ကွက်ဆန်းလေးတွေ ကြောင့် ထိတယ်

မောင် ပေJune 17, 20131min21413

ကလိန် ကလိန် ကလိန်…
ကလိန် ကလိန် ကလိန်…

“ ဟယ်လို ၊ မင်္ဂလာပါခင်ဗျာ ၊ ညီအစ်ကိုများ ရောင်းဝယ်ရေး ကကြိုဆိုပါတယ် ”

““ ဟုတ်ကဲ့ ၊ မင်္ဂလာပါရှင် %!@#$%^ ဘဏ် က ဆက်တာပါ ၊ ဦးစိန်ပေါက်ပေါက် ရှိပါသလားရှင် ””

“ ဟုတ်ကဲ့ ၊ ကျွန်တော် စိန်ပေါက်ပေါက် ကိုယ်တိုင် ပြောနေတာပါ ”

““ ကျွန်မ တို ့ %!@#$%^ ဘဏ် ကို ဦးစိန်ပေါက်ပေါက် နာမည် နဲ ့ ချီးပိုးထိုးမြို ့က ဦးလျှောက်ဝူ က သိန်း၃ဝကျပ် လွှဲတာကို လာထုတ်လို ့ရပါပြီ ရှင် ””

“ အော်… အင်းအင်း ညီမလေး ၊ ကျေးဇူးပါပဲနော ၊ အစ်ကိုကြီး လာထုတ်လိုက်ပါမယ် ”

ဖုန်းချပြီးနောက် ၊ ဦးစိန်ပေါက်ပေါက် သူ၏ တပည့်မလေး ဇာဇာ့ ကို ခေါ်လိုက်သည် ။

(မှတ်ချက် ။ ဇာဇာ ဆိုသည်မှာ www.myanmargazette.net မှ မည်သည့် ရွာသူမှ မဟုတ်ပါကြောင်း ၊ မရည်ညွှန်းပါကြောင်း ၊ မရည်ရွယ်ပါကြောင်း ၊ ကိုယ်စားမပြုပါကြောင်း)

“ ဇာဇာ ရေ ၊ စောနက အော်ဒါ တက်ထားတဲ့ ချီးပိုးထိုးမြို ့က ဦးလျှောက်ဝူ ဟာတွေ ထုတ်လိုက် ၊ ပြီးရင် ဘောက်ချာဖွင့်ပြီး ၊ ဆိုက်ကားနေဝန်းနီ ကို ပို ့ခိုင်းလိုက်တော့ ၊ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ ပါ ဆရာ ၊ သမီး အခု လုပ်လိုက်ပါမယ်ရှင့် ”

ဦးစိန်ပေါက်ပေါက် တစ်ယောက် ၊ တစ်ယောက်ထဲ မိန် ့မိန် ့ကြီး ထိုင်ပြုံးနေမိသည် ။
အခု တလော အရောင်းအဝယ်က ကောင်းတာမဟုတ် ။
ကိုယ့်ရှိတဲ့ ဖောက်သည်တွေ နဲ ့ပဲ ၊ ၃ပတ်လောက် အကြွေးရောင်းပေးရင်း လုပ်စားနေရတာကိုး ။
မနက် က ဦးလျှောက်ဝူ ဆိုသူ ဖုန်းဆက်ပြီး ပစ္စည်းဈေးများမေး ၊ အမှာစာရင်း တက်လာတော့ ၊ ငွေလွှဲမှ ပစ္စည်းပို ့မည် ဟု ပြောခဲ့သည် ။
တစ်ကယ်တမ်း ၊ ဦးစိန်ပေါက်ပေါက် အခုလို ဖြစ်လာမည် ဟု မထင် ။
ဖုန်းဆက်ပြီး ဈေးစုံစမ်းသူ ဟုသာ တွက်ခဲ့မိသည်ကိုး ။
အားလုံး အသင့်ဖြစ်ပြီမို ့ထင် ၊ ဆိုက်ကားနေဝန်းနီ သူ ့ဆီ ရောက်လာသည် ။

““ ဆရာ ၊ ဦးလျှောက်ဝူ ဟာ က ဘယ်ဂိတ် နဲ ့ပို ့ရမှာလဲ ””

“ ဟေ…နေဦး..နေဦး ၊ ချီးပိုးထိုး မြို ့ကို သွားတာ ဘယ်ဂိတ်တွေ ရှိလဲ ၊ ဇာဇာရေ ၊ ဘယ်ဂိတ်ရှိလဲ ကြည့်စမ်းပါဦး ”

““ ဆရာ ၊ ပြုတ်ကျဒုက္ခ ဂိတ် နဲ ့ပို ့ရင် ကောင်းမယ်ထင်တယ် ၊ သူက မြန်တယ် ””

“ အေးအေး… အဲဒါဆိုလဲ ၊ အဲ့ဂိတ် နဲ ့သာ ပို ့လိုက် ၊ အော်..နေဝန်းနီ ရေ ၊ ပစ္စည်းအရေအတွက် ကို သေချာ လက်ခံ ရေးခိုင်းနော် ”

““ ဟုတ်ကဲ့ပါ ဆရာ ၊ ပစ္စည်းက များတော့ ၂ခေါက်သွားရမှာ ခင်ဗျ ””

“ အေးအေး…အဲဒါဆိုလဲ ၂ခေါက်သွားပေါ့ ၊ လက်ခံတော့ သေချာယူခဲ့ ”

ဦးစိန်ပေါက်ပေါက် အပြင်ထွက်ကြည့်တော့ ၊ နေက တော်တော်ပူနေသည် ။
“ တော်ပါပြီလေ ၊ နောက်ထပ် ငွေလွှဲထပ်ဝင်မှ ၊ ပေါင်းထုတ်တာ ကောင်းပါတယ် ”

*******

“ ဘာ..ဘာ..ဘယ်လို ၊ ဘယ်လို ၊ ချီးပိုးထိုး မြို ့က နေ ဘာငွေလွှဲမှ မဝင်ထားဘူး ၊ ဟုတ်လား ”

““ ဟုတ်ပါတယ်ရှင် ၊ ဦးစိန်ပေါက်ပေါက် နာမည် နဲ ့တော့ ၊ ချီးပိုးထိုးမြို ့ကနေ ဘာငွေလွှဲမှ မရောက်ထားသေးပါဘူးရှင့် ””

“ သေချာအောင် တစ်ချက်လောက် ပြန်ကြည်ပေးပါဦးကွယ် ၊ ဦး အလုပ်ဖုန်း ၃^*&%_ ကို သမီး တို ့ဘဏ်ကနေ ဖုန်းဆက်ထားလို ့ ၊ လာထုတ်တာပါ ။ လွန်ခဲ့တဲ့ သုံးရက် ၊ တနင်္လာနေ ့ မနက် ၁ဝနာရီခွဲလောက်က ဆက်ထားတာပါ ”

ဘဏ်ဝန်ထမ်းမလေးများ ၊ ငွေလွှဲစာရင်း ကို အထပ်ထပ် ပြန်စစ်ပြီးသည့်နောက်

““ ဟုတ်တယ် ဦး ၊ ဦး နာမည် နဲ ့တစ်စောင်မှ မရှိပါဘူးရှင် ၊ နောက်ပြီး ဦးပြောတဲ့ ၃^*&%_ ဖုန်း ကို လဲ သမီးတို ့ဘဏ်ကနေ ဒီရက်တွေ အတွင်း လုံးဝ ဆက်ထားတာ မရှိပါဘူးရှင် ””

“ ဟင်.. ဒါဆို ၊ ဟာကွာ… တောက် ”

*******

“ ဇာဇာ ရေ လာစမ်းပါဦး ၊ နေဝန်းနီ ကို ပါ ခေါ်လိုက် ”

““ ဟုတ်ကဲ့ ဆရာ ””

ဇာဇာ နှင့် နေဝန်းနီ တို ့ဝင်လာကြသည် ။

“ ဒီမယ် ၊ ပြီးခဲ့ တနင်္လာနေ ့တုန်းက ၊ ဦးလျှောက်ဝူ ချီးပိုးထိုးမြို ့ဆိုတဲ့ ပစ္စည်းတွေ ကို ပို ့တာ နေဝန်းနီ မို ့လား ”

““ ဟုတ်တယ်ခင်ဗျ ၊ ဆရာ ဘာဖြစ်လို ့လဲ ၊ ပစ္စည်း မရောက်သေးလို ့တဲ့လား ၊ မဇာဇာ ပြောတဲ့အတိုင်း ပြုတ်ကျဒုက္ခ ဂိတ် နဲ ့ပို ့ခဲ့တာပါ ၊ ကျွန်တော် ဂိတ် ကို သွားမေးပေးရမလား ခင်ဗျ ””

“ နေနေ… ပစ္စည်းကပို ့ထားရင် သေချာပေါက် ရောက်မှာ ၊ အခုဟာက ငွေလွှဲတယ် ဆိုပြီး အကြောင်းကြားရဲ ့သားနဲ ့ ၊ ဘဏ်ကိုသွားထုတ်တော့ ၊ ဘယ်ကမှ ငွေမလွှဲထားဘူးတဲ့ ၊ ဘာတွေမှန်း မသိတော့ဘူးကွာ ၊ ဇာဇာ ငါ့ ကို အဲ့ကားဂိတ် ဖုန်းနံပါတ် ရှာပေးစမ်း ”

““ ဟုတ်ကဲ့ပါ ဆရာ ””

*******

“ ဟယ်လို ၊ ပြုတ်ကျဒုက္ခ ဂိတ်ကလားဗျ ”

““ ဟုတ်ပါတယ် ””

“ ကျွန်တော် ညီအစ်ကိုများ ရောင်းဝယ်ရေးကပါ ။ ပြီးခဲ့တဲ့ တနင်္လာနေ ့တုန်း က ကျွန်တော်တို ့ဆီ က ပို ့တဲ့ ပစ္စည်း ချီးပိုးထိုးမြို ့ကို ရောက်သွားပြီလား ဆိုတာလေး သိချင်လို ့ပါ ။ ကျေးဇူးပြုပြီး ကူညီပေးပါဦးနော ”

““ အစ်ကိုရေ ၊ ညီအစ်ကိုများ ရောင်းဝယ်ရေးက ပို ့တဲ့ ပစ္စည်းတွေ အားလုံး အင်္ဂ ါနေ ့ညနေ ပိုင်းမှာ ရောက်သွားပါပြီဗျ ””

“ အော်..ကောင်းပါပြီ ၊ ကျေးဇူးပါပဲ နော ”

*******

ဆရာ ဘာတဲ့လဲ ဟင်

“ ပစ္စည်းတွေ က ရောက်သွားပြီတဲ့ ၊ အဲဒါ ချီးပိုးထိုးမြို ့ကို ငါကိုယ်တိုင် သွားစုံစမ်းရတော့မှာပေါ့ ”

ဦးစိန်ပေါက်ပေါက် အလုပ်ကို နေ ့တစ်ဝက်ပိတ်ကာ ၊ ဆိုက်ကားနေဝန်းနီ ၊ တပည့်မလေး ဇာဇာ တို ့နှင့် ချီးပိုးထိုးမြို ့သို ့ထွက်လာခဲ့သည် ။

ရာသီဥတုကပူ ၊ ရင်ထဲက သောက ကပူ နှင့်ပေါ့…

ချီးပိုးထိုး မြို ့ကို ရောက်ရောက်ချင်း ၊ ခဏတဖြုတ်မှပင် မနားနိုင်တော့ပဲ ၊ ပြုတ်ကျဒုက္ခ ဂိတ် ရှိရာ သို ့ချက်ချင်း သွားခဲ့သည် ။ ဂိတ်စာရေးထံတွင်

“ ညီလေးရေ ၊ အစ်ကိုတို ့က မန်းတလေး က ညီအစ်ကိုများရောင်းဝယ်ရေး ကပါ ။ ပြီးခဲ့တဲ့ တနင်္လာနေ ့တုန်းက အစ်ကို ့ဆီ ကနေ ၊ ဦးလျှောက်ဝူ နာမည်နဲ ့ ပို ့လိုက်တဲ့ ပစ္စည်းတွေ ကို ဘယ်သူ လာသယ်သွားလဲ ဆိုတာလေး ပြောပြပေးပါလား ”

ခဏနော် …
အင်္ဂ ါနေ ့က ရောက်တာဗျ ၊ တန်ဆာခ ရှင်းတော့ ၅ထောင်တန် အသစ်လေးတွေ နဲ ့ရှင်းသွားတာ ။ ကျုပ်တို ့ဆီ က ကုန်တင်ကုန်ချကောင်လေးတွေ ကို မေးပေးပါမယ် ။ ဟေ့…မောင်ဘ တို ့ရေ ၊ ဒီက အစ်ကိုကြီးတွေ ဆီကို ခဏလာကြစမ်းပါဦး ….

ဟောဒီ က အစ်ကိုကြီး က မန်းတလေးကတဲ့ ၊ အင်္ဂ ါနေ ့တုန်း က ရောက်တဲ့ ဦးလျှောက်ဝူ ပစ္စည်းတွေ ကို ဘယ်သူလာသယ်သွားလဲ .. အဲဒါ မင်းတို ့သိကြလား

အဲ့နေ ့က ည၆နာရီ ဂိုထောင်ပိတ်ချိန်မှ လာသယ်သွားတာဗျ ၊ လိုက်ထရပ် ကားနဲ ့ပဲ ၊ အဲ.. လူတွေ က တော့ ဘယ်ကလဲ မသိဘူး ၊ ဒီမြို ့ကတော့ မဟုတ်ဘူး ။ ကျုပ်တို ့တောင် အံ့ဩနေသေးတယ် ။ လူစိမ်းတွေမို ့၊ ကျုပ်တို ့မြို ့က ကျဉ်းကျဉ်းလေးဆိုတော့ ၊ ဒီမြို ့ထဲက ဆိုရင် တန်းသိတယ် ။

“ အဲဒီ လိုက်ထရပ် ကားနံပါတ်ကော မှတ်လိုက်သေးလား ”

မှောင်စပျိုးနေတာရယ် ၊ ပစ္စည်းတွေ တင်ပေးရတာ ရယ်နဲ ့ ၊ ကားနံပါတ်ကို မှတ်ဖို ့သတိ မရ လိုက်ဘူး ။ ကားကတော့ အဖြူရောင်ပဲ ၊ နောက်အမိုးကိုင်း မတပ်ထားဘူးရယ် ၊ ကျုပ်တို ့အလုပ်သမားတွေကိုတောင် လဘက်ရည်ဖိုးဆိုပြီး ၅ထောင်တန် တစ်ရွက်ပေးသွားသေးတယ် ။

“ သွားပါပြီကွာ … တောက် ”

အစ်ကို ကလဲ ၊ သူ ့ဖုန်းနံပါတ် အစ်ကို တို ့ဆီ မရှိဘူးလားဗျ

“ သူ ပစ္စည်းမှာတော့ ၊ ငွေလွှဲလိုက်ပြီ ဖုန်းဆက်တော့ ၊ အစ်ကို ့အလုပ်ဖုန်း ကို ဆက်တာလေ ၊ အစ်ကို ့အလုပ်ဖုန်းက ၃ အစ ဆိုတော့ ၊ ဝင်တဲ့ဖုန်းနံပါတ် ကို မှတ်မရဘူး ။ နောက်ပြီး ခပ်တည်တည် နဲ ့ %!@#$%^ဘဏ်ကလိုလို နဲ ့က ငွေလွှဲဝင်ပြီ ထုတ်လို ့ရပြီ ဆိုတဲ့အကြောင်းပါ ထပ်ဆက်လာတော့ ၊ သေချာတယ်မှတ်ပြီး ပို ့လိုက်မိတာပါ ။ အခု ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး ။ ”

ဟူးးး

“ အကြွေးရောင်းရင် ကြာလွန်းလို ့ကို ၊ သူစိမ်းဆိုရင် ဘယ်သူ ့မှ ရောင်းခဲ့တာ မဟုတ်ဘူးရယ် ၊ အခုဟာ က ငွေကြိုလွှဲလို ့ ပစ္စည်းပို ့လိုက်မိပါတယ် ။ သွားပါပြီကွာ ”

အစ်ကို တို ့ဘက် က လိုတာရှိသွားတယ်ဗျ ၊ အမှန်အတိုင်းဆိုရင် သူစိမ်းနဲ ့အလုပ် လုပ်မယ် ဆိုရင် ၊ သူ ့ရာဇဝင် ၊ နေရပ်လိပ်စာ ကို အတိအကျ မသိပဲနဲ ့ မလုပ်သင့်ဘူးဗျ ။
အခုပုံစံအတိုင်း ဆိုရင်တော့ ဆက်သွယ်ရေး ကို သွားပြီး ဖုန်းအဝင် ကို စစ်ရင်လဲ ၊ လမ်းဘေး ပီစီအို တွေနဲ ့ပဲ ညားလိမ့်မယ် ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ၊ ရဲစခန်းကိုတော့ ဝင်အကျိုးအကြောင်း ပြောပြီး အမှုဖွင့်ထားလိုက်ပါ အစ်ကိုရာ ။

ဦးစိန်ပေါက်ပေါက် လဲ ဘာမှ ဆက်မပြောနိုင်တော့ ။
တပည့်မ ဇာဇာ နဲ ့ ဆိုက်ကားနေဝန်းနီ တို ့ခဗျာလဲ ၊ သူရို ့ဆရာမျက်နှာကို ကြည့်ရင်း စိတ်မကောင်း ။

******* ပြီးပါပြီ *******
( ဦးပေါက် နဲ ့ ဘိုနီ ရေ ၊ ခြစ်လို ့ပါနော ဟီ ဟိ )

13 comments

  • ဦး ကျောက်ခဲ

    June 17, 2013 at 12:46 pm

    ခပ်ပါးပါးလေးနဲ့ လုပ်စားသွားတာ… ပီပါ့ဗျာ…
    ကျောက်စ် က ကုန်သည်မဟုတ်တော့ ဒါမျိုးအခုမှကြားဖူးတယ်…
    လူလိမ်ဆိုတာ ဂျိုမပါ အသံမကွဲတော့ အခက်သားလား…

  • KZ

    June 17, 2013 at 12:50 pm

    အဲ့ ဇာဇာကို ခိုင်းလို့ နေမှာ။
    ခက်ထယ်။ 🙂
    ဒီ က ဇာဇာ တစ်ယောက်လုံး ရှိသားနဲ့။ :mrgreen:
    ဆိုက်ကား ကပေလည်း ရှိသေးတာကို။ :mrgreen:

    • မောင် ပေ

      June 17, 2013 at 1:02 pm

      ဆိုက်ကားနင်းတာ ကိုနေဝန်းနီ ဗျ
      သူ လဲ လူပျိုကြီး
      အပျိုဂျီး ကြည့်ရတာ
      ကျုပ် ကို ခုတုံးလုပ်ပြီး
      ဝါးတားကမ်းမင်း လုပ်တယ်မှတ်တယ်
      ဟီဟိ

      • KZ

        June 17, 2013 at 1:07 pm

        အိုအေ။
        အွန်လိုင်းမှာ အဟွာရှာတဲ့ အထဲ ကျုပ်မပါပါဘူး။
        စကားကို ဆင်ခြင်ပြောပါ ဟဲ့။ 🙁

        ဒီ ကပေက ကျုပ်နဲ့ ရန်သူဖြစ်ချင်သလား::: 🙁

        ဟမ်??????????

        မန်းလေးတစ်ခါပြန်လာပြီး မုန့်လိုက်ကျွေးတာလေး စားပါရစေဦး:::
        ပြီးမှ ရန်ဖြစ်ကြတာပေါ့ နော့။ :mrgreen:

    • ဗုံ ဗုံ

      June 17, 2013 at 12:58 pm

      ကပေ့နှပ်လို့မရဘူး…ကပေက ဒါမျိုးလုပ်စားလာတာ ထိပ်ပြောင်နေပြီ…ခွေးချေးကပေဆိုပြီး နာမယ်ကြီးနေတာ နင်တိဘူးလား သဂျိုးရဲ့ :mrgreen: :mrgreen:

      • မောင် ပေ

        June 17, 2013 at 1:00 pm

        အောင်မှာ
        အောင်မှာ
        ခွေးချေးစားနေတဲ့ ခလေးမ ဓါတ်ပုံ တင်ပေးလိုက်ရလို ့
        နာတော့မယ်
        ညှင်း ညှင်း ညှင်း ညှင်း
        ပွေး ပွေး ပွေး ပွေး

  • Moe Z

    June 17, 2013 at 2:18 pm

    ဟိစ်စ်.. အဲဒီအူးလျှောက်ဝူက ကိုပေတော့မဟုတ်ဘူးမလား :mrgreen:

  • cobra

    June 17, 2013 at 6:19 pm

    ကားဂိတ်နာမည်လေး မိုက်တယ်
    ပြုတ်ကျဒုက္ခ
    ဒီလိုအလွယ်လေး အလိမ်ခံလိုက်ရတော့နာတာပေါ့ဗျာ….။

  • ခင် ခ

    June 18, 2013 at 1:21 pm

    လိမ်ချက်ကတော့ အပီတွက်ဘဲဗျို့။
    လိမ်နည်းတွေကလည်း အသစ်သစ်တွေနဲ့
    စုံပါပေဗျာ။

  • ဦးကြောင်ကြီး

    June 20, 2013 at 10:10 am

    အဲ့လို အလုပ်ကြီး အကိုင်ကြီး လုပ်နေသူဆို ရှိတဲ့ဘဏ်တိုင်းမှာ အကောင့်ဖွင့်ထား.. ငွှေလွှဲသမျှ အဲဒီအကောင့်တွေထဲ တိုက်ရိုက်ထည့်ခိုင်းသင့်တယ် မှတ်တာပဲ…။

Leave a Reply