ဖွတဲ့မေးခွန်း…ဆွတဲ့မေးခွန်း…ယူဆချင်သလို ယူဆလို့ ရတဲ့မေးခွန်းတွေ ဇွတ်လိုက်မေးမယ်…

ဖြေတဲ့အဖြေထဲကနေ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ယူမယ်…

အဲ့ဒီအပိုင်းလေးကို တခြားအနက်ထွက်အောင် ဟိုထင်ဒီထင် ဖြစ်စေမယ့် အရေးအသားနဲ့ ရေးကြမယ်…

ပြီးတော့ ကိုယ့်အမေကိုယ့်အဖွားလောက်ရှိတဲ့ အမျိုးသမီးကြီး…လင်ရောသားတွေရော ပစ်ပြီး တိုင်းပြည်အတွက် ဘ၀ကြီး ပုံအပ်ထားတဲ့ အမျိုးသမီးကြီး…မြန်မာပြည်အတွက် သူ့အပြင် တခြားတစ်ယောက်မရှိနိုင်တော့တဲ့ အမျိုးသမီးကြီး…ကို ၀ိုင်းပြီးရစရာမရှိအောင် ပြောကြမယ်…

တခွန်းထဲ ပြောလိုက်မယ်…ဒီလို လူတွေကို စောက်ရမ်းရွံတယ်…

2015 မှာ ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်….သမ္မတဖြစ်မှ လုပ်ပိုင်ခွင့် အာဏာ ရမယ်…လုပ်ပိုင်ခွင့်ရှိမှ တိုင်းပြည်လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်လုပ်နိုင်သလောက် အကောင်းဆုံးကို လုပ်ပေးနိုင်မှာပါ…ဒီ့အတွက် ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်…

ဒီလို ပြည့်ပြည့်စုံစုံ ဖြေထားပါတယ်….ပြန်ရေးကြတော့ ဘယ်လို ပြန်ရေးကြသလဲ….

….2015 မှာ ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်….

ဓာတ်ပုံကြီးနဲ့ စာလုံးအမဲကြီးနဲ့ တွဲပြီး ဒီလို ဖြတ်ရေးကြတယ်…အာဏာ ရူးတယ်…အရှက်မရှိဘူး…စသဖြင့် ၀ိုင်း ဘေကြတယ်…

တခြားအနက်ထွက်စေသော…တခြားအနက်သက်ရောက်အောင် ရည်ရွယ်ချက်ရှိရှိရေးသားသော…ထိုသို့သော စိတ်ဓာတ်ပိုင်ရှင်များကိုလဲ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါတယ်…

အမျိုးသားရေးဆိုတဲ့ အမြင်…ရှုထောင့် ဘက်ကကြည့်ရင်တော့ ဘာသာမတူ…လူမျိုးမတူ…အဲ့ဒါ တို့ရန်သူပဲ…နှိပ်ပစ်…တွယ်ပစ်..သမပစ်…ဖြစ်ချင်ရာဖြစ်…ပြောချင်ရာပြောလို့ရတယ်…

အခုဟာက နိုဘယ်ဆုရှင်…နိုဘယ်ဆုတောင် ရိုးရိုးဆုမဟုတ်ဘူး…ငြိမ်းချမ်းရေးနိုဘယ်ဆု…
ပြောတဲ့စကား…ကြည့်တဲ့အမြင်ဟာ အမျိုးသားရေးဆိုတာထက် လူသားဖြစ်တည်မှုဆိုတာကို ပိုအလေးပေး ပိုဦးတည်ပြီး ပြောရမယ်…ပြောလည်းပြောနေတယ်…ဒါပေမယ့် သူ့ရင်ထဲမှာ အမျိုးသားရေးစိတ်ဓာတ်က ခင်ဗျားတို့ ကျုပ်တို့ထက် အဆ ရာထောင် ပိုပါတယ်…

တောင်အောက်က ကြည့်တဲ့အမြင်နဲ့ တောင်ပေါ်က ကြည့်တဲ့အမြင် ဘယ်လိုမှ တူစရာမရှိပါဘူး…တောင်ပေါ်ကကြည့်တဲ့သူက အရှေ့က အန္တရယ်တွေမြင်လို့ ကွေ့ဝိုက် လျှောက်ဖို့ ပြောပြနေတာပါ…တောင်အောက်ကနေ ဘာမှမသိ…ဘာမှမမြင်ပဲ ဒီလမ်းမှ ဒီလမ်း…ပြောင်းမလျှောက်နိုင်ဘူး…ဆိုပြီး ငါ တကော ကောမနေကြပါနဲ့…

ငါတကောကောသမားတို့ရေ…သူက ခင်ဗျားတို့ထက်အများကြီး တော်တယ်…ခင်ဗျားတို့ထက် အများကြီး တတ်တယ်…ခင်ဗျားတို့ထက်အများကြီး အမြင်ကျယ်တယ်…

မျက်တောင်တဖျားလေးကြည့်ပြောနေတာမဟုတ်ဘူး…မျက်စိတဆုံး ကြည့်ပြောနေတာပါ…ငြိမ်ငြိမ်လေးထိုင်ပြီး နားလည်ပေးလိုက်ပါ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...