ကားပျံ

Mr WorldWideJune 7, 20131min1205

ယခုလအစောပိုင်းက အမေရိကန်လေကြောင်းနည်းပညာ အခန်းကဏ္ဍတွင် ကနဦးပါဝင်သူတစ်ဦး ဖြစ်သည့် Terrafugia ကုမ္ပဏီမှ ပုဂ္ဂလိကလေကြောင်းပို့ဆောင်ရေးယာဉ် ပုံစံသစ်တစ်မျိုးအတွက် အမြုတေဒီဇိုင်းဖြစ်သော TF-X အား မိတ်ဆက်ပြသခဲ့ပါသည်။ ၎င်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကုမ္ပဏီအား ပူးတွဲတည်ထောင်သူ Carl Dietrich  ကို ဘီဘီစီမှ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြား ခဲ့သည်။

p019ft0m
”လူတွေက ပျံသန်းနိုင်တဲ့ကားလို့ ခေါ်တွင်တဲ့ယာဉ်ကို ဖန်တီးနိုင်ဖို့အတွက် စိန်ခေါ်မှုတွေကို စူးစူးစိုက်စိုက် စတင်ရင်ဆိုင်ဖို့ အချိန်ကောင်းကို ရောက်နေပြီလို့ ကျွန်တော်ထင်ပါတယ်၊ လူတွေ နှစ်ပေါင်းများစွာကတည်းက စိတ်ကူးယဉ်ခဲ့ကြတဲ့ အနာဂတ်ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကို ဖန်တီးကြည့်ဖို့ ကြိုးစားခဲ့ပါတယ် ” ဟု သူက ပြောသည်။ လက်ရှိ တည်ရှိနေသော နည်းပညာများသည် လိုအပ်ချက်များရှိနေဆဲ ဟု Carl Dietrich က ယုံကြည်ခဲ့ပြီး အမေရိကန်ဗဟိုအစိုးရ၏ လေကြောင်းအုပ်ချုပ်မှုအဖွဲ့နှင့် ကနဦးတွေ့ဆုံ ဆွေးနွေးရာ၌လည်း လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများအား ဦးစွာကျော်လွှားဖြတ်ကျော်ရန် အကြံပြုခဲ့ ကြသည်။

Terrafugia   သည် ပုဂ္ဂလိကလေကြောင်းနည်းပညာရပ်အား အဆိုတင်သွင်းခဲ့သော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ကာ လမ်းများပေါ်၌ မောင်းနှင်နိုင်ပြီး ခေါက်ချိုးနိုင်သည့် တောင်ပံများပါရှိသော အသွင်ပြောင်းလဲနိုင်သည့်လေယာဉ်၏ အစောပိုင်းဒီဇိုင်းတစ်ခုအတွက် အမှာစာများကိုလည်း လွန်ခဲ့သည့် နှစ် အနည်းငယ်ကပင် လက်ခံရရှိခဲ့ပြီးဖြစ်သည်။ လက်ရှိ TF-X ၏ ဒီဇိုင်းမှာ ယခင်ဒီဇိုင်းနှင့်ယှဉ်လျင် ပို၍ခေတ်ဆန်နေသော်လည်း ကျွန်ုပ်တို့စိတ်ကူးယဉ်ခဲ့ကြသည့် ပျံသန်းနိုင်သောကားများ၏ပုံစံနှင့် အများဆုံးပို၍ နီးစပ်ပေသည်။ ၎င်း၏ အဓိကအရည်အချင်းတစ်ခုမှာ ရဟတ်ယာဉ်တစ်စင်းကဲ့သို့ ဒေါင်လိုက်ဆင်းနိုင်၊ တက်နိုင်ခြင်းဖြစ်သည်။ ကားအဖြစ်မောင်းနှင်ရာ၌မူ ၎င်းနှစ်မျိုးစပ်ယာဉ်အနေဖြင့် ယင်းတွင်ပါဝင်သည့် လျပ်စစ်မော်တာများနှင့် ဘက်ထရီများအား အမှီပြုမောင်းနှင်မည်ဖြစ်ပေသည်။

p019ft0w

လေထဲသို့ပျံတက်ခြင်းများပြုလုပ်ရာတွင်  TF-X ၏ ခေါက်ထားသော တောင်ပံများမှာ ပြန့်ကား လာမည်ဖြစ်သည်။ ယင်းသို့ပျံတက်နိုင်ရန်အတွက် ၎င်း၏အင်ဂျင်အတွင်းရှိ ဟိုက်ဒရိုကာဘွန် လောင်ကျွမ်းခြင်းမှ ရရှိလာသောစွမ်းအင်အား အသုံးပြုမည်ဖြစ်သည်။ ယာဉ်၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကြီးမားလှသည့် မော်တာအိမ်နှစ်လုံးကို ဒေါင်လိုက်ပြုလုပ်လိုက်ခြင်းဖြင့် ယာဉ်ကို ထောက်ပင့်လိုက်မည်ဖြစ်ကာ ၎င်းတွင် ပါရှိသည့် ပန်ကာများဖြင့် ယာဉ်ကို ပျံတက်စေမည်ဖြစ်သည်။ မော်တာအိမ် ၁ လုံးစီအတွင်း၌ ကိုယ်ပိုင် ထိန်းချုပ်မှုဖြင့် လည်ပတ်သော ကိုယ်ပိုင်ဘက်ထရီများပါရှိသည့် သီးခြားလျှပ်စစ်မော်တာ ၁၆ ခုစီ ပါဝင်မည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ထားရခြင်းမှာ ချို့ယွင်းမှုတစ်စုံတစ်ရာကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဆက်စပ်မဖြစ်ပေါ် စေရန်ဖြစ်သည်။ ထို့နောက် လိုအပ်သည့်အမြင့်ပေသို့ ရောက်ရှိလာသည့်အခါတွင်မူ မော်တာအိမ်များအနေဖြင့် ယာဉ်၏ဦးတည်ရာသို့ အလျားလိုက် ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပေသည်။
ယာဉ်၏နောက်ဘက်တွင် တပ်ဆင်ထားသည့်ပန်ကာသည် လေထုအား တွန်းကန်စေရန် ပြုလုပ်ပေး မည်ဖြစ်ပြီး တောင်ပံများအနေဖြင့် သမားရိုးကျလေထုမျက်နှာပြင်အား ခွင်း၍ ယာဉ်ကို အရှိန်ပိုမိုရရှိစေရန် စွမ်းဆောင်ပေးမည်ဖြစ်သည်။ လေထုအတွင်းသို့ ယာဉ်ရောက်ရှိသွားပြီး ပုံမှန်အရှိန်နှုန်းဖြင့် ပျံသန်းနိုင်သည့် အခါတွင်မူ မော်တာအိမ်များတွင် တပ်ဆင်ထားသည့် ပန်ကာများမှာ ပြန်လည်ခေါက်ဝင်သွားမည် ဖြစ်သည်။ TF-X  ၏ အမြင့်ဆုံးပျံသန်းနိုင်မှုအရှိန်နှုန်းမှာ ၁ နာရီလျှင် မိုင် ၂၀ဝ ဖြစ်ကာ တစ်ကြိမ်လျှင် ခရီးအကွာအဝေးအားဖြင့် မိုင် ၅၀ဝ ပျံသန်းနိုင်ပေသည်။

Source:www.bbc.com/future/story

 

 

 

 

 

 

 

5 comments

  • မင်းမင်း

    June 7, 2013 at 3:11 pm

    မြန်မာပြည်မှာလမ်းမကောင်းတာကြောင့်အဆင်ပြေမယ်ထင်ပါတယ်။မြန်မာပြည်ကိုအမြန်ဆုံးရောက်ပါစေလို့။

  • မင်းမင်း

    June 7, 2013 at 3:15 pm

    မြန်မာပြည်ကိုမြန်မြန်ရောက်နိုင်ပါစေ။

  • e tone

    June 7, 2013 at 4:51 pm

    နည်းပညာတွေများ ထွန်းကားလာလိုက်တာနော် …
    ငယ်ငယ်တုန်းက… အီးစီ ..အီးစီ .. ကြက်ပျံ ..ငှက်ပျံအော်ဆော့တဲ့အခါ ပျံလို့ရတာနဲ့ .. ပျံလို့ မရတာနဲ့ လျှောက်အော် ဆော့ခဲ့သလိုပေါ့ … ခုတော့ ကားပျံ ဆိုတာတောင် ဖြစ်လာတော့မယ် … တိန် :eee:

    • Mr. MarGa

      June 8, 2013 at 1:58 pm

      အဲဒီတုန်းက ကားပျံဆိုရင် ပျံလို့ မရတဲ့အထဲ ထည့်ကြတယ်မလားကွယ်
      :harr:
      စကားမစပ် နတ်မြင်းပျံလဲ ဘယ်တော့ ထွက်လာမလဲမသိ :kwi:

  • မောင် ပေ

    June 8, 2013 at 7:14 pm

    မိုက်တယ်ဗျာ
    နောက်ဆို
    စတားဝါးထဲကလို ဖြစ်လာတော့မယ်

Leave a Reply