ဂေဇက်ရွာ news အေဇက်ထူး

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ကန်စိုးမသွားရာ မိုးလိုက်လို့ရွာ

ဇွန်၂ရက်နေ့က ပြုလုပ်သော သမဒဂျီး၏ ဆင်းရဲမွဲတေမှု လျှော့ချရေး အခမ်းအနားသို့ တက်ရောက်လာသော သတင်းသမား၃ဝမှာ ဝင်ခွင့်လက်မှတ် ပြသော်လဲ အိပ်ကပ်ထဲ ငွေတထောင် ပြည့်အောင် မပါ၍ ဂိတ်ပေါက်မှ နှင်ထုတ်ခံရခြင်းမှာ သတင်းမီဒီယာ တရပ်လုံးအား စော်ကားမှုဖြစ်ကြောင်း မကျေနပ်မှုများ တိုးပွားနေသည်။   

မောင်းရင်မူးနဲ့ မူးရင်မောင်းနဲ့

မြန်မာနိုင်ငံတွင် လေယဉ်လိုင်းများ ခေတ်စားလာရာ ခရီးသည်များ ဘေးကင်းစေရန် လေယဉ်မောင်းတတ်သော ဖားပြုတ်အောင်ပုအား ပြည်သူ့ရင်ပြင်ရှိ အက်ဖ်၂ရ ဖော်ကာလေယဉ်ပျံ အခွံတွင် ဖောရှောအရက် တပုလင်း အခပေး၍ နေ့စားလေယဉ်မူး ခန့်အပ်လိုက်မှုအပေါ် ကမာ္ဘ့လေကြောင်း လုံခြုံရေးအဖွဲ့ဂျီးမှ ကြိုဆိုလိုက်သည်။

ရုတ်တရက်မို့

ထပ်မံဝင်ရောက်လာသော သတင်းအရ ခလေးတသိုက် ဆူညံစွာ လေယဉ်ပေါ်တက် ဆော့ဂစားရာ အရက်မူး အိပ်ပျော်နေသော လေယဉ်မူးဂျီး ဖားပြုတ်အောင်ပု အနုဂျမ်းစီး ခရံသည်မှတ်၍ ပြတင်းပေါက်မှ ခုန်ချသဖြင့် ခြေနာသွားဂျောင်း သိရသည်။

စစ်မဖြစ်ပါ

ရန်ကုန်တိုင်း ပို့ဆက်ဦးစီးမှ ပဲခူးရှိ ခြံများသိမ်းယူသည့် သတင်းအမှန်မှာ ပဲခူးတိုင်းအတွင်း ပြေးဆွဲလျက်ရှိသော  ဟိုင်းလတ်ကားအမိုး ကတ်ဒ်ခြံများ ဖြုတ်ခိုင်းခြင်းသာဖြစ်၍ တိုင်းဒေသဂျီးနှစ်ခု စစ်ဖြစ်ပွားရန် မရှိဂျောင်း သမဒ ပေါယေးစိုဂွင့်ချိဒူ ဦးရဲထွပ်မှ ငြင်းဆန်သွားသည်။

ရွှေညဏ်တော် စူးရောက်သူ

ဖမ်းဝရမ်း ထုတ်ထားသော လက်ပံတောင်းအရေး ဆောင်ရွက်သူ ၁၅ဦးမှာ ချီတက်လမ်းလျောက်ပွဲ၊ ထိုင်သပိတ် များတွင်သာ ပါဝင်ခဲ့သဖြင့် တရားခံပြေးအဖြစ် ကြေငြာသော ရွှေဘိုမြို့နယ် တရားသူဂျီးအား ညဏ်နဲလှဂျောင်း ပြည်သူအပေါင်းမှ ဝေဖန်နေသည်။  

အခွံထမ်းတာ လွယ်တယ်မှတ်လို့

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ထိပ်တန်းအခွန်ဆောင်သူ ၁၀ဝ စာရင်းတွင် အမှန်တကယ် ထမ်းရသော ဂုံနီအိတ်ခွံ၊ ဆာလာအိတ်ခွံ၊ ပလပ်စတစ်အိပ်ခွံ ပခုံးထမ်း အလုပ်သမားများ မပါဘဲ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော် တို့ကဲ့သို့ ခရိုနီများအား ရွေးချယ်မှုအပေါ် လူအများ မေးခွန်းထုတ် လျက်ရှိသည်။

အဲလိုလုပ်နဲ့လေ

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

နေပျီဒေါ်တွင် ကျင်းပနေသော ကမာ္ဘစီးပွားရေးဖိုရမ် တက်ရောက်လာသူများက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဘွားဒေါ်ဂျီး ကျန်းမာရေးနှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မိကျောင်း ဘွားဒေါ်စုအား လူတစှမှ ဆွဲလားရမ်းလား လုပ်နေသည့် အထောက်အထား ဓာတ်ပုံနှင့် ကြေငြာချက် ထုတ်ပျံသည်။အမေစုအား ဝိုင်းဆွဲဂျစဉ်

နေ့ခင်းကြောင်တောင် လက်အတင်း အဆွဲခံနေရသော အမေစု

 

10 comments

  • black chaw

    June 6, 2013 at 11:48 am

    မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့၊
    ရုတ်တရက်မို့၊
    နေ့ခင်းကြောင်တောင် လက်အတင်းဆွဲခံနေရသော အမေစု၊
    အဲဒါတွေကို ဖတ်လည်းဖတ် ကြည့်လည်းကြည့်ပြီး
    စိတ်လက်ပေါ့ပါးစွာရယ်မောသွားပါတယ်ကိုကြောင်ကြီးရေ…။
    :harr:

  • marblecommet

    June 6, 2013 at 11:55 am

    ဆယာပုက
    နေ့စားလေယိုင်မူးတောင်
    ဖြစ်သွားဘီဂိုး..

  • Wow

    June 6, 2013 at 12:15 pm

    ဘာပဲပြောပြော စကိုင်းဘလူးလေးနဲ့ ဘွားတော်ဂျီးက အတော်ကျက်သရေရှိတယ်နော်… :hee:

  • ဦး ကျောက်ခဲ

    June 6, 2013 at 12:17 pm

    ဂေဇက်ရွာ news အထူးသတင်းမှာ…
    ရွာထဲက ကြောင်ဇိုးကြီးတစ်ယောက် အေကိုက်သွားပြီးဟုသတင်းထွက်ပေါ်လာသဖြင့်…
    မကင်းရာမကင်းကြောင်း ဒေါက်တိုဂျော်လကီဘုမှ စိုးရိမ်ကြီးစွာဖြင့် စစ်ဆေးကြည့်ရာ…
    အေတံဆိပ် ပေါင်မုန့်ကြီးအား ကိုက်မိချင်းသာဖြစ်ကြောင်း… အား ဟိ
    :harr:

  • may july

    June 6, 2013 at 12:19 pm

    အဲဂလိုဂျီးလားးး တိပါဘူးတော် .. :kwi:

  • Yin Nyine Nway

    June 6, 2013 at 1:36 pm

    ဒါ့ထဲ့ အနော့် မတော်လိုက်ရတဲ့ ယောက္ခမ ဂျီးပုံက ဘယ်လိုပါလာတာလဲ :kwi:

  • ကြက်အူလှည့်

    June 6, 2013 at 1:42 pm

    ပြိုင်လျင် ကိုင်မည်

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသော ဖိုးလပြွတ် အား အမှန်တကယ် ဝင်ပြိုင်ပါက မနှဲလေး ကိုင်လိမ့်မည်ဟု အမည်မဖော်လိုသူ ကန္နားစီး တစ်ဦးထံမှ သိရှိရ။
    မမနှဲဘာကြိုက်သဒုံး … သိဒယ်မလား ..
    နှဲ…နှဲ.. နှဲ..နှဲ ….ငှဲငှဲငှဲငှဲ

  • Foreign Resident

    June 6, 2013 at 2:12 pm

    အခုတလော ၊ သတိထားမိတာ တစ်ခုကတော့ ၊
    ဘယ်ပွဲပဲရောက်ရောက် ၊ ဘိုးတော် သူရ ရွှေမန်းက ၊
    အမေစု ရဲ့ ကပ်လျက်နားမှာ အမြဲတမ်း ရှိနေပြီး ၊
    အမေစု ကိုလဲ အမြဲ စိုက်ကြည့်နေတာတွေ့ရတယ် ။

    တခုခုတော့ ၊ တခုခု ပဲ ။

  • Ma Ma

    June 6, 2013 at 2:30 pm

    ဦးကျောက်ခဲပြောမှပဲ ဒီသတင်းမှာ ကြောင်သတင်းမပါတာ သတိထားမိတယ်။
    ကိုယ့်ရွာသူားအချင်းချင်းမို့ ကြောင်ကြီး အေကိုက်တယ်လို့ သတင်းကြားရတာ ဝမ်းသာသွားတာပဲ။
    ၀ဝလင်လင် စားရတယ်ဆိုလို့ပါ။ :kwi:

  • မောင် ပေ

    June 6, 2013 at 9:29 pm

    မှုခင်းဖော်ထုတ်ပေးသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အား
    ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း

    ကမာရွတ်မြို့မရဲစခန်း (ပ) ၅၃/၂၀၁၂၊ ပုဒ်မ ၃၈ဝ အမှုအား အောင်မြင်အောင် ဖော်ထုတ်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနသို့
    ပစ္စည်းပိုင်ရှင် တရားလို ဦးမိုးပြည့်စိုးမှ စေတနာ ထက်သန်စွာဖြင့် ဂုဏ်ပြုဆုငွေ ၃ သိန်း ချီးမြှင့်ကြောင်းနှင့် အဆိုပါ ချီးမြှင့်ငွေ ၃ သိန်း ကျပ်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအဖွဲ့ရန်ပုံငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင်
    ရေးဖွင့်ထားသည့် ငွေစာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ပြီး အထူးအဖွဲ့ရန်ပုံငွေသည် မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းများဖော်ထုတ်ဆောင်ရွက်ရာတွင် သုံးစွဲကြောင်း သိရှိရပါသည်။
    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆိုပါ ကမာရွတ်မြို့မရဲစခန်း (ပ) ၅၃/၂၀၁၂၊ ပုဒ်မ ၃၈ဝ အမှုမှ တရားခံ တင်မိုးဝင်း(ခ)အညာသားအား စစ်ဆေးခဲ့ရာ ကမာရွတ်မြို့နယ်မှ ခိုးမှု (၅)မှုဖြစ်သည့်
    ကမာရွတ်မြို့မရဲစခန်း (ပ) ၈၄/၂၀၁၂၊ ပုဒ်မ ၃၈၀၊
    (ပ) ၃၀/၂၀၁၃၊ ပုဒ်မ ၃၈၀၊ (ပ) ၃၁/၂၀၁၃၊ ပုဒ်မ ၃၈၀၊
    (ပ) ၃၃/၂၀၁၃၊ ပုဒ်မ ၃၈ဝ နှင့် လှိုင်မြို့နယ်မှ ခိုးမှု (၄)မှုဖြစ်သည့် လှိုင်မြို့မရဲစခန်း (ပ) ၅၄၁/၂၀၁၂၊ ပုဒ်မ ၃၈၀၊ (ပ) ၆၃၁/၂၀၁၂၊
    ပုဒ်မ ၃၈၀၊ (ပ) ၆၃၉/၂၀၁၂၊ ပုဒ်မ ၃၈၀၊
    (ပ) ၂၅/၂၀၁၃၊ ပုဒ်မ ၃၈၀၊ စုစုပေါင်း ခိုးမှု (၉)မှုအား ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
    https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

Leave a Reply