ကိုယ့်အပြစ် ကိုယ်မမြင် အပြစ်ပုံချတတ်သူများ

ရာမညJune 7, 20131min23638

ရန်ကုန် မန္တလေး အမြန်လမ်းအကြောင်းကတော ့ အားလုံးလည်း မကြာမကြာ ကြားနေရမှာပါ ။
အမြန်လမ်း မှာကားမှောက်တယ် လူသေတယ်ဆိုရင်ပဲ ဗမာပြည်ရဲ့ အယူသည်းမှုတွေကစပြီး နေရာယူလာပါပြီ ။
အစောင့်လဲတယ်တို ့ ၊ မြေကြမ်းတယ်တို ့ ဥစ္စာစောင့်လဲတယ်တို့ ့ …. စတဲ့ မမြင်ရတဲ့အရာတွေကိုတွေးကြောက်
အပြစ်ပုံချပြီး လက်တွေ့လုပ်သင့်တာတွေကို မေ ့လိုက်ကြတော့တာပါပဲ ။ ငါတိ ု ့ဘာမှားနေသလဲ လို ့မတွေပဲ
အပြစ်ပုံချတတ်တာ အကျင့်ပါနေကြပါပြီ ။

ဒီနိုင်ငံ ဒီလူမျိုးအသီးသီးမှာလည်း ပြောမကုန်တဲ့ပုံပြင်တွေက အများသားမဟုတ်လား ။ဗိုက်နာရင်လည်း …
အောက်လမ်းနဲ့လုပ်လို ့ … နေမကောင်းရင်လည်း ပယောဂစွဲလို ့ …စိတ်ဂယောင်ချောက်ခြားဖြစ်ရင်လည်း ….
ရွာသူပြုစားလို ့ …. စသည်ဖြင့်ပေါ့လေ …။ ပြဿနာရဲ ့အရင်းအမြစ်ကိုမရှာပဲ အပြစ်ပုံချကိုယ်လွတ်ရုန်းတာ
နိုင်ငံရေးနယ်ပယ်အထိအောင် အမြစ်တွယ်နေပါပြီ ။

ယခုလည်း ကြည့်ပါ ။ အမြန်လမ်း ကားမှောက်ပြီဆိုတာနဲ့ အလွတ်ကျက်ထားတဲ့ ဒိုင်ယာလော့တွေကို မီဒီယာ
သမားများက စပြီးပြောတော့တာပဲ။ “လမ်းကြောင့်မှောက်တာ …လမ်းကနိုင်ငံတကာစံချိန်မှမမှီတာ … ” စသည်
ဖြင့် ရေးကြဖွ ကြတော ့တာပါပဲ ။
မေးပါဦးမယ် ….. ကျွန်တော်တို ့နိုင်ငံမှာ နိုင်ငံတကာစံချိန်မှီတဲ့လမ်း ဘယ်နှစ်လမိးများရှိပါသလဲ
ဒီ အမြန်လမ်းထက်ဆိုးတဲ့လမ်း ရော မရှိတော ့ဘူးလား ။ တစ်နိုင်ငံလုံးလမ်းတွေထက် ဘယ်လောက်များပိုဆိုး
နေပါသလဲ …. လက်ရှိသွားလာနေကြတဲ ့တောင်ပေါ် ကားလမ်းတွေနဲ့စာရင် အမြန်လမ်းကဆိုးနေပါသလား …
ဒီလို မေး ဒီလိုစဉ်းစားလိုက်ရင် သွားဖူးသူ ကားမောင်းတတ်သူတိုင်း အဖြေရှိပါတယ် ။

အများစုထည့်မပြောကြတာက ဘယ်လိုမောင်းခဲ့သလဲ …. ကားက ဘယ်လောက်ကြံ့ခိုင်ရေးကောင်းသလဲ …..
တာယာတွေရော ပွိုင့်ထူသေးရဲ့လား ….. ခရီးမသွားမှီ အောက်ပိုင်းနဲ့ အလိုင်းမင့် စစ်ခဲ့ပါသလား ….. လေ ချိန်
လေစစ် လေပေါင်ညှိတာတွေရောလုပ်ခဲ့ပါသလား …..ဒါတွေထည့်စဉ်းစားရပါမယ် ။ ပြီးရင် မောင်းသူရဲ ့
ကျွမ်းကျင်မှုနဲ့ ခရီးဝေးမောင်းခြင်းအတွေ့အကြုံ ….ဒါတွေလည်းလိုပါတယ် ။ တချို ့က ….

အထက်က အချက်တွေနဲ့ပြည့်စုံပေမယ့် မောင်းတဲ့အခါမှာ ယှဉ်ပြိုင်လိုစိတ်နဲ့မောင်းကြတယ်။
နေပြည်တော်ကို နှစ်နာရီခွဲနဲ့မောင်းခဲ့တယ် စသည်ဖြင့် …..သူဘယ်လောက်မောင်းနိုင်သလဲဆိုတာပြချင်တဲ့
သဘောနဲ့ ့မောင်းကြသလို တချို ့ကလည်း တစ်ခါမှလမ်းကောင်းကောင်း မမောင်းရလေတော ့ အမြန်လမ်း
ပေါ်ကိုလည်းခြေချရော လီဗာကိုမလွှတ်တမ်းနင်းတော့တာပါ ….။ဒီလို အချက်တွေလည်းရှိပါသေးတယ် ။

ကျွန်တော်လမ်းကိုကောင်လွန်းတယ် အပြစ်မရှိဘူးလို ့မပြောပါဘူး ။ယခု လမ်းအကြောင်းသတိထားမိသလောက်
ပြောပါမယ် ။လမ်းကဘကွန်ကရစ်လမ်းဖြစ်လို ့ မူလတာယာစားနှုံးထက်ပိုစားပါမယ် ။ တာယာပါးလျှင် သွားဖို့ ့
မသင့်ပါဘူး ။တာယာပွိုင့်တွေဟာ ၂၅% လောက်ပဲရှိရင် ကီလို၁၀ဝ နှုုံးနဲ့မောင်းလျှင် တာယာပွင့်ပြီး တိမ်းမှောက်
နိုင်ပါတယ် ။ ပြီးတော ့ လူတော်တော်များများ သတိမထားမိတာက.. ကားတွေရဲ့ ရှော ့ဘားတွေပါ ။ အဲ့ ရှော့ဘား
တွေ မကောင်းရင်လည်းဘအရှိန်နဲ့ဆွဲကွေ့ရင် တိမ်းမှောက်နိုင်ပါတယ် ။ ယခု ပြုပြင်နေပြီဖြစ်ပေမယ့် ယခင်က
လမ်းအမှတ်သားတွေရှင်းအောင်ပြမထားပါဘူး ။ ပြီးတော ့ တချို ့ကွေ့တွေမှာ ဒီဂရီအနည်းငယ်မစောင်းပေးထား
တဲ့အတွက် ပက်လက်ကွေ့ဖြစ်နေပါတယ်။ အရှိန်နဲ့ကွေ့လိုဘ့မကောင်းပါဘူး ။ယခု အလယ်ကျွန်းအုတ်ဘောင်ကို
ဆေးသုပ်နေပြီဖြစ်ပေမယ့် ယခင်က ထင်ရှားအောင်မပြထားလို ့ ညာမောင်းသမားတွေအနေနဲ့ အချိန်အဆလွဲပြီး
ပွတ်တိုက်မိတတ်ပါတယ် ။ ကျောက်ဆည်နားမှာ မှောက်ခဲ့တဲ့ တရုတ်လူမျိုးတွေရဲ ့ အဖြစ်အပျက်က အဲ့လိုပါပဲ ။
တံတားအဝင်တွေမှာ ရုတ်တရက် ကျဉ်းသွားတာလည်း အမြင်မှားစေနိုင်ပါတယ် ။

ကျန်တာတွေကတော ့ အခြားလမ်းတွေက ပိုဆိုးပါတယ် ။ ကျွန်တော်တို ့ အတွေးအမြင်ပြောင်းပြီး လုပ်ဆောင်
ရမှာက ကိုယ့်အပြစ်ကိုယ်မြင်ပါ ။မမြင်ရတာတွေ ယုံတမ်းစကားတွေကို တွေးမကြောက်ပါနဲ့
ကားမထွက်ခင်နတ်ပြ နတ်တင်နေမယ့်အစား ကိုယ့်ကား ကိုစစ်ပါ ။ လမ်းတလျောက် တောပိုင် တောင်ပိုင်
ဘိုးဘိုးကြီးတွေကို တ နေမယ့်အစား စည်းကမ်းတကျ ဂရုစိုက်မောင်းပါ ။ ကိုယ်မောင်းနေတာ ဘာကားလဲ
ဘယ်လမ်းကိုမောင်းနေတာလည်းဘမမေ့ပါနဲ့ ။ဒီထက်စုတ်တဲ့ ကားတွေနဲ့ ဒီ ့ထက်ဆိုးတဲ့လမ်းတွေကို သွားခဲ့ဖူး
ပါတယ် ။ ဇီးသီးသည်မဗျိုင်းလို ဘဝမမေ ့ပါနဲ့ ။ နောက်ဆုံးပြောချင်တာက ..
အစောင့်လဲတာလည်းမဟုတ်ဘူး ။ တောပိုင်တောင်ပိုင် ကိုင်တာလည်းမဟုတ်ဘူး
ကိုယ် အသုံးမကျလို ့ဖြစ်တာ ။

ကြိုးစားပါဦးမည်
ရာမည

38 comments

  • KZ

    June 7, 2013 at 12:28 pm

    မှားတယ်။ မှားတယ်။

    အမြန်လမ်းလို့ ပြောတဲ့ သူတွေ စကား နားထောင်ပြီး ယုံစားပြီး အမြန်မောင်းလို့ ဖြစ်ကြတာ တဲ့။
    :byae:

    နောက်ခါ သူတို့ ပြောတာ မယုံကြနဲ့။ :mrgreen:

    နိုင်ငံတကာ ထလန်စပွတ်တေးရှင်း အင်ဂျင်နီးရားရင်း စံ နဲ့ စစ်ကြည့်ရင်ကို မှားနေတဲ့ ကွေ့တွေ အန်ဂယ်တွေ များဂျီးပဲတဲ့။
    :byae:

    • ရာမည

      June 7, 2013 at 1:07 pm

      အစ်မကြီးမခိုင်ဇာခင်ဗျာ
      အစ်မကြီးလည်းသိမှာပါ ။ ဗမာပြည်လမ်းတွေနဲ့ ယဉ်မောင်းတွေရဲ့ စည်းပျက်ကမ်းပျက်လုပ်တတ်တာ
      ဘယ်လောက်စံချိန်မမှီသည်ဖြစ်စေတစါနာရီ ကီလို ၁၁ဝ နှုံးတော ့အေးရာအေးကြောင်းမောင်းလို ့ရပါတယ် ။
      ကားသမားစည်းကမ်းရှိတယ်လေ ။ ကွေ ့ရောက်ရင်အရှီန်လျော ့ တဲ့
      အုမောင်းနေတဲ့ကောင်တွေက ကွေ့တွေကို ကီလို ၁၂ဝ နီးပါးနဲ့ကွေ့ကြတာခင်ဗျ ။
      ကီလို ၈ဝ နဲ့ကွေ့မရတဲ့ကွေ့ မရှိပါဘူးခင်ဗျာ ။
      လမ်းစံချိန်မမှီရင် လူစံချိန်မှီရမှာပါ

  • ကြက်အူလှည့်

    June 7, 2013 at 12:44 pm

    အိုက်ဒါ
    ၆၃မကျတဲ့လမ်းမှာ
    ၆ဖြစ်ရှိအောင်
    6ဆေးမလာဘဲ
    ၆ရမ်းမောင်းလို့ ကိုယ်တော်လေးက
    ၆မျင့်ကပ်ပီး
    ကိုင်လွှတ်ထလိုက်တာပါ လို ဟိုကန္နားစီးကတော့
    ၆၆ချားချား ပြောသွားတာပါပဲတော်..။

    ကွိ

    :harr:

    • ရာမည

      June 7, 2013 at 1:13 pm

      ကိုရင်ကြက်အူလှည့် ခင်ဗျာ
      ၆ ခုနှစ်လုံးကိုတော့ ၄ စားသွားပါပြီ
      ကျွန်တော်လည်း ၆ မြင်ကပ်လာလို ့ပါ :mrgreen:

  • e tone

    June 7, 2013 at 1:17 pm

    ပုဂ္ဂလိက ဘဏ်တစ်ခုကတော့ အာမခံလုပ်ငန်းတွေ များများ လုပ်တော့မယ် ဖတ်လိုက်ရတယ် … :harr:

    • ရာမည

      June 7, 2013 at 2:00 pm

      သေချာတယ် မetone
      အဲ့လုပ်ငန်း တကယ်အကျိုးရှိမှာ :mrgreen:

  • kai

    June 7, 2013 at 1:33 pm

    တလောကတင်… အဲဒီလမ်းအကြောင်း.. မြို့ပြပါမောက္ခဟောင်းဦးမင်းဝဏ်နဲ့.. အခုလက်ရှိမြို့ပြပါမောက္ခတို့အယ်လ်အေမှာတွေ့တုံးပြောဖြစ်ကြတာ.. နားထောင်ဖြစ်တယ်..။
    လမ်းကိုက.. ဆိုးတာတဲ့ဗျ…။ ဆောက်တုံးကလည်း.. ပေါက်တတ်ကရလုပ်သွားတာဆိုပဲ..။

    ပြောရရင်..
    ယူအက်စ်မှာ လွန်ခဲ့တဲ့အနှစ်၆ဝလောက်က အင်ဖရာစရပ်ချာအဖြစ်… ဖရီးဝေးတွေစဆောက်တော့.. နည်းပညာအကူအညီကို.. ဂျာမန်ကနေအများကြီးခေါ်သုံးကြရတာပါ…
    ဂျာမန်တွေက.. (အဲဒီတုံးက) ပရိုပေါ့..
    ကြုံတုံးဗဟုသုတလေးပြောရရင်.. အဲဒီလမ်းတွေဆောက်တော့..လိုတဲ့လုပ်အားတွေအတွက်.. မက်ဟီကိုကနေလူတွေသွင်းတာတဲ့..
    ဗီဇာပေးပြီးလမ်းဖောက်၃နှစ်လား..၅နှစ်လားမသိ.. ပြည့်ရင်.. အစိမ်းကဒ်ထုတ်ပေးခဲ့တာတဲ့..
    အခုတော့.. သူတို့တွေနဲ့..သူတို့မျိုးဆက်တွေအမေရိကန်တွေဖြစ်နေကြသပေါ့..။
    ( မြန်မာတွေ အတုယူသင့်တာပေါ့) :harr:

    ဖြစ်နိုင်ရင်.. (ဖြစ်လာမယ်လို့လဲထင်ပါတယ်)
    မြန်မာဖရီးဝေး.. ဟိုင်းဝေးတွေကို.. ယူအက်စ်အကူအညီနဲ့ဆောက်သင့်တာပေါ့…။
    သိသလောက်.. ကယ်လီဖိုးနီးယားပြည်နယ်လမ်းတွေကို…ဆောက်သွား/ဆောက်နေတဲ့အထဲ.. အာအိုင်တီဆင်းတွေအပါအဝင်.. မြန်မာအင်ဂျင်နီယာတွေအများကြီးပါလို့ပါ…။

    ခုလောလောဆယ်တော့…
    မြန်မာပြည်က..အဲဒီကားလမ်းမောင်းရင်..
    .. ကားဘီးသေသေချာချာစစ်ပါ..။ ကွန်ပေါင်းတာယာမှာ ပြောင်သလောက်ဖြစ်နေရင်မမောင်းပါနဲ့..
    .. အကွေ့တွေသတိထားပါ..။ ဖြစ်နိုင်ရင် မိုင်၂၅လောက်နဲ့ကွေ့ပါ..။ အကွေ့မှာ ဘရိတ်နဲ့နင်းမကွေ့ပါနဲ့..။
    .. ထိုင်ခုံခါးပါတ်ပါတ်ကြပါ.. ပေါ့..။
    =
    ကျုပ်မြန်မာပြည်လာဖြစ်ရင်.. အဲဒီကိုင်ကိုင်နေတဲ့နတ်.. နားရင်းကိုင်ပေးမယ်..
    ဘယ့်နှယ်.. လူအသက်တွေ သတ်နေရတယ်လို့..။ :kwi:

    • ရာမည

      June 7, 2013 at 1:50 pm

      ဦးခိုင် ခင်ဗျာ
      အဲ့လမ်းစဖေါက်ဖို ့တောရှင်းခဲ့တာ ၁၉၇ဝ ကျော်များလောက်ဆီကထင်ပါတယ် ။
      မူလကတော ့ တတ်နိုင်သမျှဖြောင် ့အောင်ဖေါက်ပြီး စံချိန်မှီလုပ်ချင်ပုံပါပဲ
      စစ်အစိုးရခေတ်ရောက်တော ့ နေပြည်တော်စီမံကိန်းကိုအထောက်အကူပြုဖို ့ အမြန်ဖေါက်ခဲ့တဲ့
      အမြန်လမ်းဖြစ်သွားတာ ။ ကွန်ကရစ်ကို ဖျော်ပြီး လမ်းရိုးပေါ်လောင်းချ ။ခြောက်ရင် လမ်းဖြစ်ဆိုသလို အမြန်အလွယ်လုပ်ခဲ့တာပါ ။
      တံတားအဝင်းတွေမှာလည်း လမ်းကလိမ်နေပါတယ် ။ အများစုက တာယာပွင် ့ပြီး
      မှောက်ကြတာ ပါ ။ တချို ့က မိုင်နှုံးလွန်မောင်းကြပါတယ်။ ၁၅ဝ ကီလိုနှုံးလောက်မောင်းရင် သေချာပါတယ် အနှေးနဲ့အမြန်ပါပဲ။
      ဘာမှ ပြင်ဆင်လို ့မဖြစ်နိုင်သေးရင် ဖြစ်နုင်သလောက်အကောင်းဆုံးလုပ်ရမှာမဟုတ်လား
      ပြန်ပြင်မယ်ဆို အစအဆုံးလုပ်ရမှာထင်တယ် ။ ရန်ကုန်ကနေ တောင်ငူကြားအထိ လမ်းမှာပြဿနာများတယ် ။
      တစ်ခုရှိသေးတာက ကွန်ကရစ်ဖြစ်လို ့ ညဘက်ဆို မီးရောင်အောက်မှာ
      ဖြူဖွေးပြီးအမြင်မှားလမ်းပျောက်တတ်တယ် ။အခုတော ့တချို ့နေရာတွေမှာ ကတ္တရာ ခင်းနေပါပြီ

      • kai

        June 7, 2013 at 2:10 pm

        ယူအက်စ်ဖရီးဝေးတွေအားလုံးလိုလိုက.. ကွန်ခရစ်သားကြီးပါပဲ..။ အဖြူတွေပေါ့..။ လမ်းကြမ်းအောင်.. အစင်းအရစ်တွေဖေါ်ထားသေး…။
        ကျုပ်ဆို..
        ညနဲ့နေ့.. ညမှာမောင်းတာကြိုက်တယ်..
        လမ်းကြောကို. ရောင်ပြန်မီးတုံးလေးတွေပြထားသမို့.. ထင်းနေတာပါ..။
        အဲဒါကို.. တနာရီ၁၀ဝလောက်.. ကားမောင်းထိုင်ခုံကို.. နောက်တအားလှန်ချပြီးမှ.. အိပ်နေတဲ့ပုံစံနဲ့သက်သက်သာသာမောင်းတာပါ..။
        ဂျီပီအက်စ်မှာ လမ်းအဖြောင့်အကောက်ကိုကြိုကြည့်လို့ရတာမို့.. လမ်းဖြောင့်ရင်.. ခရူ(အော်တိုပိုင်းလော့)နဲ့.. ချတာပဲ..။
        အဲဒီလိုနဲ့မှ.. မိုင်တထောင်ကိုတောက်လျှောက်မောင်းလို့ရမှာပေါ့..။ ဗဟုသုတပြောပြတာပါ..။

        မြန်မာပြည်ရဲ့ ကားအဓိကပြသနာတခုက.. ယဉ်မောင်းထိုင်ခုံက.. ကားလမ်းဘယ်ညာနဲ့ပြောင်းပြန်ဖြစ်နေတာရယ်.. ကားတွေကစုတ်တာရယ်ပါ…။
        ဂျပန်မှာဖွတ်ကြေအောင်စီးပြီးကားက.. မြန်မာပြည်ထဲ..အသစ်ဖြစ်နေလေသတည်းလေ..။

        သာမန်အားဖြင့်.. သက်တန်းငါးနှစ်(သို့)ကီလို၁သိန်းမောင်းပြီးကားကို ဂျပန်လူမျိုးတွေပယ်ပါတယ်..။ အစုတ်စာရင်းသွင်းပါတယ်..။ အဲဒါတွေမြန်မာပြည်မှာ.. တနာရီကီလိုရာဂဏန်းဖွင့်မောင်းရင်တော့.. သေချာသွားသပေါ့..

        မြန်မာတွေ.. အိနိ္ဒယကကားပဲဖြစ်ဖြစ်..ချိုင်းနားကားဖြစ်ဖြစ်.. အသစ်ကို.. အာမခံ(ဝရန်တီ)နဲ့.. ဝယ်စီးသင့်ပါတယ်..
        ဘယ်အမျိုးအစားပဲဖြစ်ဖြစ်.. အသစ်က..အသစ်ဖြစ်လို့ပါပဲ..။

        • ရာမည

          June 7, 2013 at 2:44 pm

          အိန္ဒယတော ့မသိ ဘူးဗျ ။ချိုင်းနားကတော ့တော်တော်စုတ်ပဲ့တာတွေသွင်းပေးတာပါ ။
          ရှော ့ဘားအထိုင်ကို ဖိုက်ဘာတစ်မျိုးနဲ့လုပ်ထားတာ
          ဒီကလမ်းနဲ့ဆိုတော့ ကျွံတာပေါ့ဗျာ ။
          ဂျပန်ကျ ကီလိုတစ်သိန်းကျော်ကားကဒီမှာအသစ်လိုလုပ်စီးရတာ ။နှစ်နှစ်ဆယ်ကျော်ကားတွေတောင်မှ သဌေးစီးအဖြစ်ရှိခဲ့သေးတာပဲ ။
          ကျွန်တော်အထက်မှာပြောခဲ့တာလဲ အဲ့ဒါပါ ပဲ …ကိုယ်မောင်းတဲ့ကားကိုဘာကားဆိုတာသိဖို ့ သက်တန်းဘယ်လောက်ကြာပြီဆိုသိဖို ့လေ ။
          ဦးခိုင်မောင်းသလို မိုင်၁၀ဝ နှုံးနဲ့လည်း မောင်းတဲ့သူရှိတာပေါ့ဗျာ ။
          သွားတာပေါ့ ဘယ်နေလိမ့်မလဲ ။ဟိုတစ်နေ ့က ကျွန်တော်မောင်းနေတာ ကီလို ၁၀ဝ လောက်ရှိမယ် ကျွန်တော ့ကို ကျော်တက်သွားတာ ရိပ်ကနဲဘဲ ။ ခန် ့မှန်းသာကြည့်ပေတော ့ဦးခိုင်ရေ …
          အင်းးးး မြန်မာတွေသေမှာမကြောက်ဘူးနော် :mrgreen:

      • Foreign Resident

        June 8, 2013 at 5:09 am

        kai says:
        ” လမ်းဖြောင့်ရင်.. ခရူ ( အော်တို ပိုင်းလော့ ) နဲ့.. ချတာပဲ ”

        သူကြီးရေ ။
        သူကြီး ပြောလိုတဲ့ ခရူ ( Cruise Control ) ဆိုတာ ၊
        Speed လောက်ကိုပဲ အသေ လုပ်ပေးနိုင်တာ မဟုတ်လား ။

        ကျနော်တို့ Transportation ( ရေကြောင်း ၊ လေကြောင်း ) လောကမှာတော့ ၊
        အော်တို ပိုင်းလော့ ( Auto Pilot ) ဆိုတာ ၊ ယာဉ်ကို ဘယ်ညာ ကွေ့ပေး ၊
        အနိမ်အမြင့် ပြောင်းပေး ၊ Speed အတင်အချပါ လုပ်ပေး နိုင်တဲ့ စံနစ်ကိုမှ ခေါ်လေ့ ရှိပါတယ် ။

        • kai

          June 8, 2013 at 4:21 pm

          Cruise control (sometimes known as speed control or autocruise, or tempomat in some countries) is a system that automatically controls the speed of a motor vehicle. The system takes over the throttle of the car to maintain a steady speed as set by the driver.

          ဆောရီးအဘဖောရေ့.. အသုံးမှားသွားတယ်..။
          အော်တိုပိုင်းလော့ဆိုပြီး.. လက်ပါလွတ်လိုက်မှ.. ကွိကုန်မှာစိုးလို့..။ :kwi:

  • ဦး ကျောက်ခဲ

    June 7, 2013 at 1:49 pm

    ရန်ကုန် – ပြည်လမ်းကို အမေရိကန်ကုမ္ပဏီ “လူဝီဘာဂျာ”က ခင်းသွားတာပါ…
    အကွေ့အချိုးတွေမှာ အန်ဂယ်မြှင့်ထားတာမို့ ဖောက်ပြီးစက အတော်မောင်းကောင်းပါတယ်…
    နေပြည်တော်လမ်းကတော့ အတော်ကြောက်ဖို့ကောင်းပါတယ်…
    တံတားနေရာတွေမှာ ရုတ်တရက်ကျဉ်းသွားတာမို့၊ အထာမသိရင် သေပြီဆရာပဲ…
    အဲဒါကို ယာဉ်မောင်းတွေက စွတ်ရမ်းမောင်းနေတာ ဖြစ်တော့မှ “နတ်” လွှဲမချနဲ့လေ…
    :harr:

    • ရာမည

      June 7, 2013 at 1:58 pm

      အဲ့ဒါပြောချင်တာ ဦးလေးကျောက်ခဲခင်ဗျာ
      လမ်းက ကျွန်တော်တို ့အခေါ်ပက်လက်ဖြစ်နေတာပေါ ့
      ကွေ့မှာ ပက်လက်ကြီးဆွဲရတော ့ အရှိန်လွန်ပြီး လေဟုန်စီးကြတာလေ
      ဒါကို သရဲပူးသလေး အစောင့်လဲသလေးပြောတတ်ကြတော့ ခက်တာဘဲဗျာ
      ယခုပြည်လမ်းလည်း မြန်မာပြည်မှာပြုပြင်သည် ဖြစ်သွားတော ့ မကောင်းလှတော ့ပါဘူး
      မိုးတွင်းမှာဆိုရင် ကားတွေစကိတ်စီးတာ ခဏခဏ ပဲ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 7, 2013 at 2:48 pm

    နင်လည်းလွန်တယ် နင်လည်းနင်ဘဲ ဆိုသလို
    သူ့ဟာနဲ့သူတော့ပြောစရာကြီးဘဲ
    အဲ့သည်နေပြည်တော်ဆိုတာကြီးကိုထပြီးလုပ်ကတည်းက ဘယ်သူမှထောက်ခံခဲ့တာမဟုတ်ဘူးပြောရမလားဘဲ
    ကားတွေကလည်းကားတွေလောက် လမ်းကလည်းလမ်းလောက်ပေါ့
    တစ်ခုရှိတာက အဲ့သည်ခေတ်တုန်းက
    စစ်ဗိုလ်ဆိုတဲ့သတ္တဝါက မဆလာတောင်ဖျော်မတတ်ဘဲနဲ့ အင်ဂျင်နီယာကို ဟိုလိုလုပ်ဒီလိုလုပ်ဆိုပြီး
    ဆရာသွားလုပ်တာကိုဘဲ သဒင်းဇာထဲတောင်ထည့်ရေးတာဘဲမဟုတ်လား
    ဘာဒဲ့
    ဘယ်ဘိုဂျီးဂ ဘယ်လမ်းတံတားတည်ဆောက်မှု့ကိုသွားရောက်စစ်ဆေးညွှန်ကြား ဆိုလားဘါလား
    ခင်ဗျားတို့ပြောခြင်တာပြောကြ
    ဘယ့်နှယ်ကိုဒေါ်ဂျီးကိုဒေါ်လေးတွေကို တောပြောတောင်ပြောလုပ်နေကြတာလည်း
    ဟိုက ကိုင်လိုက်မှ ယားကျိယားကျိဖြစ်နေမယ်ဘာမှတ်သဒုံး 👿

    • ရာမည

      June 7, 2013 at 3:17 pm

      ဦးအောင်ပုပြောသလိုပဲဗျ
      အဲ့တုန်းကစစ်ဗိုလ်ကိုကြောက်ရတာကိုး
      ရေဗုးပေါက်တာမလိုချင်ဘူးရေပဲလိုချင်တယ်ဆိုတော ့
      လမ်းအစုတ်ကြီးနဲ့မြို ့ပျက်ကြီးကျန်နေတာပေါ့ဗျာ
      ကိုတော်ကြီးငယါတွေကိုမယ်ဆိုကြ်ုပြောနော်
      ဆီသုတ်ထားချင်လို ့

  • kyeemite

    June 7, 2013 at 3:13 pm

    သတိပေးဆောင်းပါးလေးရေးတာ ကောင်းပါလေ့ ကိုရာမညရေ့
    လမ်းကိုလတ်တလော အပြစ်တင်နေမဲ့အစား
    လူတွေက သတိထားဆင်ခြင်ကြရင် ထိခိုက်မှု့နဲတာပေါ့ဗျာ…

    • ရာမည

      June 7, 2013 at 3:22 pm

      ဦးကြီးမိုက်ခင်ဗျာ
      လမ်းကို ကျွန်တော်တို ့မှပြင်ဖို ့မဖြစ်နိုင်ဘဲလေ
      ကိုယ့်ဟာကိုယ် ပြင်မောင်းဖို ့ဘဲမဟုတ်လားဗျာ
      ဒါကြောင့်ပါ ။
      အမြင်ကတ်တာတစ်ခုက ကိုယ်မှားတာဝန်မခံဘဲ
      ဟိုအကောင်ဆွဲချသလိုလို
      ဒီအကောင်ဆွဲချသလိုလို

  • marga thagyar

    June 7, 2013 at 3:37 pm

    သတ်မှတ် မိုင်နှန်း တစ်နာရီ ကီလို(၁၀၀) နှန်းသာမောင်း ၊မကျော်စေနဲ့ ့၊ဘီးပွင့်သွားတာတောင်. လူတွေ ဘာမှမဖြစ်ဘူး၊ ကိုယ်တွေ့ ့ ့

    • ရာမည

      June 7, 2013 at 4:13 pm

      မှန်ပါတယ်ကိုရင်ရေ
      တစ်ချို ့က ရမ်းကားပြီးဖြစ်ကြတာပါ
      သို ့သော်လည်း ကီလို၁၀ဝ လည်းရှေ ့ဘီးရုတ်တရက်ပွင့်ရင် ထိန်းလို ့မလွယ်

  • အရီးခင်လတ်

    June 7, 2013 at 4:19 pm

    အဖွား တို့ အမေ လက်ထက် ကအထိ နတ်အုန်းသီး တွေ ဘာတွေ လုပ်သေးတယ်။
    အဖွား တို့ အမေ ကဘဲ အဲဒါတွေ ကို ဖြုတ်ပေးခဲ့တာ။
    ဒီတော့ ရှေးရိုး မယူသင့်တာတွေ ကို ဖြုတ်ပေးခဲ့တဲ့ အဖွား အမေ ကို တကယ်ဘဲ လေးစားမိတာ။
    လူတော်တော်များများ မှာတော့ ဒီ အယူ မရှိပေမဲ့ တစ်ချို့ အခုထိ နတ်စင်ထားတုန်း။
    ဒါပေမဲ့ တစ်ချို့ သူ့ စိတ်လုံခြုံရာရှာသမို့ အများကို မထိခိုက် ရင်တော့ မကဲ့ရဲ့သင့်ဘူး ထင်ပါတယ်။
    သူ ယုံကြည်ရာပေါ့။
    ဘုရားသခင် ယုံတဲ့ ခရစ်ယာန်တွေ ကတော့ သူတို့ ဘုရား ကလွဲ ကျန်တဲ့ နတ်ဘုရား တွေ ကို အယုံအကြည် မရှိတဲ့။
    အဲဒါကို က အေးသီးရစ်စ် ( Non-believer ) တွေ အတွက် ဟာသဖြစ်နေတာ။

    နောက်ပြီး ကားတွေ မှာ ခရီးဝေးသွားရင် အချိန်မမေးရတဲ့။
    တစ်ခါ နယ် ကို ကားကြီးငှားပြီး အပျော်သွားတာ ကလေးတွေလဲ ပါတော့ အချိန် မေးကြသပေါ့။
    လူကြီးတွေ က မမေး နဲ့တားလဲ မေးတာဘဲ။ ရောက်ချင်တာကိုး။
    ကားသမား တွေ မှာ မျက်နှာပျက်လို့။
    နောက်တော့ ရောက်ခါနီး ကားဘီးပေါက်တာဘဲ။
    ပေါက်မှာပေါ့။ ဒီလောက် ခရီးရှည် သွားမှာ ကို ကားဘီး အစုတ်ကို ပေါက်လိုက် ဖာလိုက် လှည့်သုံးလို့ ကတော့ အချိန်မမေး လဲ ပေါက်မှာဘဲ။
    လမ်းတွေ ကလဲ ချိုင့် တွေ ကင်းမှ မကင်းတာ။

    ဒီလို သတင်းအရေးလေးအတွက် ကျေးဇူးပါ ရာမညရေ။

    • ရာမည

      June 8, 2013 at 9:43 am

      အရီးဒေါ်ခင်လတ်ခင်ဗျာ
      ပထမဆုံးပြောချင်တာက တပါးသူ၏ယုံကြည်မှုအပေါ်ကဲ့ရဲ့သလိုဖြစ်ရင် တောင်းပန်ပါတယ်ခင်ဗျာ
      မကြာမကြာတွေ့နေရတာကတော ့ အဲ့ယုံကြည်မှုတွေပေါ်အားကိုးပြီး ပုံအပ်ထားတာတွေတွေ့ရလို ့
      ဖြစ်သင့်တာလေးပြောတာပါ ။ဒေါသသံနဲနဲပါသွားတာခွင့်လွှတ်ကြပါခင်ဗျာ ။
      အယူသည်းမှုတွေက ကိုးကွယ်မှုဘာသာထက်ပိုနေတာလေးတွေလည်း နေရာတိုင်းအသက်အရွယ်အလတ်တန်းလောက်အထိ
      ရှိနေပါသေးတယ် ။။ နောက်မှ သီးသန် ့ပြောပါမယ် ။ ယခုလိုလာရောက်အားဖြည့်ကူညီမှတ်ချက်ပေးတာကျေးဇူူးပါခင်ဗျာ

  • Miss Crystalline

    June 7, 2013 at 4:49 pm

    အမြန်လမ်းမရှိလို ့နဂိုလမ်းဟောင်းတစ်ခုတည်းသာရှိရင်လည်း အခုလိုကားပေါလာပုံမျိုးနဲ့ ဆိုင်ကယ်သမားဆရာတွေ..စက်ဘီးသမားတွေ ရက်တောင်ခြားမှာမဟုတ်ဘူး… လမ်းဟောင်းမှာ ဆိုင်ကယ်တွေလမ်းမပေါ်စွတ်တက်လာတာရှောင်ရတာစိတ်ပင်ပန်းဖို့အကောင်းဆုံးပဲ..
    အမြန်လမ်းက အခေါက်ပေါင်းများစွာသွားဖူးပါတယ်.. ကားတွေကလမ်းရှင်းတယ်ဆိုပြီးစွတ်မောင်းကြတယ်.. တံခါးတွေပိတ်အဲကွန်းဖွင့်မောင်းတော့ ၁၂၀၊ ၁၃ဝ လောက်ထိက ကားထဲမှာတော့ငြိမ်နေတာပဲ…. အဲဒီအရှိန်လောက်နဲ့က တကယ်တမ်းနည်းနည်းဆိုထိန်းလို့မှမလွယ်တာ.. ခါးပတ်လည်းပတ်လေ့ မရှိတော့ပိုဆိုးတာပေါ့.. နောက်ဟိုကရောက်လာတဲ့ကားသစ်တွေ ကြံ့ခိုင်မှုကိုမစစ်ဆေးဘဲ.. ကားကြီးဝယ်ပြီးခရီးထွက်လိုက်မဟဆိုတော့.. နေပူမှာ ကွန်ဂရစ်လမ်းနဲ ့ တာယာဆွေးထိ..ဂျိမ်းဘွန်းအရှိန်နဲ ့ ဆိုတော့ကွိတာပေါ့.. ကိုယ်၁၀ဝလောက်မောင်းနေတာကိုတောင် ကျော်တက်သွားကြတာ ခဏဆိုရိပ်ခနဲ မမြင်ရတော့ဘူး.. တချို့ကိုယ့်ကိုကျော်သွားတာ ကားဘေးဘီလေးတွေ.. 🙂
    အဲဒီလမ်းမှာဆိုးတာက ခွေးတွေ..နွားတွေလည်းဖြတ်တာတွေ့တယ်.. နွားဆိုအုပ်လိုက် ဟိုဘက်ဒီဖက်မောင်းကူးတာမြင်ဖူးတယ်.. ပိုဆိုးတာဆိုင်ကယ်သမားတွေ..တချို့ဆိုလမ်းပြောင်းပြန်တောင် စီးလိုက်သေးတယ်…. အဲဒါတွေကို ထိထိရောက်ရောက်အရေးယူသင့်တယ်..
    နောက်ဆုံးတော့အဲဒီလမ်းကို အခုထက်ကြမ်းပေးလိုက်ရင် မတော်တဆမှုနည်းသွားမလားပဲ.. :kwi:

    • ရာမည

      June 8, 2013 at 9:50 am

      အစ်မခရစ်စတယ်လိုင်းခင်ဗျာ
      အစ်မပြောတာအမှန်ပါ။လမ်းဟောင်းမှာသွားမောင်းရင် ပျမ်းမျှကီလို ၈ဝ နှုံးမလွယ်ပါဘူးခင်ဗျာ ။
      လမ်းကပိုမိုကွေ့ကောက်ပြီး ရွာဝင်ရွာထွက် မြို ့ဝင်မြို ့ထွက်များတော ့ အစ်မပြောသလိုမျက်စိရှုပ်စရာများပါတယ် ။
      လမ်းဟောင်းမှာလည်း မတော်တဆမှုတွေဖြစ်တာပါပဲ ။
      လူရဲ့ ဆင်ချင်နိုင်မှုသာအဓိက လို ့ပြောချင်ပါတယ်ဗျာ
      ကျေးဇူးပါခင်ဗျာ

  • padonmar

    June 7, 2013 at 8:56 pm

    2015 နောက်ပိုင်းကျရင် ဇွတ်လုပ်ထားတဲ့ နေပြည်တော်ကြီးနဲ့ ဇွတ်ခင်းထားတဲ့ အမြန်လမ်းကြီးတွေကို အသုံးမပြုတော့ပဲ နေခွင့်များရလာမလားလို့ မျှော်လင့်မိပါတယ်။

    • ရာမည

      June 8, 2013 at 10:00 am

      အန်တီဒေါက်တာခင်ဗျာ
      ၁၉၉၂ လောက်မှာ ပဲခိုးရိုးမအရှေ ့ခြမ်း ရန်ကုန်မန္တလေးလမ်းဟောင်းကို ၆ လမ်းသွားလုပ်ဖို ့စီမံကိန်းဆွဲခဲ့ပါသေးတယ် ။ သို ့သော်လည်းမဖြစ်ခဲ့ဘူးပေါ့လေ ။
      အမြန်လုပ်ခဲ့တဲ့မြို ့တော်ကြီးက ထူးပြီး အသုံးမတည် ့လှပေမယ် ့
      ဇွတ်လုပ်ခဲ့တဲ့ နေပြည်တော်လမ်းက သုံးတတ်ရင် အဆင်ပြေပါသေးတယ် ။
      နိုင်ငံခြားရုပ်ရှင်ထဲက လမ်းတွေလိုသဘောထားပြီးမောင်းရင်တော ့ ဖြစ်နေဦးမှာပါခင်ဗျာ
      တသတ်မတ်အလျှင် နဲ ့ ကီလို ၁၀ဝနှုံးမောင်းလို ့ရင်
      မြန်မာပြည်အနေနဲ့ ခရီးပေါက်ပါတယ် ။
      ကျေးဇူးပါခင်ဗျာ

  • uncle gyi

    June 7, 2013 at 11:48 pm

    ပြောမဆုံးပေါင်တောသုံးတောင်
    ဆိုသလိုအမြန်လမ်းကဇွတ်လိုက်ကြီးဖြစ်နေတာ
    ခက်တာကမြန်မာပြည်ဆိုတာမေ့ပြီး
    အေမေတို့တိုင်းပြည်နဲ့သွားသွားနှိုင်းနေတာပဲ
    ကိုရင်ရာမညရဲ့
    လမ်းကလိုအပ်ချက်တွေရှိတာချည်းပြောနေ
    မြန်မာပြည်သား မပြီသလိုက်ကြတာ
    ဘာပြောပြောလမ်းဟောင်းတုန်းကတနေကုန်မောင်းရတဲ့အချိန်နဲ့
    အခုလမ်းသစ်ကမောင်းရတဲ့အချိန်ယှဉ်ကြည့်ရင်ကို
    ကျုပ်တို့ကတော့ကြိုက်ပြီ
    သစ်မရခင်ဝါးဖောင်ကွပ်ဆို
    လမ်းမကောင်း ကားမကောင်း လည်းအဓိက ကမောင်းတဲ့လူပဲလေ
    လမ်းကမကောင်းတာ မကောင်းတာ အကွေ့ဆို ၈ဝ ၁၀ဝ ဆွဲကွေ့လို့ရပါတယ်
    အဖြောင့်မောင်းဆိုလည်း
    ၁၀ဝ ၁၂ဝ ဆိုတော်ရောပေါ့
    အခုတော့၁၂ဝလောက်မောင်းနေတဲ့ကားကိုကျော်တက်သွားလိုက်တာများ
    ၂မိနစ်လောက်နေကားကပျောက်သွားရော
    ဘယ်လောက်နှုံးမောင်းသလဲတွက်ကြည့်ကြတော့

    နောက်ကားမောင်းကြတာကားကိုစစ်ဖို့ဘယ်သူမှသတိမရကြဖူး
    နားနေစခန်းရောက်လာတဲ့ကားတွေသေချာကြည့် ရောက်လာရင်
    ကားဘယ်နှစ်စီး တာယာပူနေသလားလက်နဲ့ကိုင်ကြည့်သလဲလို့

    မရှိမဲ့ရှိမဲ့ဒီလမ်းကိုပဲအပြစ်တင်နေကြတယ်
    ကိုယ့်အပြစ်တော့ကိုယ်မမြင်ကြဖူး
    ခက်ပါတယ်ကိုရာမညရယ်

    • ရာမည

      June 8, 2013 at 10:15 am

      ပြောပြလိုက်ပါ အန်ကယ်ကြီးရယ် :mrgreen:
      အန်းကယ်ကြီးလည်းတွေ့မှာပါ အမြန်လမ်းပေါ်ရောက်ရင် ပြိုင်ကားချန်ပလုံတွေဖြစ်ကုန်တာလေ ။
      တချို ့ကျတော ့လည်း မိုက်ရူးရဲပေါ့ဗျာ
      အန်ကယ်ကြီးပြောသလို တာယာပူမပူ စစ်တာတော ့ မတွေ့ရသလောက်ပါပဲခင်ဗျ
      ဖြစ်တော ့မှ လမ်းကို ဆဲမှာလေ ။အပေါ်ကအစ်မခရစ်စတယ်လိုင်းပြောသလို ဂျပန်တာယာအဆွေးတွေနဲ့မောင်းရင်းပွင့်တာလည်းရှိသေးတာပေါ့
      ကျွန်တော်တို ့ဆီမှာ အညံ့စားသုံးရတာများတော ့ ဂျပန်အော်ရီဂျင်နယ် ဆိုပြီးတန်ဖိုးထားကြတာလေ ။
      အားဖြည့် မှတ်ချက်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ ။

  • ဦးဦးပါလေရာ

    June 8, 2013 at 8:47 am

    လမ်းက ကောင်းတယ်လို့မဆိုပါဘူး
    ဒါပေမယ့် သတိလေးနဲ့မောင်းရင် နေ့ပိုင်း ကောင်းကောင်းမောင်းလို့ဖြစ်ပါတယ်
    ကျုပ်က ကီလို ၁၂ဝ လောက်နဲ့ မောင်းဘူးပါတယ်။ အေးဆေးပါ။
    အကွေ့အများစုက ကီလို ၉၀-အောက်ဆိုရင် ငြိမ်ပါတယ်။
    ကီလို၁၀ဝ နဲ့ကွေ့ရင် တချို့အကွေ့တွေမှာ နဲနဲဆွဲတယ်..။
    လမ်းအမှတ်အသားတွေ မရှိလို့ လမ်းကိုကြည့်ပြီးတော့မောင်းဖို့လိုပါတယ်။
    လမ်းဘယ်အစွန်အမြန်ကြောက ကျဉ်းလဲကျဉ်း လမ်းလည်တုံးတွေကလဲ အနီကျားမလုပ်ထား
    အဆိုးဆုံးက လမ်းကြောမျဉ်းကို လမ်းလယ်တုံးနဲ့ ၂ ပေလောက်ခွာမထားပဲ ၁ ပေ ထက်လျော့ပြီး
    ခွာထားတော့ ညာမောင်းကားတွေ ခေါင်းချိန်ရတာ နဲနဲခက်ပြီး လမ်းလယ်တုံးနဲ့ပွတ်မိ+လမ်းဘေးထိုးကျ မှောက်ဖို့များပါတယ်။
    အဲဒီတော့ အဲဒီလမ်းကြောက မမောင်းနဲ့ပေါ့
    ကျုပ်ဆို စက်ဘီးနဲ့လူအုပ်ကို ရှောင်တဲ့တချိန်ကလွဲပြီး ဘယ်စွန်ကြောက လုံးဝမမောင်းဘူး..။
    (အမြန်လမ်းမှာ ဆိုင်ကယ်၊ စက်ဘီး၊ လူ၊ ခွေး ၊ နွား နဲ့ အခြားမမျှော်လင့်နိုင်တာတွေကို တွေ့နိုင်ပါတယ်။
    ဒီနိုင်ငံဟာ မမျှော်လင့်နို်င်တာတွေကို မျှော်လင့်ထားရမယ့်နိုင်ငံဖြစ်ပါတယ်။ အမြန်လမ်းလေးပေါ်ရောက်တာနဲ့ ဘဝမေ့မသွားဖို့လိုပါတယ်။)

    အခုတော့ လမ်းအမှတ်အသားတွေလုပ်ထားပြီကြားပါတယ်။
    ညမောင်းလို့ အဆင်ပြေပြီပေါ့….

  • ရာမည

    June 8, 2013 at 10:49 am

    မှန်ပါတယ်ဦးဦးပါလေယာခင်ဗျာ
    မမျှော်လင့်တဲ့ပြဿနာတွေကို ကြိုတွက်ထားသင့်ပါတယ်
    ကျွန်တော် မိုးမကျခင်က ပြန်လာတုန်းက ညနေဖက်လမ်းမပေါ်မှာ
    အုပ်စုလိုက်ထိုင်ပြီးစကားပြောနေတာရှိသလို ပက်လက်လှန်ပြီးအိပ်နေတဲ့သူတောင်တွေ့ရပါသေးတယ်
    အဓိက ကတော ့ လမ်းဆိုးတွေမှာ ကားစုတ်တွေနဲ့မောင်းခဲ့ဘူးတာ မမေ ့ကြဖို ့ပါခင်ဗျာ

  • မောင် ပေ

    June 8, 2013 at 12:16 pm

    ရဲကိုကိုရေ ၊ ဒီပို ့စ် ထဲ ရေးထားတာ ကို သဘောတူ ကြိုက် နှစ်သက်တယ်ဗျာ
    ဒီလ ၁၆ ရက်နေ ့ဆိုရင် ၊ ကျောက်စိမ်းသမားတွေ ပျော်မြူးရာ ပွဲတော်ကြီး နေပြည်တော်မှ စတော့မယ် ။
    ကားအကောင်းစား ( သည်နိုင်ငံက လူတွေ အတွက်တော့ အကောင်းစားပေါ့ဗျာ ၊ သိန်း ရာကျော် ဆိုတဲ့ ပမာဏ က နဲတယ်မှ မဟုတ်တာ ) ကြီးတွေ ကို အသွားအပြန် ကိုယ်တိုင်မောင်းသွားကြတာပေါ့ ။
    တစ်ခုရှိတာက တစ်လမ်းလုံး သောက်စားပြီး မောင်းကြတာ ဆိုတော့
    အက်စီးဒန် ့ဖြစ်ဖို ့ရာခိုင်နှုန်းက ၇၀% ကျော်နေတာပေါ့နော ။

    • ရာမည

      June 8, 2013 at 12:54 pm

      မှန်တာပေါ့ဦးပေရယ်
      အမြန်လမ်းမှာစီကားဦးမှာပေါ့
      နေပြည်တော်သွားပြီး အငှါးကားဆွဲမယ့်သူတွေလည်းပြင်ဆင်နေကြပြီလေ
      တစ်လမ်းမောင်း အရှောင်အတိမ်းမရှိတော ့စိတ်ပေါ့ပြီးဂရုစိုက်နဲကြတာလည်းပါတယ်ဗျာ။
      မဖြစ်တာတော ့အကောင်းဆုံးပါပဲ ။ဖွင့်ကာစထက်စာရင် ဒီဘက်နောက်ပိုင်း
      အက်စိဒန် ့အဖြစ်နဲသွားပါတယ် ။ သဘောပေါက်သွားကြလို ့ထင်ပါတယ် ။

  • ဆူး

    June 8, 2013 at 12:23 pm

    အမြန်လမ်း မှာ အရင်တုန်းက ကားမောင်းပြီဆိုတာနဲ့ မကြာဘူး အိပ်ငိုက်လာတယ်.. လမ်း က လည်း ပုံစံ တထပ်တည်း ဖြစ်နေတယ်.. မျက်စိထောင့် က သစ်ပင်လေးတွေ ရိပ်ကနဲ ရိပ်ကနဲ ဖြစ်တော့ အိပ်ချင်လာတယ် ထင်တာပဲ။

    အခုနောက်ပိုင်း သွားရင် မအိပ်ငိုက်တော့ဘူး သတိထားမိတယ်။ ဆိုင်းဘုတ်တွေ မျက်စိ ကစားသွားလို့.. ထင်တာပဲ..

    အရင်ကထက် အများကြီး ပြောင်းလဲမှုတွေ လုပ်ထားပါတယ်။
    မြေစမ်းခရမ်းပျိုးနေတာ ဆိုတော့.. နောက်တော့ ဒီထက် အဆင်ပြေတာတွေ ဖြစ်လာမယ် ထင်ပါတယ်။
    အခုတောင် ယခင် စစချင်း ထက် အများကြီး သိသိသာသာ ပြောင်းလဲလာတယ်.. ဆေးသုတ်တာ မှန်အဝိုင်းတွေ တပ်ထားတာတွေ ညဘက် ဆိုလည်း မီးတိုင်တွေ ဘာတွေ.. တခုပဲ.. အနှေးယာဉ်တွေ ခိုးပြီး တက်မောင်းတာတွေ တွေ့တယ်။ ဒါတောင် သံဇကာတွေ အရှည်ကြီး ပိတ်ထားရတာကို.. ဘယ်လို တက်လဲ မသိပါဘူး။ ကား ကတော့ ပုံမှန် နှုန်းနဲ့ မောင်းတယ်။ အလယ်ကြောက မောင်းတာ များတယ်။ ဘယ်ကလာလာ ညာကလာလာ ရှောင်ဖို့ အချိန်ရအောင်.. နောက်ပြီးတော့ အနောက်ကျ ကျော်ချင်တဲ့ ကား အတွက် လမ်းချန်ပြီးသား ဖြစ်တယ်လို့ ယူဆပါတယ်။

    • ရာမည

      June 8, 2013 at 1:09 pm

      အစ်မဆူး ခင်ဗျာ
      အစ်မပြောသလိုနေပြည်တော်လမ်းက တတ်နိုင်သမျှတော့ပြောင်းလဲနေပါတယ်
      အလယ်ကျွန်းဘောင်ကိုမြင်ရဖိုဘ့ဆေးသုပ်တာတွေ ကေ ွ့တွေမှာ ဖြူနီကြားတိုင်စိုက်ပေးတာတွေ နဲ ညဘက်လမ်းမပျောက်ဖို ့ ရောင်ပြန်တုံးလေးတွေလည်း တပ်ပေးထားပါတယ် ။
      ဂရုလေးနဲနဲစိုက် အိပ်မငိုက်ရင် အဆင်ပြေပါတယ် ။
      နဲနဲလောက်အကြံပြုပါရစေ
      သုံး လိုင်းရှိတဲ့လမ်းမှာ အလယ်လမ်းကမောင်းတာ ကောင်းပါတယ်
      အမြန်လမ်းလို နှစ်လိုင်ထဲရှိရင် လက်ယာကပ်မောင်းတာပိုကောင်းပါတယ်
      လက်ဝဲကပ်မောင်းရင် မတော်တဆ အချိန်အဆလွဲရင် လမ်းလယ်ကျွန်းကိုတိုက်ပြီး
      အနေအထားပျက်နိုင်ပါတယ် ။
      လက်ယာဘက်မောင်းရင်းအိပ်ငိုက်ပြီးလမ်းဘေးကျရင်တောင်မှ ဘေးကမြေသားအပို
      ကွက်လပ်ထဲရောက်ပြီးလန် ့နိုးမှာပါ ။
      အိပ်ချင်ရင်ကားရပ်ပြီး ခဏနား မျက်နှာသစ်ပြီးမှမောင်းတာပိုအန္တရယ်ကင်းပါတယ်
      ဟိုး းး အပေါ်မှာ ဦးခိုင်ပြောသွားသလို ပက်လက်လှန်လုနီးပါးနဲ့ကားမောင်းရင်တော ့
      ကျွန်တော်ဆို အိပ်ပျော်သွားမှာပါ ။

  • အလင်း ဆက်

    June 8, 2013 at 4:10 pm

    ကျွန်တော် နေပြည်တော်သွားတုန်းကတော့…
    ကားက အမြန်လမ်းမှာ အမြန်မောင်းးတာ
    ဘေး ဘယ်ညာ ကို ကားက ခါယမ်းနေလွန်းလို ့..
    ဘယ်နေရာမှာများ… တစ်ဖက်ဖက်ကို တိမ်းစောင်းပြီး.တုံးလုံးလဲကျသွားမလဲ.လို ့ တွေးနေမိတာ .။
    ကုသိုလ်တော့ ရပါတယ်လေ ။
    ကားစီး ရင်း..ပရိတ်ပဲ.ရွတ်နေမိတာကိုးးးးး

    မြန်မာပီပီ…ကြောက်တတ်တဲ ့ ကိုယ့် ကို ပဲ..ကိုယ် အပြစ်မြင်မိတယ် ။
    :buu:

    • ရာမည

      June 9, 2013 at 1:45 pm

      ကုသိုလ်ရတာပေါ့ဆရာအလင်းဆက်ရယ်
      ကားသမားတွေကိုကျေးဇူးတင်လိုက် :mrgreen:
      နောက်တာပါ ။အဲ့လိုမောင်းရင် တချိူ ့ဂိတ်တွေမှာတိုင်လို ့ရတယ်

  • ko pauk mandalay

    June 9, 2013 at 12:27 pm

    ဘယ်ကိစ္စမဆိုမှာ ကန့်သတ်မူ့ဆိုတာရှိစမြဲပါ။
    ကန့်သတ်မူ့ဘောင်ထက်လွန်သွားရင်တော့ ခံရုံပါဘဲ။

  • ရာမည

    June 9, 2013 at 2:01 pm

    အန်ကယ်ဦးပေါက်ခင်ဗျာ
    အကန့်အသတ်ဘောင်နဲ့စည်းနဲ့ လုပ်သင့်တာ ထောက်ခံပါတယ်
    ကေိးဇူးတင်ပါတယ်ခင်ဗျာ

Leave a Reply