“ကျွန်တော်ရေးတဲ့ ကဗျာ”

လူစိုးJune 6, 20136min2475

ကဗျာ Group တစ်ခုဖြစ်တဲ့ ပင်လယ်ပြာပြာ ကဗျာချစ်သူများအဖွဲ့မှာ ကဗျာနဲ့ ပါတ်သတ်ပြီး မေးထားတဲ့ အမေးနဲ့ ကျွန်တော့်ရဲ့ ရှင်းလင်းချက် အား Note တစ်ခု လုပ်ထားခြင်းဖြစ်ပါသည်။

မသိသေးတဲ့ လူများအတွက် အသိဉာဏ်တစ်ခု တိုးစေပြီး ၊ သိရှိပြီးသား လူများအနေဖြင့်လည်း ခံယူချက် လွဲကောင်း လွဲပါလိမ့်မယ်။
အကယ်၍ ကဗျာအပေါ်ထားတဲ့ ခံစားချက် ၊ ခံယူချက် ၊ အနက် ၊ အဓိပ္ပါယ် မတူညီပါက ကျွန်တော့်ရဲ့ ဝမ်းစာ မပြည့်ဝမှုပဲ ဖြစ်ပါတယ်လို့ ပြောကြားရင်း ကျွန်တော့်ရဲ့ ကဗျာ ဆိုတဲ့ ရှင်းလင်းချက်လေး ထုတ်ပြခွင့် ပြုပါ ။


ကာရံမဲ့ဆိုတာဘယ်လိုမျိုးလည်း ကိုကိုလူးစိုးကြီး……….ကျွန်တော်ကို သင်ပေးပါလား

Soe Min Tun

ကာရံ မဲ့ ဆိုတာ မသိဘူးလားကွယ်.. (အမှန်က ပိန်းတာ ) မသေမချင်းမှတ်ထား ( သူက သေတော့မှာ အသက်ကကြီးနေဘီ သိပ်မလိုတော့ဘူး ) ကာ ဆိုတာ ( အကာအရံကို ပြောတာ အသက်ကြီးပီး အချိန်မစီးဘူး ) ရံ ( ဆိုတာ အရံအတားကို ပြောတာ .. ) ကာရံဆိုတော့ ကာရံထားတဲ့ အတားအစီးတစ်ခု.. အရံအတားတစ်ခု … ( ဥပမာ ဈေးအိမ်သာပေါ့ ..အကုန်ကာရံထားတယ်လေ ) ကာရံမဲ့တယ်ဆိုတာ အရံအတားမရှိ ..အတားအဆီးမှ .ဟင်းလင်းပြင်ကြီးကိုပြောတာ (လေတံခွန်ကြီး ပဲခူးမြို့အထွက် ပေါက်တောဝင်ခဲ့တုန်းက သစ်ပင်အောက်ခြုံအကွယ်မှာ မဖြေရှင်းပဲနဲ့ လယ်ကွင်းထဲမှာ ကိစ္စရှင်းခဲ့တာ ) အဲဒါပြောတာ ပိန်းတာာာာာာာာာာာ

Rose White

ဟို လဲ့မွန် တကယ်နားမလည်လို့ မေးချင်ပါတယ် တကယ်မသိတာပါ ကျိုးပြောထားတာပါ နားမလည်ချင်ယောင်ဆောင်တာ ဟုတ်ပါဘူး ကာရန် တို့ ကာရန်မဲ့တို့ ဆိုတာ ဘယ်လိုမျိုးလဲ လဲ့မွန်က စိတ်ထဲရှိတာကို ဒီအတိုင်းရေးချတာမို့ ဘယ်ကဗျာက ဘယ်လိုအမျိုးအစားဆိုတာ လဲ့မွန်မသိလို့ပါ ပြီးတော့ လဲ့မွန်ရေးနေတဲ့ ပုံစံက ဘယ်လိုပုံစံမျိုးလဲဆိုတာ ပြောပြနိုင်မလား တကယ် အကူအညီတောင်းတာပါ …..


Soe Min Tun

ပထမ တစ်ခုအနေနဲ့ပြောရရင် ပင်လယ်ပြာပြာထဲမှာ တကယ်ဆရာတွေ ရှိပါတယ်.ဥပမာ…အပြင် စာပေလောကမှာ ဝတ္တုတွေ ကဗျာတွေ ရေးနေတဲ့ မအလင်းမြင့်မိုလ်.. ကိုစည်သာ .. အောင်ပြည့်မွန်….လေတံခွန်…လေးစားအားကျမိပါ၏ …သူတို့ကို ကျော်ပြီး ကျွန်တော် ရှင်းပြချင်ပါတယ်.. ရှင်းပြတယ်ဆိုတာကလည်း သိသလောက် မျှဝေခြင်းဖြစ်ပါတယ်.. ကဗျာ…ကဗျာ (ဝါ) စာပေ…အဲဒီနှစ်ခုလုံးမှာ ပေးစွမ်းနိုင်စွမ်းက နှစ်ခုပဲ ရှိတယ်ဗျ… ကဗျာနဲ့ စာပေက ဘာပေးလည်းဆိုတော့ ……..” သုတ ” နဲ့ ” ရသ ” အဲဒီ နှစ်မျိုးပဲ ပေးတယ်ဗျ… ကာရန်မဲ့ တွေရော ကာရန် ကဗျာတွေရော ကဗျာအားလုံးပေါ့…..အဲဒီနှစ်ခုပဲပေးတယ်…သုတ ကဗျာတွေက ဘာပေးလည်းဆိုတော့ အသိဉာဏ်တွေ ပေးတယ်…..သုတ ကဗျာအများစုဟာ ဖတ်လိုက်တာနဲ့ စာဖတ်သူရဲ့ ဦးနှောက်ထဲကိုပဲ ရောက်တယ်ဗျ…သူက အသိဉာဏ်ပေးတယ်…ရသ ကဗျာကျတော့ မတူဘူးဗျ…သူက ကဗျာတစ်ပုဒ်ဖတ်လိုက်တာနဲ့ အဲဒီကဗျာဟာ .. နှလုံးသားထဲကို တန်းရောက်တယ်.. ရသကဗျာဆိုလို့ ကျွန်တော် ကြိုက်မိတဲ့ဗျာ နှစ်ပုဒ်ရှိတယ်ဗျာ… တစ်ပုဒ်က ဆရာ ဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲက ပန်းပန်လျှက်ပဲ ကဗျာ … သူက ဘာပေးလည်းဆိုတော ့ ကဗျာတစ်ပုဒ်ကို ဖတ်တာနဲ့ ရသ( ခံစားမှုကိုပေးတယ်) ခံစားမှုက နှလုံးသားထဲကို ရောက်တယ်. အဲဒီကဗျာဖတ်လိုက်တာနဲ့ ပထမ စာရေးသူရဲ့ ခံစားမှု …. မဗေဒါလေးရဲ့ စိတ်နေစိတ်ထား…အဲ အဲဒီနောက် တကယ်ကဗျာကောင်းက နှလုံးသားမှာတင် မပြီးဘူးဗျ.. ဦးနှောက်ဆီ သွားတယ်…ဘယ်လိုသွားလည်းဆိုတော့ ကျွန်တော်တို့ စိတ်ညစ်တိုင်း အော် ငါတို့ ဗေဒါလောက်မဆိုးသေးဘူး …မဗေဒါလေးတောင် ကြံ့ကြံ့ ခံနိုင်တာ ငါတို့ ခံရမှာပေ့ါလို့ ဆိုတော့ အတွေးလေး ဦးနှောက်ထဲကို ဝင်သွားတယ်.. ( ကျွန်တော့် ခံစားမှု သီးသန့် စိတ်ညစ်ရင် အဲဒီကဗျာလေး အမြဲရွတ်ပါတယ် ) ..နောက် ကဗျာတစ်ပုဒ်.. ကဗျာဟာ ရှည်တာ တိုတာနဲ့ မတူဘူးဗျ.. ကဗျာဟာ ဝတ္တု တစ်ပုဒ်… ဘဝဇာတ်လမ်းတစ်ခု..အကြောင်းအရာတစ်ခုကို စကားလုံး လေးငါးကြောင်းလောက်နဲ့ ချုံ့ပြထားတာ ဖြစ်တယ်..

Rose White

ဟုတ်ကဲ့ အခုလို လဲ့မွန် မသိတာကို ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်နော် ….

 

Soe Min Tun
ဆိုပါတော့ ” ဆေးလိပ်လည်း(တို)
နေလည်း(ညို) ပြီ
ငါ့(ကို) ပြန်ပို့ကြပါလေ။ ။

တင်မိုး 27.7.2000 ” ဆရာတင်မိုးရေးခဲ့တဲ့ ကဗျာပါ.. ကဗျာလေးက သုံးကြောင်းတည်းဗျ… ကာရန်က 4-3-2 ( လေးလုံးစပ် ကဗျာအမျိုးအစား) ဒါပေမယ့် ဆက်တွေးမယ်ဆိုရင် တွေးစရာ အများကြီးဗျ.. သူက ဘဝဆိုတာကိုပြောသွားတယ်..ဆေးလိပ်နဲ့ ဥပမာ ပေးသွားတယ် (အယူအဆ ကွဲပြားမှု ရှိမှာပါ . ) နေညိုတာကို ( အသက်အရွယ်ရပီ ) လို့ သုံးသွားတယ်… အဲလို ဆက်တွေးစရာတွေ အများကြီး ရှိသွားတယ်..အဲလို ကဗျာအများစုက ပထမ နှလုံးသားထဲကိုရောက်ပါတ်…. ပီးတော့မှ ဦးနှောက်ထဲကို ရောက်တယ်..အဲဒါက သုတနဲ့ ရသ .. ကဗျာရဲ့ ပေးနိုင်စွမ်းပါ ( ရှင်းပြတဲ့အကြောင်းအရာ ကွဲလွဲမှု ရှိနေပါတယ်.. ကျွန်တော် ဆက် ရေးနေပါတယ် .. ဆရာတွေ ကြားထဲ အမြင်လွှဲမှားမှု ရှိရင် ကျွန်တော့် ဝမ်းစာ မပြည့်ဝမှု့လို့ပဲ သဘောထားပီး သည်းခံပေးကြပါနော် )

 

Soe Min Tun
နောက်တစ်ခုက Rose White မေးတဲ့ ကာရန်နဲ့ ကာရန်မဲ့ .. ကဗျာ မှာ အဓိက က ကာရန်ပါ..ကာရန်ဟာ ဘာနဲ့တူလည်းဆိုတော့ ကွင်းလေးတွေနဲ့ တူပါတယ် .. ကွင်းလေးတွေ ကွင်းတစ်ကွင်းချင်းစီကို သပ်သပ်ထားရင် သူဟာ တစ်ကွင်းပါပဲ ..ဒါပေမယ့် ကွင်းလေးတွေကို ချိတ်လိုက်တဲ့အခါမှာ ကွင်းလေးဟာ ချိတ်ကလေးလို ဖြစ်သွားပါလိမ့်မယ်. အဲဒါလိုပဲ ကွင်းလေးတွေ ချိတ်နိုင်ဘို့ကို ကျွန်တော်တို့က ကာရန်နဲ့ တွဲရေးပါတယ်… အဲဒီတော့ ကာရန်တွေဖြစ်လာပါတယ်.. မြန်မာစကားပုံတစ်ခုရှိတယ်ဗျ အကွပ် မရှိတဲ့ကြမ်း ပရမ်းပတာတဲ့..တကယ်တော့ ကာရန်ဆိုတာ အကွပ်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်. သူက စာပိုဒ်တစ်ခု ၊ စာတစ်ကြောင်း ၊ ကဗျာတစ်ပုဒ်ကို ကွပ်ထားတဲ့ အကွပ်တစ်ခုပါ ။ ကာရန်ပြီးတော့ အသံ …ကဗျာဟာ အသံမာတာနဲက အသံပျော့.. အသံမာတာဆိုတာက ( ဇာတိမာန်ကဗျာတွေပေါ့ ) ကဗျာတွေ ဖတ်တာနဲ့ စိတ်က အလိုလို နိုးကြားလာတ်…) ဆိုပါတော့ နိုင်ငံတော် သီချင်းဟာ အရင်က ဆရာတင်ရေးတာပါ…ဒါ ဒို့ပြည် ဒါဒို့မြေ ဒါ ငါတို့ပြည်…( အဲလိုမျိုး သံပြင်းတွေထပ်ခါတလဲလဲ သုံးသွားတော့ လိုက်ဆို/ လိုက်ဖတ်တဲ့လူရဲ့ ရင်ထဲ စိတ်က အလိုလို နိုးကြားလာတယ် ) သံ ပျော့ဆိုတာက အသံ ချို … အသံ သာတာပါ..အလွမ်းကဗျာအများစု .. အသံသာကြပါတယ် .. ကျွန်တော် ကာရန်ကဗျာရေးရင် အသံထွက်ရေးတာဗျ. အသံသာဘို့အဓိက လို့ ခံယူပါတယ်. ” ♥တွယ်မိတာ
နွယ် သိပါစေကွယ်
သမုဒယအမြစ်နွယ်
ရစ်ပတ်နှောင်တွယ်
နှလုံးထဲဝယ်
ထုံးမှတ်ထားတယ်
အချစ်နွယ်….။ ” လူစိုး – တွယ်မိတဲ့ နွယ်မှ ကောက်နှုတ်ချက် ) အဲဒီမှာ ကျွန်တော် အသံသာဘို့ကို ကွယ်…နွယ်.. တွယ်…ဝယ်…တယ်… နွယ်နဲ့ ပြန်ဆုံးထားပါတယ်… အဲဒီကဗျာလေးကို အသံထွက်ပီး ဖတ်လိုက်တဲ့အခါ..စာဖတ်သူဟာ အသံပျော့ပျော့လေးနဲ့ ဖတ်ရပါတယ်.. အဲလို အသံပျော့ပျော့နဲ့ ဖတ်နိုင်ဘို့ကို ကာရန်ယူရပါတယ်..ကျွန်တော်က အဲလို ကာရန်ယူထားတာပါ ) ကာရန်နဲ့ပါတ်သတ်ပီးတော့ အနှစ်ချုပ်ပြောရရင် ကာရန်ဟာ ကွင်းချိတ်လေးတစ်ခုပါပဲ တစ်ခုနဲ့တစ်ခု ချိတ်ဆက်အသုံးပြုရခြင်းကို ကာရန်လို့ ကျွန်တော် ဖွင့်ဆိုချင်ပါတယ်..သံပြင်း သံပျော့ လိုရာသုံးပေါ့ ..မြန်မာကဗျာနဲ့ ပါတ်သတ်ပီး လေ့လာချင်ရင် ဆရာဟယ်ရီလွင်ရဲ့ Wep Page ရှိပါတယ် ..သွားရောက်လေ့လာစေလိုပါတယ်.. ကဗျာရေးနည်းအစုံရှိပါတယ်.. ပထမစပီးရေးလိုသူအနေနဲ့ကတော့ လေးလုံးစပ်လောက်ပဲ ရေးကြည့်ချင်စေချင်ပါတယ်..

အောက်ကဟာက လင့်ခ်ပါ https://harrylwin.blogspot.com

 

Rose White
ကျေးဇူးနော် သူငယ်ချင်း Soe Min Tun လဲ့မွန်ကို နားလည်အောင် သေချာ အချိန်ပေးရှင်းပြပေးလို့လေ နောက်ပြီး လဲ့မွန်ရေးတာတွေကိုလည်း ဖေန်ပေးပါနော် ဒီဂရု ထဲကို ဝင်ခွင့်ရတဲ့ အတွက် တကယ်ကို ပျော်ရွှင်ပြီး လဲ့မွန်မသိတာတွေ အများကြီးကို သိခွင့်ရတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်နော်

Lay Da Khon
အင်း……..လေ့လာချင်ရင်တော့ စိုမင်းထွန်းတို့သင်ပေးပါလိမ့်မယ်..ဝေဖန်ပေးပါလိမ့်မယ် ဂရုထဲရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ကျွန်တော်တို့ သူငယ်ချင်းတွေရေးထားတဲ့ကဗျာတွေကိုလည်း လွပ်လပ်စွာဝေဖန်နိုင်ပါတယ်

Soe Min Tun

ကာရန်အကြောင်း ရှင်းပြပြီးပြီ ဆိုတော့ ကာရန် မဲ့ ပေါ့ …ကာရန်မဲ့အကြောင်း စပြောရရင် ဆရာ တာရာမင်းဝေကို ချန်ထားလို့မရဘူးဗျ.. ကာရန်မဲ့ကဗျာဆရာအများစုဟာ တာရာမင်းဝေ ကဗျာ မဖတ်ဘူးတဲ့လူမရှိဘူး .။ ကာရန်မဲ့ ဒီခေတ် မော်လ်ဒန်ကဗျာပေါ့ .. မော်လ်ဒန်ကဗျာအများစုဟာ ကာရန်တွဲမသုံးကြပါဘူး.. ဒါပေမယ့် ကဗျာရေးတော့မယ်ဆိုရင် မော်လ်ဒန်ကဗျာဆရာဟာ …အရေးကြီးဆုံးတစ်ခုက စကားလုံးကြွယ်ရမယ်ဗျာ.. စကားလုံးမကြွယ်ရင် ကဗျာဆရာမလုပ်နဲ့တော့ ( ကျွန်တော်လည်း ကဗျာဆရာမဟုတ်ဘူးနော် ဝါသနာရှင် ) သူက ဘယ်လိုလည်းဆိုတော့ ကိုယ်ပြောချင်တဲ့အကြောင်း အရာ တစ်ခု Target တစ်ခု ကို ဒဲ့ မပြောဘူးဗျ .. ကွေ့ဝိုက်ပီး ပြောတာ. ဝင်္ကတိလင်္ကတွေ များများသိရတယ်..များများသုံးရတယ်.. အလွန်အကြူးဖွဲ့ဆိုတဲ့ အတိသရဝတိ္တ အလင်္ကတွေ သုံးရတယ် ( ၁ဝ တန်းမှာ သင်ခဲ့ဘူးမှာပါ ) အဲလို ကွေဝိုက်ပီး ဆိုလိုတဲ့ အနက် / အဓိပ္ပါယ်ကိုရောက်အောင် ရေးပြနိုင်တာ ကာရန်မဲ့ကဗျာပါ။ အဲဒီတော့ စာဖတ်သူဟာ လည်း ဝေါဟာရ ကြွယ်ရမယ်.. မကြွယ်တဲ့အခါ ကဗျာဆရာ ပေးချင်တဲ့ အနက်အဓိပ္ပါယ်နဲ့ စာဖတ်သူ ရယူသွားတဲ့ အသိ.. ကွဲလွဲမှုတွေ ရှိလာပါတယ်.. ဆိုပါတော့ ကျွန်တော်တို့ ပင်လယ်ပြာထဲမှာပဲ ရှိပါတယ် ကဗျာဆရာ အေမီဂိုး….. သူ စာတစ်ကြောင်း ကျွန်တော် ရွတ်ပြပါ့မယ်… ” ဆံမြိတ်ဖြေတဲ့ လ ” တဲ့ ကဲ ဘယ်လိုမြင်လည်း တော်ရုံဆို စဉ်းစားမိမှာမဟုတ်ဘူးနော် .. ပြန်တွေးကြည့်… လ လဆိုတာ ညဆိုရင် လင်းတက်တာ သဘာဝပဲနော်…လက ဆံမြိတ်ဖြေတယ်တဲ့ ..ဒါက အတိ္တသရ . အလွန်အကျူး .. လမှာ ဆံပင်မှ မရှိတာနော့ .. ကဗျာဆရာက အလွန်အကျူးဖွဲ့ဆိုလိုက်တာ ဆံမြိတ်ဖြေတဲ့ လဆိုပြီးတော့ .. အမှန်က ကဗျာဆရာက ကွေ့ဝိုက်ပီးပြောတာဗျ..ဟော ဝင်္ကဝုတ္တအင်္လကာမြောက်သွားပြန်ရော.. သူပြောချင်တာက ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက် သူ့ဆံထုံးကို ထုံးထားစဉ်တုန်းက သူ့ခေါင်းဟာ ရှင်းနေတယ် သူ့ဆံထုံးဖြေတဲ့အခါ သူ့ခေါင်းမှာ ဆံပင်တွေနဲ့ သူ့နောက်ကျော(ဝါ) မျက်နှာ ( ဆံပင်ကို အရှေ့ချချင် ချမှာနှော့ ) ကိုမမြင်နိုင်တော့ဘူး .. အဲလိုပဲ သူက လကို ဆံပင် တပ်ပေးလိုက်တာ.. ( အမှန်က လမိုက်ညပေါ့ ) { ” လမှောင်မှောင် ညအရောင် ဆောင်အလင်းမဲ့ ထွန်းကွဲ့ ဖရောင်းတိုင် ” လူစိုး – ဟီးဟီး ညညဆို မီးပျက်လို့ } အနှစ်ချုပ်ဆိုရရင် အဲလိုမျိုး ကွေ့ဝိုက်ပီး သုံးရတာကို ကာရန်မဲ့ (ဝါ) မော်လ်ဒန်ကဗျာလို့ ခေါ်ပါတယ်.. အဲဒီအတွက် ကဗျာရေးသူရဲ့အဓိက အချက်ဟာ ဝေါဟာရ (ဝါ) စကားလုံးကြွယ်ရပါမယ်.. ကာရန်မဲ့ကဗျာ လေ့လာလိုက်စာသူများအနေဖြင့် ဆရာတာရာမင်းဝေ ကဗျာများကိုသာ များများဖတ်၍ စု / တု / ပြု ဆောင်ပုဒ် အား လိုက်နာကျင့်သုံးကြပါလို့ အကြံပေးရင် ကျွန်တော့်ကဗျာ ရှင်းလင်းချက် ဒီမှာပဲ ရပ်မယ်နော် ( ကျေးဇူးတင်ပါတယ်.. ပုံ ..ဘာမှ မဟုတ်တဲ့ လူစိုး )

ကျွန်တော်ရေးတဲ့ ကွန့်မန့်/ ပို့စ် ကို အချိန်ပေးပြီး ဖတ်ရှုတဲ့သူငယ်ချင်းများအားလုံး ၊ အားနာပါးနာနဲ့ like လုပ်သွားတဲ့လူများအားလုံး
( Lay Da Khon ကြီးမပါ – အမှန်က သူ့ဒဲ့ပြောချင်တာ ) အားလုံး ကျေးဇူးတင်ပါတယ်.. ကျွန်တော့်ကွန့်မန့် ကျွန်တော်ရေးတဲ့စာကြောင့် အသိဉာဏ်တစ်ခု တိုးသွားရင်ပဲဖြစ်ဖြစ် ကျွန်တော်လက်ညောင်းခံရကျိုးနပ်ပါတယ် .. ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ နှုတ်ခွန်းဆက်သရင်း အားလုံး မင်္ဂလာရှိတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

ဖြည့်စွက်ချက်

Aung Sithar ကိုစိုးမင်းထွန်းပြောတဲ့ကာရန်မဲ့ဆိုတာမှာနည်းနည်းလေးလိုသလိုလွဲသလိုများဖြစ်နေလား

လို့။ ဟီးဟီးနည်းနည်းအာချောင်တော့မယ်နော်ခွင့်လွှတ်ပေးကြပါ။

၁။ ကာရန်မဲ့ကဗျာကိုရှင်းလင်းရာမှာကွေ့ဝိုက်၍ဖွဲ့သောသဘောနဲ့ဦးစားပေးရှင်းလင်းခြင်း။
(အာချောင်ချက် – ကာရန်မဲ့သည်ဖြစ်စေကာရန်ရှိသည်ဖြစ်စေကဗျာ၏ယျေဘူယျသဘောသည်ကွေ့ဝိုက်

တတ်သောသဘောနှင့်အလွန်အကျုးဖွဲ့ဆိုသောသဘောပါဝင်ပါ၏။)

၂။ စကားလုံးကြွယ်ဝမှုလိုပပ်ခြင်း
(အာချောင်ချက် – ကာရန်ရှိကဗျာသည်ပို၍စကားလုံးကြွယ်ဝရန်လိုပေ၏။အဘယ့်ဆိုသော်ကာရန်လည်း

အကိုက်အဓိပ္ပာယ်လည်းပေါက်ရန်လိုသောကြောင့်)

ယျေဘူယျသုံးသပ်ချက် – ကိုစိုးမင်းထွန်း၏ရှင်းလင်းချက်တို့သည်ကာရန်မဲ့နှင့်ရှိခွဲခြားပြခြင်းထက်ကဗျာ၏ဝေါဟာရ

ပိုင်းနှင့်ကွေ့ဝိုင်ခြင်းသဘောအားပြန်လည်အသုံးချ apply လုပ်ပြခြင်းဖြစ်နေ။

မိမိထင်မြင်ချက် – ကာရန်မဲ့ကဗျာတို့သည်

ကာရန်ကိုတော်လှန်၍ဖြစ်ပေါ်လာရသည်။အဘယ့်ကြောင့်ကာရန်ကိုတော်လှန်ရဆိုသော်

ခံစားချက်ကိုကာရန်နှင့်ဘောင်ခတ်သလောဆိုသောဆန့်ကျင်စိတ်ကဗျာဆိုသောကျယ်ပြန့်

သည့်အနုပညာသဘောကိုဘောင်ခတ်ချင်ကြသလောဟူသောတော်လှန်ခြင်သော

စိတ်ကြောင့်ဖြစ်၏။

ကိုစိုးမင်းထွန်း၏စကားလုံးကြွယ်ဝမှုနှင့်ယှဉ်သော်
ကာရန်မဲ့ကဗျာတို့သည်
အစွန်းရောက်စိတ္တဇစကားလုံးများကိုသုံးတတ်၏

ကာရန်ရှိကဗျာစကားလုံးတို့သည်
ပါဠိဆန်ဆန်အနုအရွကာရန်လှအောင်သုံးတတ်၏။

အဓိကကွာခြားချက်မှာဖတ်၍ကောင်းတာခြင်းတူတူကာရန်ရှိကအသံတူအသံဆင်၍

ကာရန်မဲ့ကအသံမဆင်ပဲစိတ္တဇမော်ဒန်ဆန်ဆန်ရေးဖွဲ့ကြ၏။

မိမိအမြင်သာဖြစ်ပါ၏။ရင်းနှီး၍ကိုစိုးမင်းထွန်းအားမာမည်တပ်၍တို်က်ရိုက်ပြောပါ၏။

ပြောချင်သောအချက်မှာသတ်မှတ်ထားသောဘောင်ဝင်အောင်ဖွဲ့ခြင်းသည်အနုပညာ၏

လက်လှမ်းကိုအကန့်အသတ်ဖြစ်စေ၏။ကာရန်မဲ့ကာရန်ရှိတို့ဖန်တီးမှုတို့၏နောက်ဆက်တွဲ

အဓိပ္ပာယ်သတ်မှတ်ချက်များဖြစ်သည်ကုန်မမေ့ကြကုန်။မိမိ၏အနုပညာမြောက်သော

ဖန်တီးမှုတိုင်းအတွက်အဓိပ္ပာယ်သည်အစဉ်ရှိ၏။အနုပညာတွင်ဖန်တီးမှုသည်အရင်

သတ်မှတ်ချက်သည်နောက်ဖြစ်၏။သတ်မှတ်ချက်အောက်ဖန်တီးမှုပျောက်လျင်တုသော

စစ်သောအနုပညာငြင်းခုန်ခြင်းတစ်ရပ်ပေါ်ထွက်လာအံ့။

(ကဲအာတော့ချော်ပြီးပြီ။ ဝိုင်းဆဲကြကုန်။)

အောင်စည်သာ

( ဝင်ရောက် ရှင်းပြပေးတဲ့ ကိုစည်သာကို ကျေးဇူးတင်ပါတယ် )

@ လူစိုး

5 comments

  • ရာမည

    June 6, 2013 at 11:20 am

    ဆက်ပြီးရေးပါခင်ဗျာ
    ဗဟုသုတရစေပါတယ်
    ကဗျာလေးတွေလည်း ဖတ်ချင်ပါတယ်

  • လူစိုး

    June 6, 2013 at 11:26 am

    ကျေးဇူးဗျို့ ကိုရာမည . ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ 🙂 ကဗျာလေးတွေ တင်ဘို့ထိတော့ မရဲသေးဘူး။ ဆရာတွေ ကြားထဲ အားငယ်ပါဘိ 🙂

  • black chaw

    June 6, 2013 at 11:35 am

    အားပေးဖတ်ရှုသွားပါတယ်ဗျာ…။

  • အလင်း ဆက်

    June 6, 2013 at 10:15 pm

    အင်းးး
    ကျွန်တော်လည်း..ကဗျာ ကို ချစ်သာ ချစ်တာ..
    ကဗျာအကြောင်း..သိပ်မသိ ။
    ပြောလည်း…မပြောရဲသေးး ။

    အခုလို..ကဗျာ အကြောင်း..တွေ ဘာတွေ ပြောလာရင်တော့..လေးစားစွာ…
    ဖတ်ရှု မှတ်သားချင်စိတ် ဖြစ်ပါတယ် ။
    များများလည်း.ပြောကြစေချင်ပါတယ် ။
    များများ နားထောင်ချင်လို့ပါ ။

    ကာရန် ( တချို ့ ကာရံလို ့ရေးတယ် ။ ကာရန် လို့ရေး မှ မှန်တယ် ထင်ပါတယ် )
    မော်ဒန်….
    ဘာကဗျာဖြစ်ဖြစ်..ချစ်စရာကောင်းလို ့..ချစ်ပါတယ် ။

    အဲ..ခေတ်လူငယ်ပီပီ….
    Modern ရဲ ့..လွတ်မြောက်မှု နယ်ပယ်ထဲက.. ကဗျာကို တော့
    အချစ်ပို…မိပါကြောင်းးးးး

    ဒါပေမယ့်..လောကမှာ…
    ပန်းတွေ အမျိုးမျိုး..ခေါ်ဝေါ်ပုံတွေ…..
    ပွင့်ကြပုံတွေ……
    အနံ ့တွေ…….
    အရောင်တွေ…….
    ကွဲပြားခြားနားချင် ခြျားနားပါလိမ့်မယ်။

    ဒါပေမယ့် ပန်းဆ်ိုတဲ ့ သဘောကတော့…တစ်ခုထဲ…ပါပဲ ။

    အဲ…သလိုပါပဲ….။

    ကျွန်တော်ကတော့…..ကဗျာကို ကဗျာလို ့ပဲ.. သဘော / မှတ်ယူပြီး…
    ဒီနေ ့အထိ ချစ်နေမိဆဲ…..

    ကဗျာနဲ ့ ပက်သက်ပြီး..အများကြီးပြောချင်ပေမယ့်..
    မပြောရဲ လို ့….
    ဒလောက်ပါပဲ….

    ===========
    ဆက်လက် တင်ပြပါဦး…မိတ်ဆွေ….

    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • လူစိုး

    June 7, 2013 at 12:56 pm

    ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ မိတ်ဆွေ.။
    လက်လှမ်းမှီသလောက် လေ့လာတင်ပြခြင်း ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ပညာရှင်မဟုတ်သေးပါဘူး ။ ကြိုးစားပါဦးမည် 🙂 Thanks For All !

Leave a Reply