ပေါက်စီဝယ်လျှင် မေတ္တာလက်ဆောင် ………… ပိုးဟပ်ချေး

etoneJune 7, 20131min47141

4th Jun,2013 (1:12pm)

ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …. ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ် ဆိုတာပဲ ကြားဖူးပါရဲ့တော် ခုတော့ ပဲပေါက်စီထဲ ပိုးဟပ်ချေးပါ ရောလေရော ။ ကြုံလည်း ကြုံဖူးပါဘူးတော် … ကိုယ်တိုင်က အစားသောက်ပေါ် သံသယရှိ sensitive ဖြစ်တဲ့လူမျိုးဆိုတော့ အမြင်အားဖြင့် လတ်ဆတ်လားအရင်ကြည့် ၊ အနံ ့ခံပြီးမှ စားတတ်တဲ့ အကျင့်လည်း ရှိတယ် ။ ပို့စ်မရေးခင် မကြာသေးခင် မိနစ်ပိုင်းလေးကမှ ” water fish” က လှည်းတန်း လာရှိုး King က ဝယ်လာတဲ့  ပဲပေါက်ဆီတလုံး လာပေးသွားတယ် ။

ပေါက်စီမစားခင် လက်အရင်ဆေးပါတယ် … ပြီးမှ  အောက်ခံ စက္ကူဖတ်ကိုခွာ ၊ ပေါက်စီ အပြင်အရေခွံ တထပ်ကိုလည်းခွာပြီး စစားလိုက်တယ် ။ (ပေါက်စီ အပြင်အရေခွံကို ခွာတာက ပေါက်ဆီပြုလုပ်တဲ့ အချိန်ကနေ ၊ ထုတ်ပိုးတဲ့အချိန်ထိ ၊ ထုတ်လုပ်သူ လက်နဲ့ ထိနေလို့ ခွာပစ်လိုက်ရမှ စိတ်ထဲရှင်းလို့ ငယ်ငယ်ကတည်းက အဲ့လို လုပ်စားတတ်တဲ့ အကျင့်ရှိပါတယ်… ထုတ်လုပ်သူက လက်အိတ်ပါပါမပါပါ …ကျွန်မကတော့ အဲ့လို လုပ်ပြီးမှ စားလေ့ရှိပါတယ် ။  ) ပေါက်စီစားတဲ့အခါ … ထက်ခြမ်းဖြဲပြီး အတွင်းသားတွေကို အရင်စားတတ်တာလည်း သိတတ်စ အရွယ်ကတည်းက မိဘတွေသင်မပေးပဲ တက်လာတဲ့ အကျင့်တစ်ခုပါပဲ ။ ဒီပေါက်စီကိုလည်း သမရိုးကျ စားနေကြအတိုင်း စားနေတာ တခြမ်းကုန်လို့ …နောက်တခြမ်း ကုန်ခါနီးနည်းနည်းပဲ လိုတော့တဲ့အချိန် ၊ နှာခေါင်းက စူးစူးရှရှ အီလည်လည် အနံ ့တစ်ခု ရလိုက်တယ် ။

ပါးစပ်ထဲက ဝါးလက်စ ပေါက်စီကို ဆက်မဝါးတော့ပဲ ၊ လက်ထဲက တပိုင်းတစ ကိုင်ထားတဲ့ ပေါက်စီကို နှာခေါင်းနားတိုးလို့ … ခပ်ပြင်းပြင်းရှုရှိုက်လိုက်တယ်ဆိုလျှင်ပဲ ၊ ခုနက အနံ ့ကြီး သေသေချာချာ ထပ်ရပြန်တယ် ။ ပုံမှန်မဟုတ်တဲ့ပေါက်စီ စားမိပြီဆိုတဲ့ အသိကြောင့် ၊ ဆံပင်တွေ ထောင်သွားသလိုခံစားရပြီး … ရင်ခုန်နှုန်းတွေလည်း မြန်သွားခဲ့တယ် ။တခဏအတွင်းမှာ ရင်ထဲ  တင်းကြပ်ပြီး ၊ လည်ပင်းထဲက ပျို့တက်လို့ အန်ချင်လာတာ မျက်ရည်ဝဲတဲ့ အထိပဲ ။ လက်ထဲက ကိုင်ထားတဲ့ ပေါက်စီ အပိုင်းက ရတဲ့ အနံ ့လား ၊ ပါးစပ်ထဲရောက်ပြီး ဝါးနေတဲ့ အပိုင်းက ဖြစ်တာလားဆိုတာ သိရဖို့ … ဝါးလက်စကို ပေါက်စီမကိုင်ထားတဲ့ ကျန်လက်ဖဝါးပေါ် ထွေးထုတ်ပြီး အနံ ့ခံကြည့်ပြန်တယ် ။ ထွေးထုတ်ထားတဲ့ မကြေတကြေ ဝါးပြီးသား ပေါက်စီတွေကို သေချာအောင် အထပ်ထပ်နှာခေါင်းနားကပ်ပြီး အနံ ့ခံကြည့်သလို ၊ လက်နဲ့ဖျစ်ပြီးတော့လည်း သေချာအောင် ရှာကြည့်ပါသေးတယ် ။ ဝါးထားတဲ့ အပိုင်းမှာ ဘာပြသနာမှ မရှိတော့မှ သက်ပြင်းချနိုင်တော့တယ် ။ လက်ထဲကျန်တဲ့ အပိုင်းကို ဖြဲပြီး ရှာကြည့်တော့မှ တရားခံ ပိုးဟပ်ချေးကို ပေါက်စီသားမှာ ကပ်လျှက်သား တွေ့တော့တယ် … ။ ပိုးဟပ်ချေးဟုတ်ရဲ့လား သေချာအောင် ရုံးက လုပ်ဖော်ကိုင်ဖက် တချို့ကို ဘာမပြော ညာမပြောနဲ့ ဒီပေါက်စီ ဘာနံ ့ရလဲ လိုက်မေးပြီး အတည်ပြုခဲ့ရတယ် ။ ပိုးဟပ်ချေးကပ်နေတဲ့ ပေါက်စီမှန်းသိလျှင် ဘယ်သူမှ သေချာရှုကြည့်ကြမှာ မဟုတ်ဘူးလေ ။ အားလုံးကလည်း တညီတညွှတ်တည်း ပိုးဟပ်ချေးအနံ ့ကြီးရနေတယ် ပြောမှ ၊ အခုပုံမှာ မြင်ရတဲ့အတိုင်း ပေါက်စီသားနဲ့ကပ်နေတဲ့ ရှည်မျောမျာ အမဲရောင်ပိုးဟပ်ချေးခြောက်ကို ဓါတ်ပုံရိုက်ထားလိုက်ပါတယ် ။

 

အစားစာထဲ အခုလို တိရိစာ္ဆန်ချေးအထိ ပါလာတာတော့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ပေမယ့် သန့် ရှင်းမှု အပိုင်းမှာ အားနည်းတာကြောင့်လည်း ပါပါတယ် ။ လှည်းတန်းလားရှိုး King မှာ ပေါက်စီသွားဝယ်လျှင် မြင်ရတဲ့ ထားသိုမှု ပုံစံကို အရင်ကတည်းက စိတ်တိုင်းမကျတဲ့ အနေထားလေးတွေ ရှိပါတယ် ။ ရုံးကားစောင့်တဲ့ နေရာနဲ့လည်း နီးတာကြောင့် တပတ်မှာ အနည်းဆုံး တစ်ခေါက် ၊ နှစ်ခေါက်လောက်တော့ ပေါက်စီ၊အသားပေါင်း၊ကော်ပြန့်စိမ်း ၊ ကောက်ညှင်းထုတ် ၊ ရှမ်းခေါက်ဆွဲ စတာတွေ ဝင်ဝယ်တတ်တယ် ။ ပေါက်စီတွေ ၊  အသားပေါင်းတွေ ၊ကော်ပြန့်စိမ်းနဲ့ကောက်ညှင်းထုတ်တွေကို ဆိုင်အဝင် ညာဘက်ထောင့်မှာ သစ်သားအံဆွဲတွေနဲ့ဆင့်ထားတဲ့ စင်တစ်ခုနဲ့ အောက်ကအပူပေးလို့ ရေနွေးငွေ့နဲ့ နွေးစေတယ် ။ ဒီအထိလည်း ပြသနာ မရှိသေးဘူး …. ပါဆယ်လာဝယ်တာပဲ ဖြစ်ဖြစ် ၊ ဆိုင်မှာ စားဖို့အတွက်ပဲ ဖြစ်ဖြစ် ပြင်ဆင်ဖို့ ခုနက စင်ထဲက အစားစာ တစ်ခုကို ကောက်ယူမယ်ဆိုလျှင် သူတို့ လက်အိတ်တဖက်ဝတ်ပြီး ကျန်လက်တစ်ဖက်က အံဆွဲလက်ကိုင်ကို ဆွဲလို့ ထုတ်ယူကြပါတယ် ။ လာဝယ်တဲ့ ရှေ့တင်ပဲ လက်အိတ်လေးနဲ့ ကိုင်ထည့်တော့ ဘာပဲဖြစ်ဖြစ် အမြင်အားဖြင့်ကြည့်ကောင်းတယ်ပေါ့လေ ။ အမှတ်ပေးတာ ကြာကြာမခံလိုက်ပါဘူး … လက်အိတ်ကို ချွတ်ပြီး ခုနက စင်ရဲ့ အံဆွဲလက်ကိုင်းတစ်ခုပေါ် လွှားခနဲ လှမ်းတင်လိုက်တာ မြင်လိုက်တယ် ။ ဆက်စပ်တွေးကြည့်လျှင် ဒီအံဆွဲလက်ကိုင်ကို ကိုင်လိုက်တုန်းကလက်အိတ်မပါတဲ့လက် ၊ လက်အိတ်ချွတ်ပြီး ပြန်လွှားလိုက်တာက အဲ့ဒီလက်နဲ့ ကိုင်ထားတဲ့ အံဆွဲလက်ကိုင် …. ခိခိ …. ။ မရည်ရွယ်သော်လည်း … အခုလိုကျတော့ လက်အိတ်သုံးတယ်ဆိုတာ သဘောလောက်မြင်ကောင်းအောင် ဟန်ပြတာမျိုးဖြစ်သွားရော ။ နောက်တစ်ခုက ဒီသယ်ရ ဝန်ကြီးတဲ့ သစ်သား စင်ကြီးကို ဘယ်လို သန့်ရှင်းရေး လုပ်သလဲ ၊ ညဘက်ကျ ဘယ်လို သိမ်းလဲဆိုတာလည်း သိချင်စိတ်ပြင်းပြလို့ ၊ ည ကိုးနာရီကျော် လှည်းတန်း စိန်ဂေဟာဘက်သွားလို့ ဖြတ်သွားရင်း ကြည့်ကြည့်မိပေမယ့် ဒီနေ့ထိမသိခဲ့ပါဘူး ။ မသိမ်းပဲ မဖုံးအုပ်ပဲထားခဲ့မယ်ဆို .. ဒီအံဆွဲလက်ကိုင်ကရော ဘယ်လောက်များသန့်ရှင်းမှု ရှိနိုင်ပါလိမ့်တော် … ။

စေတနာ ပရပွနဲ့ ပိုးဟပ်ချေး ဌာပဏာထည့်ပြီး လုပ်ပေးလိုက်တဲ့ ပဲပေါက်စီ
စေတနာ ပရပွနဲ့ ပိုးဟပ်ချေး ဌာပဏာထည့်ပြီး လုပ်ပေးလိုက်တဲ့ ပဲပေါက်စီ

သူများနိုင်ငံတွေမှာတော့ အစားစာထဲ ခုလို ပါလာလျှင် လွှင့်ပစ်ပြီး မေ့မေ့ပျောက်ပျောက်ပဲ နေကြသလား ၊ ငယ်ထိပ်မြွေတက်ပေါက်ခံရသလို ကြွတ်ကြွတ်ညံအောင်ပဲ အော်ကြသလား ၊ တိုင်ကြ တောကြ အလျှော်တောင်းကြလားတော့ မသိဘူး ။ ဝါးကောင်းကောင်းနဲ့ ဝါးနေတဲ့ ပဲပေါက်စီထဲ ပိုးဟပ်ချေးပါလာတာမြင်ရတဲ့ တဒင်္ဂတော့ အတော်လေး ဒေါသထွက်မိသလို ၊ အော်ဂလီဆန်သလိုခံစားမိတယ် ။ ပေါက်စီအောက်ခံ စက္ကူမှာများ ဖုန်းနံပါတ်ပါမလားလို့ ခုနက လွှင့်ပစ်လိုက်တဲ့ အမှိုက်ပုံးထဲ မွှေနှောက်ရှာသေးတယ် … မတွေ့ပါဘူး။ စာစရေးမယ်ကြံတဲ့အချိန် … အရမ်းတင်းနေတဲ့ အချိန်တုန်းကတော့ ပိုးဟပ်ချေး ကပ်နေတဲ့ပေါက်စီကို ဓါတ်ခွဲခန်းပို့ဖို့ အထိ စိတ်ကူးခဲ့ပေမယ့် ….. ဒီပို့စ်တပုဒ်ရေးနေရင်း …တကြောင်းရေးလိုက် အလုပ်ထလုပ်လိုက် ဖွဘုတ်တက်ပြီး မျက်နှာပြောင်လိုက်နဲ့ စိတ်နည်းနည်း ပြန်လျော့သွားတယ် ။

ဓါတ်ခွဲခန်းပို့ဖို့ဆို ကိုယ့်ဘက်က အလုပ်ချိန်ပျက်ပြီး လုပ်ရမယ့် အပိုင်းတွေလည်း ရှိတော့ …. ကံမကောင်းလို့ ကြုံရတယ်လို့သဘောထားပြီး … အထောက်ထားနဲ့ သိမ်းထားတဲ့ ပိုးဟပ်ချေးကပ်နေတဲ့ ပေါက်စီဖတ်ကိုလည်း အမှိုက်တောင်းထဲပဲ ဝဲလိုက်ပါတော့မယ် …. ။ မထင်မှတ်ပဲ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု အနေနဲ့ကျန်ရစ်အောင် အဆီငေါ်မတည့်တဲ့ ပို့စ်တပုဒ် ကောက်ရေးမိခဲ့တယ် … ။ အလားတူ အဖြစ်မျိုးထပ်မကြုံရအောင် …. အပြင်စာတွေ လွယ်လွယ်စားတတ်တဲ့ အကျင့်ကိုလည်း ပြင်တော့မယ်လို့ စိတ်ကူးမိပါရဲ့တော် …. ။   :byae:  (5:16pm)

 

ဒါကတော့ ... ဈေးကွက်ထဲ နာမည်ရနေတဲ့ instant coffee တစ်ခုထဲက ပါလာတဲ့ ကော်ဖတ်ပါ ... ပို့စ်နဲ့ မဆိုင်ပေမယ့် .... စားစရာမဟုတ်တဲ့ အစိတ်ပိုင်းတွေ အစားသောက်ထဲ ပါတဲ့ ..အဖြစ်ပျက်ချင်း တူလို့ .. ထည့်ပေးလိုက်ပါတယ် ။
ဒါကတော့ … ဈေးကွက်ထဲ နာမည်ရနေတဲ့ instant coffee တစ်ခုထဲက ပါလာတဲ့ ကော်ဖတ်ပါ … ပို့စ်နဲ့ မဆိုင်ပေမယ့် …. စားစရာမဟုတ်တဲ့ အစိတ်ပိုင်းတွေ အစားသောက်ထဲ ပါတဲ့ ..အဖြစ်ပျက်ချင်း တူလို့ .. ဓါတ်ပုံရိုက်သိမ်းထားရာက … တွဲတင်ပေးလိုက်ပါတယ် ။

41 comments

  • KZ

    June 7, 2013 at 12:23 pm

    အီး::::::::
    :eee:

    တုန် ကလေးရဲ့။
    အသည်းယား စရာကြီးတော့။

    အမ လည်း အစားအသောက်မစားခင် အနံ့ခံတဲ့ အကျင့်က ဒီ ထိပါလာလို့ ရုံးမှာဆို အမြဲ အပြောခံရတယ်။
    ကြောင်တွေ ခွေးတွေမှ မစားခင် အနံ့ခံသတဲ့တော့။
    :byae:

    ပြောလည်း ပြောပဲ။
    ခုချိန်ထိ အဲ့ အကျင့်ရှိတုန်းပဲ၊
    ခု ကြည့် !!
    တုန်ကလေး အဲ့လို သတိကြီးလို့ အကုန်မစားမိတာ။
    အဲ့ အနံ့ကို လည်း သီးမခံနိုင်ဘူးရယ်။
    ချယ်ရီသီးတောင် အဲ့ အနံ့မျိုးရလို့ မစားတာရယ်။

    အစားအသောက် ဝန်ကြီးဌာန က စုံစမ်း စစ်ဆေး စပ်စုစိန် လုပ်ဖို့ အချိန်တန်ပြီ။
    နို့မို့ ဘာစားစား သံသယနဲ့ စားနေရရင် မကိုက်။ 🙁

  • ဗုံ ဗုံ

    June 7, 2013 at 1:17 pm

    ဟမ်မလေးးး မြင်ရယုံနဲ့ ခေါင်းမူးလိုက်တာ မမတုန်ရယ်.. ဗိုက်အရမ်းဆာနေတဲ့အချိန်ဆို လုံးထွေးပြီး ပါသွားမှာ သေချာတယ်… ပိုးဟပ်တောင် ရှိတယ်ဆိုမှ အရမ်းသန့်ရှင်းလို့ ဖြစ်ပါလိမ့်မယ်.. :mrgreen:

    • e tone

      June 7, 2013 at 1:43 pm

      မမခိုင်ဇာရေ

      အဖြစ်ချင်း တူလိုက်တာ … ညီမကိုလည်း အဲ့လို ပြောခံရတယ် .. ဒါပေမယ့်လည်း မမရေ အကျင့်ဆိုတာ ပြင်မရတာရယ် ၊ သတိဆိုတာ ပိုတယ်လို့ မရှိဘူးလို့ ခံယူထားတာရယ်ကြောင့် … အခုလို အနံ ့ခံစားတာနဲ့ ပတ်သတ်လို့ ဘယ်သူ ဘာပြောပြော အလေးနက်မထားပဲ ၊ သေချာ အနံ ့ခံပြီးမှ စားပါတယ် .. ဒါမှပါးစပ်ထဲရောက်တဲ့ အချိန် မျိုလို့ကျတာပါ ။

      ဗုံဗုံရေ …

      အစ်မလည်း စားတော့မလို့ပါ … ကံကောင်းပြီး ကပ်သီးလေး လွတ်သွားတာ … ပါးစပ်ထဲ ရောက်ပြီးမှသာ သိရင်တော့ … အော်ဂလီဆန်ပြီး ညစာတောင် စားဝင်မှာ မဟုတ်ဘူး … ။

  • Miss Crystalline

    June 7, 2013 at 1:26 pm

    တော်ဝင်စင်တာအောက်က ကြက်ကြော်ဆိုင်မှာစားတာ..ပိုးဟပ်အသေးအရှင်အကောင်လိုက်တောင်ပါ လာဖူးတယ်..အဲဒီမှာတော့ သူတို ့ကကြက်ကြော်တုံးကို စကူဗူးလေးထဲထည့်ပေးတော့.. စိတ်ထင် အဲဒီဗူးတွေကြားဝင်နေတာနေမှာ.. ဆိုင်ကကောင်မလေးတွေက မကြည့်ပဲထည့်.. ကိုယ်ကလည်းစကားပြောရင်း အပေါ်ပိုင်းကိုတော့ဒီတိုင်းဖဲ့စားတာ.. ဟိုသတ်တဝါလေးကလည်း ကြက်သားတုံးအောက်ငြိမ်နေတာထင်တယ်.. အတုံးမလိုက်တော့မှထွက်လာတယ်.. အဲဒါနဲ ့သူတို ့ကိုတော့ပြောပြလိုက်တယ်.. ကိုယ်လည်းဆက်မစားပဲ ထွက်လာပြီး .. .နောက်ပိုင်းအဲဒီဆိုင်ကိုမဝင်ဖြစ်တော့ဘူး.. 🙂

  • Shwe Ei

    June 7, 2013 at 1:27 pm

    တိန်………….မှန်ဘီလူးဆောင်ထားပြီး .. အပြင်စာစားရမလား

    မျက်စိမှတ် ဘုရားစာရွတ်ပြီးဘဲ ဘာမကြည့် ညာမကြည့် မြိုချရမလား… :eee:

    • e tone

      June 7, 2013 at 1:49 pm

      မမ Crystalline ရေ …

      ဂဲမှန်ဖူးတဲ့ စာသူငယ်လိုပါပဲ … အစဉ်မသင့်လို့ ဒီလိုကြုံရပြီးနောက်ပိုင်း အဲ့ဆိုင်ဘက် ခြေဦးတောင် မလှည့်တော့ပါဘူး … ။ ပိုးဟပ်အရှင်သာ ပါလာလျှင် ဖမ်းပြီးကို ရန်သွားတွေ့ ပစ်မလား မသိဘူး… :byae:

      မမပြာ …
      နှာခေါင်းလေးနဲ့ အနံ ့ခံပြီးမှ စားရင ်မှန်ဘီလူး မလိုပါဝူး … ။ ဘုရားစာရွတ်ပြီး စားရမယ့် အပြင်စာတွေကို တတ်နိုင်သမျှ လျော့ချမှဖြစ်မယ် …။ အိုက်လို အသိ ချိပေမယ့်လည်း … ကိုယ်လုပ်ရမှာ ပျင်းတာနဲ့ .. အပြင်စာတွေနဲ့ မကင်းနိုင်တေးဝူးဗြဲ … ။

  • ရာမည

    June 7, 2013 at 1:32 pm

    အဲ့ ဆိုင်က ကျွန်တော်တို ့ထိုင်နေကျ ဆိုင်ပါ ။
    ကျွန်တော်ဆိုရင်တော ့ စားမိမှာပါ ။ဂရုမပြုတတ်လို ့ပါ ။
    ပေါက်စီပေါင်းတဲ့ ပုံးကြီးကအများအားဖြင့်မဆေးပါဘူး ။
    ဗမာပြည်က လူတွေရဲ့ဗိုက်က ခံနိုင်ရည်ရှိတယ်ထင်တယ် ။ အညစ်အပတ်တွေအကျင့်ပါနေလို ့လေ ။
    ဒါနဲ့ဆက်စပ်ပြောရရင် အချဉ်ထည့်တဲ့ဗူးတွေလည်း နေ ့တိုင်းမလှယ်ပါဘူး ။
    တချ်ု ့ကိုထပ်ဖြည့်တယ် တစ်ချို ့ကိုရေကျင်းပြီးထပ်ထည့်တယ်
    ဒီလိုနဲ့ပဲ ….. နှစ်ပေါင်းများစွာ …..
    ပိုင်ရှင်ကဘ အဲ့မှာမထိုင်ဘူး
    ပိုင်ရှင်ကိုပြောလိုက်ပါဦးမယ် ။လသာလမ်းက ဆိုင်မှာရှိတတ်တယ်

    • e tone

      June 7, 2013 at 2:01 pm

      အဲ .. ကိုရာမည ပြောတော့မှ …. သတိမမူမိခဲ့တာတွေ .. ပြန်တွေးမိပြီး … စက်ဆုပ်လာသလိုပဲ … ။
      အလုပ်သမားတွေလည်း အများကြီးရှိလျှက်နဲ့ အခုလို လုပ်နေတာ ပိုင်ရှင် က ဖိဖိစီးစီး မဦးဆောင် နိုင်လို့ပဲလား ၊ ဆိုင်က တာဝန်ခံ ကြီးကြပ်သူ ညံ့ဖျင်းလို့ပဲလားတော့မသိဘူး … ။
      စားသုံးသူ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဆိုလား ဘာလား .. ..အိုက်အဖွဲ့ ဘယ်လို လှုပ်ရှားမှုတွေ လုပ်နေလဲတော့မသိဘူး … အဟီး … အသံမကြားဘာမကြား ကြာပြီဆိုတော့လေ … ။

      ဒီလို အဖြစ်မျိုးကလေ ဘယ်သူပဲ ကြုံကြုံ အတော် ကသိကအောက်ဖြစ်စရာပါ ။ နောက်တကြိမ် ထပ်ကြုံဖို့ အလားလာလည်း ရှိနိုင်ပါတယ် … ။ ကာကွယ်နိုင်တာကတော့ .. မစားရုံပေါ့နော် ။
      တခါကလည်း ရွာထဲမှာ မနွယ်ပင်လား ပန်ပန်လေးလား မသိဘူး ရေးဖူးတယ် … ကြေးအိုးထဲ တီကောင်ပါလာတာ … :chee:

      • ရာမည

        June 7, 2013 at 2:14 pm

        အဲ့အသင်းလားမသိဘူးဗျ
        ရေများများလောင်းသူဘက်က ကာကွယ်စောင့်ရှောက်တယ် ဆိုလား
        :mrgreen:

        • e tone

          June 7, 2013 at 2:25 pm

          အယ် ..ကိုရာမညရေ … တင်စားထားတာ သဘောကျလို့ ပြုံးမိပါတယ် … ။
          အဲ့အသင်းစပေါ် ကတည်းက… သိချင်တာတွေ ရှိခဲ့တာပါ …(ကိုယ်တိုင်ကလည်း သံသယများသူမို့) ။

          အဲ့ဒီ အသင်းကို စတင်ဖွဲ့စည်းတာက အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေကလို့ပြောပါတယ် ။ အဲ့အချိန်မှာ ကျွန်မသိချင်တာက ၊ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေက ဘယ်လိုရပ်တည်မှုမျိုးနဲ့ ကြာကြာရပ်တည်နိုင်ပါ့မလဲပေါ့နော် ။ ဆိုလိုတာက အစ်ကိုရယ် .. ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းခံလို့ ဘယ်သူက ကြီးတော် နွားကြောင်းမလဲ ဆိုတာမျိုးပါ ။နောက်ပြီး .. တကယ် ပြည်သူကို စေတနာ ရှိလို့ အကျိုးပြုချင်လို့ ကိုယ့်စရိတ်ကိုယ်စားပြီး တည်ထောင်ထားတဲ့ အဖွဲ့လား … ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီး လုပ်ငန်းရှင်တွေအတွက် လုပ်စား သွားမယ့် အဖွဲ့မျိုးလား ဆိုတဲ့ စိတ်မျိုးတော့ ဖြစ်နေမိတယ် … ။

          တကယ်တော့ ကျွန်မလည်း သူတို့ဘာတွေလုပ်နေလည်း သေချာ ဂဃနဏ မသိပါဘူး အစ်ကိုရေ ။ အပေါ်မှာရေးခဲ့တာက ကိုယ့် စိတ်ထဲ သိချင်စိတ်ပြင်းပြနေခဲ့တာလေး နည်းနည်းပါးပါးပါ ။ ဒီလို ဖြစ်နေတယ်လို့လည်း မစွတ်စွဲပါဘူး …. ။သတင်း ပျောက်ချက်သား ကောင်းနေသလိုဖြစ်နေလို့ပါ … ပျောက်ဆို .. ကိုယ်တိုင်ကလည်း ပြင်ပ ဗဟုသုတ အားနည်းလို့ … သတင်းအောက်သွားတာလည်း ဖြစ်ချင်ဖြစ်နေမှာပါ ။ ဒုတိယအကြိမ် ကော့မန့်လေးအတွက် ကျေးဇူးပါ အစ်ကို ။

  • marblecommet

    June 7, 2013 at 2:02 pm

    အာ့ ပိုးဟပ်ချေးပေါက်ဆီဖတ်လေး
    ဒိုင်ယာရီ ကြားမှာ
    ညှပ်သိမ်းထားပါလားကွယ်
    အမှတ်တရပေါ့…..
    ကွိကွိ…..
    …….
    နိစ္စဓူဝ စားသမျှ….
    မသန့်တဲ့ရန်က
    တနည်းမဟုတ် တနည်း
    လွတ်ကိုမလွတ်နိုင်ပေါင်ကွယ်…
    ပြောရရင် ထောင့်တစ်ည……

  • Wow

    June 7, 2013 at 2:06 pm

    Buy one get one free ပေါ့ တုံကလေးရယ်… :mrgreen:
    ကိုယ်ချင်းစာပါတယ်.. တစ်ခါ မုန့်ဟင်းခါးပန်ကန်ထဲ ကြွက်ချီးပါလာလို့ ပြန်တွေးတိုင်း ရွံမဆုံးဝူး…

    • e tone

      June 7, 2013 at 2:31 pm

      မမကမ်း နော် ….
      ပျော့စ်ရက်လိုက်တာ … ဒိုင်ယာရီထဲ ပိုးဟပ်ချေးညှပ်သိမ်းထဲ .. ဝေါ့… :eee: လူရုပ်မာရီး

      မမwow
      ဘိုင်ဝမ်း ဂဒ်ဝမ်း …. ဒီပတ် တနင်္ဂနွေပရိုမိုးချင်း ချိတဒဲ့ … တွားချားရအောင်လေ .. ခိခိ ..
      မမပြာကိုပါ ခေါ်ခဲ့မယ် … သများ ကျွေးဘာစ့်မယ် … ဟီး …. :kwi:

  • ဦး ကျောက်ခဲ

    June 7, 2013 at 4:04 pm

    “စပိုက်ဒါမန်း” ကတော့ “ပင့်ကူ” အကိုက်ခံလိုက်ရပြီး ဘွပြောင်းသွားသတဲ့…
    သာမီးလည်း “ပိုးဟပ်ချေး” ကိုက်လိုက်မိရင်…
    အခုလောက်ဆို “ပိုးဟပ်”လို နှုတ်ခမ်းမွှေး ပေါက်နေလောက်ပြီ… ဟီ ဟိ
    :harr:

  • Yin Nyine Nway

    June 7, 2013 at 4:31 pm

    အနော် ငယ်ငယ်တုန်းက ယိုစုံဒွေ သိပ်ကြိုက်တာ
    ယုံစုံကို မေမေက ပေါ်သမျှ အသီးတွေကို ယိုထိုးပေးတာတောင်
    အနော်က ယိုစုံမြင်ရင် ဝယ်စားလို့အမြဲအဆူခံရတယ်
    တနေမှာ အနော် စားနေရင်း
    နာမည်လေးတောင်မှတ်မိသေးတယ်
    ‘ချစ်ချစ်’ ယိုစုံ
    အနော်စားလို့ တဝက်ကုန်တော့ သူငယ်ချင်းတယောက်ကလာတောင်းစားတယ်
    သူက ဒီတစေ့က တော်တော်ကြီးပါလားဆို ပြီးကြည့်လိုက်မှ
    အမလေး ကြွက်ခေါင်းကြီးဖြစ်နေတာတော်ရေ…
    အဲကတည်းက အနော် ယိုဆို
    အမေက ရှေ့မှာ ထိုးထားတဲ့ ယိုကလွဲရင် မစားတော့ဘူး
    ခုပြော ခု သတိရတယ်

  • အရီးခင်လတ်

    June 7, 2013 at 4:41 pm

    {{ အနံ ့ခံပြီးမှ စားတတ်တဲ့ အကျင့်လည်း ရှိတယ် ။ }}
    မျက်စိ ထဲ အစားတွေကို နှာခေါင်း လေးတရှုံ့ရှုံ့ နဲ့ အရင်လုပ်ကြည့် နေတဲ့ တုံတုံ ကို မြင်မိတယ်။
    ချစ်စရာလေး နေမှာပါ။ ဟိုအကောင်လေးတွေ လို။ (နောက်တာ နော်) 😉
    ဒီမှာလဲ အဲဒီလိုမျိုး ဟာတွေ အစာထဲ မှာ ပါတာ documentary တွေ၊ ဘာတွေတောင် ရိုက်ပြတယ်။
    အများစု က အာရှ Take-away ဆိုင်တွေမှာ။

    အကြံပြုရရင်တော့ – ဆိုင် ကို သွားပြပြီး အသိပေးသင့်တာဘဲ။
    ဆိုင်ဘက်က တော့ နောက်တစ်ခု နဲ့ လဲ ပေး၊ မဟုတ်လဲ ပိုက်ဆံပြန်ပေး။
    ဒီလို ဖြစ်ပါများလာတာ ကို သိမှ သူတို့ လဲ နောင်ကို ဂရုစိုက်မှာ။

    • e tone

      June 7, 2013 at 4:58 pm

      အရီးလတ်ရေ .. အဟီး … ဘာပြောပြောရပါတယ် .. စိတ်မဆိုးတတ်ပါဘူး …. ။
      အိမ်က ကြောင်လေးလည်း နှာခေါင်းလေးနဲ့ အနံ ့ခံပြီးမှ စားတာ …. :kwi:

      ဆိုင်ကိုတော့ သွားပြီး အကြံမပေးတော့ပါဘူး အရီးရေ … ဘာမှ မထူးပဲ .. စကားများရမယ့် အဖြစ်ဆိုတာ သိလို့ပါ … ။ ဆိုင်က ကောင်မလေးတွေမှာ ဒီပြသနာ အပေါ် ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ အသိမျိုး မရှိဘူးလို့ ယူဆမိလို့ပါ .. သွားပြောမှ … တခုခု ပြန်ဘုတောတဲ့အခါ … ကိုယ်ကလည်း စိတ်ဆတ်တော့… ခွန်းကြီးခွန်းငယ်ဖြစ်သွားနိုင်လို့ပါ … ။

  • cobra

    June 7, 2013 at 6:30 pm

    အမ အဲ့လိုတွေခဏခဏဖြစ်တယ်နော်
    ကြေးအိုးတုန်းကတစ်ခါ ဖိနပ်ဝယ်တော့လည်းတခါ
    ခုပေါက်စီ ပါ ပါလာပီကော
    အကျင့်ချင်း တူသူတွေတယ်ပေါ ပါလား
    မစားခင် နမ်းတာကိုပြောတာ

  • Mr. MarGa

    June 7, 2013 at 7:38 pm

    ကိုယ်တွေလဲ အစားအစာ တစ်ခုခုစားရင် ကြည့်စားဦးမှပါပဲလေ။

  • padonmar

    June 7, 2013 at 9:05 pm

    မသန့်တာကတော့ တစ်တိုင်းပြည်လုံးပါပဲ တေးကလုံရယ်။
    မျက်စိမှိတ်ပြီး စားနေကြရတာပဲ။

    • Foreign Resident

      June 8, 2013 at 8:55 am

      အင်းးးး ၊ နောက်ဆုံးမတော့လည်း မ ပဒုမ္မာ ပြောသလိုပါပဲကွယ် ။
      ဒီ တစ်ဆိုင်ထဲ ဖြစ်နေတာတော့ ဟုတ်မယ့်ပုံ မပေါ်ပါဘူးကွယ် ။

      ” မသန့်တာကတော့ တစ်တိုင်းပြည်လုံးပါပဲ တေးကလုံရယ်။
      နောက်ဆုံးတော့ ၊ မျက်စိမှိတ်ပြီး စားနေကြရတာပဲ “

      • e tone

        June 8, 2013 at 10:41 am

        မင်္ဂလာပါ အန်တီဒုံနဲ့ အဘ FR ရေ ..

        မသန့်တာ တတို်င်းပြည်လုံးဖြစ်နေတာ … မျက်စိစုံမှိတ်ပြီး စားနေရတယ်ဆိုလည်း တကယ့်ကို အဟုတ်ပါပဲ … ။
        မသန့်တာကို အသိစိတ်ထဲက သိလည်း ၊ မရှောင်လွဲနိုင်လို့ စားပေမယ့် … မျက်စိ အမြင်အားဖြင့် တင့်တယ်လျှင်တော့ မြိုကျပါသေးတယ် ။ တန်ရာတန်ကြေးနဲ့ ထိုက်တန်တဲ့ သန့်ပြန့်တဲ့ ဝန်ဆောင်မှုမျိုးရှိတာ ၊ လက်ခံထားပါတယ် ။

        ဒါပေမယ့်လည်းလေ … စားဖို့လည်း မသင့်တော် ၊ စက်ဆုပ်ရွံရှာစရာလည်း ကောင်းတဲ့ အရာမျိုးတွေ အစားသောက်ထဲပါလာတာကို ငွေပေးပြီး ဝယ်စားဖို့မပြောနဲ့ ၊ အလကား ကျွေးမယ် စားပါဆိုလျှင်တောင် စားဖို့ သတ္တိမျိုးတော့ မရှိသေးပါဘူး။ :byae:

  • naywoon ni

    June 7, 2013 at 9:51 pm

    ပေါက်ဆီထဲ ပိုးဟတ်ချေး တမင်သက်သက် ထည့်လိုက်သလား မှမသိတာ …။ သဂျန်တွင်းမှာ မုန့်လုံးထဲကို ငရုတ်သီးချိုးထည့်လိုက်သလိုလေ……။ မတူတဲ့အတွေးနဲ့ ပြောကြည့်တာပါ….။ အဲဒိလိုပဲ ခံခဲ့ရဖူးတယ်…။ ဆေးစပ်ထဲမှာ ကြွက်ချေးတွေပါလာတာ …..။ သောက်ရင်းသောက်ရင်းနဲ့မှသိတာ ….။ တစ်လိပ် နှစ်လိပ် သုံးလေးလိပ် ဒီအနံ့ပဲ …။ မသင်္ကာလို့ ဆေးလိပ်ကို ချိုးပြီး ဆေးစာကို မွှေကြည့်လိုက်တော့မှ လားလား ကြွက်ချေးမဲမဲလေးတွေ လှမှလှ….။ လွန်ခဲ့တဲ့ 15 နှစ်လောက်ကပါ…။ အဲဒိဆေးပေါ့လိပ်တံဆိပ် ဘယ်လောက်လူကြိုက်များတယ်ပြောပြော ယောင်လို့တောင်လှည့်မကြည့်တော့ဘူး….။ သိတယ်မဟုတ်လား နေဝန်းနီ ဟင် ဆိုလိုက်လို့ကတော့ ထာဝရတာ့တာပဲ စေ့စပ်ဆွေးနွေးတာတွေဘာတွေ ထုံးစံမရှိ ………..။

  • TNA

    June 7, 2013 at 10:07 pm

    ဘီရားဘီရား။ အိုက်ဒီဆိုင်မှာသားက ပေါက်စီကြိုက်လို့ဆိုစားနေကျ။ ဒီနေ့တောင် လှည်းတန်းရောက်တုန်း ဝယ်အုံးမို့ပဲ။ တော်သေးမဝယ်ဖြစ်တာ။ အောင်မယ်လေးနောက်ဆိုအိမ်မှာပဲအားလုံးလုပ်စားရတော့မယ်ထင် ပါ့။ စားခါနီး တုန်တုန့်လို့နမ်းနမ်းကြည့်ရဒေါ့မှာဘဲ။

    ဒါ့ထက်ဇဂါးမစပ် ဒေါက်တို YKKO ကိုကော နမ်းကြည့်ပီး မှရွေးဒါလားဟင်င်င်င်င်င်င်င်င်င်င်

  • uncle gyi

    June 7, 2013 at 11:59 pm

    ဘာပြောပြောတတ်နိုင်သလောက်အပြင်စာရှောင်တာကောင်းပါတယ်အိတုန်ရယ်
    ကိုယ်တွေလည်းစားတုန်းကစားခဲ့ပြီးပြီ
    အခုတော့မစားပဲနေနိုင်တဲ့စိတ်လည်းရှိပြီ
    သားတွေကတော့ဘာပြောပြောစားနေတုန်းပဲ
    ကိုယိတွေလည်းသူတို့အရွယ်တုန်းကစားခဲ့တာပဲလေ
    နောက်၃နှစ်နဲ့ ၅နှစ်လောက်ဆိုရင်တော့
    ပိုမိုသန့်ရှင်းသောအစားအစာများစားရနိုင်မလားလို့

    • e tone

      June 8, 2013 at 11:51 am

      ဦး လဂွမ်းကြောက်ရှင့် သာမီးကို .. မကျီစားပါနဲ့ .. သာမီးတို့ ညှောင်မျိုးရိုးတွေက မွေးကတည်းက နှုတ်ခမ်းမွှေး ကားကားလေးတွေနဲ့ မွေးစ်ဘာဒယ် ..တပင်ထဲတောင် မဟုတ်ဘူး …. အစည်းလိုက်… :kwi:

      ရင်ငြိမ်းရေ ဂျီးတော်လိုသာ ကြွက်ခေါင်းပါလာကြည့် … ထမင်း ခုနှစ်ရက်လောက် မြိုကျမယ် မထင်ဘူး … ။

      cobra ရေ … ဘယ်လို ကုသိုလ်ကံလည်း မသိပါဘူးကွယ် .. ကိုယ်ကပဲ ကမောက်ကမတွေ ကြုံရမယ့် ကံမျိုးပါလာတာလား .. ဘာလား မသိဘူး …. ဒါမျိုးဆို ခဏခဏကြုံတတ်တယ် ။

      ဦးသကြား အစားစာရင် ညက်စိစုံမှိတ်စားမှန်း ထုမှ တိတွားဘီ … ။ ခိခိ :harr:

      အဘနီရေ ဒီကအလုပ်အတော်များများမှာ လုပ်ငန်းခွင်သန့်ရှင်းမှု အားနည်းပြီး .. ဂလို ပြသနာ မျိုးတွေ ကြုံတတ်တာလည်း သိပါတယ် … ။ အကြောင်းကျိုးတိုက်ဆိုင်လို့ ကိုယ်တိုင်ကြုံတဲ့အခါ တခါတလေဆိုလျှင် .. တခါတလေးကိုမှ … လက်ခံနိုင်စွမ်းမရှိတာ ကိုယ်တွေ့ပါ … ။ တခါသေဖူး ပျဉ်ဖိုးနားလည်တယ်ဆိုသလိုပေါ့ … ဟီး .. ဒါကြောင့် သမီးလည်း… ဒီဆိုင်ဆို ဘယ်တော့မှ မဝင်တော့ဘူးဆိုတဲ့ စိတ်မျိုးဖြစ်မိတယ် … ။

      အစ်မသဲရေ ညီမက အကျင့်ကို ဖြစ်နေတာ … အနံ ့ခံလွန်းလို့ ..အလှူအိမ်တို့ သူများကျွေးတာတို့ လိုက်စားတဲ့အခါ .. အားနာစရာတောင် ကောင်းခဲ့ပါတယ် … ။ မသိစိတ်ကကိုက အနံ ့ခံရမယ်ဆိုတဲ့ အလေ့ကျင့်မျိုးဖြစ်ခဲ့သလားပဲ …
      YKKO ကိုတော့ နမ်းကြည့်ပြီး ရွေးခဲ့တာမဟုတ်ဘူး …ဂလိုပဲ စားကြည့် …အ ဲ .. မွှားလို့ .. :kwi: ကိုယ်ကရွေးတာ ဟုတ်ဘူး .. သူက ရွေးခဲ့တာ ….. ။

      အန်ကယ်ကြီးရေ သမီးလည်း အပြင်စာတတ်နိုင်သမျှ ရှောင်ဖို့ စိတ်ကူးထားပေမယ့် .. လက်တွေ့မှာတော့ မလွယ်သေးဘူး ။ အိမ်မှာနေချိန် နည်းပါးတာကြောင့်လည်း ပါပါတယ် ။ အခုနောက်ပိုင်းတော့ တချို့ စားသောက်ဆိုင်တွေ သန့်ရှင်းမှုအားပိုကောင်းလာကြပါတယ် … ။ အပြိုင်ဆိုင်တွေ များတဲ့ ဈေးကွက်ထဲ ကိုယ့်အားနည်းချက်မှ ကိုယ်မပြင်လျှင် … နှစ်သိပ်မကြာခင် ခါးဆတ်ပြတ်ပြီး ကျန်ရစ်လိမ့်မယ် … ။

  • kai

    June 8, 2013 at 12:11 am

    တုံမမလိုလူ.. ၁၀ဝပဲရန်ကုန်မှာရှိလိုက်…
    မြန်မာ့အစားအသောက်ကိုင်တွယ်ရောင်းချမှုစနစ်ပြောင်းသွားမယ်..။

    မြန်မာပြည်မှာအဲလိုလူစား.. များများလိုပါတယ်..။ :harr:

  • mashwetote

    June 8, 2013 at 1:01 am

    ဒီနိုင်ငံမှာ ဒီလိုတွေ့ရင်တော့ ပွပေါက်ပဲ။ တရားစွဲရင် မနည်းမနော ရတယ်ဆိုလား။ ကြားဖူးတာကိုပြောတာပါ။ ဟန်ဘာဂါဆိုင်တစ်ခုမှာ အာလူးချောင်းကြော်ထဲမှာ ပါလာတာ ကြွက်ကြွပ်ကြွပ်ကြော်ဆိုလား။

  • may july

    June 8, 2013 at 10:19 am

    ပိုးဟပ်ချေးက တော်တော် နံလို့သာသိရတာနော် …
    တခြားမနံ တဲ့ အရာတစ်ခုပါလာရင်တော့ စားမိမလားပဲ ….
    တူလေး နဲ့ စူပါဝမ်းမှာ ရေခဲမုန့် ဝယ်စားဖူးတယ် … သူက ခွက်ကလေးနဲ့ မစားပဲ
    ကိုက်စားလို့ရတဲ့ ဖော့ကျျွတ်ခွက်လေးနဲ့ ထည့်စားတာပေါ့ ….
    စားနေရင်းတော့ ဘာမမဖြစ်ပါဘူး .. တစ်ဝက်လောက်လဲ ရောက်ရော အမှီးလေးပေါ်လာတယ်..
    ကလေးက မသိဘူး လျှာလေးနဲ့ လျှက်လိုက် စားလိုက်နဲ့ပေါ့..
    တစ်ဝက်လောက်ထိလဲရောက်ရော လှုပ်စိစိနဲ့ အထဲကတိုးပါလေရော …
    ကလေးအော်တော့မှ ကြည့်လိုက်တော့ အားးလားးး အကောင်တစ်ကောင်ပဲဆိုပြီး .. ဇွန်းလေးနဲ့ မွှေကြည့်တော့ ရေခဲရိုက်ပီးသား အိမ်မြှောင် တစ်ကောင်ထွက်လာတော့တာပဲ …
    ဘယ်အချိန်တည်းကဝင်နေမှန်းမသိတဲ့အိမ်မြှောင်ကို မကြည့်ပဲ ရမ်းထည့်တဲ့ ဆိုင်ကကောင်မလေးအပြစ်ပဲ ဖြစ်မှာပါ … အဲ အချိန်တည်းက ရေခဲမုန့် စားမယ်ကြံတိုင်း အိမ်မြှောင်ပဲ မြင်မြင်နေမိလို့ ခုထိကို မစား မိတော့တာပဲ …

  • kyeemite

    June 8, 2013 at 11:43 am

    တော်တော်ကံဆိုးတဲ့ ပိုးဟတ်ချေး…အီးတုံးနဲ့မှတွေ့ရတယ်လို့…
    ရတနာရှိရာ ရတနာစုတာဖစ်မယ်..ဟိ
    :harr: :harr: :harr: :harr: :harr: :harr:

  • မောင် ပေ

    June 8, 2013 at 12:39 pm

    တို ့ဗမာတွေ စားသောက်ကြမည်
    အာဇာနည် ပီပီ
    ဆိုးဆေးဆိုလဲ သွတ်လိုက်မည်
    ကမ်မီကယ် ဘာမထီ
    :kwi:
    တုံနှမ ရေ
    နာမည်ကြီး အရောင်တင်မှုန် ့ရှိတယ်လေ ၊ မြို ့ပြင် ရွာတန်းက အလှူလုပ် ဖို ့ လာဝယ် လို ့ လိုက် ပို ့ပေး တာ ၊ ချက်မယ်လုပ်တော့ ဖွဲမှုန် ့ တွေ တဲ့ဗျာ

  • ကို ငြိမ်းမောင်

    June 8, 2013 at 12:58 pm

    အခုဟာက တမင်ထဲ့တာတော့ မဟုတ်လောက်ပါဘူး၊ မတော်တဆ ပါလာတာဖြစ်မှာပါ။
    ဘာဘဲဖြစ်ဖြစ် အခုနောက်ပိုင်း ပုံမှန်ထက်ဈေးကြီးပေမယ့် သန့်သန့်ပြန့်ပြန့်လေး လုပ်ရောင်းတဲ့ ဆိုင်တွေဆို ဈေးနှုန်း မကြည့်တော့ဘဲ စားလာကြတာလဲ အဲလိုတွေ ကြောက်ကြလို့ဖြစ်မယ်နော်။

    • e tone

      June 10, 2013 at 9:58 am

      တဂျီး … ညံမာပီနဲ့ တန်တဲ့ လူဇားငြိုးမို့ .. ညံမာပီမှာပဲ ခိုကပ်နေဘာဒယ်ချင့် .. ရေခြားမြေခြားဆို ဒလတောင်ကူးချင်စိတ်မချိဝူး … ခွိခွိ :kwi: ဒါနဲ့ … ညံမာ နိုင်ငန်မှာဗြဲ တချို့သော လုပ်ငန်းဒွေ …. အတိမ်းစောင်းဖြစ်တဲ့အခါ ၊ကာစတန်မာ စိတ်ကျေနပ်အောင် ကိုင်တွယ်ဖြေရှင်းတတ်ပုံကတော့ … အတုယူစရာတောင် ကောင်းတယ် ။ ပြီးခဲ့တဲ့ ၂ပတ်လောက်ကပဲ လောလောလတ်လတ်လေးကြုံထားတယ် … ။ ရေးတော့ ရေးပါဦးမြီ ။

      မရွှေတုတ်ရေ ဒီမှာလည်း အစားသောက်နဲ့ ပတ်သတ်ပြီးအခုလိုဖြစ်လျှင် ကွန်ပလိန်းတက်တာတွေ ၊ တာဝန်ယူခိုင်းတာတွေ ရှိတယ်လို့ သိရတယ် ။ အချင်းချင်း ပြေရာပြေကြောင်း ပြောဆိုပြီး …. ညှိလိုက်တော့ ..တရားစွဲတဲ့ အဆင့်ထိတော့ ရောက်မသွားပါဘူးပဲ ….. တော်ရီးရော်ရီး ဆိုင်တွေမှာတော့ ပါလာလည်း ဖယ်စားပစ် ၊ သိပ်မရစ်တဲ့ လူတွေရှိတော့ … ၊ တခုခု ကွန်ပလိန်းသွားတက်မိရင်တောင် အထူးဆန်းလူသားလို အကြည့်ခံရပြီး ..ပြန်ရန်တွေ့ ခံရမယ့် အဖြစ်မျိုး … ။ :buu:

      အစ်မ ဂျူဂျူးရေ … တနားစယာ .. အိမ်မြှောင်လေး … အအေးဒဏ်ကို အလှူးလဲ ခံစားလိုက်ရရှာမှာ :mrgreen: …. ရေးထားတာ ဖတ်ပြီး မျက်လုံးထဲ မြင်ယောင်လာတယ် … ဂလိုသာ ကြုံရရင် …အတော်လေး စိတ်ကသိကအောက်ဖြစ်ရမယ် ထင်ပါရဲ့ … ။ :byae:

      ယောက္ခမရီး တောင်လှေခါး အူးမိုက် ချွေးမယေးကို ကျီဇားဒယ်ယား … တခြဲ လူချို ခွင့်လွှတ်ဝူး … အူးမိုက်ဂိုတော့ အလိမ္မာ အိမ်ပါ ၊ သားမျက်နှာကြောင့် … ခွင့်လွှတ်လိုက်မယ် … ။ ပျော့စ်ချင်တာသာ .. ပျော့စ်ဘာဒေါ့ …. :kwi:

      ချစ်ကိုရီး ကပေရေ အိုက်ဒီ ကမ်မီကယ် ကိစ္စလည်း ခဏခဏ အသံထွက်တယ်နော် ။ ထွက်လည်း ထွက်တာပဲ ရှိတယ် ။ သေချာ စီစစ် ပိတ်ပင်တာမျိုးလုပ်ပြီး ထိန်းသိမ်းမှု အားနည်းတော့ … သုံးတဲ့ လူကလည်း သုံးမြဲ ၊ စားတဲ့လူကလည်း ရွေးခြယ်မှု မရှိတော့ စားမြဲနဲ့ … သံသယာလည်နေတယ် … ။ ပျော့စ်တော့ မြန်မာနိုင်ငံသားတွေ ဘယ်လို စိတ်ထားကောင်းတယ် ဘာတရားလက်ကိုင်ထားဘာဒယ် … ဘာသီလတွေ စောင့်ပါတယ်ပေါ့ …. ။ သမ္မာအာဇီဝနဲ့ စီးပွားရှာတယ် ဘာညာ လူအထင်ကြီးအောင် ပျော့စ်နေတယ် … တနေ့ တနေ့ ….မကောင်းမှု ကျူးလွန်မိနေတာတွေ .. သတိတောင် မထားမိဂျဝူး …. ။ :eee:

      ကိုငြိမ်းမောင်ရေ တမင်တော့ ၊ ဘယ်ဆိုင်မှ ထည့်မယ် မထင်ပါဘူးရှင့် ။ အမှတ်မထင်ပါလာတာ ဖြစ်ပါလိမ့်မယ် ။ သန့်ရှင်းမှု အားနည်းတယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ် ။
      ဈေးကြီးကြီးပေးရတဲ့ ဆိုင်တွေမှာကတော့လေ ….သန့်ရှင်းမှုအတွက် အလေးပေးမှု အားလည်း ကွာပါတယ် ။ ဒါပေမယ့်လည်း … သူတို့မှာလည်း တခါတလေ … ကတောက်ကစ ဖြစ်စရာလေးတွေ ကြုံတတ်ပါသေးတယ် .. ။ ဝိုင်ခွက်မှာ နှုတ်ခမ်းနီရာ အကွက်လိုက်… တခါ ကြုံခဲ့ဖူးတယ် … မြို့လည်ခေါင်က နာမည်ကြီး ဟိုတယ်ကြီးတခုမှာ 👿

  • ဦးဦးပါလေရာ

    June 8, 2013 at 4:40 pm

    နောက်စဉ်းစားစရာတစ်ခုရှိသေးတယ် etone ရေ
    အဲဒီလဘက်ရည်ဆိုင်က ပေါက်စီတွေ အသားပေါင်းတွေက ကိုယ့်ဆိုင်နဲ့ကိုုယ်လုပ်တာ ဟုတ်ရဲ့လားမသိ…။
    အခု ဆိုင်အများစုမှာရောင်းတဲ့ – အထူးသဖြင့် လားရှိုး / ခွန်နှစ်လွှာ အမည်နဲ့ ပေါက်စီတွေဟာ တနေရာက အများကြီးထုတ်လုပ်ပြီး ဆိုင်တွေကို လိုက်ဖြန့်တာ။
    ဒီခေတ်က လုပ်ရတာလက်ဝင်တာရယ် မုန့်ဆရာထားဖို့မြဲဖို့ခက်တာရယ်ကြောင့် ရယ်ဒီမိတ်တွေပဲ တင်ရောင်းကြတာများတယ်။
    ဦးပါတော့ မန်းမြို့တော်ပေါက်စီဆိုင်ခွဲတစ်ခုက ကြက်သားအစား တိုးကြောင်လေးသံလမ်းပေါ်မှာခုတ်ထစ်ပြီးဖြန့်တဲ့ ကြွက်သားတွေကို (ဈေးပေါလို့) ပေါက်စီထဲထည့်လုပ်တာသိပြီးကတည်းက ပေါက်စီဆို တော်တော်သတိထားစားနေတာ…။
    ဒီအတိုင်းဆို လားရှိုး တွေကို ရှောင်ရတော့မယ်ထင်တယ်
    🙁

  • ကိုရင်စည်သူ

    June 8, 2013 at 7:13 pm

    ဆြာမဒေါ်အိတုန်ခည… မသန့်တာက လာရှူးိပေါက်စိမှဟုတ်ပါဖူး.. မန်းမြို့တော်လည်း တူတူပါပဲ..
    တခါ အိမ်သာအရမ်းတက်ချင်လို့ မန့်မြို့တော် ပေါက်စီလုပ်တဲ့နေရာထဲ
    တွေ့မိတဲ့အချိန်ကစပီး ပေါက်စီ သိပ်မစားဖြစ်တော့ပါဘူး.. ပေါက်စီလုပ်တဲ့ အလုပ်သမားတွေကလဲ ဘွဲ့ရ ကျန်းမာရေး အသိပညာဉာဏ်ရှိတဲ့လူတွေ လုပ်ကြတဲ့ အမျိုးအစားမှမဟုတ်တာ… :mrgreen: ပေါက်စီက
    အပြင်ပန်းကြည့်တော့ ဖွေးဖွေးလေးနဲ့ ဝါးချင်စရာကောင်းပေးမဲ့ အတွင်ထဲ ဘာရှိမလဲ
    မသိရတဲ့မုန့်မျိုးဆိုတော့ တော်တော်သတိထားရပါတယ်… ရွာမှာ ဘယ်အစားအသောက်မဆို
    ဆီကအစ ဆားကအဆုံး ဘာမှမသန့်ရှင်း စိတ်မချရတာဆိုတော့ ရွာသူားတွေလဲ… နေ့စဉ်
    အဆိပ်နည်းနည်းစီ စားနေသလိုပါပဲ…။ ဒီပုံဆို ရွာသူားတွေ သက်တမ်းတိုလာမယ်မြင်တယ်။
    ဒါကြောင့် ရှေးလူကြီးတွေက စားသတိ၊ သွားသတိ လို့ ဆုံးမခဲ့တာနေမယ်… အဲ.. အဲ..
    ဒါနဲ့ စကားမစပ်… ((water fish” က လှည်းတန်း လာရှိုး King က ဝယ်လာတဲ့ ပဲပေါက်ဆီတလုံး လာပေးသွားတယ် ဆိုတော့.. )) ဟီးး :mrgreen: ကိုရင်သာဆို ဂေါ်ဆီလာ မျက်ချေးပါရင်တောင်
    အလုံးလိုက်.. အံကြိတ်မျိုချပစ်မှာဖြစ်ပါကြောင်း.. ငိငိ.. :gee:

  • ရွာစားကျော် မင်းနန္ဓာ

    June 8, 2013 at 10:51 pm

    ပြောရရင် ကျနော်တို့ဆီက စားသောက်ကုန်လုပ်ငန်းတွေ တကယ်တန်း သန့်ရှင်းမှုနဲ့ ကျန်းမာရေးအဆင့်အတန်း မမီတာ များပါတယ်..
    မအိတုန် ပို့စ်ဖတ်ပြီး အမှတ်ရသွားတယ် နောက်နေ့ နေပြည်တော်က နာမည်ကြီးတံဆိပ် ဆိုင်ကထုတ်တဲ့ ပေါင်မုန့်ထဲ ကြွက်ချေးပါတဲ့ ပုံတွေပြန်ရှာပြီး တင်အုံးမယ်..

  • ဦးကြောင်ကြီး

    June 9, 2013 at 8:47 pm

    အောင်မလေးဗျာ.. သက်သတ်လွတ် စားနေတာမှ မဟုတ်တာ… မျောက်ချေးခါးဆို ဘယ်လောက်ဈေးကြီးသလဲ..
    ဒါထက်.. ဝါးတားဖစ်ရှ်ဆိုတဲ့ ကုလားမဂျီးက အီးဒုံးကို အတော် မုန်းပုံရတယ်နော်… အဲလို မလုပ်ကောင်းဗူးကွဲ့… ကြောင်ခြစ်ခံရတတ်တယ်.. :kwi:

    • water fish

      June 11, 2013 at 10:57 am

      Dမယ် အူးကြောင်ဂျီးးးး သများက ကျွေးတာစိတ်သန့်သန့်နဲ့ကျွေးတာာ ..အဲ့သလိုပါမယ်ဆိုရင်ကျွေးတောင်မကျွေးဘူးးး အလုံးလိုက်ပေးလိုက်တာာ တယောက်တလုံးပဲ
      အတွင်းကပါလာတာဘယ်သူကသိမှာလဲ ………အဲ့သလိုပါမယ်လို့ သိခဲ့ရင်တောင်အရင်ဆုံးအူးကြောင်လို လူဂျီးကိုအရင်ကျွေးအုံးမှာ အဲ့အတွက်တော့စိတ်သာချ ပူမနေနဲ့ ……….သများကိုများးး ကုလားမဂျီးဒဲ့ ..
      တူ့လို ပန်းပွင့်ရှူနေဒဲ့ ကြောင်ခြောက်ပုန်းဂျီးမဟုတ်ဘူးးး ကြောင်တောင်မှလာနွဲ့ပြနေတယ်…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 10, 2013 at 9:39 am

    အဲ့ဒါကိုကြည့်ပြီးအတွးတစ်ခုဝင်လာတယ်
    ပေါက်စီထဲမှာ ကိုစားခြင်တဲ့ အကောင်ဗလောင်တွေထည့်ပြီး အစာသိပ်လုပ်စားရင်ကောင်းမယ်ထင်တယ်
    ဥပမာ
    အိမ်မြောင်တို့ တောက်တဲ့တို့ ပုတ်သင်ညိုတို့ ကြွက်ပေါက်စလေးတွေတို့
    ဟုတ်ပါပြီ တစ်ခါလောက်လုပ်စားကျိဦးမယ်

  • တိမ်မည်း

    June 10, 2013 at 10:06 am

    မြန်မာပြည်မှာ စားရသောက်ရတာ သရဏဂုံ အမြဲတင်ထားရမယ့် ပုံပဲ……..

    • e tone

      June 10, 2013 at 11:53 am

      ဦးပါရေ … သမီးလည်း အဲ့လို တွေးခဲ့ဖူးပါတယ် ။ လားရှိုးကင်းက ဆိုင်တွေ အများကြီးရှိပေမယ့် လက်ရာက တပုံစံတည်းထပ်တူကျနေတာ ၊ တဆိုင်ကနေလုပ်ပြီးသားကို ဖြန့်တာဖြစ်မယ်လို့ တွေးခဲ့တာ ။ ထင်တဲ့အတိုင်းပါပဲ ။ ဆူးလေးက လားရှိုးကင်းမှာ ဆိုင်ခွဲအားလုံးစာ အတွက် လုပ်နေတာလည်း မြင်ခဲ့ဖူးပါတယ် ။ ပြီးမှ ကားတွေနဲ့ လိုက်ပို့တယ်လို့လည်း သိရပါတယ် ။

      မန်းမြို့တော်က ကြွက်သား ပေါက်စီ ကိစ္စလည်း သတင်းသဲ့သဲ့တော့ ကြားခဲ့ဖူးပါတယ် ။ ကိုယ်တိုင်တော့ မကြုံခဲ့ရဖူးပါဘူး ။ မန်းမြို့တော်က ရုံးနဲ့လည်း နီးလို့ …နေ့တိုင်းနီးပါး ရောက်ဖြစ်နေတဲ့ ဆိုင်ပါ ။ အဲ့ဒီမှာပဲ ပေါက်စီနဲ့ တခြား မုန့်တွေလုပ်ပြီး မြို့ထဲက ဆိုင်ခွဲတွေကို ဖြန့်တယ်လို့လည်း သိရပါတယ် … ။

      ကြွက်ဆိုလို့လေ … ရထားလမ်းတင်မကပဲ … ညဘက် 2 နာရီ နဲ့ 3 နာရီကြားမှာ ရပ်ကွက်တွေထဲ ကြွက်လိုက်ဖမ်းတာတော့ သိတယ် … ။ ဆယ်တန်းတုန်းက … ညဘက် လူခြေတိတ်ချိန်မှ စာကျက်တဲ့ အကျင့်ရှိလို့ မအိပ်ဖြစ်ဘူး … ။ ဒါနဲ့ ..ထူးဆန်းတဲ့ အသံတစ်ခု ကြားပါတယ် … လေချွန်သံလိုလို ၊စူးစူးစိုက်စိုက်အော်သလို ၊ သတ္တဝါ တကောင်က ထွက်တဲ့ အသံမျိုးမှန်းတော့သိတယ် ။ စူးစမ်းလိုစိတ်နဲ့ …. ပြတင်းပေါက်ဖွင့်ပြီး ငုံကြည့်မိတယ်ဆိုလျှင် …. လမ်းကြားနားမှာ လူတစ်ယောက် ကုံးကုံးကြီးထိုင်လို့ .. ပုဆိုးကိုလည်း ခေါင်းကနေခြုံပြီး နင်ဂျာတွေလို မျက်စိပဲ ဖော်ဝတ်ထားတယ် သူ့လက်ကလည်း ဖယောင်းတိုင်ကို ခွက်လေးထဲ ထည့်ထွန်းထားပြီး ၊ တဖက်လက်က ညှပ်တချောင်းနဲ့ ကြွက်တစ်ကောင်ကို ဖိသတ်နေပါရောလား ။ ကိုယ်ကလည်း တိရိစာ္ဆန်ဆို အလကား နေရင်းသနားနေတတ်တော့ ၊ သူဖိသတ်တဲ့ ကြွက်ကို လွတ်အောင် တခုခုတော့ လုပ်ပေးချင်မိတယ် ။ ကြွက်ကလည်း စူးစူးရဲရဲအော်တယ် … သူ့အော်သံကြောင် အနီးနားက ကြွက်တွေလည်း ထွက်လာတယ် … ။ ညှပ်နဲ့ ညှပ်ထားတဲ့ကြွက်ကို ခြေနဲ ့နင်းပြီး နောက်ထပ် ထွက်လာတဲ့ ကြွက်တွေကို လက်ထဲက ညှပ်နဲ့ လိုက်ညှစ်သတ်တယ် … မျက်စိရှေ့တင်ပဲ ..တကောင်ပြီး တကောင် တအိအိ သေကုန်တယ် … ။ အမှတ်မထင်မြင်လိုက်ရတဲ့ မြင်ကွင်းက … စက်ဆုပ်စရာကောင်းလွန်းတာကြောင့် ၊ ကြံရာမရတဲ့ အဆုံး …. ရေတပုံးယူပြီး ခေါင်းတည့်တည့်လောင်းချပစ်လိုက်တယ် … :mrgreen: ရေရွဲ လက်စနဲ့ ဆက်ပဲ ဖမ်းနေသလား ၊ ပြန်ပဲ သွားလားတော့ မသိတော့ပါဘူး .. ရေပုံးနဲ့လောင်းချပြီး ပြတင်းပေါက်ပြန်ပိတ်လိုက်လို့ပါ :harr: သူ့ကို ကြည့်ရင်း သိလာတာက ကြွက်သတ်ရတာ မခက်လောက်ဘူး ။ ဒါပေမယ့် ကြွက်ရှာရ ခက်တယ် ဒါကြောင့် ရထားတဲ့ တကောင်ကို ညှင်းဆဲပြီး အသံထွက်အောင် လုပ်ပါတယ် ၊ ကြွက်က အသံထွက်တဲ့အခါ … တခြား ကြွက်တွေ ထွက်လာတော့မှ ဖမ်းတာပါ ။ ဘယ်နေရာပြန်သုံးဖို့လည်းတော့ မသိပေမယ့် … ညကြီးမိုးချုပ်ဖယောင်းတိုင်ကိုင်ပြီး .. လမ်းကြို လမ်းကြားဝင်ထွက်နေတာကတော့ …မ ီးဘေးလည်း စိတ်မချရပါဘူး … ။ အခုအချိန်ထိလည်း ရံဖန်ရံခါ အိပ်မပျော်တဲ့ ညတွေမှာ ကြွက်ဖမ်းသံကြားနေရပါသေးတယ် … ။

      ကိုရင် စည်သူရေ … အဲ့ဒါတော့ ဟုတ်တယ် … သများလည်း မြင်ခဲ့ဖူးပါတယ် … ။ အိုက်လို မြင်နေရရင်လေ … စားချင်စိတ်ကိုပျောက်ရော … ။ အိုက်လို ထုတ်လုပ်မှုမျိုး ခဏတာ မြင်ရရင် အစားစားချင်စိတ် ပျောက်နိုင်တာကြောင့် … diet လုပ်နည်း တမျိုးအဖြစ် အသုံးတည့်မလားပဲ :kwi:
      တခါကလည်း ရွှေတောင်တန်းလမ်းက … စကားဝါဆိုတဲ့ ကြေးအိုးဆိုင်မှာ စားနေကြမို့ ဝင်စားမိပါတယ် ။ အတွင်းဘက်ဆုံး ဝိုင်းပဲ လွတ်လို့ ဝင်ထိုင်စားရင်း …တောင်ကြည့်မြောက်ကြည့်နဲ့ နောက်ဖေးကြမ်းပြင်မျာ ချပြီးကြိတ်နေတဲ့ အသားဖတ်တွေကို မြင်ရတယ်ဆိုရင်ပဲ … အိုက်နေ့က … အရမ်းကြိုက်လှပါချည်ရဲ့ဆိုဒဲ့ ကြေးအိုး …. စားမကောင်းခဲ့ဘူး … ။

      ရေငါးကျွေးတာ ချားချင်တယ်ဆို … ပေါက်ဆီကို ဒူးရင်းသီးဌာပနာ ထည့်ပေးခိုင်းမယ် အလုံးလိုက်မျိုဘာဒဲ့ … .. ကရင်စီအတွက် သီးသန့် …. 😆

      ကိုရွာစားကျော် ပြောသလိုပါပဲ …

      စားသောက်ကုန်လုပ်ငန်းတွေ တကယ်တန်း သန့်ရှင်းမှုနဲ့ ကျန်းမာရေးအဆင့်အတန်း မမီတာ များပါတယ်

      ..

      ဆိုတာ အဟုတ်ပဲ … ။ ဒါတွေကလည်း သေချာ ကိုင်တွယ် ကြီးကြပ်မှု အားနည်းလို့ … အခုထိ ရပ်တည်နိုင်တာပါ … ။ စနစ်ဂျောင့်မဟုတ်ဘူးးးးးး စနစ်ဂျောင့်မဟုတ်ဘူးးးးးး အိုက်စနစ်ကို ဖန်တီးတဲ့ လူဒွေကြောင့် … ။

      ဦးကြောင် သများဒို့ကြားမှာ … အောက်ဆီဂျင်လာမလုပ်ပါနဲ့ ….
      ခြစ်ချင်ရင် လက်သည်းသွေးပါလေ ။ :harr:

      ဘွပု အိုက်ဒီယာ ဆိုးဝူးဗြဲ …. ဘူမှ မလုပ်သေးတဲ့ အသားမျိုးစုံ ပေါက်ချီဆိုင် အကြီးရီး တထု ပျံလာဖွင့်လေ … ။

      ကိုတိမ်မည်း သရဏဂုံရွတ်လျှင် မျက်စိတော့ ဖွင့်ထားမှ ဖြစ်မယ် … မဟုတ်လျှင် ဘာပါလာလည်း မြင်လိုက်မှာ မဟုတ်ဘူး … :mrgreen:

Leave a Reply