ကိုရင်မိုက်ကို ပြောပေးပါ (ဖတ်/ရွေး)(သိမ်း)

 

 

 

 

 

 

 

 

 

 

 

 

 

တကယ်တော့ မနေ့ကတင်လိုက်တဲ့ပိုစ့်လေးကို ဆက်ရေးဖို့ပါဗျာ-

အဲဒီပိုစ့်လေး တင်လိုက်တဲ့အကြောင်းရင်းက –

2.6.2013  ညနေမှာ မန်းဂဇက်ချစ်သူများစာပေဆုရွေးချယ်ရေး ဖတ်ရွေးအဖွဲ့ဝင်တချို့ အစည်းအဝေးလုပ်ကြပါတယ်။

အဲဒီအစည်းအဝေးက ပြောဆိုဆွေးနွေးဖြစ်တာလေးတွေ ၊ ဆက်လုပ်မယ့်အစီအစဉ်ကလေးတွေကို ရွာသူားတွေကိုပါ ချပြပြီး စိတ်ဝင်စားသူတွေက အကြံဉာဏ်ပေး ကွန်မင့်ရေးတာလေးတွေကို ပြန်သုံးသပ်ရအောင်

ပိုစ့်ကလေးတပုဒ်တင်ဖို့ ကျုပ်တာဝန်ယူခဲ့ပါတယ်..။

အဲဒီမှာ ပိုစ့်ရေးမယ်လုပ်တော့ – မိဘပြည်သူများခင်ဗျား… ဆိုပြီး သတင်းကြေငြာသလိုကြီးမရေးချင်တာကြောင့်

တစ်ယောက်ယောက်ကို တရင်းတနှီးပြောပြတဲ့ရေးဟန်ကလေးနဲ့ tone ကိုလျှော့ဖို့ စဉ်းစားမိပါတယ်။

ကျုပ်မှာက ပိုစ့်ထဲထည့်ရေးချင်တဲ့အခြားအကြောင်းအရာကလေးတွေကလဲ ရှိနေသေးသကိုးဗျာ….

 

လွန်ခဲ့တဲ့ ရက်အနည်းငယ်က daily eleven မှာ ပြည်သူ့ထံမှပေးစာများကဏ္ဍမှာ ကားမောင်းလာတဲ့မိန်းကလေးတစ်ဦးကို စတစ်ကာအပြည့်ကပ်ထားတဲ့ကားကြီးထဲက လူတစ်ဦးက ဒုတ်ကိုင်ပြီးကြိမ်းမောင်းတယ်ဆိုတာမျိုး ဖတ်ရတယ်။ အဲဒါတကယ် ဟုတ်ချင်လဲဟုတ်မယ်၊ ဟုတ်ချင်မှလဲဟုတ်မယ်ပေါ့..။ဘာပဲဖြစ်ဖြစ် ဒီလို နိုင်လိုမင်းထက်အပြုအမူမျိုးကို ရှုတ်ချချင်တာနဲ့ ဂဇက်မှာတင်ဖို့ ပိုစ့်တစ်ပုဒ်ကောက်ရေးလိုက်တယ်။ ပြီးမှ ပြန်ဖတ်ကြည့်ရင်း မတင်ချင်တော့တာနဲ့မတင်ပဲထားလိုက်တယ်ပေါ့။

(အဲသလို ရေးပြီးမတင်ဖြစ်ခဲ့တဲ့ပိုစ့်တွေက ကျုပ်တင်ခဲ့တဲ့ပိုစ့်တွေထက် ပိုများပါတယ်။)

ရေးချင်တာလေး ရေးမတင်လိုက်ရတော့ စိတ်ထဲ ခုလုခုလု ဖြစ်နေတော့တာပေါ့ဗျာ..။ အဲဒါကြောင့် ဒီလူမျိုးတွေကို ကြုံရင်ကြုံသလို ထည့်မယ် ဆိုတဲ့ စိတ်ယုတ်မာကလေးကလဲ အခံရှိထားသဗျ…။

 

အဲဒါနဲ့ မနေ့က ပိုစ့်လေး ရေးဖြစ်တယ်ဆိုပါတော့…။

ပထမပိုင်းမှာတင် သုံးနေရာလောက် ထည့်ဆော်လိုက်သေးတယ်။

ပိုစ့်ရဲ့သဘောက အိပ်မက်မက်တာ-

အိပ်မက်ထဲမှာ သူရဲကောင်းအရွေးခံတော့ မအောင်လို့ တပ်ဖွဲ့မှာ ထမင်းချက်အဖြစ်လိုက်ပြီး ဘာ…ညာ…ကွိ..ကွ… ပေါ့….

အဲဒီတော့ တပ်ထဲကရဲဘော်တစ်ယောက်လိုလို့ ကိုကြီးမိုက်ကို ဆွဲထည့်ရသပေါ့ဗျာ…

ပြီးတော့ ဗိုလ်တစ်ယောက်လိုလို့ ကိုဘလက်ချောကြီးကို ခေါ်ထည့်ရတာပေါ့……

ဗိုလ်မင်းက သူရဲကောင်းမရမှာစိုးလို့ တကယ်အပ်ကိုမရိုက်ပဲ သူ့လက်သူရိုက်ပြီးရွေး၊

သူများတွေက မနာလို့နဲနဲမှမတွန့်တော့သူရဲကောင်းဖြစ်၊

ကျုပ်က အကြောက်လွန်ပြီးအော်မိတော့ ဆွဲထုတ်ခံရပြီး ပြန်ခေါ်လို့ ထမင်းချက်ဖြစ်… ၊

အဲသလို ဆင်ထားတာပါ။

(ဝန်ခံချက်- တကယ့်တကယ်မှာ သူရဲကောင်းရှားတဲ့အပြင်၊ ထမင်းချက်တောင်ရှားတယ်… လို့လဲ ပါးပါးလေး ကပ်ထည့်တာပါ)

 

အဲဒါလေး ပိုစ့်လုပ်တင်နှင့်ပြီး ဒီနေ့လည်ပြန်ဖတ်ကြည့်တော့ ဖတ်ရင်းနဲ့တော်တော်အဆင်မပြေဘူးဖြစ်လာတယ်…။

ပထမတစ်ချက်က ဘုရင့်သား(လူကြီးသား)တွေ နေရာတစ်ကာ အဖါးကြိုက်တယ်လို့ ရိချင်တာနဲ့ ဖေ့စ်ဘွတ်က like ကို ထည့်ပြီးရိတာ- တကယ်တော့ အဲဒီ Like မှာ အခြားအဓိပ္ပါယ်ရှိသေးတာကို သတိလက်လွတ်သွားပါတယ်…။ လက်မ ဆိုတာဟာမာန်မာနရဲ့ သင်္ကေတလဲ ဖြစ်နေပါတယ်။ အဲဒီတော့ ကျုပ်က (ဗိုလ်မင်း… လက်မကို ဘယ်လိုထောင်ရမလဲ) လို့ မေးတာဟာ  ဗိုလ်မင်းဖြစ်သူကို လက်မထောင်တဲ့နေရာမှာ ဆရာကြီး  လို့ စွပ်စွဲရာရောက်သွားပါတယ်။ ဘယ်ကောင်းမလဲဗျာ..။ ပြီးတော့ ပိုဆိုးတာက ဗိုလ်မင်းလုပ်ရတဲ့ ကိုဘလက်ချောဆိုတာက ဘာမှကို မာန်မာနမရှိတဲ့လူ၊ အင်မတန်ခင်မင်ရင်းနှီးလွယ်တဲ့သူ၊ အယုတ်အလတ်အမြတ်မရွေး ပေါင်းသင်းခင်မင်တတ်သူ၊ လူမှု့ရေးမှာ အင်မတန်တာဝန်ကျေတတ်သူဖြစ်ပါတယ်။ ကျုပ်အပိုပြောတာမဟုတ်ဘူးဆိုတာ သူ့ကိုခင်ဘူး ရင်းနှီးဘူးသူတွေသိကြပါတယ်။ ဆိုတော့…… လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်က ဒီလိုအဓိပ္ပါယ်မကောက်ဘူးထား… လူတစ်ရာ မှာ တစ်ယောက်က ဒီလိုအဓိပ္ပါယ်ကောက်ရင်ကို သူ့အဖို့ အင်မတန် နစ်နာပါတယ်။

ဒုတိယအချက်ကတော့ ကျုပ်က မြန်မာစစ်ဗိုလ်နေရာကို ကြမ်းကြမ်းတမ်းတမ်းပုံမျိုးဖြစ်အောင်ရေးတာ လက်လွန်သွားပြီး တော်တော်ရုပ်ဆိုးသွားတယ်။ ကိုဘလက်ချောကို အားနာမိတာပေါ့ဗျာ..။

အောက်ဖက်က ကွန်မင့်တွေဆက်ဖတ်ကြည့်တော့ ကိုချောက ဝင်တောင်နောက်သွားသေးတယ်။ ဘာမှကို အပြစ်မယူပါဘူး။ ကျုပ်အဖို့တော့ ဂဇက်ကမိတ်ဆွေတွေထဲမှာဖြင့် ကိုဘလက်ချောက အရင်းနှီးဆုံးပါ။ သူ့ကို သာစေနာစေစိတ်မျိုးမရှိပါဘူး။ သူလဲသိပါတယ်။ ဆိုတော့ … ကျုပ်တို့ချင်း ဘာမှတော့မဖြစ်ဖူးပေါ့ဗျာ..။ ဒါပေမယ့် ကိုယ့်ပိုစ့်ကိုယ်စိတ်ပျက်သွားတာမို့ ဆက်ရေးဖို့ (ရေးပြီးသားကို ဆက်တင်ဖို့) ဆန္ဒမရှိတော့ပါဘူး။

အဲဒါကြောင့် အောက်မှာ အသစ်ရေးပါတယ်……..

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

 

 

2.6.2013 တနင်္ဂနွေနေ့ ညနေ 4:00 မှာ မန်းဂဇက်ချစ်သူများ စာပေဆုရွေးချယ်ရေးအဖွဲ့ဝင်တွေ တွေ့ဆုံကြပါတယ်။

တွေ့ဆုံဖြစ်ကြသူတွေက-

ဥက္ကဌ – မပဒုမ္မာ

မမ

ဆူး

အဘဖေါ

ကျုပ်- ဦးပါလေရာ နဲ့

ရွှေတိုက်စိုးတို့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။

ကိုကြီးမိုက်က လာမလို့ပါ- သူ့မှာ လူမှု့ရေးကိစ္စတချို့ရှိနေတာနဲ့ သူ့ဆီက လွှဲပြောင်းစရာရှိတာတွေကို ကျုပ်က လွှဲပြောင်းယူထားနှင့်ပြီး မမီရင် အတင်းမလာဘို့ ပြောခဲ့ပါတယ်။

ကိုဘလက်ချောကလဲ လာမလို့ပါ- လတ်တလော ကျန်းမာရေးလေး နဲနဲစောင့်ရှောက်ဖို့လိုတာကြောင့် မလာဖို့ ပြောထားလိုက်ပါတယ်။

 

အစည်းအဝေးကို ရွှေတိုက်တို့ ဇနီးမောင်နှံက သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ ခနုံထုပ် ဆိုတဲ့ စားစရာတွေ ယူလာပြီးကျွေးမွေးပါတယ်။

အရသာသိပ်မပြင်းပဲ အာဟာရဓါတ်အပြည့်ပါတဲ့ စားစရာမျိုးပါပဲ။ တော်တော်စားလို့ကောင်းပါတယ်။ နောင်လဲ လုပ်ကျွေးဦးမယ်လို့ မျှော်လင့်ပါတယ်။

 

ကိုထူးဆန်းနဲ့ ကိုကြီးမိုက်တို့ ဖတ်ရွေးအဖွဲ့ ဆုပေးပွဲအတွက် ထည့်ဝင်ထားတဲ့ အလှူငွေတွေကို ကျုပ်က ဥက္ကဌထံလွှဲပေးပါတယ်။ မမ၊ အဘဖေါ နဲ့ ကျုပ်ကိုယ်တိုင် တို့လဲ ထည့်ဝင်ကြပါတယ်။  အဲဒီကောက်ခံရရှိငွေတွေနဲ့ စာပေဆု ငါးကြိမ်စာ ငါးဆု + ကဗျာဆု နှစ်ကြိမ်စာလဲထည့်ပေးကြမလားဆိုတာမျိုး ဆွေးနွေးကြပါတယ်။ ကဗျာအဖွဲ့က ရွေးပေးတာကို ဒီမှာ ရောထည့်ပေးမယ်ပေါ့..။ အဲဒီကောက်ခံရရှိငွေတွေနဲ့ပဲ လာမယ့် July လအတွင်း ခန့်မှန်း (21) ရက်နေ့လောက်မှာ မန်းဂဇက်မိသားစုဝင်များ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ကျင်းပမယ်ဖြစ်ပါတယ်။ ကျန်တာကိုတော့ ဥက္ကဌကြီးကိုယ်တိုင်ပြောဖို့ ချန်ထားပါတယ်။

 

ဒုတိယအကြိမ်မြောက် ဂဇက်မိသားစုဝင်များဆုံစည်းပွဲနဲ့ မန်းဂဇက်ချစ်သူများအကြိုက် စာပေဆုပေးပွဲကို ရွှေတိုက်စိုးက တာဝန်ယူစီမံမှာ ဖြစ်ပါတယ်။ နေရာကတော့ အရင်လုပ်ခဲ့တဲ့ ကန်တော်ကြီးကိုပဲ မျက်စေ့ကျပါတယ်။ နေရာနဲ့ နေ့ရက်ကို ပိုစ့်တင်ပြီး အတည်ပြုပါလိမ့်မယ်။

 

အခု စာပေဆုရွေးနေတာမှာ ဧပြီ+မေ  ရယ်၊ ဇွန်လ အတွက် ရယ်ကို –

ဖတ်ရွေးအဖွဲ့ဝင်တွေက တစ်ယောက်ငါးပုဒ် ပဏာမရွေးပြီး အတွင်းရေးမှုးဆီပို့-

အတွင်းရေးမှုးက အဲဒီပိုစ့်တွေကိုစုပြီး ပိုစ့်တင် ၊ ရွာသားတွေက ဝိုင်း vote ပြီး ဆုရသူကိုရွေးဖို့  ဆုံးဖြတ်ကြပါတယ်။

သဘောကတော့ ဆုရထိုက်သူကို ဖတ်ရွေးအဖွဲ့ဆန္ဒနဲ့မဆုံးဖြတ်ပဲ ရွာသူားတွေရဲ့အများစုဆန္ဒနဲ့ ဆုံးဖြတ်တဲ့သဘောပေါ့..။

 

ဒီဒုတိယနှစ်ဝက် ( Jan to June) အပြီးမှာလဲ နောက်လတွေအတွက် ရွေးရာမှာလဲ တစ်လအတွင်း တင်သမျှပိုစ့်အားလုံးကို ဝိုင်းဗုတ်ကြမယ်ဆိုရင် အဆင်ပြေပါ့မလား…. ရွာသူားအားလုံးကရော ပိုစ့်အားလုံးကို ဖတ်ကြပါ့မလား…၊ အခုလိုပဲ ပဏာမရွေးချယ်ရေးအဖွဲ့က ဝိုင်းရွေးပေးလိုက်တဲ့ ပိုစ့်အပုဒ်နှစ်ဆယ်သုံးဆယ်ထဲကမှ ရွာထဲမှာ ဗုတ်ပြိးရွေးရရင် ပိုကောင်းမလားဆိုတာတွေကို ရွာသူရွာသားတွေ ဝိုင်းဝန်းစဉ်းစားပြီး မကြာခင်တင်မယ့် ဥက္ကဌကြီးရဲ့ ပိုစ့်ထဲမှာ ဝိုင်းဝန်း အကြံပေး ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

 

အဲသလိုပဲ – လက်ရှိဖတ်ရွေးလုပ်ငန်းစဉ်ကလဲ ပိုစ့်ရွေးရာမှာ အပြီးအပြတ်ရွေးတာမဟုတ်တော့တဲ့အတွက် သိပ်ပြီး အလေးအနက် ယှဉ်ထိုးသုံးသပ်နေစရာမလိုတော့ပဲ မှတ်ချက်လဲ ပေးစရာမလိုတော့တာကြောင့် – ဖတ်ရွေးရတာ အင်မတန် လွယ်ကူပေါ့ပါးသွားပြီဖြစ်ပါတယ်။ တာဝန်လဲပေါ့သွားပါတယ်။ အဲဒီအခြေအနေပေါ်မူတည်ပြီး ရွာသူားတွေထဲက ဖတ်ရွေးအဖွဲ့ထဲ ဝင်ဖတ်ပေးဖို့ စိတ်ပါဝင်စားသူများကိုလဲ ဖိတ်ခေါ်အပ်ပါတယ်။ အခုဖတ်ရွေးအဖွဲ့ထဲဝင်ရင် တစ်လအတွင်း ကိုယ်ဖတ်မိသမျှထဲက ကိုယ်ကြိုက်တဲ့ ပို်စ့်ငါးပုဒ်ရဲ့အမည်+ စာရေးသူ+Link ကို အတွင်းရေးမှုးဆီ ပို့ပေးရုံပါပဲ။ အဲသလောက်လွယ်သွားပါပြီး။ ကူညီဖတ်ရွေးပေးလိုသူများ မကြာခင်တင်မယ့် ဥက္ကဌကြီးရဲ့ပိုစ့်မှာ ကွန်မင့်လေးတွေနဲ့ စာရင်းပေးကြစေချင်ပါတယ်။

 

ကျေးဇူးတင်ပါတယ်ဗျာ…

 

ဦးဦးပါလေရာ

46 comments

  • ဦး ကျောက်ခဲ

    June 4, 2013 at 4:32 pm

    ဟမ်… ဒုတိယအကြိမ် တွေ့ဆုံပွဲက ဂျူလိုင်လမှလား…
    မောင်ကျောက်က ဂျွန်လကုန်ပြန်လာမယ် စီစဉ်ထားတာ…
    အခုလိုဆိုရင်တော့ ဒီတစ်ခါဝေးပြီ ဘေဘီ…

    • ဦးဦးပါလေရာ

      June 4, 2013 at 11:07 pm

      ဟာ..
      ကိုကျောက်မပါရင်တော့ တော်တော်အားလျော့တာပဲ….
      ဒီလိုလုပ်…..
      ဂျွန်လကုန် ပြန်လာကတည်းက မပြန်နဲ့တော့…
      ပွဲပြီးမှပြန်….
      :harr:

  • black chaw

    June 4, 2013 at 5:25 pm

    ကိုပါကြီးရေ…။
    မအားတဲ့ကြားက ဦးနှောက်စားရေးထားတဲ့ ပို့စ်လေး နှမြောစရာဗျာ…။
    ဖြစ်နိုင်ရင် ဇာတ်သိမ်းပိုင်းလေး ဖတ်ချင်ပါတယ်…အစ်ကိုရေ…။
    လေးစားခင်မင်တဲ့
    ဘလက်ချော…။

    • ဦးဦးပါလေရာ

      June 4, 2013 at 11:13 pm

      ကိုချောရေ
      ကျုပ်နမော်နမဲ့နိုင်တာနဲ့ ခင်ဗျားနဲနဲရုပ်ဆိုးသွားတာတော့ တောင်းပန်တယ်ဗျို့…
      ဒီလိုလုပ်- Spa တခုခုမှာ ပြန်ရှိုင်းပေးမယ်..
      ဘယ့်နှယ်လဲ…
      :harr:

    • Foreign Resident

      June 5, 2013 at 9:43 am

      ” ခင်ဗျား နဲနဲ ရုပ်ဆိုးသွားတာတော့ တောင်းပန်တယ် ဗျို့…
      ဒီလိုလုပ် – Spa တခုခုမှာ ပြန်ရှိုင်းပေးမယ်.. ဘယ့်နှယ်လဲ ”

      ” မွန် စစ်သူကြီး အဘ သမိန် ဖေါ ” ကိုရော ၊
      Spa တခုခုမှာ ပြန်ရှိုင်းပေးမှာလားဟင် ။ 😛

  • Mr. MarGa

    June 4, 2013 at 6:33 pm

    မကြာခင်တင်မယ့် ဥက္ကဋ္ဌကြီး ပို့စ်မှာ ဘယ်လိုပြောမလဲ ဆိုတာ စောင့်နေပါသဗျို့
    ကဗျာဆုကိုတော့
    ရွေးချယ်ရေးအတွက် အစည်းအဝေး ထိုင်ပါဦးမယ်ခင်ဗျ
    ကဗျာဆုလေးကို
    ထည့်တွက်ထားပေးလို့လဲ
    ဖတ်ရွေးအဖွဲ့ကို ကျေးကျေးပါ လို့

    • ဦးဦးပါလေရာ

      June 4, 2013 at 11:22 pm

      ကဗျာကလဲ ကိုယ့်မိသားစုထဲကပဲလေ..
      ဟိုးတစ်ခါကတောင် အလင်းဆက်ကို စကား စ မိသေးတယ်….
      မောင်ရင်တို့သွက်သွက်လက်လက် စ ဖြစ်လိုက်တော့ တော်တော်အဆင်ပြေသွားတယ်

      ဒီမှာ.. ဒီမှာ…
      ကာတွန်းပြခန်းနဲ့ ဓါတ်ပုံပြခန်းလေးတွေသာ ထပ်တိုးလာရင်
      ဒီရွာကြီး ဘယ့်ကလောက် ရွာလည်လို့ကောင်းလိုက်မလဲ နော….

      • အရိပ်စစ်

        June 5, 2013 at 4:48 pm

        ကာတွန်းပြခန်းနဲ့ ဓါတ်ပုံ ပြခန်းလေး ထပ်တိုးလာစေချင် သူတွေထဲမှာ

        တိမီးလည်း ပါ ပါတယ်နော်….

        • ဦးဦးပါလေရာ

          June 6, 2013 at 12:46 am

          ကိုကမ်း နဲ့ ဆြာအုပ်ကို ချောက်တွန်းဦးမှထင်တယ်
          🙂

  • ကိုရင်စည်သူ

    June 4, 2013 at 7:09 pm

    လူကြီးတွေက စေတနာကို ရှေ့ထားပြီး သင့်တော်တဲ့
    အမြင်နဲ့ ဦးဆောင်တာ မြင်တော့ ကန့်ကွက်တဲ့စိတ်လည်းချိပါဖူး
    ဝင်နှမ်းဖြူးချင်တဲ့ စိတ်လည်းရှိပါဘူး။ ဘေးကနေ မပြတ်အားပေး
    နေပါ့မယ်…။ :mrgreen:
    7 လပိုင်းလဲ ပွဲတက်နိုင်မှာ မဟုတ်ပါဘူး.. သတင်းပို့ပါတယ်။ နောက်တခါပေါ့လေ.. 😥
    ညှစ်အားလေးတွေထည့်ပီး ရုန်းကန်နေရတာမို့လို့ဘာ.. :byal:
    ဥက္ကဌကြီးနှင့်တကွ ဖတ်ရွေးလူကြီးမိဖများကို လေးစားလျက်..
    ကိုရင်..

    • ဦးဦးပါလေရာ

      June 4, 2013 at 11:17 pm

      ကိုရင်နဲ့လဲ တစ်ခါမှကိုမဆုံရသေးဘူး….
      ကုန်းပေါ်ပြန်ရောက်တဲ့အခါ အကြောင်းကြားပါဦးဗျာ…

  • အရီးခင်လတ်

    June 4, 2013 at 7:38 pm

    ဒီလို ဇာတ်မသိမ်းဘဲ ရှောင်ထွက်လို့ ရရိုး လား ကိုပါရယ်။
    ဂလို မလုပ်ပါနဲ့။
    မေ့ဆေးမပေးတော့ပါဘူး။ 😆

    • ဦးဦးပါလေရာ

      June 4, 2013 at 11:26 pm

      ဒီဇာတ်က မင်းသမီးမပါတော့ ပျင်းစရာကြီးဗျ…
      နောက်အကြောင်းရှိလာမှ
      မင်းသမီးပါတဲ့ဇာတ်နဲ့ အကြံအဖန်လုပ်ဦးမယ်….

      :harr:

  • padonmar

    June 4, 2013 at 10:02 pm

    နောက်တစ်ပိုင်းကျမှ အားရပါးရရီမယ်လို့ ဟထားမိတဲ့ ပါးစပ် စေ့ရမလို ပိတ်ရမလိုဖြစ်နေပြီ။
    ဒီလိုကြေး ဘယ်ရမလဲ။
    ကိုဘလက်ကတောင် ဘာမှမပြောပဲနဲ့။
    အစကနေပြန်ရေးပေး။ဒါပဲ။
    ပုံ
    ခင်ရီ

  • ဟာကွာ !!!!
    ဒဏ်ရိုက်ခံရမှာစိုးညို့ မလာဘဲနေဒါ .. ဟီးးး :mrgreen:
    ဂလို …
    ဒက်ဒက်တိုက် က မုန့်ကျွေးမှန်းသိရင် …
    လာဘာဒယ် … ဂလု … အု ..

    • ဦးဦးပါလေရာ

      June 6, 2013 at 12:50 am

      မောင်ရင် နောင်တ ရ အောင် ထပ်ပြောလိုက်ဦးမယ်…
      ဇနီးမောင်နှံအတူလုပ်ကျွေးတဲ့စားစရာကို စားရရင် စော်ကြည် သတဲ့ ….
      :harr:

      • ဒါဆို …
        ဥဥပါ က ဆော်ကြည်ဘဲဂျီး ဖစ်တွားဘီပေါ့လေ .. :mrgreen:
        အိုက်မုန့် စားဒဲ့လူဒွေ အတုန်လုံး …
        စော်ကြည်၊ ဘဲကြည်တွေဒါ ဖစ်တွားလို့ဂဒေါ့ကွာ … ဟီဟိ … :mrgreen:

        • ဦးဦးပါလေရာ

          June 6, 2013 at 1:36 am

          ဟဲ့ ….
          စုတ် ဆိုတာ ၄၂ နှစ်အထိပဲ ပိုင်းပြီး ယူရတာ…။
          ဆိုတော့… ကျုပ်တို့ အဖိုးကြီး အဖွားကြီးတွေ နဲ့ ဘာမှမဆိုင်တော့ဘူးပေါ့..။

          ဒါပေသိ ကျုပ်ပြောတဲ့ အယူက တစ်ကယ်နော်… အဲဒါ ရိုးရာ ဓါတ်ဆင်နည်။…
          ညည်းလွတ်သွားလဲ စိတ်မကောင်းမဖြစ်ပါနဲ့အေ…
          ရွှေတိုက်တို့ မောင်နှံကို ညည်းအတွက် ကုလားအော်ငရုတ်သီးထောင်းလေး လုပ်ခိုင်းထားလိုက်ပါ့မယ်…..
          :harr:

  • ဦးကြောင်ကြီး

    June 5, 2013 at 8:58 am

    ငါးပုဒ်
    ပျားတုပ်
    ကျားအုပ်
    ဓါးခုတ်
    ဖားပြုတ်
    ခါးလှုပ်
    ယားကုတ်
    ဆားသုတ်..

  • ဟာဂျာ ဟာဂျာ ဇာတ်သိမ်းပိုင်းဆိုလို.လာတာ…………
    ဦးပါ တန်းလန်းကြီးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟီးဟီးဟီး…

    ဘာပဲပြောပြော ဒီဖတ်ရွေးကြီး အမြဲတည်တံ့ပါစေလို. ရင်တထိတ်ထိတ်နဲ. မျှော်လင့်နေပါတယ်ဗျာ….

      • အော် ဦးပါရယ်…
        ဦးမိုက် တို. ဦးဘလက်ချောတို. ဦးပါလေရာ တို. အန်တီ ပဒုမ္မာတို.
        ရှေ.ကနေ ဦး၊အန်တီ တပ်ခေါ်နေကတည်းက သဘောပေါက်လိုက်တော့လေ… ဟိဟိ
        အဲဒါ လူမိုက်ငှားထားတာပါဆို……….. ခစ်ခစ်ခစ် :kwi: :kwi:

  • ခင် ခ

    June 5, 2013 at 10:19 am

    မကြာခင်တင်မယ့် ဥက္ကဌကြီးရဲ့ ပိုစ့်ထဲမှာ အကြံပေးပါ စာရင်းပေးပါ ဆိုတော့ကာ ဥက္ကဌကြီးပို့ဘဲ မျှော်ပြီး ဖတ်ရအုံးမှာပေါ့ဗျာ။
    တစ်ခုတော့ရှိတယ် (ဖတ်/ရွေး)(သိမ်း) ဆိုပြီးတော့ တကယ်လည်း မသိမ်းဘဲ ထားသွားအတွက်တော့ “ဘကြီးအောင်ညာတယ်´´ အဲ “ဘကြီး ပါ ညာတယ်´´ လို့တော့ ပြောရမလိုဘဲနော်။
    ဘယ်လိုနဲ့သိမ်းသိမ်း သိမ်းတော့ သိမ်းပါဗျ ။

    • ဦးဦးပါလေရာ

      June 6, 2013 at 1:08 am

      ကိုခင်ခရေ
      အစီအစဉ်က – ဒီလမှာ စ ဗုတ်ကြမယ့်အကြောင်း ကျုပ်က ပိုစ့်ရေးပြီးအသိပေးနှင့်
      ပြီးတော့ ဗုတ်ရမယ့်ပိုစ့်ကို အတွင်းရေးမှုးကတင်
      ပြီးတော့မှ ဥက္ကဌကြီးက ဆက်လုပ်စရာတွေအတွက် ပိုစ့်တင်
      ဆိုပြီးတော့ စဉ်းစားထားကြတာပါပဲ…
      ဆိုတော့ ဥက္ကဌကြီးပိုစ့်မှပဲ တစုတည်းဆွေးနွေးကြတာပေါ့ဗျာ…..

  • kyeemite

    June 5, 2013 at 11:09 am

    ဦးပါရေ..ကျုပ်က လူအုပ်အလယ်ကောင်မှာ
    ကြောင်တောင်တောင်နဲ့ကျန်နေတာနော်..
    ဗိုလ်မင်းဘလက်ချောက တကယ်မထုဘူးဆိုတော့
    ကျုပ်သူရဲကောင်းဖြစ်နိုင်ပီပေါ့..ဟိ :harr:
    —————————–
    “မကြာခင်တင်မယ့် ဥက္ကဌကြီးရဲ့ ပိုစ့်ထဲမှာ” ဆိုတာကိုဟိုက်လိုက်လုပ်ထားတာ
    ဥက္ကဌကြီး ပို့စ်မတင်မှာစိုးလို့မဟုတ်လား:?: :kwi:

    • ဦးဦးပါလေရာ

      June 6, 2013 at 1:11 am

      ဒီလိုပဲ ချည်ပြီးတုပ်ပြီးသားဖြစ်အောင် လုပ်ရတာပေါ့ ကိုမိုက်ရဲ့
      :hee:

  • marblecommet

    June 5, 2013 at 12:11 pm

    ဦးပါက
    ရေးပြီးသားတွေကို
    ကိုယ့်ဘာသာ ဘဝင်မကျလို့
    မတင်ဖြစ်တာ
    …..
    အနော်က
    ရေးချင်လျက် စိတ်ကူးနေတုန်းမှာတင်
    ဘဝင်မကျလို့
    မရေးဖြစ်တော့တာ…..
    နုံချက်…..
    …..
    ဟီး….

    • ဦးဦးပါလေရာ

      June 6, 2013 at 1:14 am

      ကိုကမ်းကို ဒုက္ခ လဲ နဲနဲ ပေးချင်သေးတယ်
      အချိန်ရှားတဲ့သူမို့လဲ အားနာတယ်….
      တွေ့ဆုံပွဲမှာ ပြောကြမယ်နော….

  • အလင်း ဆက်

    June 5, 2013 at 5:57 pm

    ကဗျာ ဆု ကိစ္စ အတွက် ထည့်သွင်း စဉ်းစားထားလို ့ကျေးဇုူးအထူးတင် ပါတယ် ။ဦးပါ တို ့ရေ

    လောလောဆယ် တော့ ဒါလေးပဲ ပြောဦးမယ်။
    နောက် လာမယ့်ပိုစ့်မှာမှ ကျန်တာတွေ
    ဆက် ဆွေးနွေး ကြည့်ပါမယ် ခညာ

    ကဗျာချစ်သူ များလည်း
    အကျိတ်အနယ် ကို တိုင် ပင်ကြ/ဆွေးနွေး ကြနဲ့ မို ့
    အခု အချိန်ဟာ ဆိုရင် ဖြင့်
    ရွာ့ အ ရေး တက်ကြွ လှုပ်ရှားသူများရဲ့
    အစွမ်း / ရလဒ်တွေ
    ထွက်ပေါ်လာမယ့် အ ခြေ အနေ ပါ ပဲ
    လို ့မြင် မိ ပါတယ်ခညာ

    • ဦးဦးပါလေရာ

      June 6, 2013 at 1:17 am

      ဖယောင်းတိုင်တခု ငြိမ်းမှာစိုးရင် နောက်တစ်ခုနဲ့ ပူး ထွန်း ရသတဲ့
      ဒီတော့ ဟိုဖက်က မီးအရှိန်ကြောင့် ဒီဖက်ကပိုတောက်
      ဒီဖက်ကမီးအရှိန်ကြောင့် ဟိုဖက်က ပိုတောက် ဖြစ်သွားတော့တာပေါ့ အလင်းဆက်ရေ….

  • မောင် ပေ

    June 5, 2013 at 7:51 pm

    ကိုရင်မိုက် နဲ ့ဂျီမေးလ်မှာ ဆုံရင် ပြောပေးပါမယ် ခင်ဗျ
    အဲဒါ … အဲဓါ
    :harr:

  • ဝင့်ပြုံးမြင့်

    June 6, 2013 at 12:29 am

    ရွာသူ ရွာသားတွေ ဝိုင်း ဗုတ် တဲ့စနစ်ကတော့ မကောင်းဘူးထင်ပါတယ်။ ဘာလို့ဆို ပို့စ် အကုန်ဖတ်နိုင်ကြမယ် မထင်။ ဖတ်ရွေးအဖွဲ့ကပဲ လုပ်တာကောင်းမယ်ထင်တယ်နော်။
    လူတွေဟာ အဖွဲ့အစည်း ဘာကြောင့်ဖွဲ့သလဲဆိုတော့ အင်အားရှိဖို့ပါ။ တစ်ယောက်ထဲ လုပ်ရင် လူတွေလက်မခံ၊ အဖွဲ့ဖွဲ့လိုက်တဲ့အခါမှာတော့ အလိုလို လုပ်ပိုင်ခွင့်ရှိသွားသလို ထင်ရတယ်။ အဖွဲ့တစ်ဖွဲ့ဟာ မှန်ကန်တိကျလေ ပြတ်သားလေ ပါဝါပိုကြီးလေပါပဲ။

    • ဦးဦးပါလေရာ

      June 6, 2013 at 1:29 am

      ဆရာမပြောတာ စဉ်းစားစရာပါ…
      အားလုံးဝိုင်းဗုတ်တာရဲ့ အားနည်းချက်တစ်ခုက ပိုစ့်တွေစုံအောင်ဖတ်မထားလဲ ဗုတ်လို့ရနေတာပါ…
      မပဒုမ္မာပိုစ့်မှာ ဆရာမ ဝင်ဆွေးနွေးပေးပါဦးနော်..

    • ကြက်အူလှည့်

      June 6, 2013 at 6:50 am

      ဂလို ဆြာမရဲ့
      ဖတ်ရွေးချည်းပဲ ဆိုရင် ဖတ်ရွေးတွေကြားမှာတင်ကို
      သုတ-ရသ (ဆြာမစကား နဲ့ ညွှန်းရရင် တတ နဲ့ သသ ဆိုပါတော့ )ဂိုဏ်းကွဲပါသေးတယ်ခည …
      ပီးတော့ လစ်လစ် ရယ် တစ်တစ်ရယ် ထပ်ကွဲပါတယ်…
      ဆိုတော့ မက်ထရစ် ပုံစံချ
      တ-လစ်
      တ-တစ်
      သ-လစ်
      သ-တစ်
      ဆို ၄မျိုး ထွက်လာပါတယ်..

      မူလ ဘူတကတည်းက ဖတ်ရွေးတွေဆိုတာ ရွာကိုသံယောဇဉ်ကြီးသူ
      အချိန်များများပေးနိုင်သူတွေ သာ စုဖွဲ့ထားတာခည ..အပေါ်က ပရိုတိုတိုက်ပ် ၄မျိုး ကို ၂၅% စီ
      ထည့်ဝင်ထားတာမဟုတ်… ပီး ဟိုလူမအားတဲ့လ-ဒီမလူမအားတဲ့လ နဲ ့
      တဖက်ဖက်ကို ဇောင်းပေးမိသလို ပိုကောင်းတာ မရွေးမိတာ ရှိလာနိုင်လို့ခည ..
      နောက်တခုက ပါဆင်နယ် ပရီဖားရန့်စ် ပေါ့ခီညာ …ဖတ်ရွေးတွေမှာလည်း အိုက်ဒါ ရှိနိုင်တာမို့…ကတကြောင်း
      (နောက်ဆုံးတချက်ကတော့) ဖတ်ရွေးတွေက ပရိုတွေမဟုတ်လို့ တကယ်ကောင်းတာကို မမြင်မိမရွေးမိမယ့်အခါ
      ရေးသူ ဆြာ ဆြာမတွေကို အားနာ မျက်နှာပူရမှာတွေ ရှိလို့ပါ…။
      သည်တော့ ဖတ်ရွေးက စကာတင်ရွေး- ကျန်တဲ့စာဖတ်ရေးသူတွေက အဲ့သည့်စာရင်းကို ဗုတ်..
      (အဲ့ .. နောက်တချက် ရှိတာက ဦးပါ ရေ.. သေချာဆွေးနွေးရဦးမယ်..)
      ဆိုပါစို့ ဖတ်ရွေးက စကာတင် ရွေးလိုက်တာက
      မှုံကြီး-မှုံလေး-မိုးကြီး-မိုးလေး-သင်ချာကြီး-သင်ချာလေး ၆ယောက်ဆိုပါစို့…။

      :528:

      ကျန်စာဖတ်သူကို အနှီ ၆ယောက် အတွင်းကပဲ ရွေးခွင့်ပေးမလား …။
      စာဖတ်သူက မဟုတ်ဘူး အနှီ ၆ယောက်ထု ယုသန်ဒါတင် ဂလေး ကို ပို ပရီဖားဖြစ်တယ်ဆိုရင်
      စာရင်းမှာပေါင်းထည့်ခွင့်ပေးမလား(ဗုတ်ထောင်ရင် အနှီဆက်တင်ချထား လို့ရတယ်ခည)
      ဆိုတာလေးပါ…။ တဖက်မှာ ထပ်ပေါင်းခွင့် ပေးရင်လည်း ဗုတ်တွေပြန့်ကျဲကုန်မယ့် သဘော ရှိပြန်သဗျ
      ဥက္ကဌကြီးပိုစ့် တက်တော့မှ အသေးစိတ် ထပ်ပြောဦးမယ်ဗျို့…
      အဲ့ဒါလေးပါဗျ..

      :harr:

  • Foreign Resident

    June 6, 2013 at 9:41 am

    အင်း ၊ ဆုတွေကတော့ အများကြီးပဲ ၊ စာမူဆု ၊ ကဗျာဆု ၊ ဓါတ်ပုံဆု ။
    ဆု ပေးပွဲ ၊ တွေ့ဆုံပွဲ ၊ စားပွဲ တွေကလည်း လုပ်အုန်းမှာတဲ့ ။

    အဓိက အရေးအကြီးဆုံး ( အရေးအကြီးဆုံး ) ဖြစ်တဲ့ ၊
    ပိုက်ဆံ ( ပိုက်ဆံ ) အကြောင်းကတော့ မပါသေးဘူး ။

    မြန်မာလူမျိုးတွေက ၊ အဓိက အရေးအကြီးဆုံး ဖြစ်တဲ့ ပိုက်ဆံ ကို ၊
    တော်တော်လေး လျှော့တွက်ထားကြတာ တွေ့ရတယ် ။

    ပိုက်ဆံ ကို လျှော့တွက်ထားတဲ့ ဘယ်လူ ဘယ်အဖွဲ့အစည်းမှ မအောင်မြင်နိုင်ဘူး ။
    စောင့်ကြည့်သေးတာပေါ့လေ ။

    • Ma Ma

      June 6, 2013 at 1:16 pm

      ပိုက်ဆံကို လျှော့တွက်တာ မဟုတ်ဘူး။
      တွက်ကို မတွက်တာ။
      မိန်းဒိုနာ FR တစ်ယောက်လုံး ရှိနေလို့။ :harr:

  • ရာမည

    June 6, 2013 at 11:16 am

    သိပ်တေ့ာ မရှင်းဘူးဖြစ်နေပါတယ်
    ပိုက်ဆံကိစ္စ ဆိုတာ ဘယ်လိုလဲ ခင်ဗျာ
    ရှင်းပြစေချင်ပါတယ် ။

    • Foreign Resident

      June 6, 2013 at 1:05 pm

      အင် ၊ ကိုရင် ရာမည ကလည်း ၊ ရှင်းရှင်းလေး ကို ။

      အဲဒီ ဆု တွေ ၊ စားပွဲ တွေ ကို ၊
      ဘယ်က ပိုက်ပိုက် နှင့် ဘယ် နှစ် နှစ် ကြာအောင် ၊
      ဘယ်သူတွေက ၊ ပေးနေကြမှာတုန်းလို့ ၊ မေးကြည့်တာပါ ။

      ဆု ရွေးတာကို ၊ ဒီမို ပုံစံ ပြောင်းကြတာ ကောင်းပါတယ် ၊ ထောက်ခံ ပါတယ် ။
      ပိုက်ပိုက် ထည့်တာကိုရော ဘယ်လို ပုံစံ ပြောင်းချင်ကြသတုံးလို့ စပ်စုကြည့်တာပါ ။

      • ရာမည

        June 6, 2013 at 1:32 pm

        ဟား ဟား ဟား ဟား
        ကျွန်တော်ကိုက အ လွန်းတာပါ ဦးဖေါရိန်းခင်ဗျာ
        ကျွန်တော် ့အကျင့်ဆိုးတစ်ခုက ပေးစရာရှိရင်မေ့နေတတ်ပြီး
        ရ စရာကိုတော ့မမေ့ဘူးခင်ဗျ
        ဟုတ်တာပေါ့ဗျာ ..
        အဲ့ ပိုက်ပိုက် လိုတာအမှန်ပေါ့
        မြန်မာပြည်ဒီမိုကရေစီဆိုတာက ကွက်ကြားမိုးဖြစ်နေသေးလို ့
        ဒီမိုရွာမှာလည်း ကွက်ကြား ဒီမိုစနစ်ဖြစ်နေရင်လည်း ပညက်သွားရာ
        ဓတ်သက်ပါ လို့သဘောပိုက်ပြီး အရင်အတိုင်းပဲလုပ်ကြပေါ့ဗျာ … :mrgreen:
        အလကားနောက်တာပါ
        ကျွန်တော့်အနေနဲ့ နဲများမဆို ဆု အတွက်ပါဝင်လှူတန်းချင်ပါတယ် ။
        ကောက်ရိုးလေးတစ်မျှင်ဖြစ်ဖြစ်ပေါ့ခင်ဗျာ
        ဘဏ် ကလွှဲဖို ့ လိပ်စာနံမည် မှတ်ပုံတင်နံပါတ်လေးဖြစ်ဖြစ်
        အကောင့်နံပါတ်ဖြစ့်ဖြစ် ပေးပါခင်ဗျာ

        • Ma Ma

          June 6, 2013 at 2:17 pm

          ဥက္ကဌကြီးကိုယ်တိုင် အလှူခံဖလားကြီး ထွက်လာပြီး ဂေါက် ဂေါက် ဂေါက် ပါလိမ့်မည်။ :hee:

  • အလင်း ဆက်

    June 6, 2013 at 5:21 pm

    ကွန်တော်တို ့ကဗျာချစ်သူ အင် အား စု သည်လည်းးး
    အလှူခံ ဖလားကြီး ဝိုင်း ခေါက်ပါမည် ။

    :kwi:

  • cobra

    June 7, 2013 at 5:55 pm

    မလာတာအတော်ကြာနေတာတော့ ကိုယ့်ကိုယ်ကိုသိတယ်
    ဒါပေမယ့် ဒီလာက်ပြောင်းလဲသွားလိမ့်မယ်လို့တော့ထင်မထားဘူး
    ရွာကြီးထဲမှာတော်တော်လေးပြောင်းလဲသွားတာပဲ
    လူကြီးသူမတွေကကောင်းအောင်လုပ်နေကြတော့ ကျွန်တော့်လိုကလေးက အားပေးပါတယ်
    အားလည်းကျတယ် ရွာကြီးကိုသံယောဇဉ်ဖြစ်ပြီး ဒီရွာအတွက်ကြိုးစားပမ်းစား ကူညီနေကြသူတွေကိုလည်း
    အထူးပင်ကျေးဇူးတင်ပါတယ်
    အားလုံးကိုချစ်တဲ့…… မြွေဟောက်

Leave a Reply