ပျော်ခဲ့ ရွှင်ခဲ့

ခင်ခဲ့ မင်ခဲ့

ကြင်ခဲ့ရသူတွေနဲ့ပါ

တစ်ဘဝစာ ထင်ခဲ့ပေမယ့်

မမြင်ရတဲ့ ကံကြမ္မာ

ဇာတ်ဆရာ အလိုကျ

ခရီးနှင်ရဦးမှာမို့

စို့နေတဲ့ မျက်ရည်

အခက်ပွေခဲ့ နှလုံးသား

သုဉ်းသွားတဲ့ ခံစားမှု

အမှန်စကားတစ်ခု

စုဖြစ်ခဲ့သော အပျော်တွေ

ချော်ရည်လိုမခဲ

အရင်အတိုင်းပဲပေါ့

အခုတော့လေ

ကြမ္မာစေခဲ့တဲ့ တစ်ပြည်တစ်ရွာ

ထွက်လို့သာ ခွာခဲ့ရ

ပြာလဲ့လဲ့ကျနေတဲ့ ကောင်းကင်

အဟောင်းတွေ ပြန်မြင်

နင်တို့ရဲ့  ရင်ထဲမှာ

ငါ ဆက်ရှိလေမလား

ဝေဝါးဝါးနဲ့ မျှော်လင့်

တော်သင့်ခဲ့တာ မဟုတ်ပေမယ့်

စုတ်နေတဲ့ ဘဝလှေခေါ်ရာ

အပျော်တွေမပါ

ငါ

ငါ သွားတော့မယ်ကွာ ၊

 

9

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..