ရွာကလေးကိုတဲ့ နူတ်ဆက်ပြီ

ပျော်ခဲ့ ရွှင်ခဲ့

ခင်ခဲ့ မင်ခဲ့

ကြင်ခဲ့ရသူတွေနဲ့ပါ

တစ်ဘဝစာ ထင်ခဲ့ပေမယ့်

မမြင်ရတဲ့ ကံကြမ္မာ

ဇာတ်ဆရာ အလိုကျ

ခရီးနှင်ရဦးမှာမို့

စို့နေတဲ့ မျက်ရည်

အခက်ပွေခဲ့ နှလုံးသား

သုဉ်းသွားတဲ့ ခံစားမှု

အမှန်စကားတစ်ခု

စုဖြစ်ခဲ့သော အပျော်တွေ

ချော်ရည်လိုမခဲ

အရင်အတိုင်းပဲပေါ့

အခုတော့လေ

ကြမ္မာစေခဲ့တဲ့ တစ်ပြည်တစ်ရွာ

ထွက်လို့သာ ခွာခဲ့ရ

ပြာလဲ့လဲ့ကျနေတဲ့ ကောင်းကင်

အဟောင်းတွေ ပြန်မြင်

နင်တို့ရဲ့  ရင်ထဲမှာ

ငါ ဆက်ရှိလေမလား

ဝေဝါးဝါးနဲ့ မျှော်လင့်

တော်သင့်ခဲ့တာ မဟုတ်ပေမယ့်

စုတ်နေတဲ့ ဘဝလှေခေါ်ရာ

အပျော်တွေမပါ

ငါ

ငါ သွားတော့မယ်ကွာ ၊

 

9

20 comments

  • ကြက်အူလှည့်

    June 6, 2013 at 12:53 pm

    ဘယ်သွားမလို့လဲ အူးလေးရဲ့ ??

  • marblecommet

    June 6, 2013 at 12:58 pm

    ဘယ်သွားမလို့လဲ အူးလေးရဲ့ ??

  • သွားမှာဆို သွားပါ
    ဒါမယ့် ..
    လက်တော့ မပြခဲ့နဲ့
    လက်ပြရင်
    အဲ့ဒီလက်ကို ဖမ်းဆွဲထားမိမှာစိုးလို့ …..

  • may july

    June 6, 2013 at 1:40 pm

    အယ် ကဗျာလား တကယ်နှုတ်ဆက်တာလား …
    လင်းပါဦးဗျ ..
    ဟိုလိုလို ဒီလိုလို တော့ လုပ်ပါနဲ့ ဂျာ .. :eee:

  • Ma Ma

    June 6, 2013 at 2:20 pm

    ရွာသူားတွေက အသည်းငယ်ငယ်ရယ်။
    ပုံကြည့်ရတာတော့ ဒီရွာကို လက်ပြဟန်မတူဘူး။
    :hee:

  • Wow

    June 6, 2013 at 3:05 pm

    အိုက်လှေရီးနဲ့သွားမှာလားဟင်…
    ပြန်လာရင် ငါးပိ၊ ငါးခြောက်တွေသယ်ခဲ့ရမယ်နော်… :mrgreen:

  • Shwe Ei

    June 6, 2013 at 3:14 pm

    ကွန်နက်ချင်မိတဲ့ နေရာရောက်တိုင်း ပြန်တေ့ရအုံးမှာဘာ အူးလေးရယ်…..

    ဂလောက်လဲဝမ်းမနည်းဘာနဲ့ :byae:

  • ခင် ခ

    June 6, 2013 at 3:47 pm

    တကယ်ဘဲလားဟင်
    အဟုတ်လားဗျာ။

  • အရီးခင်လတ်

    June 6, 2013 at 3:56 pm

    ဒီလို မပြေးပါနဲ့ ကိုမျိုးရေ။
    အားချိန်မှ ဝင်ဝင် လာလဲ ရပါတယ်။

  • TNA

    June 6, 2013 at 4:33 pm

    ကဗျာလား ဂယ်ဂျီးနှုတ်ဆက်တာလားဟင်။ နှုတ်မဆက်နဲ့ ငိုချင်ဒယ်။

  • padonmar

    June 6, 2013 at 7:57 pm

    ဟေ့လူ
    ဆုယူရအုံးမှာလေ၊
    ဘယ်သွားမလို့တုန်း။
    ဒီလိုကြီးတော့ လေစိမ်းမတိုက်နဲ့ဗျာ။

  • black chaw

    June 6, 2013 at 8:49 pm

    ကိုမျိုးသန့်ရေ…။
    ကဗျာဆရာ ကဗျာရေးတယ် လို့ပဲ ခံစားသွားပါတယ်…။
    ရွာကလေးကတော့ အမြဲတမ်း နွေးနွေးထွေးထွေးပါပဲဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • kai

    June 7, 2013 at 4:04 am

    ပုံထဲကရွာက.. လူနေရွာလား.. အလုပ်လုပ်ရင်းခဏနားတဲ့တဲတွေလားမသိရပေမယ့်… စိတ်ဝင်စားစရာအကောင်းသား..

    သဲတွေရောင်း/ဝယ်ကြတာလားမသိ…။

  • ဦးကြောင်ကြီး

    June 7, 2013 at 8:53 am

    သာမီးလေးတော့ ကျန်ခဲ့မယ်မား….. ဟိုကောင်လေးဒေါ့ ခေါ်သွားပါဗျာ.. ဦးမျိုးမရှိရင် ဘယ်သူထိန်းမလဲ.. ရှုပ်ကရှုပ်နဲ့… မင်ဂါဆောင်ရင် ဖိတ်စာပို့ပေးမယ်၊ လူမလာဂျင်နေ လက်ဖွဲ့ပို့ရင် လုံလောက်ပီ :harrr:

  • KZ

    June 7, 2013 at 8:58 am

    ကိုမျိုးသန့် ကြီး။
    ဘယ်သွားမို့တုန်းရယ်။

    ပြန်လာရင် မုန့်ဝယ်ခဲ့။

  • kyeemite

    June 7, 2013 at 10:24 am

    ကိုမျိုးသန့် သဲသွားဝယ်တဲ့ ရွာလေးကိုနှုတ်ဆက်နေတာပါ… 😆

  • Myo Thant

    June 7, 2013 at 12:17 pm

    ကြက်အူလှည့် , marblecommet , အလင်း ဆက် , မဟာရာဇာ အံစာတုံး , may july , Ma Ma Wow , Shwe Ei , ခင် ခ , အရီးခင်လတ် , TNA , padonmar , black chaw , kai ဦးကြောင်ကြီး , KZ , kyeemite ,

    အားလုံးကို ကျေးဇူးတင်ပါတယ် ၊
    ကျနော်အခု ရွာအဝင် ညောင်ညိုပင်အောက်မှာ စိတ်ကောက်တတ်တဲ့ ရွာသူတစ်ယောက်နဲ့ စကားပြောနေပါတယ် ၊ ပြီးမှ ရွာလယ်လမ်းကနေ ဝင်ခဲ့ပါမယ်ဗျာ ၊ 🙂 🙂 🙂

    • TNA

      June 8, 2013 at 6:59 pm

      အော်လန့်တွားဒါဘဲ။ တခြားရွာကိုလူပျိုတွားလှည့်နေဒါဂိုး။ ဟိုဘက်ရွာမယ်အဆင်မပြေခဲ့ဘူးမှတ်တယ်။ အာဟဲ ( အရဂါးစဒါ။ အတည်ပေါဒါ။ ဂယ်မှတ်နဲ့နော် )

  • marblecommet

    June 7, 2013 at 9:36 pm

    လူဇိုး…..

Leave a Reply