အအေးပိုင်းဒေသများတွင် လေစွမ်းအင်ထုတ်လုပ်မှုမှာ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်ခြင်း

Mr WorldWideJune 7, 20131min873

လေစွမ်းအင်ထုတ်လုပ်မှုများအား ကမ္ဘာ့အအေးပိုင်းဒေသများတွင် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ နောက်ဆုံးအကြိမ် ခန့်မှန်းချက်များအရ ၂၀၁ရ ခုနှစ်တွင် လေစွမ်းအင်ထုတ်လုပ်မှု၏ ၄၅ ဂီဂါဝပ်မှ ၅ဝ ဂီဂါဝပ်ခန့်ကို အအေးပိုင်းဒေသများ၌ ဖော်ဆောင်လုပ်ကိုင်ကြလိမ့်မည်ဖြစ်ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစလျှင် ၇၂ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုမှာလည်း ယူရို ၇၅ ဘီလီယံထိ ရှိလာမည်ဖြစ်ပါသည်။

cold

ဖင်လန်နိုင်ငံရှိ VTT နည်းပညာဆိုင်ရာသုတေသနဋ္ဌာနမှ သုတေသနပညာရှင်  Tomas Wallenius   က ဤအရာသည် ကြီးမားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ကမ်းလွန်လေစွမ်းအင်ထုတ်လုပ်မှု အကျိုးဆက်နှင့် ပတ်သက်၍ စဉ်းစားစရာအချက်များစွာရှိသော်လည်း အအေးပိုင်းဒေသ လေစွမ်းအင်ထုတ်လုပ်မှုဈေးကွက်မှာ ၁ဝ ဆခန့် ပိုမိုကြီးမားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ကမ်းလွန် လေစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းမှာ စမ်းသပ်လုပ်ကိုင်နေဆဲသာဖြစ်သော်လည်း ကုန်ကျစရိတ် သက်သာသော အအေးပိုင်းဒေသ လေစွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းများအတွက် ကိရိယာပစ္စည်းများမှာမူ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အအေးပိုင်းဒေသ၏ လူဦးရေနည်းပါးခြင်းနှင့် လေတိုက်ခတ်မှုကောင်းမွန်ခြင်းတို့သည် လေစွမ်းအင်ကုမ္ပဏီများအတွက် လုပ်ငန်းလုပ်ဆောင်ရန် ပိုမိုစိတ်ဝင်စားလာစေသည်။ ၎င်းဒေသများ၌ ဆောင်းရာသီ လေတိုက်ခတ်နှုန်းသည် နွေရာသီထက် ပိုမိုမြင့်မားပြီး အေးသောလေထု၏ သိပ်သည်းဆမှာ စွမ်းအင် ထုတ်လုပ်မှုကို ပိုမိုဖြစ်ထွန်းစေသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် တာဘိုင်ဒလက်များ ရေခဲဖုံးလွှမ်းခြင်းကိုမူ များစွာကြုံတွေ့ရမည်ဖြစ်သည်။ ထိုသို့ရေခဲဖုံးလွှမ်းမှုကြောင့် စွမ်းအင်ထုတ်လုပ်မှုကို တစ်နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ လျော့ကျစေလိမ့်မည်ဖြစ်သော်လည်း ရေခဲအရည်ပျော်စေသော စနစ်များ၏အကူအညီဖြင့် ၎င်းအားနည်းချက်ကို ဖာထေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများအရ စွမ်းအင်ရရှိမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအမျိုးမျိုးအတွက် ငွေကြေးရှာဖွေရန်မှာ ပိုမိုခက်ခဲလာသော်လည်း လျပ်စစ်ထုတ်လုပ်သူများနှင့် အသုံးပြုသူများမှာ သန့်ရှင်း သောစွမ်းအင်နှင့် ပတ်သက်၍ စိတ်ဝင်စားနေကြဆဲဖြစ်သည်။ လေစွမ်းအင်ထုတ်လုပ်မှုမှာ များစွာ အကျိုးဖြစ်ထွန်းစေသည့်အပြင် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ရန် လွယ်ကူခြင်းကြောင့် အသုံးပြုသင့်သော နည်းလမ်းတစ်ရပ်အဖြစ်ရှိနေကြောင်း သိရှိရပေသည်။

Source:www.sciencedaily.com/release/2013/05/13052809111

 

3 comments

  • kyaw hteik

    June 7, 2013 at 11:26 pm

    ​နောက်​တစ်​​ခေတ်​ကြရင်​ သဘာဝပတ်​ဝန်​းကျင်​ မထိခိုက်​နိုင်​​သော
    လျှပ်​စစ်​ထုတ်​လုပ်​တဲ့ နည်​းပညာတိုးတက်​လာမည်​။ယင်​းနည်​းပညာ​တွေကို တွင်​တွင်​ကျယ်​ကျယ်​
    အသုံးပြု လာပါမယ်​။အ​မေရိကမှာ​တောင်​ သူတို့ရဲ့​ သိမ်​းထား​သောရေနံတွင်​း​တွေကို
    တူး​ဖော်​​တော့မယ်​လို့ ကြားတယ်​။​နေ၊​လေ ကရမဲ့စွမ်​းအင်​​နည်​းပညာတွေ တိုးတက်​လာ​တော့မယ်​
    ဆို​တော့ သူတို့ရဲ့​ရေနံ နှင်​့ ဂတ်​​တွေကို အလာဟသအဖြစ်​မခံ ​တော့ဘူးထင်​တယ်​။

  • Foreign Resident

    June 8, 2013 at 5:16 am

    တစ်ခုတော့ ရှိတာပေါ့လေ ။
    ကမာ္ဘကြီးရဲ့ ရာသီဥတုတွေက တဖြေးဖြေး ပြောင်းလဲလာနေတော့ကာ ၊
    အရင် လေတိုက်တဲ့ နေရာတွေက အခု လေမတိုက် ၊
    အရင် လေမတိုက်တဲ့ နေရာတွေက အခု လေတိုက် ၊
    အဲလိုတွေ ပြောင်းလဲနေတော့ ၊ ချိန်ဆနိုင်မယ့် ပညာရှင်တွေ လိုပါလိမ့်မယ် ။

  • Ma Ma

    June 8, 2013 at 1:59 pm

    အအေးပိုင်းဒေသတွေအတွက်ဆိုတော့ အပူပိုင်းဒေသတွေမှာ အသုံးချနိုင် မနိုင် သိချင်သား။

Leave a Reply