ကြိုက်သလို ဝိဝါဒ ကွဲနိုင်ပါတယ်….

johnnydeerJune 5, 20131min33228

ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

ဒါ မှန်သော သစ္စာစကား ကို ပြောဆိုခြင်းပါ။

အဲ့တော့ ဝိုင်းအော်ကြတယ်…အိမ်ရှေ့အထိ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတယ်…အစိုးရလုပ်ရပ်မှန်တယ်…
ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်လာရင်တော့ တို့နိုင်ငံမှာ ဗုဒ္ဒဘာသာတော့ ပျောက်ပြီ…ဆိုတဲ့အထိ
ပြောလာကြတယ်…NLD ကို ဘယ်လိုမှ အားကိုးလို့မရတော့ဘူး…ဒေါ်အောင်ဆန်းစုကြည် လဲ အလကားပဲ…ဆိုတဲ့ အတွေးဝင်လာတဲ့အထိ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲနိုင်ခဲ့တယ်…သူတို့ရဲ့ ရည်ရွယ်ချက် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပါတယ် လို့ပြောလို့ရပါတယ်….

အမှန်တော့ ဘရိန်းဝပ်ချ် အလုပ်ခံရခြင်းသက်သက်ပါပဲ… ဘရိန်းဝပ်ချ် သဘောကိုက အလုပ်ခံရတဲ့သူက သူ အလုပ်ခံထားရမှန်းမသိအောင် စဉ်းစားတွေးခေါ်မှုကို လမ်းကြောင်းပြောင်းပေးထားခံရခြင်းတစ်မျိုးနဲ့ သွပ်သွင်းခံထားရခြင်းပါပဲ….အရင်တုန်းကလဲ ဒီလိုပါပဲ…အဖမ်းခံရတဲ့ နိုင်ငံရေးသမားတွေကို စစ်တဲ့သူတွေက စစ်အစိုးရက ကောင်းပါတယ်ဆိုပြီး စစ်ဆေးရေးလုပ်ခဲ့ကြတာမဟုတ်ပါဘူး…ကျွန်တော်တို့လဲ ခင်ဗျားတို့လိုပါပဲ…ဒီစစ်အစိုးရကို မကြိုက်ပါဘူး…ဒီဒဏ်တွေကို ခံနေရကြတာပါပဲ…ဒီစစ်အစိုးရ လက်အောက်ကလွတ်အောင်ကတော့ 2010 ရွေးကောက်ပွဲ သည်သာ တစ်ခုတည်းသော လမ်းစ ဖြစ်တယ် ဆိုပြီး သူတို့လိုချင်တဲ့ လမ်းစကို ယောင်ယောင်လေးဆွဲခေါ်သွားကြပါတယ်…ဟုတ်သလိုလိုနဲ့ ထောင်ကလွတ်တော့ နိုင်ငံရေးပါတီတွေ ထထောင်…ရွေးကောက်ပွဲတွေဝင်နဲ့…နောက်ဆုံး သူတို့ပဲ လုပ်ချင်တာလုပ်ပြီး နိုင်သွားတာပဲမဟုတ်လား…ဘရိန်းဝပ်ချ် လုပ်ခံထားရတဲ့သူတွေကတော့ သူတို့ကို သူတို့ လုပ်ခံထားရမှန်းတောင် အခုထိ မသိကြသေးဘူးထင်ပါတယ်…ဆိုက်ကိုလိုဂျီသဘောအရတော့ ဆန့်ကျင်ဘက်ပြောပြီး ဘယ်လိုမှ ဆွဲခေါ်လို့မရပါဘူး…Follow လေးလိုက်ပြီး မူလဦးတည်ရာမှ ယောင်ယောင်လေး လမ်းကြောင်းပြောင်းအောင်ဆွဲခေါ်သွားနိုင်မှ ဆွဲခေါ်လို့ရတာပါ…

အခုအဖြစ်အပျက်တွေကလဲ ဒီသဘောပါပဲ….ကျွန်တော်ကတော့ ကြားဖြတ်ရွေးကောက်ပွဲအပြီး 2015 အတွက် ပြင်ဆင်မှုတစ်ခုလို့ပဲမြင်တယ်….

ပြည်သူတွေကို အမျိုးသားရေးစိတ်ဓာတ် ၊ဘာသာရေးဆိုတာတွေနဲ့ လမ်းကြောင်းပြောင်းခံနေရတယ်လို့ပဲ ကျွန်တော်တော့မြင်ပါတယ်…

နိုင်ငံတစ်နိုင်ငံထဲမှာ ဥပဒေဆိုတာ ဟိုနေရာအတွက်…ဒီဘက်တော့မပါဘူး..ဒီဥပဒေကတော့.ပြည်သူငမွဲတွေအတွက်…ဟိုလူကြီး သားသမီးအတွက်တော့ မပါဘူး…ဒီလို ထုတ်လို့ရပါသလား…မရပါဘူး…ကဲ…လူတစ်ယောက် ကလေးနှစ်ယောက်ပဲမွေးရမယ်ဆိုတဲ့ဥပဒေထုတ်ချင်သလား…ကဲ..ဒီလိုဆို တစ်နိုင်ငံလုံး လူမျိုးဘာသာမရွေးဒီလိုပဲလုပ်ရမယ်ဆိုပြီး ထုတ်လိုက်…ဒါမှ ဥပဒေဆိုတာ သဘာဝကျမှာပေါ့…မီးနီရင်ရပ်ရတယ်…မီးစိမ်းရင် သွားရတယ်…ဒီဥပဒေဟာရန်ကုန်တစ်မြို့ထဲ…ကျန်တဲ့မြို့မှာဆိုရင်တော့ မီးနီရင် သွားရတယ်…မီးစိမ်းရင်ရပ်ရတယ်…ဒီလိုမျိုးတွေထုတ်လို့ရပါ့မလား…နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်း(ဧည့်သည်များပါမကျန်)…မီးနီရင် ရပ်ရတယ်…မီးစိမ်းရင် သွားရတယ်…ဆိုပြီး ထုတ်ပြန်ပါမှ ဥပဒေဆိုတာ သဘာဝကျပေတော့မပေါ့….

ဒီလို လူတွေတိုင်းပြည်ထဲဒလဟော ဝင်လာအောင် ဘယ်သူတွေလုပ်ခဲ့တာလဲ…ဘာ့အတွက် လုပ်ခဲ့တာလဲ…ဘယ်လောက်ကြာကြာလုပ်ခြဲ့ပီလဲ…အဖြေကရှင်းရှင်းလေးပါ…လူတိုင်းလဲသိကြပါတယ်…

ပြီးတော့ ဒါဟာ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ရောဂါတစ်ခုပါ…နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ရောဂါကို ခဏလေးနဲ့တော့ ကုလို့မရပါဘူး…နည်းမှန်လမ်းမှန်နဲ့ကုရင်တောင် နှစ်တော်တော်ကြာအောင် မနည်းကုရမှာပါ….ဒါတကယ့်လက်တွေ့အမှန်တရားပါ…လက်မခံချင်လဲ မဖြစ်မနေလက်ခံရပါမယ်…ဒီဒေသန္တရ ဥပဒေဆိုတာ က အမြစ်တွယ်နေတဲ့ ရောဂါကြီးတစ်ခုကို အရက်ပြန်လေး ဆွတ်ပြီး ကုသပြသလိုပါပဲ…ဟန်ပြပဲရှိတာပါ…အမှန်ပျောက်အောင် ကုသရမယ့်လမ်းမဟုတ်ပါဘူး…ဒေါ်အောင်ဆန်းစုကြည်  ပြောတဲ့ ..ဒါဟာလူ့အခွင့်အရေးချိုးဖောက်ခံရတာ ပြောတယ်ဆိုတာကလဲ…ဒီရောဂါကို အရက်ပြန်နဲ့ကုသယုံလောက်နဲ့ တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး…လို့ဆိုလိုယုံသက်သက်လောက်ပဲ ရှိပါတယ်…ရောဂါကိုအမှန်တကယ်ကုဖို့ကတော့ ရောဂါရဲ့မူရင်းအကြောင်းခံ…တိကျတဲ့စမ်းသပ်မှု…စနစ်ကျတဲ့ကုသမှု စတာတွေနဲ့ ပြည်သူပြည်သားတွေအားလုံးတက်ညီလက်ညီလုပ်မှ ရပါမယ်…

အခုဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်အပုတ်ချနေကြပုံက တဖက်သားတွေ ဆင်ထားတဲ့အကွက်ထဲ တန်းတန်းကြီးဝင်နေတယ်ဆိုတာတော့ သတိချပ်မိကြစေချင်ပါတယ်….စဉ်းစားနိုင်ဖို့နဲ့ဆင်ခြင်နိုင်ဖို့အတွက် ကျွန်တော့်အမြင်လေးသက်သက်ပါပဲ…….ကြိုက်သလို ဝိဝါဒ ကွဲနိုင်ပါတယ်….

28 comments

  • ရာမည

    June 5, 2013 at 4:09 pm

    ဒီပို့စ်ကို အပြည့်အဝထောက်ခံပါတယ် ။
    ထပ်မံပြီး ဖြေရှင်းရေးသားပါဦးခင်ဗျာ

  • kai

    June 5, 2013 at 4:21 pm

    ပို့စ်ရဲ့မူရင်းအယူအဆကို.. ထောက်ခံပါတယ်..
    ဥပဒေကို . လိုချင်တဲ့နေရာကို.. လိုသလိုသုံးတာ .. ခွင့်မပြုသင့်ပါဘူး..။
    အဲဒီလိုလုပ်တာကို.. ခွင့်ပြုခဲ့ရင်.. ထောက်ခံခဲ့ရင်…
    ..ထောက်ခံသူ..ခွင့်ပြုခဲ့သူများ.. တချိန်မှာကိုယ့်အလှည့်(ကိုယ့်အလှည့်) ရောက်လာလိမ့်ဦးမယ်လို့… သိထားသင့်ပါကြောင်း..။
    အဲဒါကို.. ဝဋ်လို့ခေါ်ပါကြောင်း…။ နောင်ဘဝမကူးပါကြောင်း…။
    =
    ဆိုတော့…
    စကားအတင်းစပ်…
    ကလေးမွေးတာကန့်သတ်ရအောင်.. ကန့်သတ်ကုန်ကျစရိပ်ဘယ်သူပေးမှာလည်း… သိချင်ကြောင်း..
    ယောကျာ်းသားကြောဖြတ်တာ…။ အမျိုးသမီးကတားဆေး.. တားတဲ့ပစ္စည်းသုံးတာ.. ပစ္စည်းထည့်တာ..ကုန်ကျ ငွေကြေးတန်ဖိုးမနည်းပါဘူး..။
    ယူအက်စ်မှာတောင်.. သားဆက်ခြားဘာညာတွေအတွက်.. ငွေတန်ဖိုးမနည်းလို့.. အစိုးရကဘက်ဂျက်ဖြတ်မယ်လုပ်တော့.. အကြီးအကျယ်ကန့်ကွက်ခံရပြီး.. ရပ်သွားတာ…

    လုပ်ခဲ့ရင်.. သုံးရမယ့်အဲဒီငွေတွေက.. လူထုငွေတွေနော…
    တိုင်းပြည်ငွေတွေ… :kwi:
    ==
    အောက်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့.. ဥပဒေသက်ရောက်မှုညွှန်းကိန်းပြမြေပုံတင်ပေးထားတယ်..။ ကမ္ဘာတန်းရောက် မြန်မာတွေအခြေအနေသိရအောင်ပါ…။


    2005 map of Worldwide Governance Indicators, which attempts to measure the extent to which agents have confidence in and abide by the rules of society. Colors range from dark green (90th-100th percentile) to light green (75th-90th percentile), yellow (50th-75th percentile), orange (25th-50th percentile), pink (10th-25th percentile) and red (0th-10th percentile). Percentile rank indicates the percentage of countries worldwide that rate below the selected country.

  • အရီးခင်လတ်

    June 5, 2013 at 4:28 pm

    Facebook ထဲ မှာ “ကိုဌေးနိုင်” ပေးထားတဲ့ မှတ်ချက် ကို ကူးပြတာပါ။

    လူ့အခွင့်အရေးချိုးဖောက်တာကို လူ့အခွင့်အရေးချိုးဖောက်တာလို့ဘဲ အမှန်အတိုင်း မြင်ဖို့လိုပါတယ်။ ဟိုလိုဒီလို ယောင်ဝါးဝါး မြင်လို့မရဘူး။ တော်ကြာ ကိုယ့်ဖက်လှည့်လာရင် ဘယ်လိုလုပ်မလဲ။
    တိုင်းပြည်တစ်ခုအတွက် အမျိုးသားလုံခြုံရေး (national security) ကိစ္စ အရေးအကြီးဆုံးဆိုတာလည်း ဘယ်သူမှငြင်းလို့မရဘူး။ ဒီတိုင်းပြည်ဆိုတာမှ မရှိရင် ဘယ်နေရာသွားပြီး အခွင့်အရေးကိစ္စတွေ ပြောကြမှာတုန်း။
    ဒီတော့ အခွင့်အရေး ချိုးဖောက်တယ်ဆိုတာကို ရဲရဲတင်းတင်း အသိအမှတ်ပြုတဲ့ တစ်ပြိုင်တည်းမှာ အမျိုးသားလုံခြုံရေးအတွက် ဒီလိုလုပ်ရတယ် ဆိုတာကိုလည်း စိတ်ထဲရှင်းဖို့လိုပါတယ်။ အမေရိကကိုကြည့်။ ဖမ်းမိတဲ့ အယ်ခေးဒါးတွေကို ဂွာတာနာမိုမှာ (ရုံးမတင်ဘဲ) ဒီအတိုင်းချုပ်ထားတာ ကြာပေါ့။ ဒါကို လူ့အခွင့်အရေး မချိုးဖောက်ပါဘူးလို့ ဘယ်အမေရိကန်နိုင်ငံရေးသမားမှ လိမ်မပြောဘူး။ ဒါပေမဲ့ အမျိုးသားလုံခြုံရေးကြောင့် ခုလိုဖမ်းထားတာကို မျက်နှာပြောင်တိုက်ပြီး ထောက်ခံတယ်။
    လေနဲ့ဝမ်း ကွဲဖို့လိုပါတယ်။

  • Wow

    June 5, 2013 at 5:21 pm

    ကျားကျားမီးယပ်၊ လှေနံဓါးထစ်၊ အမေမှာတဲ့ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ… အင်း… ဘာရှိသေးလဲ… :harr:
    တိုးတက်ချင်စိတ်ရှိရင် မြန်မာတွေ အမြင်ကျယ်ဖို့လိုပါပြီ…
    လူကို လူလို့ပဲမြင်ကြဖို့ပါ…
    ကိုယ်က လူနည်းစုကို ကိုယ်ချင်းစာစိတ်မပေးရင်… ကိုယ့်အပေါ်စာနာသနားဖို့ က အနဲနဲ့ အများ စေတနာပျက်ကြမှာပါ…
    ဒေါ်စုရဲ့ ဖြစ်တည်မှုသာမရှိခဲ့ရင် မြန်မာ ဘယ်ဘဝရောက်နေမလဲ…
    ဘရိန်းစတောင်းမင်းလေးတစ်ပွဲလောက် လုပ်ကြမလား… :mrgreen:

    • KZ

      June 5, 2013 at 6:16 pm

      လှုပ်ရှားလိုက်တော့။
      လှုပ်ရှားလိုက်တော့။

      .
      .
      .
      .
      ပြီးရင်တော့ တမီးဖို့ပါ သံချပ်ကာအင်္ကျီဝယ်ခဲ့ပေးပါနော်။

      :harr:

  • KZ

    June 5, 2013 at 6:21 pm

    https://www.facebook.com/profile.php?id=100004559141454#!/photo.php?v=10151491788956374&set=vb.582151373&type=2&theater

    အစ်ကိုရေ ဒီ အသံဖိုင်လေးထွက်လာပြီး နောက်ပိုင်း နည်းနည်းငြိမ်နေကြပြန်ပြီ။

    ပြောချင်တဲ့ လူတွေဆိုတာတော့ နောက်တစ်ကြောင်းနဲ့ ချောင်းနေကြမှာပဲပေါ့။
    ~~~~~~~~~~~~~~~~

    လက်ပံတောင်းလဲ ဒေါ်စု
    ဝမ်ပေါင်လဲ ဒေါ်စု
    ဧရာဝတီလဲ ဒေါ်စု
    ကုလားလဲ ဒေါ်စု
    တရုတ်လဲ ဒေါ်စု
    ဘင်္ဂါလီလဲ ဒေါ်စု
    ဒီခေါင်းဆောင်တစ်ယောက်ပဲပြောစရာရှိတာလား?
    ဒီကိစ္စတွေကိုဘယ်သူလုပ်ခဲ့တာလဲ?
    ဘယ်သူတွေက တာဝန်ရှိတာတာလဲ
    တွေးကြပါ ဖြေကြပါ….
    (အောင်ခိုင်)

  • ဦးဦးပါလေရာ

    June 5, 2013 at 6:49 pm

    ဒေါ်အောင်ဆန်းစုကြည် က ဘင်္ဂါလီမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တာကို ငြင်းစရာမရှိပါဘူး…။
    အဲဒါအမှန်ပဲ..
    ဒါပေမယ့် သူမက အဲဒီစကား ဘာလို့ပြောရတာလဲ…..
    အခုအချိန်ဟာ အဲဒီစကားပြောရမယ့်အချိန်မဟုတ်ပါဘူး….
    အဲဒီစကားကြောင့် NLD နဲ့ သူမ ကို ထောက်ခံမှု့တွေလျော့သွားသလို…
    မယုံနိုင် စိတ်မချနိုင်မှု့တွေလဲ ဖြစ်လာတယ်။
    တိုင်းပြည်ကို ဦးဆောင်ချင်ရင်
    တိုင်းသူပြည်သားတွေအားလုံး အမှန်ကိုလက်ခံနိုင်မှဦးဆောင်ရမှာမဟုတ်ဘူး….
    ဦးဆောင်ခွင့်ရအောင်လုပ်ပြီးမှ တိုင်းသူပြည်သားတွေ အမှန်ကိုလက်ခံနိုင်အောင် လုပ်ရမှာဖြစ်တယ်…။
    တကယ်ပြောသင့်တာက-
    (မွေးဖွားနှုံးကန့်သတ်မယ်ဆိုရင် နိုင်ငံသားအားလုံးအကျုံးဝင်တဲ့ ဥပဒေပြဌာန်းပြီး ကန့်သတ်တာပိုမှန်တယ်) – ဆိုတာမျိုးပဲပြောသင့်တယ်..။

    အပေါ်က အရီးလတ်ပြောတဲ့ “ကိုဌေးနိုင်” ပေးထားတဲ့ မှတ်ချက် ကို သဘောကျတယ်…။
    အဲသလိုခံယူပြီး မဖြစ်မနေ ချောင်ပိတ်မေးလာရင် အဲသလိုကို အဖွင့်အပိတ်နဲ့ ပြောပစ်ရမှာ……

    အကယ်၍ –
    ဒေါ်စုက လူ့အခွင့်အရေးကို စောင့်ရှောက်ဖို့ ၊ အမျိုးသားလုံခြုံရေးကို လျစ်လျူရှု့မယ်ဆိုရင်တော့
    အဲဒါကို ကန့်ကွက်တဲ့ထဲမှာ ကျုပ်ကိုယ်တိုင်ပါဝင်မှာဖြစ်ပါတယ်။

    • အရီးခင်လတ်

      June 5, 2013 at 6:59 pm

      စိတ်မပူပါနဲ့ ကဝိဆရာ ငှက်ကထကြီး ရယ်။
      ဒေါ်အောင်ဆန်းစုကြည် က အားလုံး ကို မြင်ပြီး တစ်ခုခုကို ကြိုတွက်ပြီး ဖြစ်မှာပါ။
      သူက Oxford က နိုင်ငံရေး နဲ့ ကျောင်းပြီး ထားသူပါရှင့်။
      B.A. degree in Philosophy, Politics and Economics

  • မောင် ပေ

    June 5, 2013 at 7:19 pm

    ငယ်တုန်းက နိုင်ငံရေး ဆိုတာ အကွက်ရွှေ ့သိပ်များတယ် ဆိုတဲ့ စကားကို နားမလည် ခဲ့ဘူး
    အခုလဲ … ပွဲကတော့ ဟိုရွှေ ့ ၊ ဒီရွှေ ့ နဲ ့
    ဘာဆက်ဖြစ်မလဲ ဆက်ကြည့်ရမှာပဲ

  • ဦး ကြိမ်

    June 5, 2013 at 8:27 pm

    ကျွန်တော့အမေဆိုကျွန်တော်နဲ့တပါတ်ပြည့်အောင်ခွဲမအိပ်ဖူးဘူး
    အမေစုသူ့ သားတွေနဲ့ခွဲ ပြီးကျွန်တော်တို့ နဲ့နေတာ
    ကျွန်တော်တို့နိူင်ငံကိုချစ်လို့ပေါ့ ဗျာ
    ကျွန်တော် ကတော့ အ မေ စု ကို အရမ်း ချစ် တယ်ဗျာ
    ကြိုက်သလို ဝိဝါဒ ကွဲနိူင်ပါတယ်…………။

  • kyaw hteik

    June 5, 2013 at 10:15 pm

    ကျ​နော်​ သ​ဘောထားနဲ့တထပ်​တည်​းတူပါတယ်​။လူ​တွေအများစုက သူတို့ပြသ​လောက်​ပဲ လိုက်​ကြည်​့ပြီ
    ဆန္ဒ​တွေ​စော​နေကြတယ်​။အခုကိစ္စဖြစ်​​တော့ လူ​တွေလက်​ပ​တောင်​းအ​ရေး​သွေး​အေးသွားတယ်​။
    အဓိက က​တော့သူတို့ပြဿနာကြီးလာရင်​ အခြားတဖက်​ကို အာရုံ​ပြောင်​း​ပေး​နေကြပါ။ကျ​နော်​တို့ လက်​ပ​တောင်​း​တောင်​အ​ကြောင်​းကြ သဘာဝပတ်​ဝန်​းကျင်​ထိခိုက်​တယ်​လို့ ​အော်​ကြပြီ ၊ကချင်​ပြည်​နယ်​ထဲက
    သစ်​​တော​တွေကုန်​​နေတာကြ လှည်​့မကြည်​့ကြ၊မ​အော်​ကြပါ။သစ်​​တောပြုန်​းရင်​ဘာဖြစ်​မယ်​ဆိုတာ
    ပညာတတ်​လူတိုင်​း သိကြပါတယ်​။ကျ​နော်​တို့ က​အခုအ​နောက်​ကိုဂရုစိုက်​​နေတုန်​ အ​ေ့ရှကတရုတ်​ကြီး
    ရဲ့အန္တရာယ်​ကို ​မေ့​နေကြတယ်​။ကျ​နော်​တရုတ်​လူမျိုး၊ဗုဒ္ဓဘာသာ၊မြန်​မာနိုင်​ငံသားပါ။တရုတ်​အ​ကြောင်​း
    ​ရေးလို့ အမြင်​​စောင်​းမှာ စိုလို့ရှင်​းပြတာပါ။အခုဆိုရင်​ (၀)​တွေက သူတို့​နေရာကို ဝ ပြည်​နယ်​သတ်​မှတ်​ခိုင်​း​နေပြီး။​နောက်​ဆိုရင်​ သူတို့ပြည်​ထဲ တရုတ်​နိုင်​ငံသား​တွေ ဝင်​ချင်​သ​လောက်​ ဝင်​​နေကြမှာ။တကယ်​က
    ကျ​နော်​တို့တိုင်​းပြည်​က အ​နောက်​လည်​း​ဂရုစိုက်​၊အ​ေ့ရှလဲဂရုစိုက်​ ရမှာပါ။သူတို့ကခိုင်​းတဲ့အတိုင်​းလိုက်​
    ​မကကြပဲ ညီညွတ်​သင်​့တဲ့အချိန်​ပါ။ကျ​နော်​တို့ ဒီမိုက​ရေစီ ကသက်​တမ်​းနုနယ်​​သေးလို့ ပတ်​ဝန်​းကျင်​ရဲ့
    ​ရောဂါ​ပေါင်​းစုံကို သတိကြီးကြီးထား ကာကွယ်​ကြရမှာပါ။ဒါ​ကြောင်​့ ပညာရှိသူ​တွေက ​”စာများများ ဖတ်​ကြပါ”
    လို့​ သတိ​ပေး​ပြောကြတယ်​။စာဖတ်​လို့ ဗဟုသုတ ရှိမှသူများ​ပြောတဲ့အခါ မှန်​လား မှားလား ​ဝေဖန်​ဆန်​းစစ်​
    နိုင်​တဲ့သူ​တွေဖြစ်​ကြမယ်​။သ​ဘောထားမတိုက်​ဆိုင်​သူများ သီးခံ ခွင်​့လွှတ်​ပါလို့ ဆန္ဒပြုပါတယ်​။အားလုံးကို
    ​ကျေးဇူးတင်​ရှိပါတယ်​ ခင်​ဗျာ။

    • kai

      June 5, 2013 at 11:03 pm

      သိပ်စိတ်ပူမနေပါနဲ့နော..။
      တရုတ်-မြန်မာအဓိကရုန်းအလှည့်ရောက်လာမှာပါ..။

      အခု.. မွတ်စလင်နဲ့မြန်မာ..။
      နောက် မွတ်စလင်နဲ့ကုလား(ဟိန္ဒူ)..
      ပြီးရင်.. တရုတ်-မြန်မာ…
      ပြီးရင်.. စစ်သား(မြန်မာ)-အရပ်သား(မြန်မာ).
      . ပြီးရင်.. အာဏာသိမ်း…. စသဖြင့်ပေါ့…။ :kwi:

      ဒီအတိုင်း..”ဒို့လူကလေးများဆိုသလေး… ဝေလေလေ.. ဝေလေလေ” သာဆက်လုပ်နေလိုက်..
      . ပိုမြန်ကောင်းသေချာမယ်.. :harr:

  • uncle gyi

    June 5, 2013 at 10:50 pm

    ဒေါ်စုပြောခဲ့ပါတယ်
    ဒါပေမဲ့
    ဖျက်သိမ်းပေးပါ
    လို့တခွန်းမှမပြောခဲ့ဖူးလားလို့

  • johnnydeer

    June 5, 2013 at 11:14 pm

    ထိပ်ဆုံးက ရိုဟင်ဂျာ အစား ဘင်္ဂါလီလို့ ပြောင်းဖတ်ပေးကြဗျာ…မှားရေးမိတာ…sorry…
    သတိမထားမိလိုက်တာ…အဲ့ဒါကိုဒေါင်းချစ်သူတစ်ယောက်က အမေစု ရိုဟင်ဂျာလို့ မပြောပဲ ရေးပါတယ် မရိုးသားဘူးဆိုပြီး ဘလိုင်းကြီး လာကွိုင်နေလို့…ဟုတ်ကဲ့ မှားသွားပါတယ် ပြင်လိုက်ပါ့မယ်လို့ ပြောလဲမရ…တကယ်ဓာတ်လေတယ်…ဂေဇက်သူ ဂေဇက်သားတွေတော့ မကွိုင်ကြနဲ့နော်…မှားတာတွေ့လဲ ကျော်ဖတ် ဖြည့်ဖတ်…ပေါ့နော်…မတတ်တတတ်နဲ့ ကားမောင်းရင် တိုက်တတ်သလို ပိစိကွစိအသိလေးနဲ့ ငါးကြင်းခေါင်းတက်ကိုင်မိတော့လဲ မှားတာပါမပေါ့…လွန်တာရှိ ဝန္ဒာမိပါဗျား…

  • ကြက်အူလှည့်

    June 6, 2013 at 7:01 am

    ဘယ်ကောင်ယဲကွ အမေ့ကို ပြောဒဲ့ကောင်ဒွေ…
    ကျုပ်က အမေ့သားနော် .. ကျုပ်မခံဘု..
    အမ်း ..အမေကလည်း ခံမယ် မထင်နဲ့…
    အမေဆဲဒေါ့မှ အမေ့ကို ပြောဒဲ့လူဒွေ မနာဂျနဲ့..
    ဘာာာာ….အမေကဆဲမယ်….
    ဟုတ်ရယ်လေ.. ကျုပ်ပြောဒါ..
    အမေ..အမေ.. အမေ ဂျမ်းးးးး

    ကွိကွိ..

    :harr:

  • မင်းမင်း

    June 6, 2013 at 9:54 am

    အမေစု က မပြောသင့်တဲ့အချိန်မှာပြောတယ်။
    ဝေဖန်တော့သူ့မှာအာဏာမရှိဘူး။ရှိတဲ့လူကိုပြော
    ဆိုပြီးပြန်ပုတ်တယ်။
    အမေဆိုတာဘာလဲမသိသေးသူတယောက်လို့
    မြင်မိ သနားမိပါတယ်။
    သွေးသားအရင်းတွေကို ရက်ရက်စက်စက်
    ပစ်ထားခဲ့ပြီး နိုင်ငံသားတွေကိုချစ်လွန်းလို့ဆိုတာ
    မိခင်စိတ်ဓါတ်လား?သွေးကပါလာတဲ့နိုင်ငံရေးဝါသနာလား?
    ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်တွေရောမိမိမိသားစုတာဝန်
    မကျေပွန်ပဲတိုင်ပြည်တာဝန်ကျေပွန်ကြတာလား?
    ကျတော်ကတော့မိသားစုကိုလစ်လူျရှု့ပြီးတိုင်ပြည်ကိုချစ်ပါတယ်ဆို
    တာလက်မခံဘူး။
    မြန်မာ့လက်ရှိခေါင်းဆောင်နှစ်ဦးလို့အများကလက်ခံထားတဲ့
    အမေစုနဲ့ပါတ်သတ်ပြီးဝေဖန်တာပါ။
    နောက်ဦးသိန်းစိန်။
    သူ့ကိုတော့ နိုင်ငံတာဝန်တွေကိုအင်မတန်ကျေပွန်ချင်တဲ့
    ဝန်ထမ်းတဦးအဆင့်ပါပဲ။တိုင်ပြည်ကိုအမှန်တကယ်ချစ်စိတ်နဲ့
    အလုပ်လုပ်နေတယ်လို့မမြင်နိုင်သေးဘူး။
    ဒီတော့မြန်မာ့ခေါင်းဆောင်နှစ်ဦးရဲ့ဒီနေ့ထိလုပ်ကိုင်တာတွေရဲ့
    အဖြေကို ဒီနေ့ထိမြန်မာနိုင်ငံရဲ့ လူမူ့ရေး စီးပွားရေး ကျန်းမာရေး
    နိုင်ငံရေးတည်ငြိမ်မူ့အခြေအနေနဲ့မြင်နိုင်ပါတယ်။
    စောင့်ကြည့်ပေးပါဆိုတဲ့အချိန်တွေကလဲ လဲ လဲ လဲ လဲ

    • အရီးခင်လတ်

      June 6, 2013 at 3:19 pm

      မင်းမင်း says:
      {{ ကျတော်ကတော့မိသားစုကိုလစ်လူျရှု့ပြီးတိုင်ပြည်ကိုချစ်ပါတယ်ဆို
      တာလက်မခံဘူး။}}

      တစ်ချို့ အဖြစ်အပျက်တွေ က အင်မတန် ဆန်းတယ် မင်းမင်းရေ။

      ကိုယ်လုပ်ရင်ကိုယ်ဖြစ်တဲ့ လက်တွေ့ဝါဒီ ကို အင်မတန်မှ ယုံကြည်ပြီး ပုံအပ်ချင်ပါရဲ့။
      ကံတရား ဆိုတာ ကို မယုံကြည်ဘဲလဲ ထားချင်ပါရဲ့။
      ဒါပေမဲ့ တကဲ့လောက မှာ မထင်ဘဲ သူဟာသူ အချိန်ရောက်ရင် ဘာမှ ကြိုတင်စီစဉ်ထားတာမပါဘဲ၊ ဘာမှ ကြိုတင်ကာကွယ် လို့ မရဘဲ ဖြစ် ကိုသွားတာ။
      ကြုံဖူး မှ သိတာ။

      ဒေါ်အောင်ဆန်းစုကြည် ကလဲ မြန်မာပြည် ကို စစ်ဖိနပ်အောက် က ကယ်ထုတ်ဖို့ သူအင်မတန်ချစ် တဲ့ မိသားစုကို ထားပြီး မြန်မာပြည် ကို ရောက်လာတာ မဟုတ်ဘူး။
      နာမကျန်းဖြစ်နေတဲ့ အမေအို ကို ပြုစု ဖို့ ပြန်လာတာ။
      သမီးတစ်ယောက် ရဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဖို့ ပြန်လာတာ။
      သာမာန် မိန်းမ (ကိုယ်တိုင် အပါအဝင်) တစ်ယောက် ဆို ပိုက်ဆံပေး နာ့စ်ငှားပြီး ထားမှာ။
      သူက တော့ ကိုယ်တိုင် ကိုယ်ကျ စိတ်စေတနာ အပြည့် နဲ့ အမေ ကိုစောင့်ရှောက်ခဲ့တာ။
      ဒီ ဇာတ်လမ်း ကို မသိခဲ့တာ ဆိုရင်တော့ အံ့ဩမိမယ်။
      သိရက်နဲ့ ပြောတာ ဆိုရင်တော့ ပိုပြီး အံ့ဩမိမယ်။

      ဒီမှာ မိသားစု ကို ချစ်လွန်းလို့ သားသမီးတွေ ပြုစုဖို့ ဟစ်ကြွေးပြီး ကလေးတွေ ကို ကိုယ်တိုင် မပြုစုဘဲ နာနီ ခေါ်ထားတဲ့ ခပ်ညံ့ညံ့ အိမ်ထောင်ရှင်မ တွေ နဲ့တော့ မနှိုင်း ပါနဲ့ မင်းမင်း ရေ။

      အချိန်က ဘယ်လောက်တောင် တိုက်ဆိုင် သလဲ ဆိုတော့။
      သူ့အမေ တက်နေတဲ့ ဆေးရုံ မှာ အမေ ကို ပြုစု နေတဲ့ အဲဒီ ဆေးရုံ ရှေ့ သူ့ မျက်စိ အောက်မှာဘဲ စစ်ဖိနပ် အောက်က ကျောင်းသားလေးတွေ နဲ့ အဖိနှိပ်ခံ ပြည်သူ တွေ ကို တွေ့ခဲ့တယ်။
      ဒါဟာ ရုပ်ရှင်ထဲ က လို ဆင်ပြီး ရိုက်ထား မဟုတ်ဘူးနော်။
      သူ့ဟာသူ အချိန်ကိုက် ဖြစ်သွားတာ။
      ဒီတော့ တာဝန်ကျေတတ်နဲ့ မိန်းမ၊ တာဝန် ယူလို တဲ့ မိန်းမ တစ်ယောက်ဟာ သူ့ ရင် အကွဲခံပြီး ခေါင်းဆောင်ကောင်း ရယ်လို့ ပြစရာ မရှိတဲ့ အဲဒီ မြေ မှာ ခေါင်းဆောင် လုပ်ခဲ့တာဘဲ။
      ဒီ အတွက် သူ့မိသားစု ကလဲ ဂုဏ်ယူပြီးဖြစ်တာ အားလုံး အသိဘဲ။
      သူ့လို မျိုး သာမာန်မိန်းမ မလုပ်နိုင်ဘူး။
      စိတ်ဓာတ်လဲ ကြံ့ခိုင်မှ၊ စေတနာလဲ ရှိမှ၊ ပညာလဲ တတ်မှ။
      တစ်ခုကောင်း နဲ့ ဒီလိုမလုပ်နိုင်ဘူး။

      ဒါပေမဲ့ ဒီလို အင်မတန်ရှား တဲ့ ခေါင်းဆောင်ကောင်း၊ လက်ရုံးရည် ရော နှလုံးရည်ပါ ပြည့်ဝတဲ့ မိန်းမ တစ်ယောက် ကို တိုင်းပြည်က အသုံးမချ နိုင်ခဲ့ဘူး။
      နည်းနည်းအမျိုးမျိုး နဲ့ ပိတ်ထားခံခဲ့ရတယ်။
      အချိန်တော်တော်နှောင်း မှ အသုံးချ ဖို့ လူလည်ကောင် ကို ချပေးတယ်။
      ပြီး တော့ အရှက်မရှိ အဆင့်အတန်း မဲ့မဲ့ အောက်လမ်း နည်းမျိုးစုံ နဲ့ အရောင်တွေ ချယ် ပြတယ်။
      ဒါကို တစ်ချို့ က တကဲ့ အရောင်ကို မမြင်နိုင် လောက်အောင် တုံး လွန်းကြတယ်။
      ခွေးတွေလောက်တောင် (ကြောင်မပါ) အသိမရှိဘဲ ပစ် တဲ့ တုတ် နောက် ကိုဘဲ မဲ လိုက်ကြတယ်။
      တကယ်တော့ ပစ် တဲ့ သူတွေ က နောက်ကြောင်းရှင်းဖို့ ပစ် လိုက်တာ။

      ဒီတော့ မင်းမင်း ရေ။
      စာများများ သာဖတ်ပေးပါ ပြောချင်ပါတယ်။
      လူ တစ်ယောက် ရဲ့ အပြစ် သေးသေး ကို ဘဲ ကွက်ပြီး အမြင်ပါနဲ့။
      အမြင့် ကို တက်ပြီး ကြည့်တတ်မှ အားလုံး ကို ခြုံပြီး မြင်ပါမယ်။
      မဟုတ်လို့ က တော့ ကိုယ့်နေရာ ကျဉ်းကျဉ်း လေး ကို ဘဲ အင်မတန် ကျယ်တယ် မှတ်နေမိမှာ။
      မဟုတ်ရင်တော့ တို့တွေ တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းလဲ မပေါ်၊ နောက်လိုက်ကောင်း လဲ မရှိ သူဟာနဲ့ သူတော့ ဟုတ် နေတာ ဘဲ ဆိုသလို ဖြစ်သွားမယ်။

      နောက် တစ်ခု က တော့ တကယ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာပြည်မှာ ဒီအချိန် ကောင်းကောင်းမသုံး လိုက်နိုင်လို့ ကတော့
      မင်းမင်း ရေ သူကြီးစကား ကိုဘဲ လိုက်ပါတယ်။
      မြန်မာပြည်ဟာ ကျိန်စာ မိနေတာ။
      တိုးတက်ဖို့ အတွက် စိတ်ဓာတ်ရေးရာတွေ ကို ပြင်ပစ် ဖို့ ကို ကြောက်နေကြတဲ့ အထိ ကျိန်စာ မှိုင်းမိနေကြတာ။
      အပြုသဘော ဆောင်ဖို့၊ လူအချင်းချင်း မေတ္တာထားဖို့ ကို မသိနိုင်အောင် အမှောင်တိုက်ထဲ ရောက်နေကြတာ။
      သေသေချာချာ စဉ်းစားပါ။
      မင်မင်း က ဘာကို လိုချင်လို့ ဒီလို တွေးမိတာလဲ လို့။

      ဒီစာကို ဒီ Post မှာသာမ က မင်းမင်း တင်ထား တဲ့ Post မှာ ပါ တင်လိုက် ပါရစေ။
      မသိတာ ဆိုရင် ရှင်းပြဖို့ တာဝန်ရှိတယ် ထင်လို့ပါ။

      • KZ

        June 6, 2013 at 3:42 pm

        ကျေးဇူးပါ အရီးရယ်။

        မနက်က ဒေါသပဲ အလိတ်လိုက် ထွက်ပြီး ပြန်ပြောဖို့ ဒေါသမပါတဲ့ စကားလုံး ရှာမတွေ့လို့ မပြောခဲ့ပါဘူး။

        ခု စိတ်အေးမှ တစ်ခေါက်ပြန်လာကြည့်လိုက်တာ။
        အရီးရဲ့ ရှင်းပြချက်အတွက် အရမ်းကျေးဇူးတင်ပါတယ်။

        :hee:

      • Foreign Resident

        June 6, 2013 at 4:15 pm

        အရီးခင်လတ် says:

        ” မြန်မာပြည်ဟာ ကျိန်စာ မိနေတာ။

        တိုးတက်ဖို့အတွက် ၊ စိတ်ဓာတ်ရေးရာတွေကို ပြင်ပစ်ဖို့ကို ၊
        ကြောက်နေကြတဲ့ အထိ ၊ ကျိန်စာ မှိုင်းမိနေကြတာ ။

        အပြုသဘော ဆောင်ဖို့၊ လူအချင်းချင်း မေတ္တာထားဖို့ ကို ၊
        မသိနိုင်လောက်အောင် ၊ အမှောင်တိုက်ထဲကို ရောက်နေကြတာ ”

        မှန်လိုက်လေ အရီးလတ် ရယ် ။ ကျနော် တစ်ခုလေးပဲ ထပ်ဖြည့်ပါရစေ ။

        အမှောင်တိုက်ထဲ ရောက်နေတာမှ ၊
        အမှားကို အမှားမှန်း မသိ ၊ အမှန်ကို အမှန်မှန်း မသိ ရုံတင်မကဘဲ ၊
        အမှားကို အမှန်ထင် ၊ အမှန်ကို အမှားထင်တဲ့ အထိအောင် ၊
        မှောင်နေရတဲ့ အမှောင်တိုက်ထဲကို ရောက်နေကြရတာပါ ။

        စစ်အာဏာရှင် အဆက်ဆက် ၊ ၁၉၆၂ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် ယခုထိ ၊
        ပညာရေး အလိမ်အညာ ၊ ပညာရေး အတု တွေနှင့်
        တိုင်းပြည်ကို အမှောင်တိုက်သွင်းခဲ့တဲ့ အကျိုးဆက်ပေါ့ ။

        အမေစု လို ၊
        နိုင်ငံတကာ အဆင့်မှီ ပညာရှိ သူတော်ကောင်း ခေါင်းဆောင်ကို ရထားတာတောင် ၊
        ပညာရှိ သူတော်ကောင်း ခေါင်းဆောင် ကို ရထားမှန်း မသိ / တန်ဖိုး မထားတတ်အောင် ၊
        ပညာ အမှောင်ဖုံးနေတဲ့ တိုင်းသူ ပြည်သားများ ရဲ့ ကျိန်စာသင့် တိုင်းပြည်ကြီးပါပဲ ။

        သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါပဲ ။

      • ဦးကြောင်ကြီး

        June 7, 2013 at 9:05 am

        အဲဒီအကောင် ဂေါင်းထဲ ဟိုဒင်းမရှိ ဟိုဟာဗဲရှိဒယ်…. ဟေ့.. ဘွားဒေါ်ကို ခြစ်လွန်းလို့ ထောက်ခံနေတယ် မထင်နဲ့ ကိုယ့်ကိုယ်ကို ခြစ်လွန်းလို့ အသုံးချနေတာဟေ့…. သူ့ထက်သာသူရှိရင်ပေါဇမ်း… သူ့ကိုယ်ကို တံတားလုပ်ခင်း သွားရအောင်..များလေကောင်းလေ.. ❓

  • ဦးကြောင်ကြီး

    June 6, 2013 at 10:08 am

    ပူညံပူညံဖြစ်နေရတာ ဘွားဒေါ်ဂျီး နိုင်ငံရေး မပါးနပ်လို့ လို့ ပြောချင်တယ်.. လွတ်လာပီးဒေါ့ မူလပေါ်လစီကနေ ဂငယ်ကွေ့ ကွေ့တယ်၊ ရွေးကောက်ပွဲဝင်တယ် (အဲဒီအထိ မမှားသေးဘူး..) နောက်တော့ လွှတ်တော်ထဲဝင်တယ်၊ စစ်ဗိုလ်ဟောင်း၊သစ်တွေနဲ့ လိုက်လိုက် လျောလျော ဆက်ဆံတယ်၊ ပြည်ပအတိုက်အခံတွေကို ရှောင်တယ်၊ ခရိုနီတွေကို ဖက်လှဲတကင်းလုပ် စည်းရုံးတယ်၊ (အဲဒီမှာ မှားစပြုနေပီ..) ရခိုင်အရေးဖြစ်တော့ ကင်းကင်းနေတယ် (အဲဒါမှန်သွားဗျံရော.. ပြည်တွင်းနိုင်ငံရေးအရပြောတာပါ..) လက်ပံတောင်း ဖြစ်တော့ တရုတ်ဖက် ပုံအောတယ်၊ အခြား အလုပ်သမား၊ လယ်သမား ကိစ္စတွေမှာလည်း တက်တက်ကြွကြွ မရှိဘူး…။ အခုနောက်ဆုံး ဘင်္ဂါလီ ခလေးမွေးတဲ့ ကိစ္စမှာ ဝင်ပြောရတယ် (ဒါကတော့ သူ့သိက္ခာ၊ ကျင့်ဝတ်၊ နိုင်ငံတကာ အမြင်အရ မပြောမဖြစ် ပြောရတယ်) အဲသလို ရှေ့နောက် ညီညွတ်မှုမရှိ၊ တဦးတည်း ဆုံးဖြတ်လုပ်ဆောင်တာ မှန်နေဂျိန်တော့ ပြသနာမရှိ… အခက်အခဲ ကြုံလာတဲ့အခါ ဝိုင်းဝန်း ဖေးမမည့်သူ နည်းသွား အားပျော့သွားတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောကျတာ လက်ရှိမှာ အားကောင်းနေပေမဲ့.. တကယ့် အရေးအရေးဆို အဲဒီလူ၉၉% ကြက်ပျောက် ငှက်ပျောက် ပျောက်သွားမည့်သူတွေ.. အဖမ်းခံ အနာခံပီး လုပ်ရဲသူ၊ လုပ်နိုင်သူတွေက ဘွားဒေါ်နဲ့ ဝေးရာကို တဖြည်းဖြည်း ရောက်ကုန်၊ ရွေ့ကုန်ပီ။။ ကြံ့ဖွတ်၊ စစ်တပ်နဲ့ အစိုးရလူတွေကတော့ ငါတို့အကြံအောင်တယ်လို့ ဝမ်းသာနေဂျမှာပဲ…။ အဲလို ဖြစ်ရတာ လက်အောက်ငယ်သားတွေ မိုက်မဲလို့ အပြစ်တင်ယုံ မပြီးဘူး၊ ခေါင်းဆောင် ကိုယ်၌က အခြေအနေကို သိတတ်လိမ်မာရမယ်၊ အသုံးချတတ်ရမယ်။ လူထုကြီးကို ကြည့်ပီး ဟုတ်လှပီး ထင်လို့ကတော့ ရန်သူနဲ့တွေ့တဲ့အခါ ရင်ဆိုင်ဖို့ အမာခံတွေ မရှိဖြစ်၊ အလွယ်တကူ အနှိပ်ကွပ်ခံရလိမ့်မယ်…။

  • Foreign Resident

    June 6, 2013 at 10:08 am

    ” ဒေါ်အောင်ဆန်းစုကြည် က ဘင်္ဂါလီ မွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို
    လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ် ”

    uncle gyi says:
    ” ဒေါ်စုပြောခဲ့ပါတယ် ၊ ဒါပေမဲ့ ဖျက်သိမ်းပေးပါ လို့တခွန်းမှ မပြောခဲ့ဖူးလားလို့ ”

    ဟုတ်ပါတယ် ၊
    ဒေါ်စုက အဲဒီ ဥပဒေက လူ့အခွင့်အရေး နှင့် မညီဘူးလို့ပဲ ပြောခဲ့ပါတယ် ။
    ဖျက်သိမ်းပေးပါ လို့ တခွန်းမှ မပြောသေးပါဘူး ။

    အဘ သဘောထားကတော့ ၊

    ၁ ။ တစ်လင် ၊ တစ်မယား စံနစ် ကို ထောက်ခံပါတယ် ။
    ( ဒါက ၊ လူ့အခွင့်အရေး ၊ ဒီမို စံ တွေ နှင့် ကိုက်ညီပါတယ် )

    ၂ ။ ကလေး ၂ ယောက် ကန့်သတ်တာကိုတော့ ၊
    ( လူ့အခွင့်အရေးတွေ ဘာတွေက အသာထားအုန်း )
    ကန့်သတ်လို့ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပါတယ် ။

    ကလေး ၂ ယောက် ကန့်သတ်ဖို့ စားရိတ်ကို ဘယ်သူပေးမှာတုန်း ။
    ကလေး ၂ ယောက် ပြည့်ရင် ၊ စဉ့်နှီတုံးပေါ်တင်ပြီး ဖြတ်ပြစ်တော့မလို့လား ။
    ဒါမှ မဟုတ်ရင် ၊ မွေးလာတဲ့ ၃ ယောက်မြောက် ကလေးကို ခွေးကျွေးပစ်ရမှာလား ။

    အလကားပါ ။
    ၁ ။ ပညာ လည်းမတတ် ။
    ၂ ။ ကိုယ်ချင်းစာစိ်တ် နှင့် ဆင်ခြင်တုံတရားလည်း မရှိ ။
    ၃ ။ လူ့အခွင့်အရေး ဆိုတာကိုလဲ နားမလည် တဲ့ ။
    အစွန်းရောက် ဗုဒ္ဓဘာသာ တွေက ၊
    အဘ တို့ရဲ့ ဗုဒ္ဓဘာသာကို နာမည်ကောင်းကိုဖျက်ချင်လို့ ၊
    တောင်းဆိုနေတယ် ထင်တာပဲ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 6, 2013 at 12:55 pm

    သေခြာတာကတော့ ပိုစ့်ပါအတိုင်းဘဲ
    ဘွားဒေါ်အပေါ်မှာ နိုင်ငံရေးတိုက်ကွက်တွေနဲ့အပီကလိန်ကျနေကြတယ်ဆိုတာရှင်းနေတာဘဲ
    ဆိုခဲ့သလိုဘဲ လက်ရှိသမ္မတကြီးကိုယ်တိုင်ကိုက ခပ်တည်တည်နဲ့သမ္မတတက်လုပ်တယ်ပြောလို့ရတာဘဲ
    ခုထိလည်းသူတို့လုပ်ခြင်တာတွေကို မျက်နှာပြောင်ပြီးလုပ်နေကြတာဘဲ
    1500 တန်ဖုံးဆင်းကတ်တွေ ဆို အသိသာကြီး မျက်နှာပြောင်ပြီးတော့ကိုလုပ်တာ
    ခုတောင်လုပ်နေပြန်ပြီ သမဝါယမကို တရုပ်ပိုက်ဆံချေးပြီးအသက်ပြန်သွင်းဘို့
    ပြဿနာလို့ပြောရမှာလား ဘာလို့ပြောရမလားဆိုတာက ဂွတော့အကျသား
    ဒီခွေးမသားတွေကတော့ သူတို့ စီးပွားအာဏာအတွက်ဆို
    ဘာကိုမှ အကောက်ကြံဘို့ဝန်မလေးတာကို ကိုယ်ကသိလည်း သူတို့လိုမလုပ်နိုင်တာ
    ဒီနေ့ပြဿနာတွေဟာ ဘယ်သူလုပ်တယ်ဆိုတာ သိနေရပြီလို့တောင်ပြောနိုင်တာဘဲ
    ဒီနေရာမှာအချိုးချကြည့်ရရင် အသိဉဏ်နည်းတဲ့လူအများစုကိုလိုသလိုသွေးထိုးပြီးလှုံ့ဆော်နေတာဘဲ
    တစ်ခါတစ်ယောက်ပြောဘူးပါတယ်
    ဘဲတစ်အုပ်ကို လူတစ်ယောက်က လိုသလိုထိန်းကျောင်းနေတယ်ဆိုတဲ့သဘောလေး
    မြန်မာပြည်လူဦးရေနှင့်အချိုးချကြည့်ရင်
    အွန်လိုင်းတွေထဲမှာ တွေးခေါ်နားလည်နိုင်တယ်ဆိုတဲ့လူအရေတွက်ဟာ အပြင်ကလူဦးရေထက်စာရင်
    ဘာမှမပြောပလောက်တာရယ်
    ပိုဆိုးတာက
    ကျုပ်တို့က လေထဲမှာဖင်ဂေါင်းပွနေဂျတာ
    တကယ်လုပ်မဲ့ကောင်က ကောက်ရိုးပုံမီးရှို့လည်းလောင်တာဘဲ
    သူ့အတွက်အပြင်မှာပြဿနာလုပ်ရတာအရမ်းလွယ်တယ်
    ဒီတော့ကာ
    တစ်လောကလုံးကလူတွေ ခင်ဗျားတို့လိုအသိတရားတွေရှိဘို့ကြိုးစားဂျ ကြိုးစားဂျ
    နှစ် xxxx :mrgreen:

  • ခင် ခ

    June 6, 2013 at 4:58 pm

    ပိနဲ္နသီးမမှည့်သေးရင် အမြန်မှည့်အောင် သပ်ရှိုလိုက်ရင် သိပ်မကြာဘူး အနံမွှေးကာမှည့်တတ်တယ်လေ။
    နိူင်ငံရေးပရိယာယ်မှာ သပ်ရှိုပြီး အမြန်မှည့်အောင် လုပ်ကြတာလည်း နည်းလမ်းတစ်ခုဘဲ။
    အင်္ဂလိပ်နယ်ချဲ့ကိုတိုက်ချင်တော့ သခင်အောင်ဆန်း ဂျပန်တွေကို မြန်မာထဲခေါ်သွင်းခဲ့တာလည်း သပ်ရှိုခြင်း နည်းဗျုဟာတစ်ခုပါ၊ ဂျပန်ကလည်း အဲဒါကိုသိပေမယ့် သူကလည်း မြန်မာမြေပေါ် နယ်ချဲ့ချင်တော့ သခင်အောင်ဆန်းကို သပ်ရှိုတာပါဘဲ၊ သခင်အောင်ဆန်းဗျုဟာကသာတော့ ဂျပန်တွေကို ပြန်တိုက်ထုတ်နိုင် ခဲ့တယ်ပေါ့၊ အခု အမေစုပြောတဲ့ ဘင်္ဂါလီကိစ္စလည်း ကျွန်တော်အမြင်ကတော့ အမေစုရော ဒင်းတို့အစိုး ရရော သပ်အပြိုင်ရှိုကြပုံပါဘဲ ဘယ်သူဉာဏ်ရည် အစွမ်းအစသာမလဲ ကြည့်ရမှာပါ ပွဲက အခုမှ ဇာတ်တိုက်မလို့ကြံတုန်းပါ။ မကသေးဘူးလေ။

  • uncle gyi

    June 6, 2013 at 11:20 pm

    ကိုခရယ်ဇာတ်တိုက်မလို့ကြံတုန်းကလည်း
    အထိတ်တလန့်ရှိလိုက်တာ
    တကယ်များကလို်က်ရင်မင်းခိုင်စိုးစံကကြောက်ပါပြီပြောယူရမယ်ထင်တယ်

  • အလင်း ဆက်

    July 2, 2013 at 1:41 pm

    ကဗျာ တွေ ပြန်ရှာဖတ်ရင်းးးး
    ဒိီ ပိုစ့်ကို ကဗျာ စာရင်းထဲမှာ..တွေ့လိုက်တော့….

    အင်းးး ဖတ်သွားတယ်ဗျာ..။
    😆

    • kai

      July 2, 2013 at 3:09 pm

      နောက်ဆို.. သင့်လျှော်မယ်ထင်ရာကိုပြောင်းပေးလိုက်ပါနော…
      ကိုရင်က.. ကဗျာပိုင်းဆိုင်ရာ မော်မော်ရာထူးပေမယ့်… မဆိုင်ရင်လည်း.. ရွေ့သွားပေးလိုက်ပါ…။

Leave a Reply