ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

ဒါ မှန်သော သစ္စာစကား ကို ပြောဆိုခြင်းပါ။

အဲ့တော့ ၀ိုင်းအော်ကြတယ်…အိမ်ရှေ့အထိ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတယ်…အစိုးရလုပ်ရပ်မှန်တယ်…
ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်လာရင်တော့ တို့နိုင်ငံမှာ ဗုဒ္ဒဘာသာတော့ ပျောက်ပြီ…ဆိုတဲ့အထိ
ပြောလာကြတယ်…NLD ကို ဘယ်လိုမှ အားကိုးလို့မရတော့ဘူး…ဒေါ်အောင်ဆန်းစုကြည် လဲ အလကားပဲ…ဆိုတဲ့ အတွေးဝင်လာတဲ့အထိ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲနိုင်ခဲ့တယ်…သူတို့ရဲ့ ရည်ရွယ်ချက် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပါတယ် လို့ပြောလို့ရပါတယ်….

အမှန်တော့ ဘရိန်းဝပ်ခ်ျ အလုပ်ခံရခြင်းသက်သက်ပါပဲ… ဘရိန်းဝပ်ခ်ျ သဘောကိုက အလုပ်ခံရတဲ့သူက သူ အလုပ်ခံထားရမှန်းမသိအောင် စဉ်းစားတွေးခေါ်မှုကို လမ်းကြောင်းပြောင်းပေးထားခံရခြင်းတစ်မျိုးနဲ့ သွပ်သွင်းခံထားရခြင်းပါပဲ….အရင်တုန်းကလဲ ဒီလိုပါပဲ…အဖမ်းခံရတဲ့ နိုင်ငံရေးသမားတွေကို စစ်တဲ့သူတွေက စစ်အစိုးရက ကောင်းပါတယ်ဆိုပြီး စစ်ဆေးရေးလုပ်ခဲ့ကြတာမဟုတ်ပါဘူး…ကျွန်တော်တို့လဲ ခင်ဗျားတို့လိုပါပဲ…ဒီစစ်အစိုးရကို မကြိုက်ပါဘူး…ဒီဒဏ်တွေကို ခံနေရကြတာပါပဲ…ဒီစစ်အစိုးရ လက်အောက်ကလွတ်အောင်ကတော့ 2010 ရွေးကောက်ပွဲ သည်သာ တစ်ခုတည်းသော လမ်းစ ဖြစ်တယ် ဆိုပြီး သူတို့လိုချင်တဲ့ လမ်းစကို ယောင်ယောင်လေးဆွဲခေါ်သွားကြပါတယ်…ဟုတ်သလိုလိုနဲ့ ထောင်ကလွတ်တော့ နိုင်ငံရေးပါတီတွေ ထထောင်…ရွေးကောက်ပွဲတွေဝင်နဲ့…နောက်ဆုံး သူတို့ပဲ လုပ်ချင်တာလုပ်ပြီး နိုင်သွားတာပဲမဟုတ်လား…ဘရိန်းဝပ်ခ်ျ လုပ်ခံထားရတဲ့သူတွေကတော့ သူတို့ကို သူတို့ လုပ်ခံထားရမှန်းတောင် အခုထိ မသိကြသေးဘူးထင်ပါတယ်…ဆိုက်ကိုလိုဂျီသဘောအရတော့ ဆန့်ကျင်ဘက်ပြောပြီး ဘယ်လိုမှ ဆွဲခေါ်လို့မရပါဘူး…Follow လေးလိုက်ပြီး မူလဦးတည်ရာမှ ယောင်ယောင်လေး လမ်းကြောင်းပြောင်းအောင်ဆွဲခေါ်သွားနိုင်မှ ဆွဲခေါ်လို့ရတာပါ…

အခုအဖြစ်အပျက်တွေကလဲ ဒီသဘောပါပဲ….ကျွန်တော်ကတော့ ကြားဖြတ်ရွေးကောက်ပွဲအပြီး 2015 အတွက် ပြင်ဆင်မှုတစ်ခုလို့ပဲမြင်တယ်….

ပြည်သူတွေကို အမျိုးသားရေးစိတ်ဓာတ် ၊ဘာသာရေးဆိုတာတွေနဲ့ လမ်းကြောင်းပြောင်းခံနေရတယ်လို့ပဲ ကျွန်တော်တော့မြင်ပါတယ်…

နိုင်ငံတစ်နိုင်ငံထဲမှာ ဥပဒေဆိုတာ ဟိုနေရာအတွက်…ဒီဘက်တော့မပါဘူး..ဒီဥပဒေကတော့.ပြည်သူငမွဲတွေအတွက်…ဟိုလူကြီး သားသမီးအတွက်တော့ မပါဘူး…ဒီလို ထုတ်လို့ရပါသလား…မရပါဘူး…ကဲ…လူတစ်ယောက် ကလေးနှစ်ယောက်ပဲမွေးရမယ်ဆိုတဲ့ဥပဒေထုတ်ချင်သလား…ကဲ..ဒီလိုဆို တစ်နိုင်ငံလုံး လူမျိုးဘာသာမရွေးဒီလိုပဲလုပ်ရမယ်ဆိုပြီး ထုတ်လိုက်…ဒါမှ ဥပဒေဆိုတာ သဘာဝကျမှာပေါ့…မီးနီရင်ရပ်ရတယ်…မီးစိမ်းရင် သွားရတယ်…ဒီဥပဒေဟာရန်ကုန်တစ်မြို့ထဲ…ကျန်တဲ့မြို့မှာဆိုရင်တော့ မီးနီရင် သွားရတယ်…မီးစိမ်းရင်ရပ်ရတယ်…ဒီလိုမျိုးတွေထုတ်လို့ရပါ့မလား…နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်း(ဧည့်သည်များပါမကျန်)…မီးနီရင် ရပ်ရတယ်…မီးစိမ်းရင် သွားရတယ်…ဆိုပြီး ထုတ်ပြန်ပါမှ ဥပဒေဆိုတာ သဘာဝကျပေတော့မပေါ့….

ဒီလို လူတွေတိုင်းပြည်ထဲဒလဟော ၀င်လာအောင် ဘယ်သူတွေလုပ်ခဲ့တာလဲ…ဘာ့အတွက် လုပ်ခဲ့တာလဲ…ဘယ်လောက်ကြာကြာလုပ်ခြဲ့ပီလဲ…အဖြေကရှင်းရှင်းလေးပါ…လူတိုင်းလဲသိကြပါတယ်…

ပြီးတော့ ဒါဟာ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ရောဂါတစ်ခုပါ…နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ရောဂါကို ခဏလေးနဲ့တော့ ကုလို့မရပါဘူး…နည်းမှန်လမ်းမှန်နဲ့ကုရင်တောင် နှစ်တော်တော်ကြာအောင် မနည်းကုရမှာပါ….ဒါတကယ့်လက်တွေ့အမှန်တရားပါ…လက်မခံချင်လဲ မဖြစ်မနေလက်ခံရပါမယ်…ဒီဒေသန္တရ ဥပဒေဆိုတာ က အမြစ်တွယ်နေတဲ့ ရောဂါကြီးတစ်ခုကို အရက်ပြန်လေး ဆွတ်ပြီး ကုသပြသလိုပါပဲ…ဟန်ပြပဲရှိတာပါ…အမှန်ပျောက်အောင် ကုသရမယ့်လမ်းမဟုတ်ပါဘူး…ဒေါ်အောင်ဆန်းစုကြည်  ပြောတဲ့ ..ဒါဟာလူ့အခွင့်အရေးချိုးဖောက်ခံရတာ ပြောတယ်ဆိုတာကလဲ…ဒီရောဂါကို အရက်ပြန်နဲ့ကုသယုံလောက်နဲ့ တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး…လို့ဆိုလိုယုံသက်သက်လောက်ပဲ ရှိပါတယ်…ရောဂါကိုအမှန်တကယ်ကုဖို့ကတော့ ရောဂါရဲ့မူရင်းအကြောင်းခံ…တိကျတဲ့စမ်းသပ်မှု…စနစ်ကျတဲ့ကုသမှု စတာတွေနဲ့ ပြည်သူပြည်သားတွေအားလုံးတက်ညီလက်ညီလုပ်မှ ရပါမယ်…

အခုဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်အပုတ်ချနေကြပုံက တဖက်သားတွေ ဆင်ထားတဲ့အကွက်ထဲ တန်းတန်းကြီးဝင်နေတယ်ဆိုတာတော့ သတိချပ်မိကြစေချင်ပါတယ်….စဉ်းစားနိုင်ဖို့နဲ့ဆင်ခြင်နိုင်ဖို့အတွက် ကျွန်တော့်အမြင်လေးသက်သက်ပါပဲ…….ကြိုက်သလို ၀ိဝါဒ ကွဲနိုင်ပါတယ်….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...

   Send article as PDF