မာနပြိုင်ပွဲ

ပွင့်နေတဲ့ ပန်းတွေကလည်း

လှသည်ထက် လှအောင် ပွင့်ပြမယ်ဆိုတဲ့ မာန

ပန်းချီဆရာကလည်း

လှသည်ထက် လှအောင် ဆွဲပြလိုက်မယ်ဆိုတဲ့ မာန

မာနတွေ ပြိုင်တဲ့ပွဲမှာ…

ကိုယ်ဆီ ရိုးသားခဲ့ကြတယ်…..။

ကိုယ်ဆီ ရိုးသားဘို ့လဲ လိုတယ်လေ..။

ဘယ်အရာမဆိုပါလေ..

ကောက်ကျစ်ယုတ်မာခြင်း ကင်းသမျှ

ကမ ္ဘာမြေ… လှနေပါလိမ့်မယ်…။

 

ရေဆေး                         ပန်းချီ..ကျော်စွာခေါင်

2013-04-13 12.58.552013-04-13 14.49.50

14 comments

  • KZ

    June 5, 2013 at 7:51 am

    ကဗျာထက် ကျနော့ စိတ်ကို ဒီ ပန်းချီလေးက ပိုစွဲဆောင်သွားပြီ။
    :528:
    ရှိသေးလားဗျ။
    မျှပါဦး။

    :hee:

  • black chaw

    June 5, 2013 at 9:39 am

    ပန်းချီကားလေးကိုရော
    ကဗျာလေးကိုရော
    ခံစားအားပေးသွားပါတယ်
    ကို ကျော်စွာခေါင် ရေ…။
    coyp/paste ဖြစ်နေတာလေး ပြောင်းလိုက်စေချင်ပါတယ်ဗျာ…။
    ပြီးတော့ ကိုယ်စီ ရိုးသားခဲ့ကြတယ်
    ကို်ယ်စီ ရိုးသားဖို့လည်း လိုတယ်လေ လို့ ဖြစ်ရမယ်ထင်ပါတယ်ဗျာ…။
    ရှားရှား ပါးပါး ပန်းချီဆရာ တစ်ယောက် ရွာထဲရောက်လာလို့
    လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • kyeemite

    June 5, 2013 at 11:42 am

    ပန်းချီလေးကလက်ရာတယ်မြောက်ပါလား…ဓါတ်ပုံလားမှတ်ရတယ်.. :hee:
    ကဗျာဆရာကို ကိုဘလက်စါလုံးပေါင်းထောက်သွားပီးတော့…
    ကျုပ်ကလည်း…“ ပိုစွဲဆောင်သွားပြီ။” အစား “ပိုဆွဲဆောင်သွားပြီ” ဟုပြင်သွားပါဂျောင်းးး
    ဟိ.. :kwi: 😛

    • KZ

      June 5, 2013 at 3:25 pm

      အဟွတ်။
      ရှက်လိုုက်တာ။
      ဆွဲဆောင်မှု မရှိတာတွေ ပေါ်ကုုန်ပြီ။
      :kwi:

  • may july

    June 5, 2013 at 12:03 pm

    အောက်ကပုံလေးကဓါတ်ပုံကျနေတာပဲနော် …
    အားပေးသွားပါတယ်ဗျာ ….

  • Ma Ei

    June 5, 2013 at 3:20 pm

    ပန်း ပန်းချီကားလေး လှလိုက်တာ ထပ်တင်ပေးပါဦးနော်…

  • အရိပ်စစ်

    June 5, 2013 at 4:33 pm

    ပန်းပန်းချီကားလေးလည်း လှတယ်
    ပြိုင်နေကြတဲ့ မာနလေးတွေလည်း လှတယ်…

  • ဦး ကြိမ်

    June 5, 2013 at 8:46 pm

    ရိုးသားသည့်ဂုဏ်စားမကုန်….တဲ့….ကိုကျော်စွာရေ
    လေးစားလျှက်………uk

  • kyaw swar kaung

    June 5, 2013 at 9:57 pm

    လှိုက်လှိုက် လှဲလှဲ ကြိုဆို အားပေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ.. သတ်ပုံမှားတွေ ပြင်ဘို ့ထောက်ပြတာလဲ ကျေးဇူးပါ..။
    အရင် လူပျင်းများ ပို ့စ်ကိုလဲ ပြင်ဘို ့ Edit လုပ်ဘို ့ လိုက်ကလိတာ..မရဘူး ..။ ဘလော့ဂ်နဲ ့ မတူပါ..။
    Edit လုပ်မယ်ဆိုရင် ဘယ်လို လုပ်ရမလဲ ဆိုတာလေးကို သူကြီးနဲ ့ရွာသူ ရွာသား များ သင်ပေးကြပါဗျာ…။
    ပုံတင် တာလဲ ဒီလိုပါဘဲ..ကပ်ရက်ကြီး ဖြစ်နေတယ်..လိုချင်တာက ခပ်ခွာခွာလေးပေါ့..။ လုပ်လို ့မရပါဘူး..။
    ကျနော် ညံ့တာပါ..။ ကော်မန် ့မှာ သင်ပေးခဲ့ပါ..။
    မှတ်ချက်။ ။ မည်သူ ့မဆို ..ဆရာတင်ရန် ဝန်မလေးပါ…. း )

    • ခင် ခ

      August 3, 2013 at 10:23 pm

      လော့အင်ဝင်ထားပြီးသားဆိုရင် မိမိပိုစ့်ကိုဖွင့်ထားတဲ့အခါ ပိုစ့်အပေါ်ဘာမှာ Edit Post ဆိုတဲ့စာသားတွေ့လိမ်မယ် အဲဒါကို ကလစ်နှိပ်လိုက်ရင် မိမိပိုစ်စတင်တုန်းက ပုံစံအတိုင်း ဖြစ်လာလိမ်မယ်။ အဲဒီမှာ ကိုယ်လိုသလိုပြင်ပြီး ပိုစ့်တင်တုန်းက ညာဘက်ကပါစ်နေရာမှာ update ဆိုတာလေးကို ကလစ်နှိပ်လိုက်ရင် ပြင်ပြီသားဖြစ်သွားပါတယ် ပြီးရင် အပေါ်ဘားထဲက View Post ဆိုတာလေးကို ပြန်နှိပ်ပြီး ပိုစ့်ပုံစံပြန်ကြည့်လိုရပါပြီ။ ကျွန်တော်နားလည်သလိုရေးပေးတာနော်။
      Edit လုပ်ခွင့်ရ မရ ကတော့ သူကြီးရာထူးတိုးထားတဲ့သူဆိုရပါ၏

  • padonmar

    August 3, 2013 at 9:45 pm

    သူကြီးက ရာထူးတိုးပေးပြီးပြီဆိုတော့
    ဒီပို့စ်က ပျောက်သွားတဲ့ ပုံလေးတွေ အချိန်ရရင် ပြန်တင်ပေးပါနော်။
    လူပျင်းများကိုလည်း သတ်ပုံပြင်လို့ရပြီပေါ့။

  • Ma Ma

    August 3, 2013 at 9:59 pm

    သူပုန်ဝင်ထားလို့ထင်တယ် ပုံမပေါ်ပဲ ပျောက်နေလို့ ပြင်မယ်ဆို ပုံပါတခါတည်း ထည့်လိုက်ရင်ကောင်းမယ်။ 🙂

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 11:16 pm

    ပန်း နဲ့ ပန်းချီဆရာ … တို့ရဲ့ …
    ရိုးသားတဲ့ မာနပြိုင်ပွဲလေးပေါ့နော့ ….
    ကောင်းပါလေ့ဗျာ …
    ပုံတွေကတော့ ပျောက်နေတယ် …
    လင့်ခ်ကို သွားတာလည်း မတွေ့ဘူး ဖြစ်နေတယ် …
    ဒီတော့ .. စာလေးကို ဖတ်ရင်းနဲ့ အားပေးခဲ့ပါတယ် ဂွေးကုန်း ဒီဘက်က လူဂျီးရယ် ….။

Leave a Reply