သူတို ့ယာတဲအိမ်

ဥရောပမြေက ယာတဲပါဘဲ..။ ဂျုုံစိုက်မယ်..သီးနှံစိုက်မယ်.. နွားတွေ သိုးတွေ မွေးမြူရေးလုပ်မယ်..။

မြင်ကွင်းလှပါတယ်..။

ဆွဲလို ့လဲ ကောင်းပါတယ်.. ဆီဆေးကို ကင်းဗတ်စပေါ်မှာ KNIFE နဲ ့ရေးဆွဲထားတာပါ..။

ကျနော်တို ့ဆီက ယာတဲလိုတော့…ခွေးဟောင်သံ၊ ယုန်လိုက်သံ၊ တောထိုးသံ..။

ထန်းတောထဲက ဖောက်ထွက်နေတဲ့ မြူခိုးတွေ.. ထန်းရွက်ခြင်း ပွတ်တိုက်တာတွေ..လေအဝှေ ့အရမ်းမှာ ထန်းလှေကားက တကျွီကျွီ မြည်သံတွေ..

ထန်းမြူအိုးခြင်း ပွတ်တိုက်သံ.. နွားခလောက်သံ..နွားကျောင်းသားရဲ ့ပုလွေ သံ…. နေဝင်စ ချိုးဌက်ကူသံ……ဘာမှ..

ဘာမှ.. မရှိပါဘူး…

အဲဒါတွေကိုဘဲ ကိုယ့်မှာလွမ်းနေရတာလေ…။

 

ကျော်စွာခေါင်

ဥရောပ တောင်ယာ
ဥရောပ တောင်ယာ

24 comments

  • kai

    June 7, 2013 at 1:27 am

    ခဲရော.. ရေဆေးရော.. ဆီဆေးရော.. လေးစားပါရဲ့ဗျာ…။
    ရန်ကုန်မှာရော.. ရေးခဲ့ဖူးလားဗျ..။

    • kyaw swar kaung

      June 7, 2013 at 2:31 am

      Kai
      အားပေးတာ ကျေးဇူးပါဗျာ..
      ရန်ကုန်မှာ ခဏ ဆက်သွယ်ဘူးပါတယ်.. နာမည်ကြီး ရုပ်ပြဆရာက ဆက်သွယ်တယ်လေ..ခဲလိုင်းကောက်ပေးဘို ့..
      ၁ဖောင်ကို… း ) ၁၆မျက်နှာကို ဟိုတုန်းက ၈ဝ ကျပ်တောင်ပေးမယ်တဲ့.. အဲဒီတုန်းက ကျနော်က တနေ ့ လုပ်ခ ၇၀ဝ ကျပ် ရတဲ့
      အလုပ်မှာပါ..။ သူကတော့ မသိရှာပါဘူး…။ နောက်ဗိုလ်ချုပ်ဈေး လောကကို ပုံသွားပြတော့ နှိမ်လိုက်ကြတာဗျာ.. ပန်းချီကို နားမလည်ဘဲ ဈေးကဆစ်နေသေးတယ်..သူပေးတဲ့ ရေဆေး ၁ ကားဘိုးက တာမွေ ဆူးလေ တက္ကဆီတခြမ်း ခတောင် မရှိပါဘူး..။
      ကျနော်နဲ ့မကိုက်ပါဘူး..အကိုရာ..။ ကျနော်ကလည်း ခပ် အအ ရယ်နဲ ့..။
      ရန်ကုန်မှာ မဆွဲခဲ့ဘူးလို ့ပြောရမှာပါဘဲ..။

      ကျော်စွာခေါင်

      • kai

        June 7, 2013 at 3:42 am

        အယ်လ်အေမှာ.. ကိုယ့်ပန်းချီကားတွေ.. ချရောင်းလို့ရတဲ့.. ပင်လယ်ကမ်းခြေလူစီတဲ့နေရာတွေရှိတယ်..။
        ပန်းချီကားတွေပြခန်းတင်ရောင်းတဲ့မြို့လေးတွေလည်း.. ယူအက်စ်အလယ်ပိုင်းမှာရှိတယ်..။
        .. မြန်မာပန်းချီပြခန်းလေးတခုလုပ်ဖို့တောင်..စုံစမ်းဖူးသေးတယ်.. ၊
        ယူရုတ်မှာလည်းရှိမှာပဲ..

        ပုံတွေဆွဲပြီး.. သိမ်းမထားနဲ့ဗျို့..
        ထုတ်သာပြ..

        • Ma Ma

          June 7, 2013 at 6:37 am

          @ kyaw swar kaung
          ကြိုဆိုပါတယ် ပန်းချီဆရာကျော်စွာခေါင်ရေ။
          ရွာထဲမှာ အနုပညာတစ်မျိုး ထပ်တိုးလာတာကို ကြိုဆိုတဲ့အပြင်….
          ပန်းချီကားလေးတွေကိုလည်း သဘောကျလို့ပါ။
          ဒါ့ထက် ကိုယ့်အမြင်နဲ့ကိုယ် ပြောရရင် သူတို့ယာတောက ပျင်းစရာကောင်းနေသလားလို့ :kwi:
          @ သဂျီး
          စီ ဆိုတာ ပစ္စည်းစီ၊ စီစဉ်၊ စာစီကုံး၊ စီမံ၊ စီရင်ထုံး စတာ တွေကို သုံးပြီး၊
          စည် ကိုမှ စည်ကား၊ စည်ပင်၊ စည်ပိုင်း၊ စည်သွတ် ဆိုတဲ့နေရာတွေမှာ သုံးပါတယ်။
          ဘုန်းကြီးစာချတယ်လို့တော့ မထင်ပါနဲ့ နောာာာာာာာာာာ :harr:

  • black chaw

    June 7, 2013 at 7:06 am

    ပန်းချီကားဆိုဒ်လေးကို
    နည်းနည်းကြီးပေးလိုက်ရင်
    ကြည့်ရတာပိုအဆင်ပြေသွားပါလိမ့်မယ်ဗျာ…။

    • kyaw swar kaung

      June 8, 2013 at 1:52 am

      ကိုဘလက်ချော..
      ကျနော် ကြိုးစားကြည့်ပါဦးမယ်.. ကလိကြည့်ပါ့မယ်..နောက်ပုံတင်တဲ့အခါ။

  • KZ

    June 7, 2013 at 8:44 am

    ဆီဆေးကတော့ ထုံးစံအတိုင်း အရောင် စိုစိုနဲ့ ကြည့်ရတာ ပသာဒဖြစ်သဗျ။
    :hee:

    ဒါမဲ့ ကျနော့ စိတ် အရဆို ရေဆေးနဲ့ ခဲခြစ်ကို ရင်ခုန်ကြောင်းပါ။

    ရ တန်းတုန်းက ကိုယ့် စီနီရာ တစ်ယောက် စာရွက်ကို ရေစိမ်လိုက်ပြီးမှ ဆေးရောင်လိုက် တို့ ပြီး ကိုယ့်မျက်စိရှေ့တင် ပန်းချီကားလေးဖြစ်သွားတာကို မြင်ဘူးရာက စ တာပေါ့။ အဲ့ နည်း က ဘာခေါ်တုန်းတော့မသိ။
    ခဲခြစ်ပုံတူကတော့ လက်ဆောင်ရဘူးတယ်။
    ကယ်ရီကေးချားကတော့ အဆွဲ မခံရဲလို့ ဘေးကပဲထိုင်ကြည့်ခဲ့တယ်။ :mrgreen:

    ဒါနဲ့ ကိုကမ်း ရော ဒီ ပို့(စ) ကို မလာဘူးလားမသိ။
    ဒီ လူဂျီးနဲ့ လည်း ပန်းချီအကြောင်း အတော်ပြောလို့ ကောင်းမဲ့ပုံပဲ။ စကားစပ်ဖူးတယ်။
    :harr:

    • kyaw swar kaung

      June 8, 2013 at 2:05 am

      KZ ခင်ဗျား..
      ပန်းချီရဲ ့အခြေခံက ခဲခြစ်ပါဘဲ..ခဲခြစ်ကိုလည်း အောက်သက်ကျေဘို ့ပါတယ်..။ နောက်ရေဆေး..သူက တကယ်ခက်တာဗျ..။
      ဆီဆေးက ကိုယ်လိုချင်သလိုရတယ်.. ရေဆေးက တကယ်မလွယ်တာပါ..။ ဥပမာ ပြောရရင်.. ဆိဆေးက ကိုယ်ညှိယူလို ့ရတဲ့
      ဇနီး တယောက် ဆိုရင်.. ရေဆေးက သူများနဲ ့ပြိုင်ပိုးပြီး ချစ်ခွင့်ရခဲ့တဲ့..ငယ်ရည်းစားလိုဘဲ..။ အမိန် ့ပေးလို ့မရဘူး..
      ကြမ်းလို ့မရဘူး..သူ ့အထာကိုသိရမယ်.. တချက်အမှားမခံဘူး…။ ဆီဆေးကား အရောင်မှားလို ့ပစ်ရတာ မရှိဘူး..။
      ရေဆေးဘဲ …ရေ+ဆေး+စက္ကူ+ စုတ်ချက်+ အချိန်အဆ အားလုံးက တိုင်ပင်ကိုက်နေရမယ်.. တခုခု အချိုးအဆ တိမ်းသွားတာနဲ ့
      ပစ်လိုက်ရတော့တာဘဲ..ဘယ်လိုမှ ဆက်ထိန်းဆွဲလို ့ မလွယ်တော့ဘူး..ရည်းစားနဲ ့ကိုယ် အယူအဆ တခုခု လွဲမှားလို ့ကိုယ့်ကို သူက
      စွန်ူပစ်သွားသလိုဘဲ…။ အရသာကွာတယ်ဗျ..။ ဆိဆေးမှားတာက မိန်းမနဲ ့စကားများပြီး အိမ်ကနေ သူထွက်သွားမယ်..
      နောက် စိတ်လည်ပြီး ပြန်ရောက်လာတာဘဲ..ဆက်ပေါင်းတာဘဲ..အဲလိုမျိုး…။
      အကိုပြောတဲ့ စက္ကူကို ရေဆွတ်တာက WASH လုပ်တယ်လို ့ခေါ်ပါတယ်.. ရေမျှော အစို ဆွဲနည်းပေါ့..။ ရေမဆွတ်ဘဲ
      အခြောက်ဆွဲနည်းလဲ ရှိသေးတယ်..( မိတ်ကပ် ခင်စန်းဝင်းကို ဆွဲတာ မဟုတ်ပါ) ။ နောက်ကြုံရင် ရေးဆွဲနည်း ၂ခုယှဉ်ပြီး ပုံတင်ပေးပါ့မယ်။

      • ကြက်အူလှည့်

        June 8, 2013 at 8:25 am

        ပုံတွေကိုကြည့်ပြီး လေးစားနေတာဗျ
        မတိုက်ဆိုင်သေးလို့ဝင်မမန့်ဖြစ်တာ.
        သို့သော် အခုဒီ. ကောမန့်မြင်ရတော့မှ.
        ကိုယ့်ဆြာက ငြင်းဖိုမြလိုအောင် အမှန်တကယ်
        တတ်ကျွမ်းပြီး အကျအန နားလည်ထားတဲ့အပြင်
        လူပြိန်း(မဇာယီးကိုလူပြိန်းလို့ပြောတာမဟုတ်ပါ)
        ဆိုင်ရာ ပရိုလောကက စကေးလ်မျိုး မရှိတဲ့
        သာမာန်လူ နားလည်အောင် ပြတ်ပြတ်ထင်ထင်
        ရှိအောင် ရေးနိုင်ချပြနိုင်စွမ်းသူပါလားရယ်လို့
        ထပ်မံလေးစားမိကြောင်းရယ်ပါ

        တော်သေးဘီ
        ခင်တဲ့
        ဂီ

      • KZ

        June 8, 2013 at 10:50 am

        အဲ။ ကြက်အူလှည့်ရယ်။
        ညည်းမဟုတ်ဘူးပြောမှ နာ လူပြိန်းဖြစ်ပါပြီ။။
        ဟီး။ ဟုတ်လည်း ဟုတ်ပါတယ်။ အနုပညာ မှာရော၊ နည်းပညာမှာရော အတော်ပြိန်းတာပါ။ :mrgreen:

        ရှင်းပြတဲ့ ကိုကျော်စွာခေါင်ကိုလည်း ကျေးဇူးပါ။
        နောက်များလည်း မရှင်းတာရှိရင် အားမနာတမ်းမေးပါရစေလို့။
        :hee:

        Regards
        (Ms) KZ

  • lele kyi

    June 7, 2013 at 11:09 am

    စိတ်ကူးထဲမှာပန်းချီဆွဲမယ်။ Piano တီးမယ်။ ဓါတ်ပုံရိက်မယ်။ ခရီးသွားမယ်။ ဒါပေမဲ့ အဲဒါတွေ တစ်ခုမှဖြစ်မလာဘူး။ 🙂
    ပန်းချီဆွဲတာ genius ဖြစ်တဲ့ သူတွေလို့ထင်မိပါကြောင်း။
    ဥရောပ ရဲ့. မလှပတဲ့ ပုံရိပ်တွေကို ဆွဲရင် ပိုလှပ မယ်ထင်မိပါကြောင်း။ 🙂

    • ကြက်အူလှည့်

      June 8, 2013 at 10:54 am

      လဲ့ဂလေး ပျာနိုတီးချင်ယင် လာခဲ့ယီ.
      ကိုဂီ့နဲ့ တူတူပျာနိုတီးဂျဒါပေါ့ကွီ
      ခိခိ

  • Mr. MarGa

    June 7, 2013 at 12:08 pm

    ဟီး……..
    ပြောရရင်
    ပန်းချီကို
    လက်နဲ့ရော ကွန်ပျူတာနဲ့ပါ ဘယ်လိုမှ မဆွဲတတ်ဖူးဗျ
    ဒါကြောင့် ဆွဲထားတာကိုပဲ ကြည့်ရှုခံစား အားပေးသွားပါတယ်ဗျို့

  • Foreign Resident

    June 7, 2013 at 1:11 pm

    ကို ကျော်စွာခေါင် ရေ ။
    ပန်းချီကားလေးကို သဘောကျပါတယ်ကွယ် ။

  • kyeemite

    June 7, 2013 at 1:17 pm

    ပန်းချီလက်ရာကောင်းလှပါသဗျာ…
    ကျုပ်လည်းဆွဲတတ်ချင်လိုက်တာ.. :hee:
    ကျုပ်ငယ်ငယ်က ဗိုလ်ချုပ်ပုံကို ကြည့်ဆွဲဖူးတယ်
    ပီးသွားတော့ ဗိုလ်ချုပ်ခမြာ ရုပ်ဆိုးသွားရှာလို့ ပုံဆွဲတဲ့အလုပ်စွန့်လိုက်ရပါဂျောင်းးး :kwi:

  • Shwe Ei

    June 7, 2013 at 2:03 pm

    အော် အနုပညာနဲ့ ဝေးပုံများ…သူများတွေ ကောင်းတယ် လှတယ်ပြောလို့မှ

    ဘယ်ဟာကိုလိုက်ကြည့်ရမှန်းမသိ…ဖြစ်ပုံ :byae:

    ရှုခင်းပုံဖြစ်လို့ သဘောကျကြောင်း….မြက်ခင်းတွေပါလို့ ပို..ပိုသဘောကြကြောင်း :mrgreen:

  • ဗုံ ဗုံ

    June 7, 2013 at 2:24 pm

    လှလိုက်တာ ပန်းချီဆွဲထားတာနဲ့တောင်မတူဘူး ဓာတ်ပုံရိုက်ထားတဲ့အတိုင်းဘဲ.. တော်လိုက်တဲ့ အူးလေး :mrgreen:

  • cobra

    June 7, 2013 at 6:40 pm

    ရွာကြီးထဲမှာ တကယ်ကိုလူစုံလာပီပဲ
    လေးစားအားကျမိပါတယ် အကို

  • padonmar

    June 7, 2013 at 9:14 pm

    မနေ့က လမ်းပေါ်မှာ ကတ်ထူပြားပေါ် စုတ်တံနဲ့ ရှုခင်းပုံတွေ ဆွဲပေးနေတဲ့ ကလေးမလေးတွေ့မိတယ်။
    လက်ရာမြောက်သား။
    စုတ်တံအပြားကြီးကို ဆေးအစိမ်းတို့ပြီး စက္ကူဖြူပေါ်အပြားလိုက် တို့တို့သွားတာ မျက်စိရှေ့တင် သစ်ပင်ကြီးဝေဝေဆာဆာဖြစ်သွားရော။
    ကိုယ်က အဲသလောက်တောင် တအံ့တဩဖြစ်နေရတာ…
    ဒီလို လက်ရာကတော့ အံ့ချီးမကုန်ပဲ။

    • kyaw swar kaung

      June 8, 2013 at 2:27 am

      ပဒုမ္မာ
      ချီးကျူးတာလဲ.. ကျေးဇူးတင်ပါတယ်ဗျာ…ဒါပေမယ့် ကျနော်က ရွာကို တခါမှ မလာဘူးဘဲ ပထမဆုံးရောက်လာတဲ့
      ချောက်တိချောက်ချက် မျက်လှည့်ဆရာ အဆင့်လောက်ပါ.. တကယ့်ဆရာကြီးတွေ မလာခင်အထိတော့ ရွာသားတွေ အတွက် အထူးအဆန်း ဖြစ်ပြီး..အံ့ဩ ချီးမွမ်းကြသလိုပေါ့..။
      ကျနော့်ထက်တော်သူတွေ မြန်မာပြည်မှာ အများကြီးပါ… အခြေအနေ အချိန်အခါ ကြောင့် သူတို ့မပေါ်လွင်နိုင်ကြတာပါ..။
      ကျနော့် အားပေးသလို သူတို ့ကိုလဲ အားပေးကြပါဗျာ..။ မနေ ့ကတွေ ့တဲ့ ပန်းချီဆွဲနေတဲ့ ကလေးမလေးတွေ တွေ ့ရင်လည်း အားပေးပါ..။ ၉၈ ခုနှစ်လောက်ကထင်ပါတယ်..နီလာဒန်ပေါက်တပွဲ ၂၀ဝ ကျပ်လောက်ဘဲ ပေးရတဲ့အချိန်က ၃၂ လမ်းလားမသိဘူး..ကာကာကြီး ပန်းချီဆိုင်မှာ အင်္ဂလန်ရေဆေး စူတ်တချောင်း ၅၀၀ဝ ကျပ်နဲ ့ကျနော် ဝယ်တာကို ငေးကြည့်နေတဲ့ ပန်းချီ ကျောင်းသားလေးတွေ မျက်လုံးကို ကျနော် အခုထိ မမေ့နိုင်သလို စိတ်လည်းမကောင်း ဖြစ်နေတုန်းပါ..။
      နောက်လူငယ်လေးတွေကိုလည်း အားပေးကြပါလို ့ တောင်းဆိုပါရစေ..။

  • မောင် ပေ

    June 8, 2013 at 8:01 pm

    ပန်းချီအနုပညာ ကို ကောင်းကောင်းနားမလည်ပေမယ့်
    ကိုကျော်စွာ့ လက်ရာ ကို အားပေးသွားပါတယ်
    အဲဒါ … အဲဓါ

  • lele kyi

    June 8, 2013 at 11:03 pm

    ဒီမယ်-ဆြာဂီ။ ရှင်တို့ပြောပြောနေတဲ့ piano ကိုသေသေချာချာမသိပေမဲ့- တကယ့်piano မဟုတ်မှန်းရိပ်စားမိတယ်။ တကယ့် piano လည်း အနားမကပ်နိုင်လို့ လက်တွေ့ဘဝ က ကီးဘုတ်ကိုပဲတီးတော့တယ်။ (computer’s keyboard) တော်ကြာ တမျိုးအဓိပါယ်ကောက်နေဦးမယ်။ 🙂

    • ကြက်အူလှည့်

      June 9, 2013 at 12:46 am

      စွာထှာ.

  • ရွာစားကျော် မင်းနန္ဓာ

    June 8, 2013 at 11:05 pm

    အားပေးသွားပါတယ်ဗျာ..
    ရေဆေးနဲ့ ဆီဆေး ခွဲခြားပြတဲ့ ဥပမာလေးလဲ သဘောကျသဗျာ..

Leave a Reply