ်း ရေးကခေါ်ယူစစ်ဆေးပြီး တလလောက်အကြာ
    ဘာရေဂါမှန်းမသိရဘဲ သေဆုံး ခဲ့ရပါတယ်။

    ဆရာကြီးရဲ့လက်ရာကိုပြန်တွေ့ရတော့ ….. ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်ခင်ဗျား။

  • fatty

    July 29, 2010 at 3:52 pm

    နာမည်အမှန်တော့ဖော်ပြပေးလိုက်ပါတယ်။ no vote !

  • cruz

    July 30, 2010 at 4:59 pm

    ခုလိုအသိပေးတာ……ကျေးဇူးပါခင်ဗျာ… ကျွန်တော်လည်း သတိမထားမိဘူးဖြစ်သွားတယ်… ကျွန်တော်လည်း ပြန်ပြင်ထားပါတယ်..ခင်ဗျာ
    ကျွန်တော်သေချာပြန်မစစ်မိလို့ ဖြစ်သွားတဲ့အမှားကိုမြင်ပီးထောက်ပြပေးခဲ့တဲ့ သူငယ်ချင်းကိုကျေးဇူးတင်ပါတယ်….

  • pay sote sote

    August 8, 2011 at 10:51 am

    နိုင်ငံသားတိုင် အသိအမြင်ကြွယ်ဝအောင် ရှေ ့ဆောင်လမ်းပြနိုင်တဲ့ ခေါင်းဆောင်သူတွေ ဖြစ်ပါစေလို ့ဆုတောင်းပါတယ်…

  • Mee2

    August 8, 2011 at 1:13 pm

    ခေါင်းဆောင်ဆိုတဲ့နေရာကိုမိမိ ဘာသာသတ်မှတ်လို ့မရပါဘူး။မိမိရဲ ့အယူအဆကိုလက်ခံသူ မိမိကို ယုံကြည်အားထားသူများကသာ နေရာပေးမှာပါ။ဆရာ့ ကာတွန်းကို အရမ်းသဘောကျပါတယ်။နောက်လဲဝေမျှပါနော်

Leave a Reply