နှင်းကေသရာ ကြောက်/ကျောက် တဲ့ သူရဲကောင်း

ムラカミJune 7, 20131min56634

အချိန်က ညသန်းကောင်။ တိမ်ညိုမိလ္လာ များ ကင်းစင်နေသည့် အတွက် လမင်းကြီးက ထိန်ထိန်သာလျက်။
မွေ့နှင်းကေသရာ တယောက် သလွန်ထက်မှ လူးလွန့်ကာထပြီး နန်းတော်ပြတင်းပေါက်မှ ခပ်ဝေးဝေးသို့ ယမ်းယော် မျှော်ငေးနေလေသည်။
သူတွေးသည်က မနက်ဖြန် အဆင်ပြေမှ ပြေပါ့မလားရယ်…။ သက်မတခုကို ရှိုက်ထုတ်လိုက်သည်။
ထို့နောက် ကဗျာတပုဒ်ကို ရွတ်လိုက်လေသည်။ ထိုကဗျာမှာ

တမ်းတမ်တတ
လွမ်းရသူငယ်လေ
တောင်တရုတ်ပင်လယ်ဝ
အသွင်က နက်မှောင်
လာမယ်ဆိုစောင့်မယ်ကွယ့်
ရွှေစိတ်တော်မအေးရဘု
ဆွေးစိတ်ကယ်ပို

ခမည်းတော်ရှင်ဘုရားကိုလ
အသည်းတော်ရွှင်ပြစေမယ့်
ပီယဝါစကားတို့ရယ်နဲ့
မနေးအမြန်လျှောက်စေတော့
အိုဘာတဲ့..
သေးပြန်ပေါက်ပီး အိပ်တော့မကွယ်။

မျှော်ချင်း။
အမည်မသိရှေးစာဆို ဖြစ်သည်။ ဟုတ်သည် မွေ့နှင်းကေသရာ စိတ်ပူပင်နေသည်။ ထိုအကြောင်းကို တူးဆွလတ္တံ့။
(ဒီစာစုမှာ တူးတဲ့အကြောင်းတွေ အများကြီးပါမယ်…)
ချစ်ရတဲ့ သူရဲကောင်း လဂွန်းကျောက် အတွက်ဖြစ်သည်။ ခမည်းတော် သုရှင် နှင့် အဝပြည့်ရှင် တို့၏ ပန်းကျော် အရပ်မှ
သစ္စာပြုပွဲ အကြောင်းတည်း။ ရှေ့ဆုံးတွင် မွန်ဖက်မှ ကမတ်ဒေါင် နှင့် မြန်မာမှ မြင်စိုင်းစာ မင်းသား သရေမာဃ ၊
နောက်တွင် ယွဲကံစီ နှင့် မင်းမဟာပါလေရာ(မင်းရာဇာ) အစရှိသည်ဖြင့် ကြီးစဉ်ငယ်လိုက်စီရာ နောက်ဆုံးတွင် အငယ်ဆုံးဖြစ်ကြသော လဂွန်းကျောက် နှင့် သတိုးဖက်ထုပ် တို့ဖြစ်ကြလေသည်။

သတိုးယစ်ထုပ် အဲ့လေ သတိုးဖက်ထုပ် က လဂွန်းကျောက် ကို ကပ်တိုးလေး မေးကြည့်တော့လေသည်။ ရောင်းရင်း
ယခု ပြုမယ့် သစ္စာမှာ မှန်ရဲ့လား လို့…။ သို့သော် ..သစ္စာပြုပွဲမပြုမီ နည်းနည်းဂင်ထားတာ လက်လွန်သဖြင့်
သတိုးမှာ စကား၄လုံးမကွဲတော့ …။ လဂွန်းကျောက် ကလည်း ငုတ်တုတ် အိပ်သည်အထိ သောက်သူဖြစ်လေရာ သေချာမကြား
သူကြားသည်လိုက်သည်မှာ စလုံးကပို့တဲ့ ဘလက် က အစစ်လား ဟုသတတ်။ သည်တော့ ဖြေချလိုက်သည်မှာ..
အင်ယီးပါကွာ။ ဟူသတည်း။ အဲ့သလိုနဲ့ ပိတ်သတ်ကြီးသိတဲ့ အတိုင်း သစ္စာပြုပွဲပျက်တော့သတည်း။
သုရှင် ဒေါသ မိုးထိတက်လေပြီ … ။

နေရာမှာ တင် လဂွန်းကျောက် အား စီရင်မည် ဟု ဆိုလေရာ မင်းကြီး သမိန်ဗလက်ဆီ မှ မျက်တော်ပြေကဗျာ
ဆက်သွင်း၍ အချိန်ဆွဲကာ လဂွန်းကျောက်အား ပြေးစေတော့လေ၏။ မျက်တော်ပြေကဗျာ မှာကား

သုရှင့် တို့ဘုန်း
မိုးသို့ချုန်းသည်
အဝပြည့်ရှင်
ဘုရင်မင်းခိုမ်
မှီမနိုင်ဘဲ
အပီယိုင်လဲ
ထိုထိုသောနေ့
တနေ့ရောက်မည်
မုတ်ချဟုတ္တာ
သို့ပါသောကြောင့်
မိမိသူရဲ (သူရဲကောင်းဟု ဆိုလိုသည်)
ဤငနဲအား
သနားတခါ
ငဲ့ကွက်ပါမူ
နောင်သော်သုံးရန်
လျှော်ကန်သေး၏။
သုရှင်ဒေါသ
ကြီးထွားမနဲ
ဒီလူမည်းသိ
ဝန်ခံဘိမို့
ဘုရင်တို့မာန်
မိုးသို့ပျံသည်
လေလည်တာတောင်
အံကြိတ်ပြီး။

အဲ့သည်မှာပဲ သုရှင်လည်း အနည်းငယ်စိတ်ပြေပြီး ပြန်လည် အမှာတော်ပါးလိုက်ပါသတဲ့ ခင်ဗျာ။

ဟဲ့…
လဂွန်းငမဲ
မောင်ကျောက်ခဲ ရဲ့
ဘုရင်တင်းတယ်
မင့်မလွယ်ဘု

တော်ရာလိမ့်ဇမ်း
မသရမ်းနဲ့ (ဘာကိုဆိုလိုသည် မသိပါ)
ကြားလိုက်ရတိုင်း
နိုင်းလောက်ရှိတယ်..
မင့်မလွယ်ဘု

ဇမ္ဗူတခွင်
ပြဲပြဲစင်သယ်
ထပ်ပြောလိုက်မယ်
မင့်မလွယ်ဘု

ဟူသတတ် … အဲ့သည့်မှာပဲ သူရဲကောင်း လဂွန်းကျောက်လည်း

တချိုးတည်း လှိုဏ်တူးပြေးလိုက်တာ သိချင်လို့ မြေကြီးပေါ်တက်ကြည့်မိတော့ လားလား
တောင်တရုတ်ပင်လယ်ထဲက ဟောင်ကောင်းကျွန်းတောင် ရောက်နေပါပေါ့လားဗျာ…။ လူစွမ်းကောင်း လဂွန်းကျောက်တို့များပြောပါတယ်။
အဲ့ဒါနဲ့ပဲ အောက်က ပြေးချင်းကဗျာ ပေါ်လာပါရောလားကွယ်။
သတ္တိတွေပျောက်
သိပ်သိပ်ကြောက်ပြီး
လှိုဏ်တူးလို့သာ
ထွက်ပြေးပါသည်
လှည့်ကြည့်မဝံ့
စွန့်စွန့်စားစား
ဘယ်ဆီရောက်တယ်
သိလိုလှသော်
အရပ်ကတောင်
သည်အမောင်ယွန်း
ဟောင်ကောင်ကျွန်း

ယခုကား အရေးပေါ်ပေပြီ…။ ဘုရင်မင်းခိုမ် တွင် အရပ်အမောင်းမြင့်မားစွင့်ကား ပြီးရဲစွမ်းသတ္တိနှင့်ပြည့်စုံတဲ့ သားတော်တပါး ပေါ်ထွန်းလာပြီး
သူ့နာမည်ကား တိုက်ရဲကျော်စွာ ဖြစ်လေသည်။ တိုက်ရဲကျော်စွာအား ဘုရင်မင်းခိုမ်မှ အိမ်-၁ဝလုံး စားစေဆိုပြီးမြှောက်စားထားပါသတဲ့။
သုရှင်လည်း ဒီ မင်းသားနဲ့ ထိပ်တိုက် တွေ့ရင် ဘက်ညီမယ့် သူရဲကောင်းကိုလိုက်စဉ်းစားကြည့်တော့ လဂွန်းကျောက်ကို မြင်ပါသတဲ့ ။
အဲ့သည့်မှာပဲ သုရှင်လည်း အိမ်ရှေ့စံ အိမ်နောက်ခံ အဲ့လေ…. မယူတော့ပါဘု …သူရဲခေါင်း သမိန်ဗဂီ့ ကို ခေါ်ပြီး အမှာတော်ပါးသတဲ့

ဟဲ့ကောင် ငဂီ့
ဒမှာ ကြည့်ဇမ်း (ဘာပြသည်မသိ)
ခုပင်ထွက်ချေ
နင့်ကို စေမည်
မဲပြောင်လဂွန်း
ကျောက်ကျောက်ယွန်းသည့်
ဟိုကျွန်းဟောင်ကောင်
ငါကစေသည်
မှာရပေမည်

ဟူသတည်း။

အဲ့ဒါနဲ့ပဲ မူလကတည်းက ဆပ်စလူး နတ်ပူးနေတဲ့ သယဲဂေါင်း သမိန်ဗဂီ့ က အရပ်ကိုလည်ပီး ဂလိုကြွားသဒဲ့

ငဂီ့ ဇာတာ
တက်လို့လာဘီ
သုရှင်ချီးမြှောက်
စားရိတ်ထောက်သည်
ပြောင်ပြောင်ရွှန်းတယ်
ဟောင်ကောင်ကျွန်းဝယ်
မောင်မောင်ယွန်းမယ်
သွားပြီးမြူးမယ့်
ဟားနီးမူးးးးစ်

ဒါပေမယ့် သမိန်ဗဂီ့ တကယ် မသွားဖြစ်လိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သုရှင်တို့တိုင်းပြည်အတွက်
ကုန်သွယ်ရေကြောင်းတာဝန်ယူထားတဲ့ မင်းကြီး သမိန်ဗျတ်ဖော နဲ့ သူ့ရဲ့ ကိုယ်လုပ်တော် ..အဲ့ မှားလို့ ကိုယ်ရံတော်
သရေစူသီ ၊ ဆီက နေ လဂွန်းကျောက် သတင်းရရှိသွားလို့ဖြစ်ပါတယ်။

ဂလိုနဲ့ လဂွန်းကျောက်လည်း ရွှေပြည်ကြီးကို ပြန်ခဲ့ပါတော့တယ်။ ရွှေပြည်ကြီးကို ရောက်ရောက်ချင်း တောင်ဟား က (ပြုံးတာရှိရင် ဟားတာရှိရမှာပဲ)
နာမည်ကျော် ကန္နားစီး မိဂီ ထံမှတဆင့် မိမိကိုယ်ကို ကိုယ်တော်ကြီး ကိုယ်တော်လေးလက်အပ် ဆုတောင်းပထနာ ပြုပြီးတော့မှ သုရှင် ဆီ အခစားဝင်ဖို့
သွားတော့လေသတည်း။ ဤနေရာတွင် စာစုထိပ်ဆုံးက ရေးခဲ့သည့် သမယ သို့ ပြန်ရောက်သွားသည် မှတ်ပါလေ။

မိုးသောက်ပြီ …(မိုးဟေခို အယက်သောက်တာပြောတာ မဟုတ်ပါ)
မိုးလင်းပြီ ….(မိုးယုဆံ မှိတ်တုတ်မှိတ်တုတ်ဖြစ်ခြင်း မဟုတ်ပါ)
လဂွန်းကျောက် သုရှင်သို့ အခစားဝင်ပြီတည်း…။
တွေ့တွေ့ချင်း ဂလို ပဋိသန်ဒါရ ပြုသတဲ့…။

မိုးပေါ်မှာ သောက်ရှူး
မြေပေါ်မှာ ဧဝရာတ်
ဂျင်းပန်မှာ ယူအက်စ်
ကားဆိုတော့ ဂျာမနီ
ရိုဘော့မှာ နိဟွန်း
အတုမှာ ချိုင်းနား
နိုင်ငံခြားတွေမှာတောင်
ပြိုင်စံကာ ရှားလှပါတဲ့
ဘုရင်မှာ သုရှင် မို့

ကျော်ကင်ပွန်းတပ်လိုက်ပယဇီ

ဒယ်ဒီ ဖားသား ချစ်ဖေဖေ … .လို့ …

လဂွန်းကျောက်က နှာသံလေးနဲ့ကို အပီဆိုသွားတာခည…။ ဟုတ်တယ်လေ.. အပြစ်ဟောင်းကျေဖို့ တာဝန်ထမ်းမယ်
ဒါမှလည်း သမီးတော်ကလေး မွေ့နှင်းကေသရာ နဲ့နီးရပေမယ်ကိုး မဟုတ်လားဗျ။။

သုရှင်သာ အလိုရှိမယ် ဆိုရင် ကျွန်တော်မျိုးကြီး အဝပြည့်ရှင် ဘုရင်မင်းခိုမ် ရဲ့ ခေါင်း ကို ဆက်ပါ့မယ်…။

အလို…
သုရှင်မျက်လုံးပြူးချေပြီ ….။ သုရှင်မျှော်လင့်သည်မှာ နယ်စပ်လုံခြုံရေးကို လိမ္မော်ရောင် အဆင့်လောက်သာတိုးမြှင့်ပြီး
ငါပြန်လာဘီ ဆိုတာလောက်ပြရင်လုံလောက်ပြီ ..ခုတော့ မဆီမဆိုင် တိုကျိုမြို့ ဒုံးနှင့်ချိုင်သလို ရန်သူဘုရင်၏ခေါင်းတောင်
ဆက်မည်ဆိုတော့ နောနော်(အတိုင်းထက်အလွန်) တံခွန်နှင့်ကုက္ကား တည်း။

ကောင်းပြီ မောင်မင်း။ငါကိုယ်တော်နှစ်ထောင်းအားရ ရှိလှပေတယ်။ အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ဘာဆုလာဘ်
လိုချင်သတုံးကွယ့်..။

အဲ့သည့်မှာပဲ သူရဲကောင်း လဂွန်းကျောက်လည်း မျက်လုံးလေး ကလယ်ကလယ် ဖြစ်ပြီး
ဒယ်ဒီ ဖားသား ချစ်ဖေဖေ ရဲ့ သာမီးဒေါ်ကလေး မွေ့နှင်း ကေသရာ ကို အလိုရှိပါတယ်။
ခါတိုင်းဆို တူလို့လား တန်လို့လား လုပ်မှာဖြစ်ပေမယ့်… တဖက်ကလည်း ရန်သူဘုရင့်ခေါင်း မဟုတ်လား…
ကိုယ်ကတောင်ပြန်ပြီး သာမီးရယ် ..ကျိုက်လိုက်ပါသမီးရယ်.. လုပ်ရမယ့်အချိန်လေ…။
ကောင်းပြီ … ဘိုဖြူ။ ပြည့်ဇီ။(ပြည့်စုံပါစေ)

ကျောက်။ အရှင်မင်းကြီး စကားတည်ပဇီနော်။
ရှင်။ တည်ဇီ။
ကျောက်။ အရှင်မင်းကြီး စကားတည်ပဇီနော်။
ရှင်။ တည်ဇီ။
ကျောက်။ အရှင်မင်းကြီး စကားတည်ပဇီနော်။
ရှင်။ တည်ဇီ။
ဤသို့ ၃ကြိမ်၃ခါ ကွန်ဖမ်းအပြီးတွင် သုရှင် စိတ်မရှည်တော့ထင့်

မင်းကြီးများ…..

ဖျား။
(ကမတ်ဒေါင် ယွဲကံစီ သမိန်ဗလက်ဆီ သမိန်ဗဂီ့ သမိန်ဗျတ်ဖော သရေစူသီ )

မောင်မင်းတို့ လိုက်ဆို…
တည်ပဇီသော် ..တည်ဇီသော်…

(သံပြိုင်)
တည်ပဇီသော် ..တည်ဇီသော်…
တည်ပဇီသော် ..တည်ဇီသော်…
တည်ပဇီသော် ..တည်ဇီသော်…

ဟုတ်ပြီ ဂလောက် သက်သေသက်ကာရ ရလျင် လဂွန်းကျောက်ဘက်က ခိုင်ပေပြီ။
တကယ်တော့ လဂွန်းကျောက် လူလည်ကျခြင်းသက်သက်ဖြစ်သည်။ စောစောက ဘုရင်မင်းခိုမ် ၏ ခေါင်း
ဟုပြောချလိုက်ချိန်တွင် နောက်မှာ တိုးတိုးလေး အုံး ပါပါသည် ။ ခေါင်းအုံးဖြစ်သည်။
ဟိုအမတ်တွေလည်း ကြားသည်။ သုရှင်သာ အသက်ထောင်လို့ နားထိုင်းပြီးမကြားတာဖြစ်သည်။
အမတ်တွေနဲ့က လက်ဝါးရိုက် စည်းကိုက်ထားပြီးသား။ ဟိုအမတ်တွေကလည်း မင်္ဂလာရှက်ကီ ထုရမယ်ဆိုတော့လည်း
အကြိုက်ပေကိုး …။ဘုရင်ကို ဝိုင်းလှိမ့်ဖို့ ဝန်မလေး..။

ထိုအမတ်တွေ မသိသေးသည်က လဂွန်းကျောက်မှာ မြှုပ်ကွက်ရှိသေးသည်။ ဘုရင်မင်းခိုမ်ရဲ့ ခေါင်းအုံးကို
အဝနေပြည်တော်ထိတောင် စွန့်စွန့်စားစား သွားခိုးစရာမလိုပေ။ သူတောင်ဟားတွင်နတ်သွားပြစဉ်က
ကိုကြီးကျော်ဝင်ကနေသည့် အရက်ကြိုက်သော တိုက်ရဲကျော်စွာနဲ့ တွေ့ပြီးသား ….။ဘော်ဘော်ဖြစ်ပြီးသား။
ကလို့မောတော့ ၂ယောက်သား ရှမ်းကိုးမီး ကစားကြတော့ .. ဖဲရှုံးလို့ နောက်ဆုံး တိုက်ရဲကျော်စွာပေးစရာမကျန်တော့လို့
ဘိုးတော်သူ့ ကို စွန့်ထားတဲ့ …. ခိုမ် လို့ စာတမ်းထိုးထားတဲ့မှန်စီရွှေချ ခေါင်းအုံးကိုထိုးပေးလိုက်ရတာ …။
အင်မတန်လည်တဲ့ လဂွန်းကျောက် က တိုက်ရဲကျော်စွာ ကို တကွက်ထပ်မြှုပ်ခဲ့သေးတာက (သူက ကာစီနိုမြို့တော်နားမှာ
နေတယ် ဆိုတာပါပဲ။)
ဇာတ်သိမ်းခန်း …အဲ့လိုနဲ့ လဂွန်းကျောက် ဟာ နှင်းကေသရာ ရဲ့ အဆောင်တော်ရှေ့ကို လေကလေးချွန်ပြီး
ရောက်လာပါတော့တယ်။ အဲ့သည့်မှာ အထိန်းတော်ကြီး ဒေါ်အိုဇာကို ဂျီစတွင်း ၂ကွင်းလောက်လာဘ်ထိုးပြီး
အောင်မြင်ခန့်ညားသောခြေလှမ်းကြီးများနဲ့ အဆောင်တော်အတွင်း ဝင်သွားပါတော့လေ သတည်း။
ဒီမှာပြီးပြီ။

34 comments

  • nozomi

    June 7, 2013 at 3:34 pm

    ကနားစီးက‌နေ စာ‌ရေးဆရာ အလုပ်‌ပြောင်းလို ့ ရပြီ
    တကယ့် ‌မွေးရာပါ ‌ကောင်းတဲ့ လက်ရာပဲ

    အဲဒီ လဂွန်းကျောက် မြန်မြန် မိန်းမ ရ မှ ရွာလဲ နား‌အေးမှာပဲ
    မြန်မြန် ရပါ‌စေ ဗျာ

  • KZ

    June 7, 2013 at 3:35 pm

    ခုခုခု
    ခွိခွိခွိ
    ခိခိခိ
    ခစ်ခစ်ခစ်
    ဟိဟိဟိ
    ဟီးဟီးဟီး
    ဟားဟားဟား။

    တော်ပါပေတယ်အေ့ တော်ရေ့။
    :harr: :harr: :harr: :harr: :harr: :harr:
    :harr: :harr: :harr: :harr:
    :harr: :harr:
    :harr:

  • ဦး ကျောက်ခဲ

    June 7, 2013 at 3:46 pm

    တိန်… ကန္နားစီး မိဂီတို့ ရေးလိုက်မှပဲ…
    လဂွန်းငမဲ မောင်ကျောက်ခဲ ဖြစ်ရလေတော့တယ်… ဘွ ဘွ
    သာမီးတော်လေးနဲ့နီးရဖို့အရေး ဘုရင်မင်းခိုမ်ရဲ့ မှန်စီရွှေချ ခေါင်းအုံးကြီးကို…
    ခိုးပေးရဦးမယ်ဆိုတော့… တယ်မနိပ်လှဘူး…
    နှုတ်ခမ်းမွှေးတွေ အကုန်နှုတ်ခဲ့ဆိုတာကမှ ဟုတ်တုတ်တုတ်… ဟီ ဟိ
    :harr:

  • Shwe Ei

    June 7, 2013 at 3:53 pm

    ဟက်ပီး အန်းဒင်း ဖြစ်သွားလို့ တော်ပါသေးရဲ့…

    နဲနဲလောက်များ ကညော့လိုက်ရင် အန်ကယ်ကျောက် တျောက်…
    မောင့်မျက်ရည်ဝိုင်း ဖြစ်သွားလိမ့်မယ်…အဟိ

  • e tone

    June 7, 2013 at 4:23 pm

    ဟား ဟား ဟား … ဟီးဟီးဟီး … ဟူးဟူးဟူး …..
    လဂွမ်းကြောက်တို့တော့ နာမီ ကျီး အူးမယ်ကွီ …. ။
    သမော်ဒီးရဖို့ ….. ဉာဏ်မဲမဲတွေ ထုတ်သုံးပလိုက်ရတာ …. အားကျစရာ.. ဂျီစရင်းတောင် ပါသေး .. :mrgreen:

  • Wow

    June 7, 2013 at 4:35 pm

    မွေ့နှင်းကေသရာရဲ့မျှော်ခြင်းက မိုးတွင်းဆိုတော့ လွမ်းလောက်ပါပေရဲ့… :harr:

  • Miss Crystalline

    June 7, 2013 at 4:45 pm

    :harr: :harr: :harr:
    ကဗျာတွေကိုခိုက်လွန်းလို ့ပြခန်းထဲသိမ်းထားသင့်တယ်.. 🙂

  • padonmar

    June 7, 2013 at 7:15 pm

    အင်း..ခေါင်းအုံးကယ်ပေလို့
    နို့မို့ ..ဒို့ရွာ အမြည်းမရှိတော့ အာပူနေအုံးမယ်။
    မောင်ဂီ့ကဗျာလက်စွမ်းပြတာပေါ့လေ။

  • Ko chogyi

    June 7, 2013 at 7:25 pm

    “ အဆောင်တော်အတွင်း ဝင်သွားပါတော့လေ သတည်း။
    ဒီမှာပြီးပြီ။”
    မှားနေပြီ။ အဆောင်တွင်းဝင်မှ ဇာတ်လမ်းစရမှာ။

    • ကြက်အူလှည့်

      June 7, 2013 at 7:26 pm

      ကာယကံရှင်ရေးပါဇီဗျာ.
      များတို့က လိုက်ကျိလို့ရတာမဟုတ်တော့. မသိ မသိ.

      ပြေးဘီ. ဝှစ်. ဝှစ်

  • အရီးခင်လတ်

    June 7, 2013 at 7:30 pm

    အဆောင်တော်အတွင်း ဝင်သွားပြီး ဘာလုပ်သတဲ့ တုန်း။
    အမြန်ဖြေရှင်းဇမ်း။
    လိုအပ်ရင် ဒါ့ရှင်ရိပ် ဖြင့် ပါ သက်သေထူ။

    ပုံ
    ကွမ်းစားပြီးတစ် အမြိုးဒမီး ယေးယာ ထိန်းသိမ်း စောင်ရှောင် ရေး မူး

    • ကြက်အူလှည့်

      June 7, 2013 at 7:39 pm

      ခန်းဆောင်ရွှေ ရဝေတွင်းကိုလ.  
      ခြေဖော့ကာဝင်တဲ့ လဂွန်း.  
      အစွန်းမှာ ပုဆိုးစ ငြိပါလို့. 
      ပြေကျပါရဲ့ ကွင်းလုံး 
      နေရတာခက်သခိုက်ရယ်လေးမှာမှ 
      အချစ်တော် ခွေးကလိုက်ဆွဲ.  
      ပြေးလိုက်စမ်းကွယ့် ကိုယ့်လူရေ 
      ပြန်ပါပြီ အဖျက်မှောက်သမို့. 
      ဟံသာဝတီ တပါတ်လောက်ဗျို့. 

      ပြေးချင်း.  

      ခွိခွိ.  

  • Mr. MarGa

    June 7, 2013 at 7:59 pm

    ကိုရင် သမိန့်ဗဂီ
    ကိုရင့်ရဲ့ ချင်းကဗျာတွေကို
    ပြခန်းဆီ ပို့ချင်ဘူးလားဟင်င်
    ဒ့ါအပြင်
    အဲဒီ ခန်းဆောင်တွင်း ပြေးချင်းပြီးတော့
    ဘာဆက်ဖြစ်သလဲဆိုတာလေး
    ဆက်စမ်းပါဦး
    မြင်စိုင်းစား သရေမာဃ
    :harr:

    • ကြက်အူလှည့်

      June 7, 2013 at 8:36 pm

      ကျုပ်ရေးတာ ကဗျောင်တွေပါဗျာ. ကဗျာဆြာတွေ စုတဲ့နေရာမပို့အပ်ပါဘု.
      ခန်းဆောင်တွင်းပြေးချင်း ပြီးတော့ ကျုပ်လည်းမသိတော့ဘူးဗျ.

      :harr:

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 7, 2013 at 10:57 pm

    ဒီပိုစ့်လို့ခေါ်သလား ဘာခေါ်သလဲသိဘူး
    ဖတ်ကျိပီးတော့
    ကိုယ်ရေးထားတာတွေအတွက် အရှက်ရမိတယ်
    vD;vJra&;awmhbl;
    သူများရေးတာဘဲဖတ်တော့မယ်

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 7, 2013 at 10:59 pm

      ဟေ့ကောင်
      ငါ့တူမတစ်ကောင်မရှိတယ်
      နင်လုပ်ချင်လား????
      ငါကိုယ်တိုင်အနောက်ကတွန်းပေးမယ် :mrgreen:

      • အရီးခင်လတ်

        June 7, 2013 at 11:30 pm

        အသာတွန်းပါ ဘပုရယ်။
        အတော် မျက်စိ ကျသွားသလား။ 😆

  • အရီးခင်လတ်

    June 7, 2013 at 11:27 pm

    ပိတ်သတ်ကြီး ဇဝေဇဝါ မဖြစ်ရအောင် ဇာတ်သိမ်း …..

    ခန်းဆောင်တွင်းပြေးချင်း ပြီးတော့ ခန်းဆောင်တွင်း ရောက်သွားသပေါ့။
    ဒီမှာ တင် …..
    ဘွားက နဲ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ဟာ ကနဲ ……………

    လဂွန်းကျောက် – ဟာာာာာာာာာ အရီးတော်ဖုရား
    အရီးတော် – အောင်မယ်၊ မောင်ကျောက်ပါလား။ ဘာလာ လုပ်သတုန်း။
    လဂွန်းကျောက် – ဟို … ဟို … အရီးတော် ဒီဖက် ကြွသွားတယ် ဆိုလို့ ဦးခိုက် ရအောင် လာတာပါ ဖုရာ့။ နောက် အရီးတော် တို့ မနက်ကျ ဘာများ စားတော်ခေါ်ချင်သလဲ လို့။ အကျွန် ကိုယ်တိုင် ချက်ပြီး ဆက်ချင်လို့ ပါ ဖျာ့။
    အရီးတော် – ကောင်းသဟေ့။ အဆင်ပြေသလို သာချက်။
    လဂွန်းကျောက် – ဒါထက် အရီးတော် ဘာလာလုပ်ပြီး ဘယ်တော့ ပြန်ကြွ မှာလဲ ဖျာ့။
    အရီးတော် – မောင်မင်း ကြည့်ရတာ အတော်လေး လက်စွမ်းပြချင် နေပုံရပါ့။ အရီးတော်က သမီးတော်လေးနှင်း ကို နိုင်ငံ ရေးရာ လာပြီး သင်ကြား နေသကွဲ့။
    ပြီး ရင် အစ်မတော် ဒုံ ၊ တီချယ်နု နဲ့ အစ်မတော် အေး က ဘဝ နေနည်း အဖြာဖြာ အဘိဓမ္မာ ပို့ချမကွဲ့။
    နောက် အစ်မတော် မမ ဖုရား က ကုန်သွယ် ရေးရာစီးပွါးရှာ ဆိုပြီး ကမ်ပနီ ထောင်ပေးမလို့ သင်မယ်။
    ညီမတော် မအိ၊ မနို၊ ဝေဝေ နဲ့ တူမတော် ရွှေတုတ်တို့ က ပျော်စရာ ရွှင်စရာ မီးဖိုချောင်မှာ တဲ့။
    ညီမတော် သဲနု က စီဂျေကောင်း တစ်ယောက် ဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာ သင်တန်း ပေးမှာ။
    တူမတော် တုန် ၊ပန် နဲ့ ရောင်ခြည် တို့ က ခေတ်မှီလိုက်ပါ ကွန်ပြူတာ ကမ္ဘာ နည်းပညာ ပေါ့ကွယ်။
    တူမတော် မယ်ပုချ် က တောင်တက်နည်း သင်ပြီး တောင်တက်ဖို့ သွားကြမလို့ လေ။
    တူမတော် ဆူး၊ နွယ်ပင် နဲ့ ကေဇီ တို့ က လေ့လာလိုက်ပ ဒေသန္တရ တဲ့။
    တူမတော် မွန်မွန်၊ ရင်ငြိမ်း၊ လကဗျာ၊ ဗုံ ဗုံ နဲ့ နှင်းဆီစိမ်း တို့ က ခရီးသွားသူများ အကြောင်းတဲ့။
    တူမတော် ရွှေအိ၊ ဝေါင်း၊ မွန်းခစ် နဲ့ ဇာလေး တို့ က ကိုယ်ခံပညာ မညှာမတာ ဆိုပြီး ကရာတေး လေ့ကျင့်ပေးမယ်။
    တူမတော် မိုးဇီ ကတော့ ကလေးများ နဲ့ ကခုန် ခြင်းတဲ့။
    တူမတော် လဲ့လဲ့ ကတော့ ဒါ့ပုံ ရိုက်ခြင်း တဲ့ဟေ့။
    ညီမတော် ပြုံး၊ မိုချို ၊ ရွှေကြည်၊ သူကလေး နဲ့ မနောဖြူ လေးတို့ က ဘာသာပြန် ရေးနည်း၊ ဝတ္တု ရေးနည်း၊ ကဗျာရေးနည်း နဲ့ ဆောင်းပါး ရေးနည်း တဲ့။
    တူမတော် ခရစ်စတယ် ကတော့ ဗျင်းချင်သူကို ဗျင်း လို့ ရအောင် တင်းနစ် ရိုက် သင်ပေးမလို့။
    တူမတော် ချမ်းချမ်း ဟူးဟူး တို့ နဲ့ ဘုရားမှာ သန့်ရှင်း ရေး လုပ်ဖို့ လဲ အစီအစဉ် ရှိပါ့။
    ဆရာမ မမျိုး က တောင်လာပြီး လူအခွင့်အရေး အကြောင်း သိကောင်းစရာ ဟောပြော ဦးမှာ။
    ဒါတောင် စာရင်း ဘယ်သူ ကျန်တယ် မသိ။
    ဒီတော့ ကျုပ်ရဲ့ တူမတော်လေး “နှင်းနှင်း” မှာ ၂၄/ရ တစ်နှစ်ပါတ်လည် ညတိုင်း မအားရ ပါဘူးကွယ်။

    ဒီတော့ ကာ
    အရီး နဲ့ အတူ ဒီ သင်တန်း ဆရာမ တော်တွေ အားလုံး ကို မနက်တိုင်း မနက်စာ ချက်ပြုတ် ကျွေးစေ။
    သာဓု၊ သာဓု၊ သာဓု။

    ဒီလို နဲ့ ဘဲ လဂဂွန်းကျောက် တစ်ယောက်
    ခန်းဆောင်တွင်းပြေးချင်း နောက်မှာ စားဖိုမှူး ဘွ ပြောင်းသွားလေသတည်း။

    (မှတ်ချက် – မိန်းကလေး နာမည်များ ကျန်နေပါက ဖြည့် ပေးကြပါ ကုန်၊ ကျန်သူရှိလဲ စိတ်မရှိပါနဲ့၊ စာရင်း တို့ သာပေးပါ၊ ထည့်ချင်ပါတယ်။)

    • ဦး ကျောက်ခဲ

      June 8, 2013 at 8:20 am

      အရီးတော်ဖရား “မ”လိုက်ပုံ…
      နှင်းကေသရာလေး အရီးဆီက မဟာအိတ်ထိယဝါဒတွေ နာကြားမိရင်…
      သရဲဂေါင်း လဂွန်းကျောက်ဘွကနေ စားဖိုမှူးကျောက်ဖြစ်မည့်ကိန်းဆိုက်ပြီ…
      သယ်… မဖြစ်ချေဘု၊ နီးရာဓားကိုဆွဲလို့ ဝက်သားခုတ်လေမှ… ဟီ ဟိ
      :harr:

      • ကြက်အူလှည့်

        June 8, 2013 at 8:32 am

        အောင်းမြလေးအောင်မြလေး.
        အဲ့သလောက်သာ အုံနဲ့ကျင်းနဲ့ ဝိုင်းမ မယ်ဆိုရင်တော့.
        ကြေကွဲဇယာပဲ.

        အော်. မိန်းမ. အော် Main မ.

        • ဆူး

          June 8, 2013 at 10:47 am

          အိမ်တွေမှာ Main တွေကို မ ထား ကြရတာပဲလေ.. (မိန်းခလုပ် အပေါ်တင်) Main ကို မ မ ထားဘူး ဆိုရင်.. No Electric.. ခေတ်မှီတဲ့ အိမ်တွေမှာ လျှပ်စစ်မရှိရင် ဘာမှ အလုပ်မဖြစ်ဘူး.. ဒီတော့.. မိန်း မှန်ရင် မ သာ မ ကြပါလို့ တိုက်တွန်းပါတယ်။

          မထိ တထိ မသေမချာ တော့ မ မကြနဲ့.. Shock ရိုက်ပြီး ထ ပေါက် ကုန်လို့ ပျက်စီးရာ ပျက်စီးကြောင်းတွေချည်းပဲ…

      • Ma Ma

        June 9, 2013 at 9:20 pm

        ( နီးရာဓားကိုဆွဲလို့ ဝက်သားခုတ်လေမှ… ဟီ ဟိ)
        အခြေအနေအချိန်အခါကို သိတယ်။
        ကြီးပွားအုံးမယ့် သူငယ်ပဲ။ :harr:

    • KZ

      June 8, 2013 at 11:01 am

      ပါပါကျောက်တို့ ဒီလာတော့ အနော် ပြောပါတယ် အရီးရယ်။
      ကျနော့ ဆီ တစ်ပတ်လောက်ပဲ လွှတ်ပြီး နေခိုင်းပါလို့။
      တတ်သမျှ ပညာတွေ သင်ပေးလိုက်ပါ့မယ်ဆိုတာ။
      ပါပါ ကျောက်တို့ ဘာကို ကြောက်တုန်းမသိ။
      ဟင့်အင်း::::
      ဟင့်အင်း:::
      ဆိုပြီး စကား အစ ကို မခံတော့တာ။

      :harr:
      :kwi:

  • ဂန္ဓာရီ ဆြာအုပ်

    June 7, 2013 at 11:58 pm

    ရီရတယ်တော့ ဗျဲ
    ဂီဂီ တို့ကတော့ လက်ရုံးရေ ကော နှစ်လုံးရေ ကော ……… ကောင်းပ
    ဒါတောင် သူက မအား ဖြစ်နေလို့ ဆိုလား

  • Hnin Hnin

    June 8, 2013 at 12:37 am

    ဇာတ်သိမ်းခန်း….. အဲ့လိုနဲ့ လဂွန်းကျောက်ဟာ နှင်းကေသရာရဲ့ အဆောင်တော်ရှေ့ကို
    လေကလေးလည်လို့ ရောက်လာပါတော့တယ်(မလာခင် ပဲကြီးလှော် ဝါးခဲ့မိပုံပဲ)။
    အဲ့သည့်မှာ အထိန်းတော်ကြီး ဒေါ်အိုဇာကို ဂျေကွင်း(J Donuts) ) ၂ကွင်း လာဘ်ထိုးပြီး
    အောင်မြင်ရယ်၊ခန့်ညားရယ် ကို ထားရစ်လို့ အဆောင်တော်အတွင်း ဝင်သွားပါလေ
    တော့သတည်း။ :mrgreen:

  • Foreign Resident

    June 8, 2013 at 4:56 am

    မောင်ဂီ က စွယ်စုံရသူပေပဲ ။

  • kyeemite

    June 8, 2013 at 11:34 am

    :harr: :harr: :harr: :harr: :harr: :harr:
    အင်္ဂလုံက အရီးတော် ကလည်း လဂွန်းကျောက်ကို အရောက်ပို့သဗျို့(မီးဖိုချောင်ထဲ)

  • အလင်း ဆက်

    June 9, 2013 at 8:57 pm

    ကိုင်း..
    ဒဂလောက်…
    စာရေး ကောင်းနေတာ….

    ကနားမစီးနဲ ့တော့..
    ကလောင် စီး…
    :kwi:

    :kwi:

  • ဦးကြောင်ကြီး

    June 9, 2013 at 9:14 pm

    နှင်းကေသရာ
    ချင်းပြည်မှာ
    လင်းရွှေသာ
    ကင်းဝေဖာ…။
    လဂွန်းကျောက်
    တဇွန်းသောက်
    အရွှန်းတောက်
    မကျွမ်းလောက်..။

  • Nan Shin

    June 10, 2013 at 3:54 am

    အော် သုရှင် သုရှင်…
    နန်းရှင်ဆိုတာကို သိမသွားလိုက်ရတာ အမတန်ကံဆိုးပါ့။
    🙂

  • Mon Kit

    June 10, 2013 at 10:13 am

    ကနားစီး မိဂီ တဲ့…
    ဘာနတ် စီးပီး ရေးဖွဲ့ထားသလဲတော့်..
    တကယ့် ကို ဇာတ်ဝင်ခန်းတွေ ကြည့်နေရသလို ခံစားရတယ်..
    တော်ချက်တော်.. ကဝိ ပညာရှင် မိဂီလို့ ပြောင်းလိုက်တော့..
    :harr:

    • ကြက်အူလှည့်

      June 10, 2013 at 10:54 am

      သွားမမျှောက်နဲ့ ဟဲ့…
      ကနားစီး မိဂီ ဆိုတာ မျှောက်ပေးရင် အဟွာ တက်အောင် က-သဒဲ့ …
      ကွိကွိ…

      (အဟွာ=ကြွက်)

      :harr:

  • padonmar

    March 15, 2014 at 12:14 am

    ဒါလေးလည်း ပြန်ဖွတယ်။
    ကျောက်တို့ နှင်းတို့ အမှတ်တရ။
    အရီးလတ်လည်း သတိရသကွယ်။

Leave a Reply