အရောင်ရင့်မှတ်တမ်း ( ဂျွန် ၂၀၁၃ )

kaiJune 7, 20135min65562

*****************************************************
BURMA RELATED NEWS – JUNE 05, 2013
*****************************************************
Reuters – Four dead as Myanmar violence spills into Malaysia – police
AP – News Summary: Forum draws powerful to Myanmar
AP – Prestigious forum draws decision-makers to Myanmar
AFP – Reforming Myanmar courts investors at ‘Asia’s Davos’
AFP – Three Rohingya die in clash with Myanmar security forces
PR Newswire – ManpowerGroup Leads World of Work Discussions at World Economic Forum on East Asia 2013
Business Insider – Ethnic Violence Isn’t Stopping Legendary Investors From Betting On Myanmar
Christian Science Monitor – How Madeline Albright discovered she was on Myanmar’s blacklist
UPI – Myanmar on notice for WEF conference
The Nation – – Myanmar capital abuzz with international meet
The Nation – To secure its future, Mynamar must learn from its past
New Kerala – Myanmar, Cambodia to work on smart visa
Aljazeera – Malaysia detains Myanmar migrants over deaths
Deutsche Welle – Myanmar: Banknotes in boxes and power outages
ITP Net – Soros fund to rival Qatar for Myanmar licence
The Irrawaddy – Mandalay Parents Pull Children from School amid Rumors of Religious Violence
The Irrawaddy – Prepaid Payment System to Install on Circular Trains
The Irrawaddy – Digicel Lays on the Charm Offensive in Burma
Mizzima News – Light at the end of the tunnel for Yangon
Mizzima News – Myanmar signs up for smart visa tourism
Mizzima News – Myanmar gets competitive edge
DVB News – Fearing repatriation, Mae La refugees shun profiling survey
DVB News – With five hours of power, industrial zones continue to struggle
*****************************************************
*********************************************************
BURMA RELATED NEWS – JUNE 01-03, 2013
*********************************************************
AFP – Myanmar news editor wins media freedom award
AFP – Myanmar web users looking online for freedom
AFP – Myanmar leader vows to curb poverty
AP – How a Myanmar tycoon is profiting from change
Asia News Network – Two Myanmar Buddhists murdered in M’sia
Asia News Network – Myanmar still underdeveloped despite reforms, says Thein Sein
Asia News Network – Myanmar urged for budget transparency
Asia News Network – MasterCard, Visa expand operations in Myanmar
Bloomberg – Myanmar Hosting VIPs to Expose Country’s Growth Challenge
Bloomberg – Digicel-Soros Consortium Promises $9 Billion Myanmar Investment
PR Newswire – Digicel Consortium Submits Tender For Mobile Phone Licence In Myanmar
The Christian Science Monitor – China boosts oil presence in turbulent Myanmar
The Christian Science Monitor – Myanmar’s youth wait for key fruit of reform: jobs
UPI – Trade could equal pressure for Myanmar
The Hindu – Myanmar completes 800-kilometre gas pipeline to China
Gulf News – Myanmar to examine 2-child rule for Rohingya
BD Live – MTN gets boost in Myanmar bid
The Nation – Ways to maintain growth in Myanmar
Bangkok Post – WEF delegates make first trip to Myanmar
BBC News – UK forces chief in Burma to build links ties with military
Bernama – 300 Young Global Leaders Gather In Myanmar For Annual Summit
The Irrawaddy – Anti-Letpadaung Mine Activists Condemn Detained Protesters’ Sentences
The Irrawaddy – Former US Chief Diplomat Madeleine Albright to Assist Burma in Reform
Mizzima News – Thein Sein to Inaugurate World Economic Forum
DVB News – After spate of violence, govt calls on Malaysia to help protect citizens
*********************************************************

Immigration Bill Puts Focus on Red-State Democrats

By Caitlin Huey-Burns – June 5, 2013

“I don’t want a bad bill; I want a good bill to not have a third wave [of illegal immigration]. But the politics of this is pretty clear: The party that is seen as stopping immigration reform is going to pay a heavy price,” he told reporters. “If we’re not able to pass immigration reform in 2013 and it’s the Republican Party’s fault, we’re dead in 2016.”

Read more: http://www.realclearpolitics.com/articles/2013/06/05/immigration_bill_puts_focus_on_red-state_democrats_118695.html?google_editors_picks=true#ixzz2VSy93UlS
Follow us: @RCP_Articles on Twitter

62 comments

  • kai

    June 7, 2013 at 2:14 am

    Immigration Bill Puts Focus on Red-State Democrats

    By Caitlin Huey-Burns – June 5, 2013

    “I don’t want a bad bill; I want a good bill to not have a third wave [of illegal immigration]. But the politics of this is pretty clear: The party that is seen as stopping immigration reform is going to pay a heavy price,” he told reporters. “If we’re not able to pass immigration reform in 2013 and it’s the Republican Party’s fault, we’re dead in 2016.”

    Read more: http://www.realclearpolitics.com/articles/2013/06/05/immigration_bill_puts_focus_on_red-state_democrats_118695.html?google_editors_picks=true#ixzz2VSy93UlS
    Follow us: @RCP_Articles on Twitter

  • kai

    June 7, 2013 at 2:15 am

    Burma’s Suu Kyi Wants to be President in 2015
    Voice of America – ‎2 hours ago‎

    Burmese opposition leader Aung San Suu Kyi says she wants to become her country’s next president in 2015, when national elections are planned as part of an ongoing transition from decades of military rule.

  • kai

    June 7, 2013 at 2:26 am

    ကသာမြို့ပေါ်မှာ ထိတ်လန့်နေကြတဲ့ သံဃာ အပါး(၅၀)ကိစ္စ..(ဟာဂျူလီ-ကသာ)
    ဆရာတော်။ ။ သံပုရာကုန်း မူလကျောင်းဆရာတော် အမှုတစ်ခုဖြစ်တယ်။အဲဒီအမှုနဲ့ပတ်သက်ပြီး ကသာမြို့နယ်တရားရေးက သံဃာ့နာယကအဆင့်ဆင့်ကို အသိမပေးဘဲ သူတို့သဘောနဲ့သူတို့ တရားရုံးကို ခေါ်ယူစစ်ဆေးတယ်။အခုတော့ အဲဒီဆရာတော်ကို ပြစ်ဒဏ်စီရင်ချက်ခြဖို့လုပ်နေတယ်။
    ဒီသတင်းကိုကြားရတဲ့ အနယ်နယ်အရပ်ရပ်က ရဟန်းသံဃာတွေက မကျေနပ်ကြဘူး၊ဘုန်းကြီးလဲ မကျေနပ်ဘူး၊ဘုန်းကြီးတို့မှာ နိုင်ငံတော် သံဃာ့နာယက က ညွှန်ကြားထားတဲ့စာရှိတယ်။ဓမ္မစက် နောက်မှာ အာဏာစက် လိုက်ရမယ်ဆိုတဲ့ ညွန်ကြားချက်ရှိတယ်။အခုဟာက ဓမ္မစက်ဆိုတဲ့ အခန်းကဏ္ဍပျောက်ပြီး အာဏာစက်တစ်ခုတည်းနဲ့ စီရင်တဲ့အတွက် ဘုန်းကြီးတို့ဓမ္မစက်ဆိုတာပျောက်သွားတယ်၊ဒါ သိပ်အရေးကြီးပါတယ်။ရဟန်းသံဃာ က သင်္ဃန်းဝတ်နဲ့ တရားခံထိုင်ခုံမှာ ထိုင်နေရပြီး လူသားဖြစ်တဲ့ တရားသူကြီးက (အမျိုးသမီးတရားသူကြီးဖြစ်ရင်ပိုဆိုးတယ်) မေးခွန်းတွေမေး စီရင်ချက်တွေချဆိုတော့ ဗုဒ္ဓဘာသာအမြင်မှာ မတင့်တယ်သလိုဘုန်းကြီးရဟန်းတွေအတွက်လည်း သိက္ခာကျသလိုဖြစ်နေတယ်။အမှန်ဖြစ်သင့်တာက ရဟန်းတစ်ပါးပြစ်မှုကျူးလွန်ရင် ဘာပြစ်မှုဘဲဖြစ်ဖြစ်ရဟန်းသံဃာတွေပါတဲ့ ဝိနိစ္စယ ခုံရုံးက အရင်စစ် ၊
    ကျူးလွန်ကြောင်းတွေ့ရင် လူဝတ်လဲ ရဲလက်ကိုအပ် ၊လူဝတ်ဖြစ်ပြီဆိုမှ ဥပဒေအရ ကြိုက်သလိုစီရင်ရမယ်။အဲဒီလိုလုပ်ဖို့ကိုလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က (၁၁.၈.၂၀၁၀)ရက်စွဲပါ စာအမှတ် (၀၂၄/ ၄၇-၁၄ / ၃ / သာ-မဟန) နဲ့ တစ်နိုင်ငံလုံးညွန်ကြားခဲ့ပြီးဖြစ်တယ်။
    အခုဟာက အဲဒီညွှန်ကြားချက်ကို ကျော်လွန်ပြီး စီရင်ချက်ချတာမျိုးကို ဘုန်းကြီးတို့လက်မခံနိုင်ဘူး၊..

    http://herjulekatha.com/index.php/getpost/single/213

    • ကြက်အူလှည့်

      June 7, 2013 at 7:13 am

      ဓမ္မစက် နောက်မှာ အာဏာစက် ????
      ဘုန်းကြီးတွေက အမှုစစ်တဲ့ နေရာမှာ ပရို-စကေးလ် ရှိကြတာလားဟင်င်င်င်
      မြန်မာပြည် ပုလိပ်တပ်ဖွဲ့ကို ဘုရားသားတွေလက် အပ်လိုက်ပါလား..ကွိ…
      နောက်တာပါဗျာ..။

      အမှုစစ်တဲ့ နေရာမှာ ပရိုစကေးလ် မရှိတဲ့ ဓမ္မစက် ကဘုန်းဘုန်းတွေက
      အမှားလုပ်ထားသူကို မမှားဘာဘူး ဆိုပြီး မှားယွင်းပြီး လွှတ်ပေးလိုက်တယ် (ဥပမာသက်သက်သာ)
      ဆိုရင် အာဏာစက်က ထိုင်ကြည့်နေရမှာလားဟင်င်င်။

      ဓမ္မစက် နဲ့ အာဏာစက်ကို parallel run ရင်ကော မကောင်းဘူးလား….။
      ပရိုက အမှုစစ် ဘုန်းဘုန်းတို့က လေ့လာသူ အနေနဲ့ ပါ။
      အဟွတ်… တို့တိုင်းပြည်မယ် ဘုရားသား နဲ့ စစ်သားက နိုင်ငံသားထက် မြင့်သကိုး ..။
      ဒီမှာ ဇာတ်မခွဲဘူး ဘူပျောသဒုံး …ဟေ့ ..
      :harr:
      သခင်မျိုးဟေ့ ဒို့ဘုန်းဘုန်း

      (သဂျင်းမီး စတိုင်လ် မန့်ကျိဒါဘာ …)
      ကွိကွိ….

      • Ma Ma

        June 7, 2013 at 9:53 am

        (ဘုန်းကြီးတွေက အမှုစစ်တဲ့ နေရာမှာ ပရို-စကေးလ် ရှိကြတာလားဟင်င်င်င်)
        အဲဒါနဲ့ ပတ်သက်ပြီး ဂဃနဏ ရှင်းပြနိုင်သူတွေ ရှင်းပြပေးရင်ကောင်းမယ်။ :eee:

        မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်နောက်ပိုင်းမှာ ကိုယ်စားအုပ်ချုပ်ဖို့ (ဂိုဏ်းချုုပ်လိုမျိုး) မထားခဲ့ပဲ
        မြတ်စွာဘုရားကိုယ်တော်တိုင် သံဃာထုကို ထိန်းကျောင်းလမ်းညွှန်ခဲ့တဲ့ နည်းနာတွေကို စံနမူနာယူပြီး မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော် (ဓမ္မ) တွေနဲ့ပဲ ချိန်ညှိနေထိုင်သွားကြဖို့ ဘုရားသားတော် သံဃာတွေကို ဆုံးမထားခဲ့တယ်လို့ သိထားပါတယ်။

  • black chaw

    June 7, 2013 at 7:16 am

    ဇူလိုင်လ ၁ ရက်နေ့က စပြီး
    မြန်မာနိုင်ငံအတွင်းမှာ FEC သုံးစွဲခွင့်
    မရှိတော့ကြောင်းသိရပါတယ်…။
    ရက်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး
    လဲလှယ်ပေးသွားမယ်လို့လည်း သိရပါတယ်…။

  • lele kyi

    June 7, 2013 at 10:57 am

    သာသနာရေးရာတွေကိုဘုန်းဘုန်းတွေ ဆုံးဖြတ်တာ ဘာမှမပြောလိုပေမဲ့ အများ ပြည်သူနဲ့သက်ဆိုင်တဲ့ ရာဇဝတ်မှုလိုအပြစ်မျိုးမှာ ဥပဒေ က တစ်ခုတည်းရှိသင့်တယ်လို့ယူဆပါတယ်။ ဘုန်းကြီးအတု တွေ အတွက်အကာအကွယ် ဖြစ်မသွားစေချင်ပါဘူး။ အမျိုးသမီးတရားသူကြီးက ပြသနာမဟုတ်ပါဘူး။ လူကဆုံးဖြတ်တာမှမဟုတ်တာ။

  • မောင် ပေ

    June 8, 2013 at 7:58 pm

    MyanmarTodayNews
    မလေးရှား ရှိ မွတ်စလင်များ မလေးတွင် အလုပ်လုပ်နေသော မြန်မာ များကို လက်စားချေ တိုက်ခိုက်
    ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

    မြန်မာနေသော အိမ်များအတွင်းသို့ spray တစ်မျိုးဖြင့် လွှတ်….

    ထို စပရေးကြောင့် အိမ်တွင်းရှိ မြန်မာများ အသက်ရှုရန် ခက်ခဲလာသဖြင့် အိမ်ပြင်သို့ ပြေးထွက်လာရသည်..

    ထိုအချိန်တွင် အိမ်အပြင်ဘက်တွင် အသင့်စောင့်ပြီး ဓားဖြင့်ခုတ်၊ ဒဏ်ရာအများအပြားရ…. မြန်မာအိမ်များ စာရင်းအတိုင်း လိုက်လုပ်နေ…

    ၈.၆.၂၀၁၃ အစောပိုင်း မနက် ၂နာရီမှ ၄နာရီအတွင်း အိပ်မောကျနေချိန်တွင် ဆူဘန်းဒေသတွင်ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရ…

    မလေးအာဏာပိုင်များက သံအမတ်ကို အော်ပရာစီ ဝင်မည်ဖြစ်ကြောင်း အကြောင်းကြားစဉ်ကလည်း သံအမတ်အနေဖြင့် မြန်မာများမှ အသတ်ခံနေရခြင်းကို ကာကွယ်ပေးရန် မပြောဘဲ အော်ပရာစီကိုလက်ခံခဲ့သောကြောင့် မြန်မာများမှ ပြောင်းပြန်တလဲ အဖမ်းခံရခြင်းဖြစ်..

    ယခု မလေးရှိမြန်မာများမှ မြန်မာအစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကိုသာ သေဘေးအတွင်းမှ မျှော်လင့်နေရ..

    သံရုံးကို လုံးဝအားကိုးမရသောကြောင့် သံရုံးဝန်ထမ်းများမှပင် သံအမတ်အား မြန်မာနိုင်ငံမှ လမ်းညွှန်မှုများပေးစေချင်သည့် အထိ ဖြစ်နေ….

    ၇.၆.၂၀၁၃ Sungai Besi ဆွန်ဂိုင်းဘတ်ဆီတွင် အော်ပရာစီဝင် မြန်မာများ အဖမ်းခံရ…

    Source : ငြိမ်းချမ်းကျော် ( ဖုန်းသတင်းဟုသိရ )

    Credit to>>>သက်တန့်ချို

  • Foreign Resident

    June 8, 2013 at 8:13 pm

    Aye Chan Mon
    မလေးရှား သတင်းထူး မျှဝေလိုက်ပါတယ်။

    အစ်ကိုကြီးရေ….. ရ ရက်နေ့ညပိုင်း ၁ဝ နာရီက စပြီး ထပ်ဖမ်းနေပြန်ပြီ။ လူတွေလဲ ကျီးလန့်စာစားဖြစ်နေကြပါပြီ ။ ဘဝလုံခြုူံမှုလည်းမရှိဘူး။ ပြန်လာမယ်ဆိုရင်လဲ မိသားစုစားဝတ်နေရေးက အဆင်မပြေနိုင်ဘူး။ မြန်မာတွေက နေ့စဉ်နဲ့အမျှ အသတ်ခံနေရတယ် ။ ၈၈ အရေးအခင်းမှာလိုပဲ ကိုယ့်ကိုကိုယ် ကာကွယ်နေရတယ်။ ကိုယ့်အစုနဲ့ကို နေ့နေ့ညည ကိုယ့်လုံခြုံရေးကိုယ်တာဝန်ယူပြှီး နေနေရတာ။ ယောက်ျားလေးတွေက ပြဿနာမရှိပေမဲ့ မိန်းခလေးတွေက တော်တော်လေးကို ထိတ်လန့်ကြောက်ရွံ ့ နေကြပြီ။ ၈၈ အရေးအခင်းကို ပြန်ရောက်နေသလိုပါပဲ။ အားလုံးက အမေစုရဲ့လုပ်ဆောင်ချက်ကို စောင့်မျှော်နေကြပါတယ်။
    ဒီနေ့-4;50.PM မလေးရှားမှကိုရဲပေးပို့တာကိုပြန်မျှဝေထားပါသည်။

    စမ်းချောင်းကိုကိုကြီး(88-G.S)
    လေးစားစွာ မျှဝေလိုက်ပါတယ်
    8.5.2013

    • Foreign Resident

      June 8, 2013 at 8:16 pm

      အော် အခုတော့ ၊ အမေစု ကို တ ရကောင်းမှန်း သိပြီပေါ့ ။
      သမ္မတကြီး ဦးသိန်းစိန် ကိုတော့ မ တ ကြဘူးလား ။

    • kai

      June 9, 2013 at 3:01 am

      ဒီလိုအကျိုးဆက်တွေလာမယ်လို့…
      စတောင်မစသေးခင်ကတည်းကပြောခဲ့ဖူးပါတယ်..။
      ဆိုတော့…

      ဒါတွေထပ်မဖြစ်ချင်ရင်.. ဥပဒေအထက်မည်သူ/မည်သည့်အဖွဲ့အစည်းမှ မရှိစေရ…
      ဘကပညာရေးစနစ်ဖျက်သိမ်းရမယ်..လို့လည်း.. ညွှန်းပြောခဲ့ဖူးတယ်..
      ဆိုတော့…

      ဒီအတိုင်းဆက်သွား… ပဋိပက္ခတွေ… အများးကြီးထပ်ဖြစ်ပါဦးမယ်…
      ၂၀၁၅နောက်ပိုင်း… ပိုတောင်ဆိုးလာမယ်ထင်ရတာပဲ… :buu:

      ဆိုတော့…
      သခင်မျိုးဟေ့.. ဒို့မြန်မာ… :kwi:

  • padonmar

    June 9, 2013 at 7:25 am

    ကျမ အမုန်းမီးများငြိမ်းစေချင် Oct 26 ရေးတုံးက ကျမကို တော်တော် ဝေဖန်ခဲ့ကြတယ်။
    သူတို့ဘာသာဝင်ကို ချစ်ချင် ကာကွယ်ချင်တာထက် ကိုယ့် ဘာသာဝင် ကိုယ့် ပြည်သူားတွေ အန္တရာယ်ကို စိုးရိမ်လို့ ကိုယ့်နေရာမှာ ရပ်ကြပါ၊ဒါကို ဆက်မဖြန့်ကြပါနဲ့တော့လို့ ပြောမိတာ ခုလောက်ဆို နားလည်ကြမယ်ထင်ပါတယ်။
    ဒေါ်စုပြောတာ မပြောတာတွေကိုလည်း နားလည်သင့်ကြပါပြီ။

    ဆရာ စံဇာဏီဘို ကတော့ ဒီကိစ္စတွေ ဆက်ဖြစ်နေအုံးမှာပဲလို့ ဟောထားပါတယ်။

  • Foreign Resident

    June 9, 2013 at 8:21 am

    မ ပဒုမ္မာ မရေးခင်ကကို ၊ ကျနော်လည်း ၂ ခါလောက် ရေးခဲ့ပါသေးတယ် ။

    ကျနော် ရေးရေးသမျှတွေထဲမှာ ၊ ဘယ်တုန်းကမှ ( ဘယ်တုန်းကမှ ) ၊
    ဘာသာခြားတွေ ကောင်းတယ် ဆိုတဲ့စကား တစ်လုံးမှ မပါဘူးသေး ပါဘူး ။
    ပြောလိုရင်းက ” ကိုယ့်လူတွေကိုသာ သိပ် မလွန်စေချင် ၊ ဟန့်စေချင်တာ ” ပါပဲ ။
    ဒါလည်း ၊ လူ အတော်များများက လက်မခံချင်ကြဘူး ။

    အခုတော့ ပွဲက စပြီ ။
    သိပ်မကြာခင်က ၊ မွတ်ဆလင်တွေဖက်က ၊ ကို ဋ္ဌေးလွင်ဦး ဆိုတဲ့သူက ၊
    Last Warning ပေးသံ တစ်ချက်ကြားခဲ့တယ် ။
    ” နောက်ထပ် မဖြစ်စေနှင့်တော့ ၊ သည်းမခံတော့ဘူး ” ဆိုတဲ့သဘောမျိုး ။

    အဲဒါပြီးတော့ ” လားရှိုး ” ကိစ္စ ထပ်ဖြစ်တယ် ။
    အဲဒီမှာ ၊ မလေးမှာ မြန်မာတွေ ဆက်တိုက် နေ့စဉ် ရက်ဆက် အသတ်ခံရတော့တာပဲ ။

    မွတ်ဆလင်တွေဖက်က စနစ်တကျ အုပ်စုဖွဲ့ပြီး Plan နှင့်ကို လိုက်သတ်နေပုံပဲ ။

    အမှန်က ၊ ဒီအချိန်မှာ နှစ်ဖက်စလုံးက ရပ်လိုက်သင့်ပြီ ။ သဘောပေါက်သင့်ပြီ ။
    ဟာ ၊ ငါတို့ တစ်ဖက်ထဲက သတ်လို့ရနေတာ မဟုတ်ပါလား ။
    သူတို့ဘက်ကလည်း ၊ လက်နှင့် ခြေနှင့် ပြန်သတ်လို့ရနေပါလား ဆိုပြီး ။

    အခုတော့ ၊ မဟုတ်ဘူး ။
    ဒီနေ့ပဲ ၊ ကျောက်နီမေါ် ရွာဖက်ကို ရခိုင်တွေက မီးသွားရှို့တယ် ကြားတယ် ။

    ပုံစံက ၊ ၂ ဖက် လူဦးရေ တော်တော် များများ သေပြီးမှပဲ ၊ ရပ်လို့ရမယ် ထင်တယ် ။
    မြန်မာများတဲ့ မြန်မာပြည်မှာ မွတ်ဆလင်တွေကိုသတ်ကြ ၊
    မွတ်ဆလင်များတဲ့ မလေးမှာတော့ မြန်မာတွေကိုသတ်ကြ ဖြစ်ကုန်မှာပဲ ။

    သဗ္ဗေ သတ္တာ ၊ ကမ္မ သကာပါပဲလေ ။

  • Foreign Resident

    June 9, 2013 at 11:38 am

    “ကျွန်တော်လည်း ကားလိပ်ဆွဲပါ့မယ်။”
    တချို့များ အမေစုရဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုအပေါ် အတော်ကိုမနာလို ဖြစ်နေလို့လားမသိဘူး။ ဒီ FB ပေါ်ကနေပြီး…..

    “ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ် ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေး စွမ်းဆောင်ရွက်ချက်များ ကြောင့်ရခဲ့တာပါလဲ။ ဘယ်ဒေသ ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ ့ပါသလဲ။”

    ဆိုပြီးတော့၊ ဘယ်ကို ရည်ရွယ်တာလဲ မသိ။ တကယ်ရိုးရိုးသားသား မေးတာလား၊ ခါးအောက်ပိုင်း လက်သီးနဲ့ ထိုးဖို့ ကြိုးစားတာလား ..ရည်ရွယ်ချက်တခုခုနဲ့ပေါ့….

    တယောက်ရဲ့ ပြန်ဖြေတဲ့ အဖြေလေးကလဲ လှပါရဲ့။

    “အထူးထင်ရှားပြီး မြန်မာ ပြည်သူတွေ နဲ့သိပ်မစိမ်းတဲ့ သူကိုပြောပြမယ်နော်။ Ernest Hemingway က စာရေးဆရာ ပါ။ သူလည်း နိုဗယ်ဆုရခဲ့တယ်။ သူရခဲ့တဲ့ စာအုပ်က The Old Man and The Sea တဲ့ မြန်မာပြည်မှာ လည်း ဘာသာပြန် ကြပါတယ်။ “ပင်လယ်ပြာနဲ့ တံငါအို”တဲ့။ ဖတ်ဖြစ်အောင် တော့ ဖတ်ကြည့်လိုက်ပေါ့။ ဘာသာပြန်သူလည်း ဆုရသွားပါတယ်။ ရေးထားတဲ့ အကြောင်းအရာကလဲ ရှင်းရှင်းလေးပါ။ အဖိုးကြီးတစ်ယောက်က ပင်လယ်ထဲထွက်ပြီး ငါးဖမ်းထွက်တဲ့ အကြောင်းလေးပါပဲ။ ဘာလို့ဆုရတာလဲ။ စာအုပ်က လေးစားစရာကောင်းတဲ့ စစ်နဲ့ငြိမ်းချမ်းရေးလို စာအုပ်ကြီးမျိုး မဟုတ်ဘူး။ စာမျက်နှာ က ၁၂ရ မျက်နှာပဲ ရှိတယ်။ သူ့ထဲပါတဲ့ အကြောင်းအရာက မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးတရား ဆိုရင်လည်း ဟုတ်သေးတယ်။ ဘာမှ မဟုတ်တဲ့ အဖိုးအိုကြီး ငါးဖမ်းထွက်တဲ့ အကြောင်းအရာလေးက ဘာလို့ ကမ္ဘာကျော်နိုဗယ်ဆုရရှိသွားတာလဲ။ ပြောပြပါမယ်။ ပုံပြင်ရဲ့ ပေးချင်တဲ့ အဓိက Message ကြောင့်ပါ။ ပုံပြင်ထဲမှာ အဲဒီအဖိုးကြီးကို လူတော်တော်များက ကံမကောင်းတဲ့သူ၊ ငါးဖမ်းထွက်ရင် တခါမှ မမိ။ ဒီတသက် ငါးမမိ နို်င်တော့ဘူးလို့ ထင်မြင်လာကြတယ်။ နောက်ဆုံး သူ့ကိုမယုံကြည်ကြတော့လို့ သူ့နောက်ကို လည်းဘယ်သူမှ မလိုက်တော့ဘူး့။ ဒါကြောင့် တစ်ယောက်တည်းငါးဖမ်းထွက်ရတာပေါ့.။၈၄ ရက်ကြာလောက်ကြာတဲ့တိုင် ငါးမှမမိတာကိုး။ တနေ့တော့ အဘိုးကြီး ကံကောင်းသွားတာက ငါးမိသွားတယ်။ မာလင်ငါးအကြီးစားလေ။ဒါပေမဲ့ တဖက်က ဒီငါးမိလို့ကံဆိုးသွားပြန်တယ်။ သူ့မှာ အင်အားမရှိသလို လှေငယ်လေးကလည်း ချိနဲ့နေတယ်။ ငါးကို မဆွဲနိုင်ဘူး။ငါးဆွဲရာနောက်ပါသွားတယ်။ ၂ရက်၂ညတောင်။ စိတ်ဓါတ်ကျလွယ်သူသာဆို ငါးကိုလွှတ်ပေးလိုက်မှာ။ သူကတော့ ငါးကိုမလွှတ်ပေးဘူး။နောက်ဆုံး ငါးကို သူသတ်နိုင်ခဲ့တော့ ကံကောင်းသွားပြန်တယ်။ ကံဆိုးချင်ပြန်တော့ ငါးရဲ့သွေးကြောင့် ငါးမန်းတွေရောက်လာပြီး သူနဲ့တိုက်ခိုက်ရတယ်။နောက်ဆုံး သူကမ်းပေါ်ပြန်ရောက်သွားတယ်။ ဇာတ်လမ်းလေးကတော့ ဒါပဲ။

    ဒီပုံပြင်က လူတွေကို စိတ်ဓါတ်ခွန်အား အများကြီးဖြစ်စေခဲ့တယ်။ စာရေးသူရဲ့ မူလလိုရင်းကလည်းဒါပဲ။ အကြောက်တရားနဲ့သာ သူတိုက်ခဲ့ရင် အဖိုးကြီး ငါးကိုလည်း ရှုံးမှာပဲ။ ငါးမန်းတွေကိုလည်းရှုံးမှာပဲ။ ဇွဲကော သတိ္တကော ပန်းတိုင်ကိုပါ သူသိခဲ့တယ်။ သူဘာတစ်ခုကို မှ မစွန့်လွှတ်ခဲ့လို့ပဲ။ လူတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ၁၂ရ ရွက်ရှိတဲ့ စာအုပ်သေးသေးလေးက စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်ကြီးလိုမျိုးဆုရ ခဲ့တယ်။

    ဒေါ်အောင်ဆန်းစုကြည် သူဘာကြောင့်ဆုရခဲ့လဲ။

    လူတွေကို စိတ်ဓါတ်ခွန်အား ပေးခဲ့တယ်။ သူ့မှာ ပန်းတိုင်ရှိတယ်။ သူ့မှာ ဇွဲရှိတယ် ။ သတ္တိရှိတယ်။ စစ်ဖိနပ်အောက် ပြားပြားဝပ်နေတဲ့ မြန်မာတွေ စိတ်ထဲမှာ မျော်လင့်ချက်ဆိုတဲ့ အရာကိုပေးခဲ့တယ်။ သူစိတ်ဓါတ်ကျသွားလား ။ လက်လျော့သွားလား။ သူအခုအချိန်အထိ သူရဲ့ ပန်းတိုင်ကို သူသွားနေတုန်းပဲ။ မြန်မာတိုင်းကို အိမ်မက်မက်ခွင့် ပေးခဲ့တယ်။ အဲဒါသူပဲ။”

    ဒါလေးဖတ်ပြီး အခုတလော သူ့စကားတခွန်းအတွက်နဲ့ သူ့အပေါ် ကန့်ကွက်ကြ၊ ဆန္ဒပြကြတဲ့သူတွေ ..သူတို့လဲ ရိုးရိုးလား၊ အောက်ပိုင်းဖြိုတာလား… မသိနိုင်ဘူး။ သူ့သဘောသိအောင်တော့ ထပ်ပြောလိုက်အုံးမယ်။

    သူပြောခဲ့တဲ့ စကားတခွန်းရှိတယ်။

    “လူချစ်လူခင်များချင်ရင် ဇတ်ကမှာပေါ့” တဲ့။ ” သူတို့ကြားချင်တာကို မပြောတော့ မှန်တာ၊မှားတာ မသိတော့ဘူး။

    အမေ့ကို ပြောချင်တယ်။ အမေရည်မှန်းတဲ့ ဒီမိုကရေစီအစစ်အမှန် ရတဲ့နေ့ ကျရင် ပြည်သူချစ်အောင် …
    “ကပါအမေရယ်။ အမေသာ ကဖြစ်ခဲ့ရင်၊ အဲဒီပွဲမှာ ကျွန်တော် လူရွှင်တော်လေး လုပ်ပါရစေ။” လို့….

    (မျိုးဝင်း)

    Credit to Phoe Htet

  • kai

    June 9, 2013 at 4:24 pm

    ဘာရယ်မဟုတ်ပါဘူး..
    ခရီးတွေသွားတော့.. သဘာဝတရားရဲ့အင်မတန်ထူးဆန်းအံ့ဩစရာဖြစ်တာတွေတွေ့မိတယ်..

    အင်တာနက်ထဲလည်း ဓါတ်ပုံတွေ တွေ့တာပဲ..
    အောက်ကဓါတ်ပုံကြည့်ပြီး..
    တွေးမိတာက…


    ..
    မပြောတော့ပါဘူး..။ ဘာပြောချင်လည်း.. ကိုယ်ဖာကိုယ်တွေးကြည့်…
    ဟုတ်တယ်..။
    အဲဒီအတိုင်းပဲ…

    • Ma Ma

      June 11, 2013 at 9:42 am

      ကျိုက်ထီးရိုးဘုရားကို ပြောချင်တယ် မဟုတ်လား။ :kwi:
      နောက်ဆုံးတော့ ဘာသာရေးမှို်င်းးးးးးး
      အိုဘယ့်… နှစ်၁၀၀ဝ ကျိန်စာ :byae:

  • အလင်း ဆက်

    June 9, 2013 at 5:48 pm

    ဒီ ဂဘာ မှာ စစ် စစ်
    စစ် မဖြစ် ရာ မြေ
    တစ် နေ ရာ ရှိ ရှိ
    ရှိ ရ မယ်လေ

    ဘာပြော ရ မှန်း မသိသေးလို ့
    သချင်း လေးပဲ ညည်းတွား ဘာဒယ်

  • ဦးကြောင်ကြီး

    June 9, 2013 at 10:06 pm

    မလေးရှားမှာ မြန်မာတွေ အသတ်ခံရတာနဲ့ ပတ်သက်လို့ ကြည့်လိုက်ရင် မြန်မာပြည်က မွတ်ဆလင်များရဲ့ တုံ့ပြန်ပုံနဲ့ မတူတာ တွေ့ရလိမ့်မယ်…။ မြန်မာပြည်မှာလို အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်တာမတွေ့ရဘူး.. ဘယ်တွေ့မလဲ ဟိုမှာက နိုင်ငံခြားသားဆို နှိပ်ကွပ်ထားတာ.. သူ့နိုင်ငံ လုံခြုံရေးလေ… မြန်မာပြည်မှာရော အဲလိုပဲလား….. ဗလီပျက်သလို ဘုန်းကြီးကျောင်းလဲ အဖျက်ခံရတာပဲ… မွတ်ဆလင်တွေ သေလို ဗုဒ္ဓဘာသာဝင်လည်း အသတ်ခံရတာပဲ.. သူတို့က လူနည်းစုမို့ ပိုခံရတဲ့ သဘောပဲရှိတယ်… မြင်ကြည့်ကြဖို့ပါ.. ဘာကြောင့် သန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေ ဝင်လာမည့် အရေးကို ပူပန်နေရသလဲဆိုတာ….
    သဂျီးပြတဲ့ အံ့ဖွယ်ကျောက်တုံးနဲ့ ကျိုက်ထီးရိုးဘုရား ကျောက်တုံးနဲ့ မတူထင်တာပဲ.. မြန်မာပြည်မှာလဲ အဲဒီကျောက်တုံးဆန်ဆန်တွေ ရှိပါတယ်၊ စေတီတည်တာ ရှိသလို သဘာဝအတိုင်း ထားတာလဲ မြင်ဖူးရဲ့… သို့ပေမဲ့ ကျိုက်ထီးရိုးလို တောင်အစွန်းမှာ တဲတဲလေး တည်နေတာတော့ မမြင်ဖူးပေါဗျာ… မိစာ္ဆဒိဋ္ဌိ လျှာပွတ်ခိုမ်ကို ဝိုင်းဆဲဂျကွာ… ကုသိုလ်ဖြစ်… :kwi:

  • uncle gyi

    June 9, 2013 at 11:51 pm

    မြန်မာသံအမတ်ကစာလွှာပါးပြီးနောက်ဟိုမှာရက်ဆက်လူဖမ်းပွဲကြီးလုပ်ပါရောတဲ့
    မကြိုက်တဲ့သူတွေအော်ကုန်ရော
    ကျုပ်တို့ကအကောင်းတွေတယ်
    အပြင်မှာနေတာထက်စာရင်ပိုလုံခြုံအောင်လို့သူတို့အစိုးရကစာနာစိတ်နဲ့လုပ်ပေးတာလို့

  • Foreign Resident

    June 11, 2013 at 5:20 am

    မလေးရှား အစိုးရက ၉၆၉ တွေကို ၊
    အကြမ်းဖက် အဖွဲ့ အစည်းလို့ တရားဝင် သတ်မှတ်လိုက်ပြီလို့ ပြောနေတယ် ။
    ဟုတ် မဟုတ်တော့ မသိဘူး ။ သိတဲ့လူတွေ ပြောကြပါအုန်း ။
    —https://www.facebook.com/photo.php?v=139503979578177—

    Face Book ပေါ်က တစ်ချို့ Status လေးတွေကို ဖတ်မိတယ် ။
    ရက်စက်လိုက်ကြတာကွယ် လို့ပဲ ပြောနိုင်တော့တယ် ။
    —https://www.facebook.com/profile.php?id=100003248926622—

    ဘကြီး မှိုင်း
    June 6
    မနေ ့ညက ဖေ့စ်ဘွတ်ခ် မှာရုပ်ပြ လိပ်စာပေးထားပြီးဟောင်နေတဲ့ ခွေးခြောက်ခွေးတစ်ကောင်ကို
    အရှင်လတ်လတ် လက်ရဖမ်းပြီး ပီနန်းကမ်းခြေမှာ

    ( ဒီစာသားတွေကိုတော့ ရက်စက်လွန်းတော့ မတင်တော့ပါဘူး )
    ( ဖတ်ချင်ရင် မူရင်းလင့်မှာပဲ သွားဖတ်ကြပါတော့ )
    ( ရက်စက်လိုက်ကြတာကွယ် )

    ဘီယာ / အရက်နဲ့ မြည်းလိုက်တဲ့အရသာမျိုးကို
    ပီနန် မှ ကေအယ်လ် မြို့တော် မပြန်ခင်စပ်ကြား နောက်တစ်ပွဲလောက်နွဲချင်ပါသေးတယ်။

    ဘကြီး မှိုင်း
    June 6
    (( မလေးရှားမှာ မြန်မာပြည်သား(အထူးသဖြင့်969 အားပေး)တွေကို (၃)လဆက်တိုက်ဖမ်းမည်))

    မေလေးရှားရောက်ခွေးခြောက်ခွေး အကြမ်းဖက်အားပေး
    ဗမာဆိုး/ရခိုင်ဆိုး 969 တွေ ရဲ့ နေရပ်တွေ အလုပ်နေရာတွေ ကို
    မလေးရှားအာဏာပိုင်အဖွဲ့အစည်း (အော်ပရာစီ ဖမ်းဆီးရေးအဖွဲ့စုံ) ကို
    လိုက်ပြပေးရတဲ့အလုပ်က ပင်ပမ်းပေမယ့် လုပ်ပျော်ပါတယ်။

  • Ma Ma

    June 11, 2013 at 9:59 am

    မလေးရောက်မြန်မာတွေ ပြည်တော်ပြန်ဖို့ KBZ ဦးအောင်ကိုဝင်းနဲ့ Max ဦးဇော်ဇော်တို့က အကူအညီတွေ အလှူငွေတွေ ပေးနေပြီတဲ့။
    https://www.facebook.com/ElevenMediaGroup?fref=ts

  • ဇဂါး လွတ်

    June 11, 2013 at 10:53 am

    မေး – ဦးဇင်းတို့ကလဲ တကာမကြီးကို မိခင်တစ်ယောက်လိုပဲ၊ တိုင်းသူပြည်သားတွေကလည်း တကာမကြီးကို မိခင်တစ်ယောက်လိုနဲ့ အားကိုးခဲ့တယ် နော်။ အခုလဲပဲ အနှစ်နှစ်ဆယ်ကျော်ကြာ အမေစုကိုမျှော်ခဲ့ရတယ်။ ဒီနေ့ ဒီအချိန်ကိုရောက်ပြီ။ ဒါပေမဲ့အခု ဒီနေ့ဒီအချိန်မှာ ဦးဇင်းတို့ ပြည်တွင်းမှာဖြစ်နေတာ ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ မြို့တော်တော်များများမှာ ဦးဇင်းတို့ ဘာသာတရားကို ချုပ်ချယ်ပြီးတော့ အမျိုးမျိုး ခုတုံးလုပ်ပြီးတော့ ဒါ နှိပ်စက်ခံနေရတာ၊ လူမျိုးခြားတွေက နှိပ်စက်နေတာ၊ အမေစုအနေနဲ့ အဲဒါ အတတ်နိုင်ဆုံး ဘယ်လိုများ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါ့မလဲ။

    ဖြေ – တပည့်တော်မ ဒီကိစ္စကို မကြာခင်တုံးက ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ခဲ့တယ်၊ ၅ရက် ၆ရက် ရရက်မှာ။ အဲဒီမှာဆိုရင် တစ်ကမ္ဘာလုံးမှာ နေပြီးတော့ လူမျိုးစုံ ဘာသာစုံ ရောက်ကြပါတယ်။ ရောက်ကြတဲ့အခါကြတော့ လူမျိုးစုံ၊ ဘာသာစုံဟာ အားလုံးပဲ ညီညီညွတ်ညွတ်နဲ့ သူတို့ အတူတူအလုပ်လုပ်ကြတယ်၊ အတူတူနှီးနှော ဖလှယ်ကြတယ်။ အဲဒီတော့ အဲဒီကလူငယ်တွေကို တပည့်တော်က မေးကြည့်ပါတယ်။ အခုဆိုရင် ဘာသာရေးနဲ့ ပတ်သက်လို့၊ လူမျိုးရေးနဲ့ ပတ်သက်လို့ ပပက္ခတွေဖြစ်နေတာတွေဟာ ဘာဖြစ်လို့ ဖြစ်နေတယ်ထင်သလဲ၊ ဒါတွေကို ဘယ်လိုလုပ် ပြေလည်အောင် လုပ်ရမလဲ၊ လုပ်ကိုလုပ်လို့ ရမလဲလို့ ထင်သလဲဆိုတော့ အဲဒီတော့ တပည့်တော်မတို့ ဆွေးနွေးတဲ့ အခါကြတော့၊ အခြေခံအားဖြင့် လိုအပ်ချက်ကတော့ အပြန်အလှန် နားလည်မှု ရှိရမယ်၊ အပြန်အလှန် လေးစားမှုရှိရမယ်၊ တဖက်ကနေ တစ်ဖက်ကို အထင်သေးရင်၊ တဖက်ကနေ တစ်ဖက်ကို နိုင့်ထက်ကလူပြုတယ်ဆိုတာ မရှိရဘူး။ နောက်ပြီးတော့ ကိုယ်နဲ့မတူလို့ ကိုယ့်ရန်သူလို့ စိတ်ထဲမှာ ထားလို့မဖြစ်ဘူး။ အဲဒီတော့ တပည့်တော်မတို့ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဖက် ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ကြိုးစားရမှာပါ။ ဒီတော့ တပည့်တော်မတို့ရဲ့ နိုင်ငံအတွင်းက နိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်ရဲ့နိုင်ငံကို ဦးထိပ်ထားပြီးတော့ ဒီနိုင်ငံအတွင်းမှာ အေးချမ်းဖို့အတွက်ကို အဲဒါကို အဓိကထားပြီး လုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီတော့ တပည့်တော်မတို့လည်း ပြောပါတယ်၊ ဒီနိုင်ငံမှာ၊ အခုခေတ်မှာ ဆိုလို့ရှိရင် တနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ သူ့ချည်းပဲ ထီးထီး အထီးကျန်ထားလို့ မရဘူး။ တကမ္ဘာလုံး အဖြစ်အပျက်တွေနဲ့ ဆက်နွယ်နေတယ်။ အဲဒီဆက်နွယ်နေတာကြောင့် မို့လို့ အမြင်ကျယ်ကျယ်နဲ့ ကြည့်ရမယ်။ အပြင်ကနေ အထဲကိုကြည့်တဲ့အခါကြရင်လည်း နားလည်မှုနဲ့ ကြည့်ရမယ်။ အထဲကနေ အပြင်ကို ကြည့်တဲ့အခါကြရင်လည်း နားလည်မှုနဲ့ ကြည့်ရမယ်။ အဲဒီတော့ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ သဘောထားလည်း ကြီးရမယ်၊ အမှန်တရားကိုလည်း မြတ်နိုးရမယ်။ နောက်ပြီးတော့ တပည့်တော်မတို့ ဗုဒ္ဓဘာသာများ ဖြစ်တဲ့အတွက် မေတ္တာ၊ ဂရုဏာကိုလည်း တတ်နိုင်သလောက် ပွားရမယ်။ ဒါပေမဲ့ အဓိကအရေးကြီးဆုံးကတော့ စောစာက တပည့်တော်မပြောတဲ့ တရားဥပဒေစိုးမိုးရေးပဲ။ အဲဒီဟာနဲ့ စတာပဲ။ အခု ကျွန်မကနေ၊ တပည့်တော်မကနေ ဘယ်နေရာမှာ ဘာဆိုပြီတော့ အသေးစိတ်မပြောသွားချင်ဘူး။ ဒါပေမဲ့ ဖြစ်တဲ့ကိစ္စမှန်သမျှဟာ စောစာစီးစီးကတည်းက တရားဥပဒေစိုးမိုးရေးနဲ့ ကြပ်ကြပ်မတ်မတ် ထိန်းလိုက်လို့ရှိရင် အဲဒီလို အန္တရယ်တွေက ပွားသွားမှာ မဟုတ်ဘူး။ အဲဒီလို တရားဥပဒေနဲ့ ကြပ်ကြပ်မတ်မတ် မထိန်းလို့ အဲလိုဖြစ်ခဲ့တာလို့ တပည့်တော်မ ဒီလိုပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရာဥပဒေစိုးမိုးရေးရဲ့ အရေးအကြီးဆုံး ရလဒ်တစ်ခုက ဘာလဲဆိုတော့ လူတွေရဲ့ စိတ်လုံခြုံမှု၊ စိတ်လုံခြုံရင် ငါတို့အိမ်ကို ဘယ်သူကမှ လာမနှောင့်ယှက်ဘူး၊ ငါတို့ကို ဘယ်သူကမှ လာအန္တရာယ်မပြုဘူး။ စိတ်လုံခြုံမှုရှိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ယူလို့ရတယ်။ စိတ်လုံခြုံမှုမရှိတဲ့လူကို တစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူပါဆိုတာ ပြောလို့မရဘူး၊ အဲဒါတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တပည့်တော်မတို့ တရားဥပဒေ စိုးမိုးရေးကို အလေးထားတဲ့ အလျှောက်၊ တရားဥပဒေစိုးမိုးရေးကနေ စရမယ်လို့ပဲ တပည့်တော်မ လျှောက်ချင်ပါတယ်။

  • ကြက်အူလှည့်

    June 11, 2013 at 2:58 pm

    ဘယ်ဂေါင် စဒါယဲကွ …
    ဖေ့စဖုတ်ဂျီး တခုလုံး မဲသဲနေဘီ…
    စိတ်လေဒယ်…ကိုယ့်ဒေါသနဲ့ ကိုယ် ကိုယ့် ပရိုဖိုင်ကိုယ် အိုးမဲသုတ်တာ ကိစ္စမရှိပေမယ့်
    သူရို့ မဲသလို လိုက်မမဲရင် နက်ဖန်-သဘက်ပဲ ဖင်ကအမြီးထွက်ပြီး
    ခွေးလုံးလုံးဖြစ်တော့မလို အရေး-အပြောဒွေ ကို အသီးနာထှာ…

    သခင်မျိုးဟေ့ …ဒို့ဘာမန်..
    အာဝူးးးး

    :kwi:

    • တိမ်မည်း

      June 11, 2013 at 3:32 pm

      ကို ကြည်အူလှည့်လေးရယ် (ကိုဂီထင်တယ်… ကျုပ် ပြန်မကြည့်တော့ဖူးဂျာ ခီညတို ့က နာမည် ခန ခန ပြောင်းဒယ်….)

      မဲတာကို ပြောမနေပါနဲ ့….. ဒါက ကိုယ့်လုပ်နိုင်တဲ့ အပိုင်းလေးတွေ လုပ်နိုင်လို ့ လုပ်ကြတယ်လို ့ပဲ မှတ်လိုက်ပါ…..
      အွန်လိုင်း Petition တို ့ဘာတို ့UN ကို လုပ်ရင်လည်း ပါမှာဘဲဗျာ…………
      လုပ်နိုင်တဲ့ အပိုင်းလေးကပဲ လုပ်ကြတယ်လို ့ သတ်မှတ်လိုက်ပါ…..
      ဆန္ဒပြပွဲလား တယောက်ယောက်က ဘက်ဂျက် ထုတ်ပေးလိုက်ကြပေါ့ဂျာ……..
      တနိုင်ငံလုံး အုံးအုံးကြွတ်ကြွတ် ဖြစ်သွားမယ်……..
      သို ့ပေသိ အဲ့လို လုပ်တော့မှ အရေးအခင်း ထဖြစ်ရင် ဒွတ်ခ…..
      စဉ်းစားကြည့်တာပါ….. အကောင်းလေး မြင်ကြည့်တာပါဂျာ……

      ခင်လျက်
      တိမ်မည်း

  • kai

    June 14, 2013 at 3:40 pm

    ဒီလိုလုပ်ကြတာကို.. ဒေါ်အောင်ဆန်းစုကြည် ဘာမှမပြောဘူးဆိုရင်.. အံ့ဩမိမယ်..။
    ရင်လေးစရာ…

  • kai

    June 24, 2013 at 12:53 am

    ဦးဝီရသူပြောစကားဖြစ်ပါသည်။ အောက်မှဖေ့စ်ဘုတ်လင့်ခ်တွင်ဗီဒီယိုကြည့်နိုင်ပါကြောင်း..

    =

    https://www.facebook.com/photo.php?v=643646242329460&set=vb.100000522717272&type=2&theater

    တပည့်တော်က “စပြီဟေ့” လို့ အမိန့်ပေးလိုက်တာနဲ့ တပြိုင်နက် အရှင်ဘုရားတို့ အဲ့ဒါ တပည့်တော်တို့နောက်မှာ အသင့်ရှိပါစေ။ ဒီကြားထဲမှာတော့ ဘာမှမလုပ်သေးနဲ့ဦး၊ အားလုံးနော်၊ ကိုယ်က စီမံကိန်း အေးအေးဆေးဆေးချပြီးတော့ တပည့်တော်တို့ ဟို Mossad (အစ္စရေးနိုင်ငံ ထောက်လှမ်းရေး အေဂျင်စီ) တို့၊ CIA (အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ) တို့ပုံစံမျိုးနဲ့ စနစ်တကျ စီမံကိန်းချပြီးမှ၊ ဟို နဂါးမင်းစစ်ဆင်ရေးတို့လို မိုးဟိန်းစစ်ဆင်ရေးတို့လို ဝင်ပြီးတော့ ကျကျနနလုပ်ရမယ့်ဟာ၊ ဒါမှ ထိရောက်အောင်။ သူတို့ကိုလဲ ပြောထားတယ်။ ဟို ၉၆/၉ရ တုန်းက မန္တလေးမှာ အဓိကရုန်းဖြစ်တယ်ဆိုတာက ခေါင်းဆောင်မယ့်သူမရှိဘူး။ ဒါ့ကြောင့် ဘာမှ မထိရောက်ခဲ့ဘူး။ အခုခေတ်ခေါင်းဆောင်မှာ စိတ်ချလိုက်…. မန္တလေးမှာရှိတဲ့ ကုလားတွေ စားစရာမရှိအောင် ကျုပ်လုပ်မယ်။ စားစရာမရှိအောင်တင်မဟုတ်ဘူး နေစရာမရှိအောင်လဲ ကျုပ်လုပ်မယ်။

    ဦးဝီရသူ
    ၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့
    မန္တလေးမြို့ သာသနာ ၂၅၀ဝ အထိမ်းအမှတ်၊ ၄၅ တာ ဓမ္မာရုံ တရားပွဲ

    • Moe Z

      June 24, 2013 at 2:34 pm

      ၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့
      လွန်ခဲ့တဲ့ ၁ဝနှစ် ??

  • kai

    June 24, 2013 at 2:19 pm

    မျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမဟုတ်ဟု အမျိုးသမီးအဖွဲ့(၂)ဖွဲ့ကဆို
    Sunday, June 23, 2013

    မြတ်နိုးခင် (သတင်း)

    နိုင်ငံတော်ဩဝါဒ စရိယဆရာတော်များ၊ စာသင်တိုက်ဆရာတော်များ၊ တိပိဋကဆရာတော်များ၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များမှ ဦးဆောင်ရေးဆွဲထားသည့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားခြင်း မပြုရဆိုသော မျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမဟုတ်ဟု အဝေးရောက် မွန်အမျိုးသမီးများအဖွဲ့ (OMWO) နှင့် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) တို့က ဆိုသည်။

    မျိုးစောင့်ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းအရ ချိုးဖောက်တယ်လို့ပြောနိုင်သော်လည်း မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကိုကြည့်ပြီး ထုတ်ပြန်ခြင်းဖြစ်သည့်အတွက် လူ့အခွင့်အရေးကို ချိုးဖောက်ရာမရောက်ကြောင်းနှင့် ထို့သို့နှိုင်းယှဉ်လာပါက မျိုးစောင့်ဥပဒေကိုသာ ဦးစားပေးရမည်ဟု အဝေးရောက် မွန်အမျိုးသမီးများအဖွဲ့(OMWO)မှ အတွင်းရေးမှူး Mi Pome Chan က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

    ” မျိုးစောင့်ဥပဒေကို ကျွန်မတို့ society တွေရော၊ အမျိုးသမီးတွေက သဘောတူတယ်ဆိုရင်တော့ ဒါက ဥပဒေတစ်ရပ်အနေနဲ့ ဖြစ်လာနိုင်တာပေါ့။ လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင်တော့ ချိုးဖောက်တယ်လို့တော့ ပြောနိုင်တယ်။ ဒါပေမဲ့ တကယ်လို့ ကိုယ့်မြန်မာနိုင်ငံက ထုတ်ထားတဲ့ ဥပဒေကို ပြန်ကြည့်မယ်ဆိုရင်တော့ ကိုယ့်ရဲ့နိုင်ငံက ဖြစ်နေတဲ့ပြဿနာက ဒီလိုထုတ်ပြန်ရမယ့် အခြေအနေဆိုတော့လည်း ဒါကမချိုးဖောက်ဘူးလို့ မြင်တယ်။ မျိုးစောင့်ဥပဒေနဲ့ လူ့အခွင့်အရေးကို နှိုင်းယှဉ်လာခဲ့မယ်ဆိုရင်တော့ မျိုးစောင့်ဥပဒေကို ဦးစားပေးရမှာပါ။ လူ့အခွင့်အရေးကတော့ ကြေညာစာတမ်းပဲလေ။ ဒါပေမဲ့ ဥပဒေကတော့ လိုက်ကိုလိုက်နာရမှာပေါ့။ ” ဟု Mi Pome Chan ကပြောသည်။

    ရခိုင်အမျိုးသမီးများ အစည်းရုံး(RWU)မှ ပြောရေးဆိုခွင့်ရှိသူ စောစံငြိမ်းသူကလည်း နိုင်ငံတကာ ဥပဒေကိုမထိခိုက်ရအောင်ဆိုပြီး မျိုးစောင့်ဥပဒေကို တိုက်ရိုက်ဟန့်တားတာမျိုး မလုပ်သင့်ကြောင်း အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

    ” ကျွန်မအမြင်ကတော့ ဒီမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လု့ိလဲဆိုတော့ ဒီကိစ္စတွေက လူတစ်ယောက်၏ ခံယူချက်၊ ယုံကြည်ချက် အပေါ်မှာတော့ အများကြီးမူတည်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအရ ဆိုရင်တော့ မည်သည့်ဘာသာမဆို ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်၊ လက်ထပ်ခွင့် ရှိတယ်ဆိုတာကတော့ နိုင်ငံတကာဥပဒေပေါ့။ အဲဒါကိုတော့သွားပြီး ကန့်သတ်တားမြစ်လို့တော့ မရဘူးပေါ့။ ဒါပေမဲ့ တစ်ဖက်က ပြောနိုင်တာက မျိုးစောင့်ဥပဒေဆိုတာက လူမျိုးတစ်မျိုးနဲ့ သက်ဆိုင်တယ်။ အဲဒီလူပုဂ္ဂိုလ်ရဲ့ ယုံကြည်မှု၊ လက်ခံမှုပေါ်မှာ အများကြီး မူတည်တယ်။ ထိုပုဂ္ဂိုလ်ရဲ့ ကျင့်သုံးမှုအပေါ်မှာ မူတည်တယ်။ အဲဒါကြောင့် နိုင်ငံတကာ ဥပဒေကိုလည်း မထိခိုက်ရအောင်ဆိုပြီးတော့ မျိုးစောင့်ဥပဒေကို တိုက်ရိုက် ဟန့်တားတာမျိုး မလုပ်သင့်လို့ မြင်ပါတယ်။ ” စောစံငြိမ်းသူက ပြောသည်။

    ဗုဒ္ဓဘာသာဝင်အချင်းချင်းသာ လက်ထပ်ရန်ဆိုသည့် မျိုးစောင့်ဥပဒေမှာ နိုင်ငံတကာ ဥပဒေနှင့် CEDAW အရကြည့်မည်ဆိုပါက ချိုးဖောက်မှုများ ပါနေသော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် ယဉ်ကျေးမှုအရရော၊ စာပေအရရော ကြိုတင်ကာကွယ်ထားသလိုဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်သည့် ဥပဒေဆိုလျှင် မြန်မာ့အမျိုးသမီးများအတွက် အန္တရာယ်ကင်းကြောင်း၊ မျိုးစောင့်ဥပဒေက အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ၁၉၅၄ ခုနှစ်က မြန်မာအမျိုးသမီးများအတွက် ကာကွယ်ပြဌာန်းထားသည့် ဥပဒေမှာ လုံလောက်မှုမရှိသည့်အတွက် ယခုလို မျိုးစောင့်ဥပဒေကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ မြင်ကြောင်း Mi Pome Chan က ဆက်လက်ပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာ မျိုးစောင့်ဥပဒေ၏ တလင်တမယားစနစ်မှာ လူ့အခွင့်အရေးနှင့် မဆိုင်ဘူးဟု စောစံငြိမ်းသူက ယခုလိုဆက်ပြောသည်။

    ” တလင်တမယားစနစ်က ကျွန်မအနေနဲ့ ပြောရမယ်ဆိုရင် လက်ခံတယ်။ သဘောကျတယ်။ ဖြစ်လည်းဖြစ်သင့်တယ်လို့ မြင်ပါတယ်။ တလင်တမယားစနစ်ကို လိုက်နာခြင်းအားဖြင့် စောင့်ထိန်းမှုဆိုတဲ့ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်ဆိုတာလည်း ရှိတယ်။ စာရိတ္တအရ ပျက်ပြားမှုလည်း တစ်စုံတစ်ရာ မရှိနိုင်တော့ဘူး။ ဒီတလင်မယားစနစ်က အခွင့်အရေးနှင့် မဆိုင်ဘူးလို့ ထင်တယ်။ လူမှုရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ တကယ်လို့ ဘယ်နှစ်ယောက်ပဲယူယူ ခွင့်ပေးထားတယ်ဆိုရင် စာရိတ္တ ထိန်းသိမ်းတဲ့အပိုင်းမှာ အားနည်းချက် ရှိလာပါမယ်။ တလင်တမယားစနစ် ထားတာကို ဆန့်ကျင်ပြီးတော့ ပြောစရာအကြောင်းမရှိပါဘူး။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို မထိခိုက်ဘူးလို့ မြင်ပါတယ်။ ” ဟု ပြောသည်။

    အမျိုးသမီးပါ အမျိုးသားပါ တကြိမ်သာလက်ထပ်ထိမ်မြားခွင့်ရှိပါက တလင်တမယားစနစ်က အမျိုးသမီးများအခွင့်အရေးကို ထိခိုက်တယ်လို့မမြင်ကြောင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို ပိုပြီးထိန်းချုပ်ထားခြင်းမျိုး၊ နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာခဲ့မည်ဆိုပါက မျိုးစောင့်ဥပဒေကို ဟန့်တားရလိမ့်မဟု ဝေဖန်ကြောင်း မွန်အမျိုးသမီးများအဖွဲ့(OMWO)မှ အတွင်းရေးမှူး Mi Pome Chan က ပြောကြားခဲ့သည်။

    Arakan Times

  • ကြက်အူလှည့်

    June 24, 2013 at 2:30 pm

    အချစ်မှာ ညက်ရှိမစိဘူး ..ဘုန်းဂျီးရဲ့ ..မစိဘူးဟူးဟူးးးး

    :'(

  • kai

    June 25, 2013 at 12:57 pm

    ဒုဋ္ဌဂါမဏိမင်းဟာ သာသနာဖျက် မိစာ္ဆဒိဋ္ဌိ ကျေးလူမျိုးတွေကို နှစ်နှစ်ကျော်တိုက်ခိုက်ခဲ့ရပါတယ်..။တိုက်ပွဲတွေပြီးလို ့ ထီးနန်း ဥကင်ထဖွင့်တဲ့အခါ တိုက်ရင်းခိုက်ရင်း လူတွေ သတ်ခဲ့ရတာကို တွေးပြီး…….. သာသနာပြုချင်လို ့လုပ်ရပေမယ့် အပါယ်လားမယ့် အလုပ်တွေများဖြစ်နေမလား…..ဆိုပြီး အိပ်မပျော်ဖြစ်နေပါတယ်..။ ဒီအကြောင်းကို အဘိညာဉ်ရ ရဟနာ္တ မထေရ်ကြီးတွေ သိတော့ ဒုဋ္ဌဂါမဏိမင်းဆီကို တရားပြဖို ့ ရဟနာ္တ မထေရ် ရှစ်ပါးကို လွှတ်လိုက်ပါတယ်..။

    ဒုဋ္ဌဂါမဏိမင်းကလည်း ခံစားနေရတဲ့ သောကကို ပြောပြပါတယ် ။ ဒီတော့ ရဟန္တာ မထေရ်များက ….”…..ဒကာတော်မင်းကြီး ဤကျေးစစ်သည်တို ့ကို သတ်ဖြတ်ခြင်းတည်းဟူသောကံဖြင့် နတ်ပြည်သို ့လားခြင်းကိုလည်း မတားမြစ်နိုင်..။အက္ခောဘိဏီ ( ၂၁၈၇၀၀ဝ ) မကများစွာသော ကျေးလူမျိုးတို ့ကို သတ်ခြင်းကြောင့် သဂ္ဂန ္တရယ်…မဂ္ဂန ္တရယ်..မဖြစ်…။ သေလေသောစစ်သည်တို ့တွင်…လူတစ်ယောက်နှင့်တစ်ပိုင်းကိုသာ သတ်မိ၏ .။ ( လူတစ်ယောက်နှင့် တစ်ပိုင်းဆိုတာ…ငါးပါးသီလ တည်သူတစ်ဦးနှင့် သရဏဂုံ တည်သူတစ်ဦး ကို ဆိုလိုသည်..။)

    ဤမှ တစ်ပါးသောသူကား မိစာ္ဆ အယူလည်း ရှိ၏ ။ ထိုသူတို ့ကား သားနွားတိရစာ္ဆန်နှင့် တူ၏ ။ သားနွားကို သတ်သော အပြစ်မျှသာရှိ၏..။ ဒကာတော်မင်းကြီး…..သင်သည် ဘုရားရှင် သာသနာတော်ကို စ်ငကြယ်စွာ ထွန်းပစေလတ္တံ ့သောသူတည်း ။ ထိုသို ့ သာသနာတော်ကို ချီးမြှောက်သော ကုသိုလ်ကံသည် အန္တရယ်ကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်..။ ထို ့ကြောင့် နှလုံး မသာ မယာ မရှိပါလင့် ၊ ရှေးဦးစွာ ကြံစည်ထားသည့်အတိုင်း ကျွန်းသူ ကျွန်းသား အများစုတို ့ ဘုရားရှင် သာသနာတော်ကို ကောင်းစွာ သက်ဝင်အောင် ဆောင်ရွက်တော်မူပါလော့…”…ဟု ဟောပြောပေးကြပါတယ်…။ ဒီစကားကို ကြားမှ ဒုဋ္ဌဂါမဏိ မင်းကြီး စိတ်သက်သာရာရပါတော့တယ် .။ဒုဋ္ဌ ဂွမဏိမင်းကြီး နတ်ရွာစံတဲ့အခါမှာ တုသိတာ နတ်ပြည်ကို ရောက်သွားတယ်လို ့ဆိုပါတယ်…..။
    ( ရဝေနွယ်- အင်းမ )

  • ကြက်အူလှည့်

    June 25, 2013 at 1:32 pm

    ၁၁မီးငြိမ်း အယ်ချုပ် ဘာဖြစ်တယ်ဆိုလား …
    လင့်ခ် ပေးဘာာာာာ။လင့်ခ် ပေးဂျဘာာာာ။

      • ကြက်အူလှည့်

        June 25, 2013 at 1:52 pm

        အဲ့ ဒါ့ပုံယီး တော့ တွေ့တာပေါ့စ်…ကျော်တောင်းတာ မူဗီ

        :mrgreen:

        • kai

          June 25, 2013 at 3:03 pm


          =

        • ကြက်အူလှည့်

          June 25, 2013 at 3:07 pm

          ဘာလူစကိုနီလည်း ရနှစ် ကျသွားသတဲ့…
          အိုက်ဒါမျိုး နာမည်ကျော် ဘောသမားတွေဖြစ်တဲ့
          ကင်ရင် ဘန်ဇီးမား နဲ့ ဖရန့် မာလူဒါ တို့လည်း ဖြစ်ဖူးသတဲ့ …
          (သူတို့ကတော့ တရားရင်ဆိုင်တုံး)

          သခင်မျိုးဟေ့ ဒို့ဘားမန်း ပြင်သစ်တွေ အီတာလျှံတွေကို ရင်ဘောင်တန်းနိုင်ဘီ။

        • Ma Ei

          June 25, 2013 at 3:16 pm

          …. ဒီလိုပြန်ရှင်းပေးထားပါတယ်….

          သက်တန့်ချို ….
          ပေါက်တတ်ကရတွေအတော်လုပ်တယ်
          ဘာများသတင်းတွေထူးမလဲလို့ ဖေ့ဘုတ်ကိုကြည့်မိကာမှပဲ Myanmar Daily News ဆိုလားဆိုက်တစ်ခုကနေ EMG CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ ဇာတ်လမ်းဆိုလား တင်လာတာတွေ့ရတယ် ။
          ပုံတွေက ဖြတ်ကပ်ညှပ်နဲ့ ဒီတော့လည်း ဖတ်မိသမျှ သိသမျှလေးပြန်ရှင်းလိုက်ဦးမယ် ။

          ဘာမှလည်းမတော်ပါဘူး ဒါပေမယ့် လူတစ်ယောက်ကိုနာမည်ဖျက်တာ ဒီနည်းလမ်းက သိပ်များကလေးဆန်နေသလားလို့ ။ ကျွန်တော်နဲ့ EMG တောင် တစ်ခါက ကျွန်တော့်ကို ဘမ်းလို့ ပြဿနာတက်ပြီးဖုန်းတွေလှမ်းဆက်ရနဲ့ ဖြေရှင်းခဲ့ကြဖူးတာ မှတ်မိကြဦးမှာပါ ။ ဆောင်းပါးတော်တော်များများကိုနှစ်သက်လို့ EMG ကို အားပေးတာကလွဲလို့ ကျွန်တော်ဟာ ဘယ်သူ့ဘက်တော်သားမှမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိထားစေချင်လို့ပါ ။

          ကဲ ကြည့်ရအောင် မူရင်း တင်ထားတာက ဒီလင့်မှာပါ

          http://www.myanmardailynews.org/2013/06/eleven-media-group-ceo-vioce.html

          မလွင်မုံဇာခြည်(၁၇) နှစ် က The Voice ကိုဖုန်းဆက်တိုင်သတဲ့ voice နဲ့ vioce တောင်စာလုံးပေါင်းမမှန် ။ အောက်ဆုံးမှာ by:ကိုစိုးလွင် အကြီးတန်း(The Vioce ) ref: အဖြူရောင်မီဒီယာ ဆိုပြီးတပ်ထားတယ် ။ The Voice မှာ ကိုစိုးလွင် အကြီးတန်း ဆိုတာ မရှိပါဘူး လို့ဆိုတယ် ( ဦးယောင်နီဦး )

          နောက်ထပ်ကွင်းဆက်တွေလိုက်ကြည့်တော့ ဒီမှာသွားတွေ့တယ် ။

          ======================================

          လွင်မုံဇာခြည် (၁ရ နှစ်) ဆိုတာဂျီးက အင်ဒိုနီးရှားမှာ နေတာလား ဟင် အင်ဒိုနီးရှားက ပွန်းဆိုက်တစ်ခုမှာ တွေ့ဖူးလို့ပါ။ မယုံရင်ဟောဒီလင့်မှာ ဝင်ကြည့် …. ( Moe Zay Nyein )

          http://indonesiagirlonly.blogspot.com/2010/05/indonesia-hot-girl-girl-with-blue-towel.html

          ကဲ ဒီလောက်ဆို ပွန်းဆိုက်တစ်ခုက ပုံနဲ့ အသရေ ဖျက်ထားမှန်းပေါ်သွားတယ် ဆိုပါတော့ ။

          ဒီလောက်ပါပဲ လုပ်ကြံထားမှန်းသိအောင်ပါ ဒီထက်အရေးကြီးတဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး ဘာသာရေး ကိစ္စ တွေရှိပါသေးတယ် ဒီလို အရေးမပါတဲ့သတင်းတွေအတွက်နဲ့စာဖတ်သူတွေအချိန်ကုန်မခံစေချင်ပါဘူး ။

          သက်တန့်ချို

        • ကြက်အူလှည့်

          June 25, 2013 at 3:19 pm

          ပလေးဘတ်တန် ပေါ်ပြီး နှိပ်လို့ မရတဲ့ ကလစ်တွေတွေ့တဲ့အခါ သားတော့ သိပ်စိတ်ဆိုးတာပဲ မေမေ

        • စနေ

          June 25, 2013 at 3:28 pm

          သဂျီး …
          ဓါတ်ပုံနဲ့ facebook link က ဘာဆိုင်လို့လဲဟင် ……. 😀 😀

        • kai

          June 27, 2013 at 2:31 pm

          အကျန်းအဖန်းပုံး… ဆိုဒါ သီးဒါအောင်ဘာ..။
          အဲဒီးကန်းမလေးဂ ဘားမာမနဲ့မား.. မဒူဒါ…။

        • စနေ

          June 27, 2013 at 2:42 pm

          သာဂျီးနော …
          ပေးထားတဲ့ link က ကန်းမဂလေးပုံရဲ့ link
          မဟုတ်ဘူးနော…. :mrgreen:

        • kai

          June 27, 2013 at 2:49 pm

          ဆောတီး
          ဖျက်လိုက်ပါပြီ..
          လေးစားမိတဲ့..ရဟန်းတပါးဖေ့စ်ဘုတ်နဲ့မှ သွားလင်ခ့်မိတယ်.. :mrgreen:

  • စနေ

    June 25, 2013 at 2:27 pm

    (မေး -ကိုသီဟသွေး) -Aunty ခင်ဗျား၊မြန်မာနိုုင်ငံ မှာ ဗုုဒ္မ္ဂဘာသာက တကယ်ပဲ ချိန်းခြောက် ခံနေရပြီ၊ ဥပဒေ တရပ်ထုုတ်ပြန်ပြီးကာကွယ်ဖိုု့ လိုုအပ်နေပြီ လိုု့ ယူဆပါသလားခင်ဗျား။.

    (ဖြေ -DASSK) -အန်တီ ကတော့… ဘာသာတရားကိုု ကာကွယ်တာဟာ အဓိက က ယုုံကြည်မှုပဲ။ ဒီဘာသာကိုု လိုုက်စားတဲ့လူတွေရဲ့ ယုုံကြည်မှုက ခိုုင်မာရင် ဘယ်အရာကမှ၊ ဘယ်သူကမှ လာလှုပ်လိုု့ မရဘူး။

    ဒေါ်အောင်ဆန်းစုုကြည် ။ ဇွန် ၂၅ ၊၂၀၁၃ ။ ပြည်သူ့လွှတ်တော်။ မီဒီယာကန်တင်း။
    https://www.facebook.com/khundeerum?hc_location=timeline

  • မောင် ပေ

    June 25, 2013 at 7:17 pm

    ကိုယ့်လူတွေ က မခုတ်တတ်တဲ့ ကြောင်တွေလိုလိုနဲ ့
    အရေးလဲပေါ်လာရော
    ပညာတွေ အလျှိုလျှို ထုတ်သုံးလာကြပါပေါ့ကလား
    အရေးထဲ
    သည်ပို ့စ် ထဲ မှာ
    ဘုန်းကြီးကို ဒဲ့စော်တဲ့ဟာတွေကလဲ ရှိသေးတယ်
    ပညာအရမ်းတတ် ၊ တော်နေတယ်လို ့ယုံကြည်မှု ရှိရင် ၊ ဘုန်းကြီး နဲ ့မျက်နှာချင်းဆိုင် လာပြောစေချင်တယ်ဗျာ
    အေးလေ ပြောမယ့်သာ ပြောရတာပါ
    မာမွတ်ခိုင် က ကြိုက်မှာ မဟုတ်

  • စနေ

    June 26, 2013 at 2:13 pm

    “Ms. Hannah Beech (TIME Magazine) သို့ အိတ်ဖွင့်ပေးစာ”

    ခင်မင်ရပါသော နှမတော် ဟန်နာဘိခ်ထံ အမျိုးသားရေးဝါဒီ ဦးပဉ္စင်း ဦးဝီရသူ စာရေးလိုက်ပါတယ်။

    မင်း ငါ့ဆီလာစဉ်တုန်းက မင်းနှင့် မင်းရဲ့ဓာတ်ပုံဆရာအပေါ် ငါတို့ ဧည့်ဝတ်ကျေပွန် ခဲ့တယ်နော်။ မင်းတို့ဖြစ်စေချင်တာအားလုံးကို ငါအကုန် ကူညီခဲ့တယ် ဆိုတာလည်း မင်းသိမှာပါ။

    မင်းတို့သတင်းသမားတွေ သတင်းမှန်သိစေချင်တဲ့ စိတ်ရင်းစေတနာကောင်း တစ်ခုတည်းနဲ့ ငါတို့ မင်းကိုကူညီခဲ့ကြတာပါ။

    မင်းတို့နိုင်ငံကြီးသားတွေကို လေးစားလို့ မင်းတို့ TIME ဌာနကြီးကို အထင်ကြီးလို့၊ မင်းတို့ လိမ်လိမ့်မယ် မထင်လို့၊ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်လိမ့်မယ် မထင်လို့ ငါတို့ မင်းကို ကူညီခဲ့ကြခြင်းဖြစ်ပါတယ်။

    အခုမှ မင်းဟာ ငါ့အတွက် ဧည့်ဆိုးမှန်း သိလိုက်ရပါတယ်။

    မင်းမျက်နှာပေါ်က လှပတဲ့အပြုံးရဲ့နောက်ကွယ်က အမုန်းတရားတွေကို မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။ နူးညံ့တဲ့ မင်းရဲ့အမူအရာတွေအောက်က အကြင်နာတရားကင်းမဲ့မှုတွေကို မြင်အောင်ငါမကြည့်နိုင်ခဲ့ဘူး။ ချိုသာတဲ့စကားတွေထဲက ဓားသွားလိုရက်စက်မှုတွေကိုလည်း မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။

    မင်းလို နူးညံ့သိမ်မွေ့ပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်မှာ ကမ႓ာနဲ့ချီပြီး ရက်စက်ရဲလောက်တဲ့ အာဃာတနှလုံးသားမျိုး ရှိလိမ့်မယ်လို့ ငါမထင်ခဲ့တာဟာ မင်းပြောသလို ငါဟာ အခြေအနေမဲ့ ဘဝကလာတဲ့ ရဟန်းတစ်ပါး ဖြစ်နေလို့ပဲ ယူဆရပါတော့မယ်။

    ဗမာဘင်လာဒင်တို့၊ နာဇီလက်သစ်တို့၊ နာဇီကတုံးတို့၊ မြန်မာ အိုစမာတို့ဟာ facebook မှာ ကုလားတွေပေးထားတဲ့ နာမည်တွေပါလို့ မင်းကို ငါပြောခဲ့ရဲ့သားနဲ့ မင်းက The Buddhist Monk, The Title “Burmese Binladen” လို့ သုံးရက်တယ်နော်။

    ရှေ့မှာတုန်းက The Buddhist Monk လို့ သုံးထားပြီးမှ With the man in burgundy robes လို့ တမင်ရည်ရွယ်ချက်ရှိရှိ သုံးထားတာကို တွေ့ရပြန်တော့ မင်းကိုယ်မင်း မင်းဘဝရဲ့သရုပ်မှန်ကို ဝန်ခံလိုက်တာလို့ပဲ အောက်မေ့မိတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းဟာ ငါထင်ထားသလို လူကြီးလူကောင်းတစ်ယောက်မဟုတ်တော့ဘဲ အစွန်းရောက်ကုလားတွေနဲ့ တစ်တန်းစားတည်း ဖြစ်နေလို့ပါ။ ကုလားတွေလည်း ငါ့ကို မင်းလိုဘဲ သင်္ကန်းခဏခဏချွတ်ခိုင်းနေကြလို့ပါ။ ပြီးတော့ ဘုန်းကြီးတစ်ပါးအဖြစ် အသိအမှတ်မပြုဘဲ သင်္ကန်းဝတ် လို့ ခေါ်ဝေါ်ကြလို့ပါ။

    ငါ့တရားတွေက မင်းပြောသလို အမုန်းတရားတွေနဲ့ တောက်လောင်နေတာ မဟုတ်ပါဘူး။ မင်းရဲ့ရေးသားချက်တွေကမှ အမုန်းတရားတွေ ပြည့်နှက်နေခဲ့တာပါ။

    ကောက်ချက်ချလွဲမှားတာ၊ နားလည်မှုလွဲမှားတာတွေကို ခွင့်လွတ်လို့ ရတယ်နော်။ ငါ့ကိုပစ်မှတ်ထား တိုက်ခို်က်နေမှန်း မင်းစကားလုံးတွေက သက်သေပြနေတယ်ဆိုတာ မင်း ငြင်းဦးမှာလား မိန်းကလေး။

    မင်းပြောတဲ့စကားနှင့် ငါဟောတဲ့တရားတွေကို အသေအချာပြန်ပြီး တိုက်ဆိုင်ကြည့်ပါဦး။

    Now is not the time for calm.

    Now is the time to rise up to make your blood boil. (အဲ့ဒါ မင်းစကား)။

    ၉၆၉ ဟာ ငြိမ်းချမ်းရေးအတွက်

    ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ။

    အမျိုးဘာသာ သာသနာအတွက်ကို

    အကြမ်းမဖက်ဖို့ ပုံဖော်နေ။

    ရတနာသုံးပါး ဦးထိပ်ထားလို့

    ရိုးသား၊ နိုးကြား၊ ကြိုးစားလေ။

    အမျိုးသားရေး သွေးမအေးပဲ

    အမြဲတစေ နွေးပါစေ။

    ဒါကိုကြည့်ရင် မင်းကိုယ်တိုင်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ပေါ်လွင်တယ်နော်။

    ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်တာတွေ မလုပ်ဖို့ ဟောကြားနေတဲ့ ငါ့ကို မင်းကအကြမ်းဖက် သမားလို့ စွပ်စွဲခဲ့တယ်။

    ရိုးသားဖို့၊ နိုးကြားဖို့၊ ကြိုးစားဖို့ တိုက်တွန်းတဲ့ ငါ့ကို မင်းက ထချဖို့၊ စတိုက်ဖို့၊ တိုက်တွန်းလှုံ့ဆော်တဲ့ပုံစံမျိုး ချိုးသွားခဲ့ပြန်တယ်။

    ငါက သွေးမအေးစေနဲ့ သွေးနွေးစေကြဖို့ ဟောတာကို မင်းက သွေးဆူသွေးပွက်အောင် လုပ်ခိုင်းတဲ့ ရန်တိုက်ပေးတဲ့ပုံစံမျိုး လုပ်သွားခဲ့ပြန်တယ်။

    တတ်လည်း တတ်နိုင်တဲ့ မိန်းကလေးပဲနော်။

    (ဆက်လက်ဖော်ပြပါမည်။)

    မေတ္တာမပျက် ချစ်ခင်လျက်

    (အကြမ်းဖက်သမားကြီး)

    ဦးပဉ္စင်း

    ဦးဝီရသူ

    25.6.2013- PM- 11:37
    https://www.facebook.com/notes/wira-thu/ms-hannah-beech-time-magazine-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%A1%E1%80%AD%E1%80%90%E1%80%B9%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%95%E1%80%B8%E1%80%85%E1%80%AC/285807391562776

    • ကြက်အူလှည့်

      June 27, 2013 at 12:41 pm

      ဒီလိုရှိတယ် နှမတော် ရယ် ..
      အစ်ကိုတော် ရှင်းပြမယ်နော်..
      အဲ့ဒီ ကိုကိုဝီ ကလေ..
      နှမတော် အခုရှဲတဲ့ စာစုလေးကို မရေးခင် လေးတင်ပေါ့ကွယ်
      ဘာသာရေးအယူအဆကြားမှာ အရှိန်အဝါကျဆင်းလာတဲ့ ဒမိုခွေစီခေါင်းဆောင် ဆိုတဲ့
      ဘယ်သတင်းစာလား ဂျာနယ် လား မသိ မှာပါတဲ့ ဘယ်သူရေးသလဲလဲ မသိ
      (အစ်ကိုတော် မသိတာပြောပါတယ် သိတဲ့လူသိကြမှာပါ)ဆောင်းပါးတပုဒ် ကို ရှဲတယ် နှမတော်ရယ်

      တိန်… နာတောင် ရေးဟန်တွေ နုဖတ်ကုန်ဘီ….။

      မေမေ့ကို ဝေဖန်တဲ့လူတွေ ဆို သားသိပ်မုန်းတာပဲ မေမေ။

      ဒချိ. .ဒချိ.။

  • ကြက်အူလှည့်

    June 27, 2013 at 12:37 pm

    ဆယ့်တစ် ပါတ် ရမ်းနေတယ် ကြားဒယ်…
    ကြောက်ထှာ ..
    (၂၀၁၃-၀၆-၂၇)ကနေ့ထုတ် ဆယ့်တစ် သတင်းစာမှာတဲ့ ..
    ထွန့်ထွန့်လူး အွန်လိုင်းမျိုးချစ်တွေကို တဲ့ ..
    ဘာသာရေး ဘလားဘလားတွေ ဆိုလား ဘိုင်နိမ်းကြီးတွေနဲ့ နာမည်တပ် ရေးလို့တဲ့ ..
    ဆဲဆိုကုန်ကြဘီ …

    ကွိကွိ..
    ဘယ်သူတွေ လဲ သိချင်သားဗျာ…

  • စနေ

    June 27, 2013 at 12:50 pm

    အကိုတော် သိချင်နေတဲ့ ဆယ့်တစ်အကြောင်းလေးကို နှမတော် ယူလာပါတယ် …. ဟိဟိ :mrgreen:

    Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင် အစွန်းရောက်များလည်း ရှိနေ

    အင်တာနက် သုံးစွဲသူ မြန်မာများအကြား အသုံးပြုမှု မြင့်တက်နေသော လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင် အစွန်းရောက်များလည်း ရှိနေကြောင်း အင်တာနက် သုံးစွဲသူများက ပြောကြားပါသည်။

    ထိုသို့ ရှိနေသော မွတ်စလင် အစွန်းရောက်များ၏ စာမျက်နှာများပေါ်တွင် ၎င်းတို့နှင့် အယူအဆ မတူသူများကို နည်းလမ်းမျိုးစုံဖြင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် ပုဂ္ဂိုလ်ရး အပုပ်ချ ရေးသားခြင်းများ၊ ဖြန့်ဝေခြင်းများကိုလည်း လုပ်ဆောင်လေ့ရှိပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများလည်း ရှိနေကြောင်း သိရပါသည်။

    Facebook ပေါ်တွင် ရှိနေသော မွတ်စလင် အစွန်းရောက် စာမျက်နှာများအနက် မောင်သစ္စာ၊ Modh Tauki၊ Myanmar Muslim Media၊ NY Kogyi၊ Mg Mg၊ M Media၊ သမိန်ပေါသွပ်၊ အူးအူးစတီဗင်နှင့် မွတ်စလင် သူရဲကောင်းများ စသူတို့မှာ သိသာထင်ရှားသော စာမျက်နှာများ ဖြစ်နေပြီး ထိုစာမျက်နှာများတွင် သွေးထိုးလှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် ရေးသားဖြန့်ဝေနေကြောင်း အင်တာနက် သုံးစွဲသူများက ပြောကြားပါသည်။

    ထိုသူများသည် မြန်မာနိုင်ငံ မဟုတ်သော အခြားနိုင်ငံများတွင် အခြားသော မှုခင်းဖြစ်စဉ်များ၌ အသတ်ခံခဲ့ရသူများ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးခဲ့ရသူများ၏ ဓာတ်ပုံများကို ပြုပြင်ပြီး မြန်မာနိုင်ငံ၌ မွတ်စလင်များ အသတ်ခံနေရကြောင်း၊ ရိုဟင်ဂျာများ လူမျိုးသုဉ်း အသတ်ခံနေရကြောင်း ပုံကြီးချဲ့ ဖော်ပြကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတကာမှ ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

    ထို့အပြင် မြန်မာနိုင်ငံသား ဗုဒ္ခဘာသာဝင်များ၏ ၉၆၉ လှုပ်ရှားမှုများကိုလည်း အကြမ်းဖက် လှုပ်ရှားမှုအသွင်ဖြစ်အောင် လုပ်ကြံဖန်တီး ပြောဆိုခြင်းများ ရှိခဲ့ပြီး ဘာသာရေး လှုံ့ဆော်မှုများဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။

    ယခု ရက်ပိုင်းအတွင်း Time မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်သူများအား ပစ်မှတ်ထားကာ မွတ်စလင် အစွန်းရောက်များက ၎င်းတို့၏ Facebook စာမျက်နှာများမှ တိုက်ခိုက်ရေးသား ခဲ့ခြင်းများ ရှိခဲ့ပါသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် အဆင့်အတန်းရှိရှိ တုံ့ပြန်ရေးသားခြင်း မဟုတ်ဘဲ အပုပ်ချ တိုက်ခိုက်သည့် နည်းလမ်းများ အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။

    မွတ်စလင် အစွန်းရောက် သူများ၏ Facebook Account များအနက် တစ်ခုအပါအဝင်ဖြစ်သော အူးအူးစတီဗင် Account တွင် “မြန်မာမွတ်စလင်များ နိုကြားလော့” ဟု လှုံ့ဆော်ခဲ့ပြီး သွေးဖြင့်ရေးခဲ့သော မြန်မာမွတ်စလင်များ၏သမိုင်း မြန်မာနိုင်ငံ အနှံ့တွင် မခြောက်ခမ်းသေးကြောင်း၊ မြန်မာမွတ်စလင်များ၏ မခမ်းခြောက်သေးသော သွေးများ၊ မျက်ရည်များကို တစ်ရက်တွင် နားလည်လာနိုင်စေကြောင်းနှင့် နိုးထလော့ မြန်မာမွတ်စလင်များဟူ၍ လှုံ့ဆော်ရေးသားခဲ့သည်။ ထိုလှုံ့ဆော်မှုကို ထပ်ဆင့်ဖြန့်ဝေသူ ၁၀ဝ ကျော် ရှိခဲ့ပြီး Lynn Hpone Thant ဟူသော Account တွင် “ဟိုတခြားဘက်က သောက်ပိန်းတွေ လက်စားချေချင်တာတွေ၊ အမုန်းတွေ ဟီးဟီးထနေတာပဲ” ဟု ပြန်လည်ရေးသား ဖော်ပြခြင်းများ ရှိခဲ့သည်။

    ထို့အတူ သမိန်ပေါသွပ် ကြိုက်သူများ Facebook Account တွင် “ဗုဒ္ဓဘာသာဝင် အများစုက အကြမ်းဖက် လူသတ်ရမ်းကားမှုတွေကို အားပေးအားမြှောက် လုပ်တဲ့သူနဲ့ မသိချင်ယောင် ဆောင်ခဲ့လေတော့ ဗုဒ္ဓဘာသာပါ ခေါင်းစဉ်တပ်ခံရတာ ဘာဆန်းလဲ” ဟု လည်းကောင်း၊ မောင်သစ္စာ Account တွင် “မျိုးစောင့် ဥပဒေနဲ့အတူ သံဃာများ အိမ်ထောင်ပြုရေး သံဃာများ ညီလာခံတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဝီရသူ မိန့်ကြား” ဆိုသည့် မမှန်သတင်း တစ်ခုကို လည်းကောင်း၊ M Media တွင် “လမ်း ၂ဝ ထိပ်တွင် သင်္ကန်းဝတ် သံဃာတော် တစ်ပါးမှ သစ်သားတုတ်ဖြင့် ရိုက်နှက်ရန်စမှု ဖြစ်ပွား” ဆိုသော မမှန်သတင်းကို လည်းကောင်း၊ Modh Tauki တွင် “ခွေးခြောက်ခွေးတွေ မွတ်စလင်တွေကို တအားမုန်းပြနေတာ ဘယ်နေ့ မွတ်စလင်တွေဆီမှာ အမြီးလာနန့်ပြမလဲ မသိဘူး။ အဲဒီနေ့ကို စိတ်ရှည်စွာနဲ့ စောင့်စားလျက်ရှိကြောင်း” ဟု လည်းကောင်း အသီးသီးရေးသားပြီး ဘာသာရေး လှုံ့ဆော်မှုများ ပြုလုပ်ကာ ဆူပူမှုများ ဖြစ်စေရန် တွန်းအားပေး ဖော်ပြမှုများကို ဆက်တိုက်ပြုလုပ် နေခဲ့ကြသည်။

    မွတ်စလင် အစွန်းရောက်များ၏ Facebook စာမျက်နှာများသည် လူထုမောင်ကာဠု၊ We Love True တို့ကဲ့သို့ပင် အမည်နာမ အမျိုးမျိုး ကွဲပြားသော်လည်း အဓိပ္ပာယ်အားဖြင့် မကွဲပြားသော စာများကို တစ်ပြိုင်နက်တည်း ရေးသားနေခြင်း ဖြစ်သည်။

    မွတ်စလင် အစွန်းရောက်များသည်လည်း ၎င်းတို့နှင့် ဆန့်ကျင်သော အမြင်ရှိသူဟု ယူဆရသည့် ထင်ရှားကျော်ကြား သူများကို အသရေဖျက်၊ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။ “အစွန်းရောက်တာကတော့ မကောင်းဘူးဗျာ။ ကျွန်တော်တို့က လူတွေကို ဘာသာရေးအရ မခွဲဘဲ အစွန်းရောက်တဲ့လူနဲ့ အစွန်းမရောက်တဲ့ လူကိုပဲ ခွဲရမှာပါ။ အစွန်းရောက်တာကို လုံးဝဆန့်ကျင်ပါတယ်။ သမ္မာသမတ်ကျတဲ့ အမြင်တွေနဲ့ ရေးသားတဲ့လူတွေ များများရှိဖို့ လိုပါတယ်။ အခုတော့ အွန်လိုင်းစာမျက်နှာတွေက ဟိုဘက်အစွန်းရောက်တဲ့လူနဲ့ ဒီဘက်အစွန်းရောက်တဲ့လူတွေ တိုက်နေတဲ့ တိုက်ပွဲလို ဖြစ်နေတယ်။ ကျွန်တော်လည်း အွန်လိုင်းမှာ သမ္မာသမတ်ကျကျ ရေးတတ်တဲ့ လူတွေကို လိုက်ကြည့်နေတယ်။ အဲဒီလို လူတွေစုဖွဲ့ပြီး များများရေးကြဖို့ လိုပါတယ်” ဟု ကိုနေဘုန်းလတ်က ဆိုသည်။
    ဘာသာတိုင်းမှာ အစွန်းရောက်တွေ ရှိတယ်။ အမေရိကားမှာတော့ မွတ်စလင် အစွန်းရောက်ရော၊ ခရစ်ယာန် အစွန်းရောက်ရော ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက ဘယ်အစွန်းရောက်ကိုမှ လက်မခံပါဘူး။ လုံးဝအားမပေးဘူး။ အစိုးရကလည်း အစွန်းရောက်တွေကို ဥပဒေနဲ့ တိတိကျကျ ကိုင်တွယ်တယ် . . . . .

    ဘာသာရေး အကြောင်းပြပြီး အစွန်းရောက်ကာ ထင်ရာစိုင်းနေသူများနှင့် ၎င်းတို့၏ ရေးသားဖော်ပြချက်များကို မည်သူကမျှ လက်ခံမည် မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

    “အစွန်းရောက်ဆိုရင် ဘယ်အစွန်းရောက်ကိုမှ ကျွန်တော်တို့ လက်မခံပါဘူး။ မွေးလာတဲ့ မိသားစုပေါ် မူတည်ပြီး ကျွန်တော်တို့ ဘာသာတွေ ကွဲပြားသွားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဒီနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် လူကိုလူလိုပဲ မြင်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး မွတ်စလင် ဘာသာဝင်ဖြစ်သူ ကိုပရှီးက ပြောကြားသည်။

    “ဘာသာတိုင်းမှာ အစွန်းရောက်တွေ ရှိတယ်။ အမေရိကားမှာတော့ မွတ်စလင် အစွန်းရောက်ရော၊ ခရစ်ယာန် အစွန်းရောက်ရော ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက ဘယ်အစွန်းရောက်ကိုမှ လက်မခံပါဘူး။ လုံးဝအားမပေးဘူး။ အစိုးရကလည်း အစွန်းရောက်တွေကို ဥပဒေနဲ့ တိတိကျကျ ကိုင်တွယ်တယ်။ ကမ္ဘာကြီးကလည်း အစွန်းရောက်တွေကို အားမပေးဘူး။ အယ်လ်ကိုင်ဒါကို ဘယ်အစိုးရကမှ တရားဝင် မထောက်ခံဘူး။ အယ်လ်ကိုင်ဒါဆိုတာ ဝရမ်းပြေး အဖွဲ့ပဲ ဖြစ်ပါတယ်။ အမေရိကားမှာတော့ ဘာသာတရားနဲ့ မကြည့်ဘူး။ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု အပေါ်မှာပဲ ကြည့်ပါတယ်” ဟု အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင်နေသော ဦးမောင်မောင်ကျော်က ပြောကြားသည်။

    ဘာသာရေး အကြောင်းပြပြီး အစွန်းရောက် သူများနှင့် ၎င်းတို့၏ ရေးသားမှုများကို လက်သင့်မခံကြောင်းနှင့် စာဖတ်သူများ အနေဖြင့် ဆင်ခြင်တုံ တရားဖြင့်သာ ဖတ်ရှုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ ဘာသာရေး အကြောင်းပြပြီး အစွန်းရောက် သူများ၏ ပြောဆိုရေးသားမှုများကို အရေးယူနိုင်သော ဥပဒေများလည်း ရှိထားပြီးဖြစ်ပြီး ရာဇသတ်ကြီး အခန်း ၂၂၊ ရာဇဝတ် မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများ အခန်းပါ ပုဒ်မ ၅၀၅ (ဂ) တွင် မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် လှုံ့ဆော်ခြင်းကိုဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

    ထို့ပြင် ကိုးကွယ်ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း၊ လူတစ်စား ကိုးကွယ်သည့် ဘာသာသာသနာကို ဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်မှုကို ဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစ်စား၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျုးလွန်သော ပြုလုပ်ခြင်းများ ပြုလုပ်ပါက ရာဇသတ်ကြီး အခန်း ၁၅ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများ အခန်းပုဒ်မ ၂၉၅ နှင့်၂၉၅ (က) အရ နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ် ခံရနိုင်ကြောင်း သိရသည်။

    အွန်လိုင်းစာမျက်နှာ များပေါ်တွင် မိမိ၏ အမည်မှန်ကို မဖော်ပြဘဲ သတင်းအမှားများ ထုတ်လွှင့်ပြီး သွေးထိုးလှုံဆော်မှုများ ရှိနေကာ ထိုရေးသားမှုများ မဟုတ်မှန်ကြောင်းကို အမှန်တရား ဖော်ထုတ်သူများက ပြန်လည်ရေးသားချိန်၌ ၎င်းတို့၏ လုပ်ကြံဖန်တီးမှုများသည် အရာမထင်သည့်အပြင် လုပ်ကြံသူသာ သိက္ခာမရှိသူ ဖြစ်သွားမည်ဟု အင်တာနက် သုံးစွဲသူများက ပြောကြားသည်။

    http://www.weeklyeleven.com/local/20492-facebook-%E1%80%B1%E1%80%95%E1%81%9A%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8-%E1%80%B1%E1%80%9E%E1%80%B8%E1%80%9E%E1%80%AD%E1%80%99%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%B6%E1%82%88%E1%82%94%E1%80%B1%E1%80%86%E1%80%AC%E1%80%B9%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%9E%E1%80%8A%E1%80%B7%E1%80%B9-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%AC%E1%80%A0%E1%80%B3%E1%81%8A-we-love-true-%E1%80%80%E1%80%B2%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%95%E1%80%84%E1%80%B9-%E1%80%99%E1%80%BC%E1%80%90%E1%80%B9%E1%80%85%E1%80%9C%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8-%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%94

  • ကြက်အူလှည့်

    June 27, 2013 at 1:28 pm

    ကျေးကျေးပါ နှမတော် ..အစ်ကိုတော်တော့ အဲ့သည့်ကိစ္စတွေကို
    စိတ်ကုန်ပါပြီလေ…အဲ့ဒါထက်စာရင် ဟိုမိန်းကလေး ၄ယောက်
    မာဂျောက် ဆော့တဲ့ ပန်းချီကားကမှ စိတ်ဝင်စားစရာကောင်းပါသေးတယ်…။
    ကိုယ်တီးလုံး ဂျပန်မလေးပုံ တင်ရင် အစ်ကိုတော်ကို ကွန်ထရိုဗာရှယ်ဖြစ်တယ်ဆိုပီး
    ငြိုငြင်ကြမာလား ငှင်င်င်င်။

  • kai

    June 27, 2013 at 2:28 pm

    Tuesday, 25 June 2013
    မြန်မာပြည် ပြုပြင်ပြောင်လဲရေးတွင် လျှောက်လှမ်းရမည့် ခြေလှမ်း အဆင့် ၁ဝ ဆင့်

    -မြတ်စိုး-
    ၆.၂၅.၂၀၁၃
    CNN သတင်း စာမျက် နှာ တွင် ဖော်ပြထားသည့် Suzanne DiMaggio and Priscilla Clapp ၏ “10 steps Myanmar must take” ဆောင်းပါးတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး မှာ အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အရေးပါ သည့် ခြေလှမ်းအဆင့် ၁ဝ ဆင့် ကို မြန်မာ ပြည်သူများ သိရှိနားလည်ရန် ဆီလျှော်အောင် ဘာသာပြန်ဆိုထားသည်။

    မြန်မာပြည် ပြုပြင်ပြောင်လဲရေးတွင် လျှောက်လှမ်းရမည့် ခြေလှမ်း အဆင့် ၁ဝ ဆင့်

    1. Redefining and professionalizing the military’s political and economic role.

    စီးပွားရေး နှင့် နိုင်ငံရေးနယ်ပယ် မှာ တပ်မတော်၏ အခန်းကဏ္ဍ ပါဝင်ပင်သက်နေမှု နှင့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ကိုင်မှုများ ကို ပြန်လည်ဆန်းစစ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း ၊ တနည်းအားဖြင့် စီးပွားရေး နှင့် နိုင်ငံရေးနယ်ပယ် မှာ တပ်မတော်၏ အခန်းကဏ္ဍ နှင့် ပါဝင်နေမှုများ ကို ပြန်လည် ဆန်းစစ်စေလိုခြင်း၊

    2. Firmly establishing the rule of law and strengthening the judicial branch.

    တရားဥပဒေစိုးမိုးရေး ခိုင်မာ အောင် တည်ဆောက်ရေး နှင့် တရားရေး မဏ္ဏိုင် ကို အားကောင်အောင် ဆောင်ရွက်ခြင်း၊

    3. Protecting individual rights.

    လူသားတဦးချင်းစီ၏ အခွင့်အရေး ကို အကာအကွယ်ပေးခြင်း၊

    4. Developing effective formulas for ethnic equality.

    တိုင်းရင်သားများ တန်းတူညီမျှရေး အတွက် ထိရောက်သည့် လုပ်နည်းလုပ်ဟန်များ ကြီးထွား ဖွံ့ဖြိုးအောင် နှင့် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း၊

    5. Instilling social and religious tolerance.

    လူ အဖွဲ့အစည်း နှင့် ဘာသာရေး မှာ သည်းခံမှုများသွတ်သွင်း မွေးမြူပေးခြင်း၊

    6. Rooting out corruption.

    အကျင့်ပျက်ခြစာမှု ကို အမြစ်ပျက်အောင် ချေမှုန်းခြင်း၊

    7. Addressing the “missing middle,” a capacity void across the spectrum of the government and the economy.

    အစိုးရ နှင့် စီးပွားရေး နယ်ပယ်တွေ မှာ လူသားစွမ်းအင် ဟင်းလင်းပြင်သဖွယ် ဖြစ်နေတဲ့ လူလတ်တန်းစား များ ပျောက်ကွယ် နေမှု ကို အရေးတယူဆောင်ရွက်ခြင်း၊

    8. Delivering the benefits of reforms to the broader population.

    ပြုုပြင်ပြောင်းလဲရေး အကျိုးအမြတ်များ ဟာ လူများစု အကျိူးခံစားခွင့်ရရှိစေ နိုင်ခြင်း၊

    9. Addressing land and property rights.

    မြေယာ နှင့် အိမ်ယာ ပိုင်ဆိုင်မှု အခွင့်အရေး များ ကို အရေးယူ တယူဆောင်ရွက်ခြင်း၊

    10. Developing mechanisms for negotiating trade-offs between economic development on the one hand, and social development and environmental protection on the other.

    နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မှာ လူမှု အဖွဲ့အစည်း ဖွံ့ဖြိုးတက်တက်မှု နှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်မှု နှစ်ဘက်စလုံး အပေါ် အကျိုးခံစားနိုင်ရန် ညှိနှိုင်းတိုင်းပင်ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သည့် လုပ်ထုံးလုပ်နည်းများ တိုးတက်ဖွံ့ဖြိုးအောင်လေ့ကျင့်မွေးမြူ ပေးခြင်း၊

  • kai

    June 27, 2013 at 3:09 pm

    အကြောင်းအရာ။ ။ လိုင်စင်မဲ့ကားများအား ဖမ်းစီးဆောင်ရွက်နေမှုအား အစီရင်ခံခြင်း။

    ၁။ အထက်ပါအကြောင်းအရာနှင့်ပါတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊
    ကလေးမြို့နယ်တွင် လိုင်စင်မဲ့ကားများကို (၁၅-၆-၂၀၁၃)ရက်နေ့မှစတင်ရျ်
    နေပြည်တော်အထူအဖွဲ့ဟုဆိုသော ရဲဝန်ထမ်းများမှ
    ဖမ်းဆည်းသိမ်းဆည်းလျက်ရှိပါသည်။

    ၂။ လိုင်စင်မဲ့ကားများကို
    နေရာအနှံ့ဝင်ရောက်သုံးစွဲလျက်ရှိနေသော်လည်း ကလေးမြို့တွင်
    အထူးဆောင်ရွက်နေသကဲ့သို့ တွေ့ရှိရပါသည်။ လိုင်စင်မဲ့ကားအသုံးပြုသူများမှာ
    များသောအားဖြင့် လူလတ်တန်းစားများဖြစ်ပြီး နိုင်ငံတော်မှပြဌန်းထားသော
    ဥပဒေများကို နားလည်မှုမရှိကြပါ။ ယခုကဲ့သို့ သုံးစွဲသူလက်ထဲသို့
    လိုင်စင်မဲ့ကားများ ရောက်ရှိလာခြင်းမှာ နူိုင်ငံတော်မှ
    တာဝန်ရှိအဖွဲ့အစည်း အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှသာ ကလေးမြို့သို့
    ရောက်ရှိခြင်းဖြစ်ပါသည်။

    ၃။ နိုင်ငံတော်မှပြဌန်းထားသော မည်သည့်ဥပဒေမဆို ပြည်သူလူထုအတွင်း
    နားလည်လက်ခံကျင်းသုံးနိုင်ရန် မဖြစ်မနေအသိပညာပေးသင့်ပါသည်။ ဥပဒေတိုင်း
    ပြည်သူအား အကာအကွယ်ပေးရာ ရောက်သင့်ပြီး ပြည်သူအား နှောက်ယှက်သည့်
    အဆင့်အရောက်သင့်ပါ။

    ၄။ သို့ဖြစ်ပါရျ် လိုင်စင်မဲ့ကားများ သုံးစွဲသူထက် တင်သွင်းသူများမှ
    ဥပဒေကို စတင်ချိုးဖောက်သူဖြစ်သော်လည်း အရေးယူခြင်းမှ ကင်းလွတ်နေပါသည်။
    ပြဿနာ၏ မူလကို အရေးယူနိုင်မှသာ ပြဿနာကို ဖြေရှင်းရာကျပါသည်။
    ဆင်းရဲနွမ်းပါးသောလက်ဝယ်ထားရှိမှုကို အရေးယူခြင်းမှာ
    ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ဆန်ကျင်နေပါသည်။ အသိဉာဏ်ဖွံ့ဖြိုးသူမှ
    မြေနိမ့်ရာလှံစိုက်ဖြစ်နေပါသည်။ ယခုပြဿနာအား နိုင်ငံတော်အစိုးရမှ
    သင့်လျော်သော စနစ်ဖြင့် သိမ်းဆည်းခံများ မနစ်နာစေရန်
    ဆောက်ရွက်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
    ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြအစီရင်အပ်ပါသည်။

    မြို့နယ်အလုပ်အမှုဆောင်အဖွဲ့

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

  • kyeemite

    June 27, 2013 at 3:26 pm

    ဒါလေးလည်း အရောင်ရင့်မှတ်တမ်းတင်သင့်တယ်…
    သူ့အတွေး သူ့အမြင်
    ထိမ်းမြားခြင်း ဥပဒေသစ် ဘာလဲ ဘယ်လဲ….
    http://burma.irrawaddy.org/archives/42675

    • ကြက်အူလှည့်

      June 27, 2013 at 3:38 pm

      တကယ်တော့ သူရယ် ..
      အမျိုးသားရေးကို ဂိုးသမား အတွေးနဲ့ တွေးလို့မတော်ပါဘူး
      နှမတော်ရယ်လေ..
      အမျိုးသမီးအရေးမှာလည်း သတို့သမီး မပေးရဖို့ သတိရှိပါ့မယ်။

      ပုံ
      ချစ်လှစွာသော နှမတော်
      မိဂီ

      (Inspired by ဟိုဘဲတွေ)

  • ကြက်အူလှည့်

    June 27, 2013 at 5:24 pm

    တယ်လီနော နဲ့ အော်ရီဒေါ.

  • ကြက်အူလှည့်

    June 27, 2013 at 5:51 pm

    ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကိုစောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။ ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်” ဟု မော်လမြိုင်ဆရာတော်ဘုရားကြီးက ထောက်ခံဆွေးနွေးမှုတွင် ထည့်သွင်းမိန့်ကြားသွားသည်။

    အနှစ်တထောင် ကျိမ်စာ.

    • ကြက်အူလှည့်

      June 28, 2013 at 12:00 am

      ဘုရားဟော ဟုတ်မဟုတ်တို့
      လိုရာဆွဲတွေးမတွေးတို့
      အယူတိမ်းမတိမ်းတို့. ခနဘေးချဗျာ.
      အဲ့ဒါနောက်မှ ဆက်ဆွေးနွေးလို့ရတယ်.
      ဟို အမျိုးသားရေးနဲ့ ဂိုးသမားအတွေးကိစ္စလိုပဲ.
      လက်တလော အလျင်စလို မဖြစ်မနေ လုပ်ကို လုပ်ရမယ့် ကိစ္စမဟုတ်သေးဘူး. ပေါ့ဗျာ.
      ( တတ်နိုင်သူများ အနှီ ဗီဒို လေးရှဲကြပါကုန် ).

      ဒီစကားက အတော် အန ္တရာယ် ကြီး တယ် ဆိုတာတော့ ရှင်းပြဖို့လိုမယ်မထင်.
      သူများတိုင်းပြည်တွေ မယ် မဲခိုး တို့ မဲလိမ် တို့ ကြားဖူးပါတယ်.
      ကျုပ်တို့ဆီ ကျ အသစ်ဗျာ. ဟော ဟိုတလောလေးက. ကြိုတင်မဲတဲ့. ကဲ.
      အခု သည်စကားတွေ အရဆိုရင်တော့. မဲပြန်ပေးဆွဲ ဖြစ်နေပြီဗျ.
      ဘဘောတူရင်တူ မတူရင် ( ငကို မှားတယ်ပြောရင် လွတ်လပ်စွာမဲပေးရွေးချယ် တင်မြှောက်ပိုင်ခွင့် ကိုပါ
      တုတ်နဲ့ထိုးမယ့် သဘော ).

      အမျိုးသားရေး ဆိုပြီး ဘာသာတရားကို ပွဲထုတ်ပြီး မှန်မယ်ထင်ရာပြောတယ်.
      မှားတယ် ဆိုပြီး ထောက်တဲ့လူ တွေ့လာတယ်. ငြင်းကြပေါ့ဗျာ. သူ့ဝါဒကိုယ့်ဝါဒ.
      အပြိုင် အဆိုင် အနိုင်ကျဲပေါ့. သို့သော် အထက်က စကားမျိုးကတော့ ခြိမ်းချောက်မှုဆန်တယ် မြင်မိသဗျားး.

      အမျိုးသားရေးလို့ပြောတယ်. မမေ့စကောင်းတာက အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စ
      ခုလက်တလော ဟော့နေတဲ့ ကချင်နဲ့ ကရင်တွေက. ခရိယာန်များတယ် ဗျ. ဒါတချက်.
      နောက်တချက်. ကွဲလွဲမှုတွေနဲ့ အတူ. နဂိုကတည်းက သဘောမညီသူအချင်းချင်း
      ပိုပြီး အလွှာခြားလာမယ့် ကန့်သတ်မှုဖြစ်လာမယ့် အခက်အခဲလည်း ရှိသေးတယ်မြင်တယ်.
      အနောက်ဘက်ကမ်းရိုးတမ်းက ညီနောင်တွေ နေရခက်သလို သည်ဘက်မှာလည်း မပြေလည်ဘူးလေ.
      ယမ်းငွေ့ နည်းချင်တာပါဗျာ.
      ဘာသာတူ ဘာသာခြား ကို တရားမျှတစွာ စနစ်ကျနစွာ ခွဲခြား စီရင် နိုင်သည်ထားဦးနော.
      တအူတုံဆင်းတဲ့ မွန်ဘုန်းကြီးတွေ မွန်လို ပြဌာန်း ဖြေဆို အသိမှတ်ပြု လိုတဲ့ ကိစ္စရပ်တွေ.
      ညီအစ်ကိုဝမ်းကွဲလောက်တော်တဲ့ မဟာယာန ေတွေ ဘက်က အသံတွေ. ဘယ်လို နားနဲ့ကြားမလဲဗျာ.
      ထိပ်ဆုံးကပြောခဲ့သလို. ဟောတာ ရေးတာ ယူဆတာ ထက်. ယနေ့လက်ရှိ ကွဲပြားတဲ့ trends တွေနဲ့ လိုက်လျောမှုမရှိရုံမက
      ပိုလို့ စည်းခြား သွားမယ့် အန်ဒရယ် မို့. မထောက်ခံပါကြောင်း ဗျာ.

      အထက်ကစာကိုတော့ မဲဆန္ဒ ပြန်ပေးဆွဲတယ် လို့ပဲမှတ်ပါတယ်.

    • ဦးဦးပါလေရာ

      June 28, 2013 at 12:13 am

      အဲဒါပေါ့…
      ုဘုန်းကြီးတွေလက်ထဲမှာ ဘာရှိတယ်ဆိုတာ ကျန်တဲ့ နိုင်ငံရေးသမားတွေသိကြတယ်
      NLD က လျှော့တွက်မှာ ကို စိုးရိမ်မိတာ..။
      လွန်ခဲ့တဲ့ လေးရက်က နယ်က ပါးစပ်ပြောသတင်းတစ်ခုကြားရတယ်…
      ဘုန်းကြီးတစ်ပါး ဟောလိုက်တာ ရွာလုံးကျွတ် NLD ကို ဆန့်ကျင်မယ်ဖြစ်သတဲ့…
      အဲဒါ ဘယ်ဥပဒေ မှ ဘာဆ်ိုဘာမှ လုပ်ရသေးတာမဟုတ်ဘူးနော်….

      ကြိုက်ကြိုက် မကြိုက်ကြိုက် အဖြစ်မှန်ဟာ အဖြစ်မှန်ပဲ….
      အခြေအနေမှန်ကို လက်ခံပြီး အဲဒီအပေါ်မှာကြည့်မလုပ်နိုင်ရင်……………

    • kai

      June 28, 2013 at 1:06 am

      တချိန်တခါက.. ဥရောပမှာ.. ချချ်ကို လူတွေတော်တော်ကြောက်ရတာကလား…။
      .. နိုက်(သူရဲကောင်း)နဲ့တွဲထားသမို့.. ဘုန်းကြီးစကားများနားမထောင်ရင်.. ဖျောင်ဖြစ်တာ..။

      လာမယ်.. လာမယ်… ဒီအတိုင်းဆက်သွား….
      မကြာခင်မြန်မာပြည်မှာ..

      တူနယ်တူနယ်..။
      ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်..။

      “In a democracy, people get the government they deserve,”
      Alexis de Toqueville

      • ကြက်အူလှည့်

        June 28, 2013 at 6:31 am

        “မော်လမြိုင် မြစေတီဆရာတော် ဦးဝိမလဗုဒ္ဓိ”
        ********************************
        အမျိုးစောင့်ဥပဒေတင်တဲ့အခါ ကန့်ကွက်တဲ့အမတ်ကို သိချင်တယ်
        ၂ဝ၁၅-မှာ မဲမရအောင် လုပ်ပြမယ်။
        မဲမရတဲ့ပါတီ မြောင်းထဲရောက်သွားမယ်။
        (မနက် ၁ဝး၃ဝ နာရီတွင် အခမ်းအနား ခေတ္တနားသည်။)

        ရက်စက်တော့မှာလား သူရယ် … နှမတော် စိုးထိတ်မိလှပါတယ်…
        (သံတူကြောင်းကွဲ သူရှဲတာလေး မ-လာတာ..)
        နောင်တချိန် မဟုတ်ပါဘူး မလုပ်ပါဘူး ထ-ထ အော်ရင် သမိုင်းကျန်အောင်လို့..

        • ကြက်အူလှည့်

          June 28, 2013 at 7:02 am

          ဘုန်းကြီးနဲ့ နိုင်ငံရေး အပေါ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြင်
          ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

          ဗိုလ်ချုပ် အထက် မြန်မာပြည် သို့ တရားဟော ထွက်ရာတွင် ဘုရား ဝတ္တက မြေအတွင်းနှင့် ဘုန်းတော်ကြီး ကျောင်းတိုက်များ အတွင်း၌ စီစဉ်ထားသော တရားဟောပွဲကြီးများ ကျင်းပသည့် အခါတိုင်း မှာ လိုပင် သာသာနာတော်မြတ်ကြီး ကောင်းမွန်အောင် ဆောင်ရွက်ရန် ဗိုလ်ချုပ် သတိရ၏။ အထက် မြန်မာပြည်သို့ ခရီးထွက်စဉ် ပျဉ်းမနား ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသော တရားပွဲကြီးမှ အပြန်တွင် “ဦးပုကလေးရဲ့ ၊ ကျုပ်တို့ သာသနာတော် ကောင်းမွန်ရေး အတွက် ဆောင်ရွက်စရာ တွေ အများကြီး ရှိသေးတယ်။ ဒါပေမယ့် မြန်မာပြည် လွတ်လပ်ရေး ရပြီးမှ ကျကျနန လုပ်နိုင်မှာပဲ” ဟု ကျွန်ုပ်အား ပြောပြ၏။

          ထိုအခါ ကျွန်ုပ်က “ရဟန်းတော်များ နိုင်ငံရေး ဝင်ရောက် ဆောင်ရွက်ကြရာ ဗိုလ်ချုပ် ဘယ်လို သဘောရပါသလဲ” ဟု မေးလိုက်သော အခါ “ရဟန်းတော် များနှင့် နိုင်ငံရေး စပ်ယှက်တာ မကောင်းပါဘူးဗျာ။ ရဟန်းဟာ ရဟန်း အလုပ်၊ လူဟာ လူအလုပ်လုပ်တာ ကောင်းပါတယ်။ စာမသင်၊ ပေမသင် နဲ့ အကျင့်စာရိက္တ ပျက်ပြီး ထင်သလိုနေတာမျိုးတွေကို သန့်ရှင်းအောင် လုပ်တာတွေလဲ အများကြီးရှိတယ်” စသဖြင့် ဗိုလ်ချုပ်က ပြန်ပြော၏။

          ထိုသို့ သဘောထားသည့် အတိုင်းလည်း ၁၉၄ရ ခု၊ ဖေဖော်ဝါရီလ ( ၂၃ ) ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမကြီး၌ ကျင်းပသော ပထမပြန် စာမေးပွဲအောင် ပုဂ္ဂိုလ်များအား လှူဒါန်းသော ဘွဲ့နှင်းသဘင် အခမ်းအနားကြီး၌ ဗိုလ်ချုပ်သည် ဆရာတော် ဘုရားကြီးများအား ဤသို့ လျောက်ထားခဲ့၏။

          “ဆရာတော် ဘုရားများ အား လျောက်ထားလိုတဲ့ အကြောင်း တစ်ခုကတော့ ခေတ်ကြီးဟာ ပြောင်းလဲလျက် ရှိပါတယ်။ တစ်ခေတ် ပြောင်းလာတဲ့ အခါတိုင်း သာသနာတော် တိုးတက်မှုကိုလဲ ခေတ် အလျောက် ပြုပြင်ဆောင်ရွက်ဖို့ လိုပါတယ်။ ခေတ်ပြောင်းနေတာနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာ တရားတော် နဲ့ပဲ ကြည့်ကြည့်၊ လောကဓာတ် နည်းနဲ့ပဲ ကြည့်ကြည့်၊ ရာဇဝင်ကြောင်း နဲ့ပဲ ကြည့်ကြည့် ခေတ်အလိုက် နည်းစနစ် ပြောင်းလုပ်မှ ကြီးပွားနိုင်ပါတယ်။ ခေတ်ကို နားလည်ဖို့လဲ အရေးကြီးပါတယ်။ ခေတ်သဘော နားမလည်ဘဲ အရမ်းမဲ့ အလုပ်လုပ်လို့လဲ မဖြစ်နိုင်ပါဘူး။ သမ္ပတ္တိတရား လေးပါး လဲ ရှိပါတယ်။ ဒါကြောင့် သာသနာတော် ကြီးပွားရေး ကိစ္စ၊ ရှေးလွန်လေပြီးသော နည်းဟောင်းများ ကို ပြုပြင်ပြောင်းလဲပြီး နည်းသစ် နည်းကောင်းများတွင် လုပ်ဖို့ အရေးကြီးပါတယ်။

          “စာပေ ကျမ်းဂန် ကျွမ်းကျင် တတ်မြောက်တော် မူကြသော ဆရာတော်များက အများ နားလည် နိုင်အောင် ခေတ်နှင့် လျော်တဲ့ နည်းမျိုးနဲ့ စီမံ ရေးသားတော် မူသင့်ကြပါတယ်။ စာသင်သားတို့အား သင်နည်း ပို့ချနည်း များကိုလည်း ခေတ်အလိုက် ပြုပြင် ပြောင်းလဲ သင့်ပါတယ်။ “သဒ္ဒါကိုးခေါက် စာပျိုးပြောက်” ဆိုတဲ့ စကား ရှိသော်လည်း ယခုတော့ ကိုးခေါက်မက အခေါက်ပေါင်း ဘယ်လောက် များများ စာသင်သားများ အထူးပင်ပန်းခြင်း နှင့်သာ ရင်ဆိုင်နေကြ ရပါတယ်။ ယခု စာသင်နည်းမှာ စစ်အတွင်းက စစ်သားတွေကို အတင်းအကျပ် စစ်ပညာ သင်ကြားပေးတာနဲ့ တူနေပါတယ်။

          “အင်္ဂလိပ်က ပထမပြန်စာမေးပွဲ လုပ်ခဲ့တာဟာ ဗုဒ္ဓဘာသာ သာသနာတော်ကို ကြည်ညိုလို့ မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ နေရာမှာ ပရိယာယ် တစ်မျိုး အသုံးပြု ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်လောက်က ဥရောပ တိုက်မှာ ဘာသာရေး စစ်ပွဲကြီးများ ဖြစ်ခဲ့ဖူးပါတယ်။ ဒီအခါတုန်းက မင်းဖြစ်သူက ယူတဲ့ အယူဝါဒကို တိုင်းသူ ပြည်သားများ လိုက်နာ ကြရတယ်။ မယူဘဲ မနေရအောင် အတင်းအကျပ် ယူခိုင်းတာကို အကြောင်း ပြုပြီး စတော့ – ဘာသာရေး စစ်ပွဲကြီးများ ဖြစ်ခဲ့ရပါတယ်။ ဒီလို ဖြစ်ရတာကို မကောင်းဘူးလို့ နားလည် လာကြပြီး နောက်ဆုံးတော့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် နိုင်ဖို့ စီမံ လာကြရပါတယ်။

          “ဝိတိုရိယ ဘုရင်မကြီး လက်ထက် ၊ အိန္ဒိယ နိုင်ငံမှာ ဘာသာရေး နဲ့ ပတ်သက်ပြီး သူပုန်ကြီး ထခဲ့ဖူးတယ်။ ဘာသာ ဝါဒ အစွဲသန်မှန်းကို သိရှိကြတဲ့ အတွက် အင်္ဂလိပ် လက်အောက်ခံ နိုင်ငံများမှာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် နိုင်တဲ့ စည်းကမ်း လုပ်ခဲ့ရပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ် ရောက်လာပြန်တော့လဲ ဗုဒ္ဓဘာသာ တွေ နှစ်သိမ့် စေရန် ရည်ရွယ်ချက်နဲ့ ရှေးမြန်မာ ဘုရင်များ လုပ်ခဲ့တဲ့ ပထမပြန် စာမေးပွဲကို ဆက်လက် လုပ်နေတာပါပဲ။ ဒါပေမယ့် လုပ်ရိုး လုပ်စဉ် အနေလောက်သာ လုပ်နေကြတာ ဖြစ်ပါတယ်။ တကယ် ထိထိရောက်ရောက်တော့ မဟုတ်ဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် တိုင်းပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည် မဟုတ်သေးလို့ လို့ ဆိုရမှာပဲ။ ကျွန်လူမျိုး ကျွန်ဘာသာ ဖြစ်နေသရွေ့ ကာလပတ်လုံး ထိထိ ရောက်ရောက် ကြီးပွားနိုင်မှာ မဟုတ်ပါဘူး။

          “နောက်တစ်ခု တပည့်တော် ရှင်းရှင်း လျောက်ထားချင်တာကတော့ ဘုန်းကြီးလုပ်လျှင် ဘုန်းကြီးနဲ့ တူအောင် လုပ်စေချင်ပါတယ်။ လူလုပ်လျှင်လဲ လူနဲ့ တူအောင် လုပ်စေချင်ပါတယ်။ ဟိုတစ်ပိုင်း ဒီတစ်ပိုင်း အလုပ်မျိုးကိုတော့ မလုပ်စေချင်ဘူး။ ဒီလို တစ်ပိုင်းစီ လုပ်နေတာမျိုးကိုတော့ တပည့်တော် မကြိုက်ဘူး။

          “နောက်တစ်ခု တပည့်တော် လျောက်ထားချင်တာကတော့ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး မစပ်ယှက်စေချင်ပါဘူး။ သာသနာတော် နှင့် မဆန့်ကျင်ဘဲ တိုင်းပြည် အကျိုး ရှိတာမျိုး လောက်သာ ဆောင်ရွက်တော် မူစေချင်ပါတယ်။ ဥပမာ တောင်တန်းနယ် သာသနာပြုရေး ကိစ္စမျိုးမှာ တောင်တန်းနယ် များမှာလဲ သာသနာတော် ပြန့်ပွားပြီး မြန်မာများနဲ့ တောင်တန်းနယ်သား တွေအဖို့ ချစ်ခင်ရင်းနှီးမှုမျိုး တိုးတက် ဖြစ်ထွန်းစေနိုင်ပါတယ်။”

          ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” စာအုပ်က ဖြစ်ပါသည်။

          https://www.facebook.com/TheTricolour

          သား ဘာများပြောနိုင်ပါအံ့မည်နည်း မေမေ –

  • ကြက်အူလှည့်

    June 28, 2013 at 10:45 am

    နှမတော်ရေ …ဒီနေ့လည်း ၁၁ က အော်စကာ ဆက်ပေးနေတယ်ကြားတယ်..။
    ၃ယောက်တော့ သိလိုက်တယ် နောက် ဘူတွေ ရသွားသေးတုန်း
    တွေ့ရင် နောင်နောင့် ကို မျှပါအူး ကွယ်…။

Leave a Reply