မြေရှားသတ္တု (၂)

Mr WorldWideJune 5, 20131min117

 ပြီးပြည့်စုံသောစက်မှုလုပ်ငန်းစနစ်အား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်း

တရုတ်နိုင်ငံသည် မြေရှားသတ္တုတူးဖော်ခြင်းအား အဓိကအားဖြင့်နေရာ ၃ ခုတွင်ဆောင်ရွက်ခဲ့ပါသည်။ အပေ့ါစားမြေရှားသတ္တုထုတ် လုပ်ရေးလုပ်ငန်းအား မွန်ဂိုလီးယားအတွင်းပိုင်း ဘာအိုတူဒေသနှင့် စီချွန်ဒေသ၏ လိုင်ရှမ်းတို့တွင်လည်းကောင်း၊ အလယ်အလတ်နှင့်အလေးစားမြေရှားသတ္တု ထုတ်လုပ်ခြင်းအား ဈာန်ရီုပြည်နယ်၏ ဂန်ဇူးဒေသ ပတ်ဝန်းကျင်အား ဗဟိုပြု၍ တောင်ပိုင်းပြည်နယ် ၅ ခုတွင် လုပ်ကိုင်လျက်ရှိပါသည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့် ၂ ကို အသုံးပြု၍ တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုထွက်ကုန်ပစ္စည်းအမျိုးပေါင်း ၄၀ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် မြေရှားသတ္တုထုတ်ကုန်ပစ္စည်းတန်ချိန်ပေါင်း ၉၆၉၀ဝ တန် ထုတ်လုပ် ပေးခဲ့ပြီး တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏ ၉ဝ ရာခိုင်နှုန်းရှိပါသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်ပေးနိုင်မှုနှင့် လိုအပ်ချက်တို့ အရ ဈေးနှုန်းသက်မှတ်ခြင်း၊ စီးပွားရေးဆိုင်ရာလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးခြင်း၊ ကဏ္ဍပေါင်းစုံ ရင်းနှီးမြုပ်နှံစေခြင်း စသော တိုးတက်လုပ်ဆောင်မှုများဖြင့် မြေရှားသတ္တုစက်မှုလုပ်ငန်းအား ပြုပြင်ပြောင်းလဲရေးကို တစိုက်မက်မက် ဆောင်ရွက်ခဲ့သောကြောင့် ဈေးကွက်ကျယ်ပြန့်လာခဲ့ရပါသည်။ လွန်ခဲ့သောနှစ်များအတွင်းတွင် တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်းကြီးမားလာခဲ့ပြီး ဈေးကွက်မှာလည်း တစ်ဖြည်းဖြည်းကျယ်ပြန့်လာခဲ့ပါသည်။ နိုင်ငံပိုင် ၊ ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားသားပိုင်သော လုပ်ငန်းများ အတူယှဉ်တွဲလုပ်ကိုင်ကြပြီး မြေရှားသတ္တုဈေးကွက်ကြီးတစ်ခု လုံး၏ တန်ဖိုးမှာလည်း တရုတ်ယွမ်ငွေ ၁၀ဝ ဘီလီယံခန့်ရှိလာပါသည်။ ယခင်ကပုံသဏ္ဌာန်ဖြစ်သော သေးငယ်ပြီး အစီအစဉ်မကျလုပ်ကိုင်ခဲ့သည့် မြေရှားသတ္တုစက်မှုလုပ်ငန်းသည် ယခုအခါတွင် ပျောက်ကွယ်ခဲ့ပြီး ဖြစ်ပါသည်။
သိပံ္ပနှင့်နည်းပညာအဆင့် တိုးတက်မြင့်မားလာခြင်း

နှစ်အတန်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် ပြည့်စုံသော သုတေသနစနစ်တစ်ခုကို တရုတ်နိုင်ငံအနေဖြင့် တည်ဆောက်နိုင်ခဲ့ပြီး မြေရှားသတ္တုတူးဖော်ခြင်း၊ ထုတ်ကုန်သန့်စင်ခွဲခြမ်းခြင်း စသည့်စက်မှုလုပ်ငန်းများတွင်လည်း အဆင့်မြင့်စွာရှေ့ဆုံးမှ ရပ်တည်နိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြေရှားသတ္တုများအား ထိရောက်စွာရှာဖွေဖော်ထုတ်အသုံးချနိုင်မှုတွင် ခိုင်မာသည့်အုတ်မြစ် ချနိုင်ခဲ့ပါသည်။ မြေရှားသတ္တုသုံးပစ္စည်းအသစ်များ ထုတ်လုပ်ခြင်းလုပ်ငန်းသည် တစ်ဖြည်းဖြည်းချင်းတိုးတက်လာ ခဲ့ပြီးသမားရိုးကျ စက်မှုလုပ်ငန်းများအား အဆင့်မြင့်တင်ပြောင်းလဲနိုင်ရန်နှင့် မဟာဗျူဟာမြောက်အရေးပါသည့် စက်မှုလုပ်ငန်းများ တိုးတက်လာရန်အတွက်လည်း အထောက်အပံ့ပစ္စည်းများဖြစ်သည့် အမြဲတမ်းသံလိုက်၊ အလင်းပေးကိရိယာများ၊ ဟိုက်ဒရိုဂျင်သိုလှောင်ရေးကိရိယာများ၊ ဒြပ်ကူပစ္စည်းများနှင့် အခြားပစ္စည်းအသစ်များအား ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်းအလျင်အမြန်တိုးတက်လာမှုသည် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မှီစေရုံသာမက တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်ကိုပါ ဖြည့်ဆီးပေးနိုင်ခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို လိုက်နာခြင်း၊ မျတသောကုန်သွယ်မှုဖော်ဆောင်ရေးကို မြင့်တင်ဆောင်ရွက်ခြင်း စသည်တို့အား တရုတ်နိုင်ငံအနေဖြင့် နှစ်အတန်ကြာသစ္စာရှိစွာဆောင်ရွက်ခဲ့ပါသည်။ တစ်ကမ္ဘာလုံး မြေရှားသတ္တုတည်ရှိမှု၏ ၂၃ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သော တရုတ်နိုင်ငံသည် မြေရှားသတ္တုကုန်ကြမ်းလိုအပ်ချက် ၉ဝ ရာခိုင်နှုန်းကို ကမ္ဘာတဝှမ်းသို့ ထောက်ပံ့ပေးပြီး ၎င်းမြေရှားသတ္တုများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ သံလိုက်များ၊ အလင်းပေးကိရိယာများ၊ ဟိုက်ဒရိုဂျင်သိုလှောင်ရေးကိရိယာများ၊ အရောင်တင်ပစ္စည်းများကဲ့သို့ ကုန်ချောများအဖြစ် ထုတ်လုပ်ရာတွင် တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏ ၇ဝ ရာခိုင်နှုန်းရှိပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အဆင့်မြင့်နည်းပညာ သုံးစက်မှုလုပ်ငန်းများအတွက် လိုအပ်သော NiMH ဘက်ထရီများ၊ သေးငယ်သောလျပ်စစ် မော်တာများ၊ စွမ်းအင်ချွေတာမီးသီးများကဲ့သို့ ပစ္စည်းများနှင့် အစိတ်အပိုင်းများစွာကို တရုတ်နိုင်ငံ၏ မြေရှားသတ္တုများမှ ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏မြေရှားသတ္တုစက်မှုလုပ်ငန်းသည် လျင်မြန်စွာတိုးတက်လာခဲ့သော်လည်း ပြဿနာများစွာနှင့် ရင်ဆိုင်နေရပါသည်။ ၎င်းတို့မှာ
မြေရှားသတ္တုအရင်းအမြစ်များအား အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊

နှစ်ပေါင်း ၅ဝ ကျော်အောင် အလွန်အကျွံတူးဖော်ပြီးနောက် မြေရှားသတ္တုအရန်တည်ရှိမှုနှင့် ထောက်ပံ့ပေးနိုင်မှုသည် ကျဆင်းလာခဲ့ပါသည်။ အဓိကတူးဖော်သည့် မိုင်းတွင်းနေရာများတွင် မြေရှားသတ္တုအရင်းအမြစ်များလျော့နည်းလာခဲ့ပြီး မူလအရင်းအမြစ် နေရာအများစုတွင် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်ပါသည်။ ဘာအိုတူးဒေသတွင် မြေရှားသတ္တုမူလပမာဏ၏ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ပြီး တောင်ပိုင်းဒေသများတွင်လည်း လွန်ခဲ့သောနှစ် ၂ဝ ခန့်က အချိုး ၅ဝ ရာခိုင်နှုန်းခန့် သာပါဝင်ခဲ့သော အိုင်ယွန်းသဏ္ဌာန်ရှိသော (Ion-absorbtion) မြေရှားသတ္တုသည် ယခုအခါတွင် ၁၅ ရာခိုင်နှုန်းခန့် သာကျန်ရှိတော့ပါသည်။ တောင်ပိုင်းဒေသရှိ အိုင်ယွန်းအသွင်ရှိသော မြေရှားသတ္တုသိုက် အများစုသည် အလှမ်းကွာဝေးသည့် တောင်တန်းဒေသများတွင် တည်ရှိပါသည်။ နေရာအနှံအပြားတွင် မိုင်းတွင်းများစွာရှိပြီး ၎င်းတို့အား သွားရောက်စစ်ဆေးရန်ခက်ခဲသည့်အပြင် ကုန်ကျစရိတ်များပြားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်မိုင်းတူးဖော်မှုလုပ်ငန်းများကြောင့် ဒေသအတွင်းရှိအရင်းအမြစ်များ ကုန်ခမ်းသွားစေပါသည်။ တရုတ်နိုင်ငံတောင်ပိုင်း အိုင်ယွန်းအသွင်သဏ္ဌာန်ရှိ မြေရှားသတ္တုမိုင်းများတွင် အရင်းအမြစ်၏ ၅ဝ ရာခိုင်နှုန်းခန့်ကို သာ ထုတ်ယူသုံးစွဲ ထိန်းသိမ်းထားနိုင်ပြီး ဘာအိုတူဒေသတွင်မူ ၁ဝ ရာခိုင်နှုန်းခန့်သာ ထုတ်ယူသုံးစွဲနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင်အားပြင်းထန်စွာထိခိုက်စေခြင်း
အဆင့်မမီသောမြေရှားသတ္တုတူးဖော်၊ သန့်စင်၊ ထုတ်လုပ်ရေးလုပ်ငန်းနည်းစနစ်များကြောင့် စိုက်ပျိုးရေး၊ မြေဆီလွှာ၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေခြင်းနှင့် အက်စစ်ယိုစိမ့်မှုများအား ဖြစ်ပေါ်စေပြီး အသီးအနှံထုတ်လုပ်မှု လုပ်ငန်းများကိုပါ လျော့ကျစေပါသည်။ ယခင်ကခေတ်မမီတော့သည့် ဒြပ်သတ္တုများအား ရေတွင်ပျော်ဝင်စေပြီး စစ်ထုတ်သည့်နည်းစဉ် Tank Leaching and Heap Leaching  နည်းစနစ်များကို အလယ်အလတ်နှင့် အသေးစားအိုင်ယွန်းအသွင်သဏ္ဌာန်ရှိသော မြေရှားသတ္တုထုတ်ယူရေးတွင် အသုံးပြုခဲ့သောကြောင့် မြေရှားသတ္တုအောက်ဆိုဒ်  ၁ တန် ထုတ်ယူတိုင်းတွင် အညစ်အကြေးတန်ချိန်ပေါင်း ၂၀၀ဝ ခန့်ထွက်ပေါ်လာခဲ့ရပါသည်။ ပိုမိုအဆင့်မြင့်သော (In-sithu Leaching) နည်းစနစ်အား အသုံးပြုခဲ့သော်လည်း အမိုနီယမ်နိုက်ထရိုဂျင်များ၊ သတ္တုလေးများ  ၊ အခြားအညစ်အကြေးများစွာ ထွက်ပေါ်လာသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်ဆီးခြင်း၊ ရေမျက်နှာပြင်ညစ်ညမ်းခြင်း၊ မြေအောက်ရေနှင့် လယ်ယာမြေပျက်စီးခြင်းတို့ ဖြစ်ပေါ်လာရပါသည်။ အပေါ့စားမြေရှားသတ္တုမိုင်းတွင်းများတွင် သတ္တုအရည်ကျိုခြင်းနှင့် ခွဲခြမ်းခြင်းလုပ်ငန်းစဉ်များကြောင့် အန္တရယ်ရှိနိုင်သော ဓာတ်ငွေ့များ၊ အမိုနီယမ်နိုက်ထရိုဂျင် ပါဝင်မှုနှုန်း များပြားသော စွန့်ပစ်ရေများနှင့် ရေဒီယိုသတိ္တကြွစေသော ပစ္စည်းများထွက်ပေါ်လာရပါသည်။ အချို့နေရာများတွင် မြေရှားသတ္တုမိုင်းတွင်းများ အလွန်အကျွံတူးဖော်လုပ်ကိုင်ခြင်းကြောင့် မြေပြိုခြင်း၊ ပြင်းထန်သည့် မတော်တဆမှုများကြောင့် လူတို့၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုကိုအကြီးအကျယ်ထိခိုက်စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် မြေရှားသတ္တုထုတ်လုပ်ရေး  နေရာများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ချို့ယွင်းချက်ရှိသောစက်မှုလုပ်ငန်း
တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်းတွင် သတ္တုအရည်ကျိုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်း စဉ်အား အလွန်အကျွံလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မြေရှားသတ္တုသုံးပစ္စည်းများ အဆင့်မြင့်တင်ရေး သုတေသနနှင့် အသုံးပြုနည်းပညာများသည်လည်း အဆင့်အတန်းနိမ့်ကျလျက် ရှိပါသည်။တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် အခြားစီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်လျင် သေးငယ်သောအဆင့်တွင်သာရှိနေပါသည်။ ဤစက်မှုလုပ်ငန်း၌ ကိုယ်ပိုင်စည်းမျဉ်းပြဌာန်းခြင်းများ အားနည်းပြီး မကောင်းသော ယှဉ်ပြိုင်မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ တည်ရှိနေပါသည်။
ပစ္စည်း၏အသုံးဝင်မှုတန်ဖိုးနှင့်ပေးရသောဈေးနှုန်းတို