အဘဖေါ ရဲ့ ဘာသာပြန် သင်္ခန်းစာ ( ၂ )

Foreign ResidentJune 7, 20135min30034

အဘဖေါ ရဲ့ ဘာသာပြန်

သင်္ခန်းစာ ( ၂ )

 

ဟဲ ဟဲ ။

ဘာရယ် ဟုတ်ပါဘူး ။

ရွာထဲမှာ ဂီဂီက စပြီး ၊

မိုက်ကယ် ဒေါက်ကလပ် ၊

အကြောင်း စပြောပါတယ် ။

အဲဒီ အထိ ၊

သိပ် စိတ် မဝင်စားလှသေးပါဘူး ။

 

အဲဒီမှာ ကို Black Chaw ရဲ့ ၊ ” နှုတ်ခမ်းခြင်း တေ့ နမ်းကြလေသောအခါ ”

ဆိုတဲ့ Post ထဲမှာ ၊ ဆရာ nozomi က ၊

” တကယ် ရ ရင် တကယ် လုပ်မဲ့ မိုက်ကယ် ဒေါက် “ဘလက်” ရဲ ့ ပို ့စ် ကို ၊

ခေတ် မမီ မှာ စိုး လို ့၊ ဝင်ရောက် အားပေးသွားပါတယ် ”

ဆိုပြီး မထိတထိ ကြည်စယ်သွားပြန်တော့ ။

 

အင်း ၊ ဒီလောက် ဟိုးဟိုး ကျော်နေတဲ့ မိုက်ကယ် ဒေါက်ကလပ်ကြီး အကြောင်း

ဖတ်ဦးမှပါပဲဆိုပြီး ဖတ်ဖြစ်ပါတယ် ။

 

မိုက်ကယ် ဒေါက်ကလပ်ကြီး အကြောင်း ဖတ်ပြီးတော့လည်း ၊

အင်း ၊ ဒီလောက် အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေ ၊

ရွာသူားတွေကို ဝေငှအုံးမှပဲ ဆိုပြီး ဒီ Post ကို ရေးမိပါတယ် ။

 

မိုက်ကယ် ဒေါက်ကလပ်ကြီး အကြောင်း ရေးထားတာတွေ အများကြီးထဲက ၊

ဆေးပညာရှုထောင့်က ပိုပြီး ခိုင်လုံတဲ့ ၊

http://www.webmd.com/ ဆိုတဲ့ Site က Article ကို ဘာသာပြန်ပေးမှာပါ ။

 

မူရင်း Article ကိုဖတ်ချင်ရင်တော့ အောက်က Address မှာသွားဖတ်နိုင်ပါတယ် ။

http://www.webmd.com/sexual-conditions/news/20130603/michael-douglas-blames-his-throat-cancer-on-oral-sex

 

Michael Douglas Blames His Cancer on Oral Sex
Michael Douglas Blames His Cancer on Oral Sex

 

Michael Douglas Blames His Cancer on Oral Sex

By Steven Reinberg  ( HealthDay Reporter )

MONDAY, June 3 ( Health Day News)

 

Hollywood star Michael Douglas says oral sex caused his recent bout with throat cancer.

 

နာမည်ကျော် ” Basic Instinct ” ဇတ်ကားထဲမှာ ရှယ်ရွန် စတုံး နှင့်တွဲပြီး သရုပ်ဆောင်ခဲ့တဲ့ ၊

ဟော်လီးဝုဒ် ကြယ်ပွင့် မင်းသားကြီး မိုက်ကယ် ဒေါက်ကလပ် က ၊

သူ လည်ချောင်း ကင်ဆာ ဖြစ်ရတာ Oral Sex ကြောင့်ပါတဲ့ ။

Technically ပိုတိတိကျကျ ပြောရရင်တော့ Cunnilingus ကြောင့်ပါတဲ့ ။

( Cunnilingus = လျှာ ၊ ပါးစပ် ကို အသုံးပြု၍ လိင် ဆက်ဆံမှု )

( ဖြစ်မှ ဖြစ်ရလေကွယ် ၊ ဘုန်းတွေ ကံတွေ တော့ နိမ့်ကုန်တော့မှာပဲ ၊ လူဇိုးးးး )

 

” Without wanting to get too specific,

this particular cancer is caused by HPV,

which actually comes about from cunnilingus,”

Douglas, 68, told the British newspaper The Guardian.

 

တိတိကျကျ အသေးစိတ် ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို မပြောချင်ပါဘူး ။

ဒါပေမယ့် ၊ ဒီ လည်ချောင်း ကင်ဆာ ဟာ

HPV Virus ( Human Papilloma Virus ) ကြောင့်ဖြစ်တာဖြစ်ပြီး ၊

အဲဒီ HPV Virus ဟာလည်း တကယ်တော့ cunnilingus လုပ်မိလို့ ကူးတာပါ လို့ ၊

ဟော်လီးဝုဒ် ကြယ်ပွင့် မင်းသားကြီး မိုက်ကယ် ဒေါက်ကလပ် ( ၆၈ နှစ် ) က ပြောရှာပါတယ် ။

 

ဟင်း ၊ တယ်ခက်တာပဲ ။

တိတိကျကျ အသေးစိတ် ပြောထည့်လိုက်စမ်းပါ ။ ပြောထည့်လိုက်စမ်းပါ ။

ဘယ်သူ့ဆီကနေ ဘယ်တုန်းက ဘယ်လိုဖြစ်ကြတုန်း ကူးပါတယ် လို့ ။

 

အခုလို ရှင်းအောင်မပြောတော့ ၊

သူ့မိန်းမ ကက်သရင်း ဇီတာဂျုံး ကြီး မျက်နှာပဲ ပြေးမြင်မိတယ် ။

ရှယ်ရွန် စတုံး လေး နှင့်တော့ မဖြစ်လောက်ပါဘူးလေ ။ ဟီ ဟိ ။

 

Experts say the claim is probably correct,

because tumors caused by HPV virus much more responsive to treatment

 

အထူးကု ဆရာဝန်ကြီးတွေက မိုက်ကယ် ဒေါက်ကလပ် ပြောတာ မှန်ပါတယ်တဲ့ ။

ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ် ဒေါက်ကလပ် ရဲ့ အကြိတ် က ၊

HPV virus ကြောင့်ဖြစ်တယ်လို့ ယူဆပြီး ၊ ကုသတာ အောင်မြင်နေလို့ပါတဲ့ ။

 

Douglas was diagnosed with cancer in 2010

and underwent two months of chemotherapy and radiation.

He remains cancer-free,

but has checkups often to catch any recurrence, he told the paper.

 

မိုက်ကယ် ဒေါက်ကလပ် ဟာ ၂၀၁ဝ မှာ ဒီ လည်ချောင်း ကင်ဆာ ရှိကြောင်း သိခဲ့ရပြီး ၊

သူဟာ ၂ လ ကြာ ဓါတ်ရောင်ခြည် နှင့် ဆေးသွင်း ကုသမှု ခံခဲ့ရပါတယ် ။

အခုအချိန်မှာတော့ သူ့ရဲ့ ကင်ဆာ ရောဂါဟာ ပျောက်သွားပါပြီတဲ့ ။

မကြာခဏတော့ ဆေးပြန်စစ်ကြည့်နေရတုံးပါတဲ့ ။

 

“We used to think of throat and neck cancer

as a disease of smokers and drinkers,” he said,

but the demographics have changed

and it’s increasingly become a sexually contracted disease.

 

အရင်တုန်းကတော့ ဆရာဝန်တွေက အရက် နှင့် ဆေးလိပ် သောက်လို့ ၊

လည်ချောင်း ကင်ဆာ ဖြစ်ရတယ်လို့ ယူဆခဲ့ကြပါတယ် ။

အခုတော့ ၊ ပုံစံက ပြောင်းသွားပါပြီတဲ့ ။

လည်ချောင်း ကင်ဆာ ဟာ လိင် ဆက်ဆံမှုကြောင့် အဖြစ်များလာပါပြီတဲ့ ။

( အင်း ၊ ဆင်ခြင်မှ ။ ဆင်ခြင်မှ )

 

The good news is that there is an 80 percent treatment response rate

for this type of cancer, Siegel noted.

“It’s much more responsive than any other throat cancer.

If the cancer is due to smoking or alcohol, the ballgame is over practically.

This is very responsive,

which is why I’m not surprised to see that he’s cured,” Siegel said.

 

သတင်းကောင်း တစ်ခုကတော့ ၊

လိင် ဆက်ဆံမှု ( HPV ) ကြောင့် ဖြစ်တဲ့ လည်ချောင်း ကင်ဆာ ဟာ ကုရလွယ်ပါတယ်တဲ့ ။

အရက် နှင့် ဆေးလိပ် သောက်လို့ ဖြစ်တဲ့ လည်ချောင်း ကင်ဆာ သာ ဆိုရင်တော့ ၊

သိတဲ့အချိန်မှာ ပွဲဟာ ပြီးသလောက် ဖြစ်နေပါပြီတဲ့ ။

 

( အင်း ၊ တော်သေးတာပေါ့ကွယ် ။ တော်သေးတာပေါ့ ။

ဟီ ဟိ ၊ အဘ က အရက် နှင့် ဆေးလိပ် မ သောက်တတ်လို့ ၊

ကံကောင်းသွားတာကို ပြောပါတယ် ၊ တလွဲ မတွေးကြပါနှင့် )

 

Seigel said most adults are at risk of contracting HPV,

and 80 percent of people will test positive for HPV infection

within five years of becoming sexually active.

The virus (HPV) is also thought to cause the vast majority of cervical cancers,

which is why U.S. health authorities have recommended

that boys and girls get inoculated with the HPV vaccine.

 

အဲဒီ HPV Virus ဟာ အမျိုးသမီးတွေကို သားအိမ်ခေါင်း ကင်ဆာဖြစ်စေတဲ့ Virus ဖြစ်ပါတယ်တဲ့ ။

လိင် ဆက်ဆံမှု စတင် ပြုလုပ်ပြီး ၅ နှစ်အတွင်းမှာ ၊

လူငယ်တွေ ထဲက ၈ဝ % ဟာ ၊ HPV Virus ကူးစက်ခံရတတ်ပါတယ်တဲ့ ။

ဒါ့ကြောင့် ၊ US ကျန်းမာရေး ဋ္ဌာနက ၊ မိန်းကလေးကော ယောက်ကျားလေးပါ ၊

သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းထားပါတယ် ။

 

အဘ တို့ ဩဇီ မှာတော့ ၊ ဒီနှစ်က စပြီး ၊

လူတိုင်းကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး အခမဲ့ ထိုးပေးနေပြီကွယ့် ။

 

တစ်ခုတော့ရှိတယ်ကွယ့် ၊ HPV Virus မှာ မျိုးကွဲပေါင်း မြောက်များစွာ ရှိတဲ့အတွက် ၊

သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး တစ်မျိုးတည်းနှင့် ၊

HPV Virus မှာ မျိုးကွဲ အားလုံးကို မကာကွယ်နိုင်သေးပါဘူးကွယ် ။

 

ဟီ ဟိ ၊ ကြုံတုန်း ပြောရအုန်းမယ် ။

အဘ လည်း ၊ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုး ပြီးသွားပြီကွယ့် ။

 

တမျိုး မထင်ကြပါနှင့်ကွယ် ၊ မိန်းမက ဆရာဝန်ဆိုတော့ ၊ ဆေးတွေ အကားရနေတော့ကာ ၊

အတင်း ထိုးခိုင်းတာနှင့် ၊ ( မလိုပေမယ့်လဲ ) မိန်းမ စိတ်ကျေနပ်အောင် ထိုးလိုက်ရတာပါ ။

 

( ကြိုပြောထားမှ ၊ နို့မို့ရင် ၊ ဆရာ nozomi က ၊

မိုက်ကယ် ဒေါက် “ဘလက်” တင်မကပဲ ၊ မိုက်ကယ် ဒေါက် ဖေါ ဆိုပြီး လုပ်နေဦးမယ် ၊ ဟီ ဟိ )

 

တကယ်က ၊ အဘ အတွက်က မလိုပါဘူး ၊ အဘ သမာဓိ ၊ အဘ သိတာပေါ့ကွယ် ။

အဘ က ဒါမျိုးတွေ ၊ လုပ်ပါ့မလား ( မ လစ်ရင် ၊ ဟီ ဟိ ) ။

 

တော်သေးဘီ ။

 

ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်နေတဲ့ ၊

 

အဘ ဖေါ ( F R ) ။

 

34 comments

  • KZ

    June 7, 2013 at 9:26 pm

    ဘဖောကြီးက ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်ပြီး ဘာသာပြန်သွားမှတော့……..
    ဒီ အချိန်ကြီး ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတဲ့ ကျနော်ကလည်း မန့်ရပြီပေါ့ရယ်။ :mrgreen:

    အစကတည်းကတော့ မင်းသားကြီးဟာ ဒီ ဘက်ပိုင်းမှာ နာမည်ကြီးပြီးသားပါ။
    ဇီတာဂျုံးလေးကိုတော့ အပြစ်မမြင်ရက်ပါဘူး။ :mrgreen:

    ဒင်းကြီး ဘယ်မှာ၊ ဘာတွေကို ဘယ်သူနဲ့ ဘယ်လောက်တောင် ဘာလုပ်မှန်းမှ မသိတာရယ်။
    :kwi:

    အဟမ်း။
    သူ့က ရှေ့ဆောင်ပြသွား ပြောသွားတော့လည်း ဆင်ခြင်စရာရှိတာတွေ ဆင်ခြင်ရတာပေါ့ဗျာ။
    အဟွတ်။
    ရွာသားတွေ ပြောပါတယ်။
    လွန်တာရှိ ဝန္ဒာမိ…

    :harr:

    • Foreign Resident

      June 7, 2013 at 9:45 pm

      ” သူ့က ရှေ့ဆောင်ပြသွား ပြောသွားတော့လည်း ဆင်ခြင်စရာရှိတာတွေ ဆင်ခြင်ရတာပေါ့ဗျာ။
      အဟွတ်။ ရွာသားတွေ ပြောပါတယ်။ ”

      အောင်မယ် ။ သူ့ဘာသာ သူ ပြောချင်တာ ပြောသွားပြီးမှ ၊
      အဆုံးမှာ “ရွာသားတွေ ပြောပါတယ်” ဆိုပြီး ရှောင်ထွက်သွားတယ် ။
      ဟင်း ဟင်း ။

  • ကြက်အူလှည့်

    June 7, 2013 at 9:32 pm

    အင်းးးး. ပြောရရင်တော့.
    ဘာမှ မှုတ်တော့ဘာဘူးဗျာ.
    ကွိကွိ. နာမည်တွေ့လို့ဝင်လာတာပါ.

    :528:

    • Foreign Resident

      June 7, 2013 at 9:39 pm

      ဘာ အခုမှ ကြောက်ပါပြီလဲ ။ ဟင်း ၊ ဟင်း ။

  • Foreign Resident

    June 7, 2013 at 9:37 pm

    အင်း ၊ ကြုံတုံး တစ်ခု ပြောရဦးမယ် ။

    Tomb Rider ကားထဲက မင်းသမီး အင်ဂျလီနာ ဂျိုးလီ ကလည်း ၊
    ကင်ဆာ ဖြစ်မှာကို စိုးရိမ်လို့ ( စိုးရိမ်လို့ ) တဲ့ ၊
    သူ့ရဲ့ နို့ကြီး ၂လုံးကို ဖြတ်ထုတ်လိုက်ပြီ ဆိုပဲ ။
    ( တော်တော်ဆိုးတဲ့ ကင်ဆာ ၊ ကြည့်စမ်း ၊ နှမျောစရာကြီး )

    ကျွတ် ၊ ကျွတ် ၊ ကျွတ် ၊ သနားလိုက်တာကွယ် ။
    အင်ဂျလီနာ ဂျိုးလီ ကို သနား တာ မဟုတ်ပါဘူး ။
    သူ့ ယောက်ျား ဘရက်ပစ် ကို သနားတာပါကွယ် ။ ဟီ ဟိ ။

    အင်ဂျလီနာ ဂျိုးလီ ကတော့ အစားပြန်ထည့်ထားတယ်ပြောတာပဲ ။

  • uncle gyi

    June 7, 2013 at 10:58 pm

    ကိုရင်ဖောရေးမှပဲဒေါက်ကလပ်အကြောင်းသိတော့တယ်
    ဘာပြောပြောမြန်မာကလူတွေအတော်များများမသိသေးဖူးမှတ်ပါတယ်
    အခုလိုစေတနာနဲ့ရေးပြလာတာအထူးကျေးဇူးပါ

  • ဂန္ဓာရီ ဆြာအုပ်

    June 7, 2013 at 11:49 pm

    အို ဘာပဲပြောပြော
    ဘာ…ပဲ… ပြော ပြော .. ပြော ပြော…..
    တိဘူး တားတားကဘာမှာ တိဘူး ၆၀ဝမမ နဲ့ ဆော်ချင်တာပဲ တိတယ် (၆၀ဝမမ=600mm tele)

    • Foreign Resident

      June 8, 2013 at 9:29 am

      ၆၀ဝ မမ = ၂ ပေ ။
      ဟယ်ယ်ယ်ယ် ၊ အရှည်ကြီးတော့ ။ အကိတ်ကြီးပဲ ။
      ဒါမျိုးကြီးနှင့်ဆိုရင် ၊ မိုက်ကယ် ဒေါက်ကလပ် လောက်က ၊ သနားတယ် ။

  • black chaw

    June 8, 2013 at 6:45 am

    ဘာသာပြန်သင်္ခန်းစာ ဆိုလို့ ဝင်ဖတ်လိုက်တာ
    ဘာသာပြန်ကြီးဖြစ်နေတယ်…။ :mrgreen:
    ဝင်ပွားလိုက်ဦးမယ် အဘရေ…။
    မင်းသမီးတွေထဲမှာ ဂျိုးလီရဲ့ ရင်သားက ဆက်စီ မဖြစ်ဆုံးပဲဗျ…။
    ဘယ်လိုခေါ်မလဲ…တွဲတွဲကြီး။
    ကျွန်တော်အတွက်ပြောပါတယ်…။
    အခု ဖြတ်ထုတ်တယ်ဆိုတာလည်း အစားထိုးတဲ့သဘောမို့
    ဘရက်ပစ် ကြီး ကြိတ်ဝမ်းသာနေမှာဗျ…။
    မရိုသေ့စကားဗျာ…သူက အရင်းပိုင်းသာ ဖြတ်ထုတ်တာတဲ့ဗျ…။
    ထိပ်ပိုင်း လေးတွေက အော်ပဲတဲ့…။
    ဂျာနယ်ထဲမှာ တစ်တစ်ခွခွဘာသာပြန်ထားလို့ ဖတ်ရတာပြောပါတယ်…။
    စကားအတင်းကြီးစပ်ကြဦးစို့…။
    ဘလက်ကြီးမျက်စိထဲမှာတော့
    ကက်သရင်းဇီတာဂျုန်း ကြီးရဲ့ရင်သားတွေက
    ဂျိုးလီရဲ့ရင်သားတွေထက် ကီးနည်းနည်းပိုမြင့်တယ်လို့
    ထင်မိပါကြောင်း…။
    :mrgreen:
    အော်…အနိစ္စ…ဒုက္ခ…အနတ္တ…။

    • Foreign Resident

      June 8, 2013 at 10:28 am

      ” ဂျိုးလီရဲ့ ရင်သားက —- တွဲတွဲကြီး ”

      ကွက်ကွက် ကွင်းကွင်း ကြီးကို မျက်စိထဲ ပေါ်ပါပေတယ် ၊
      ကို ဘလက် ခင်ဗျား ။

      ” ထိပ်ပိုင်း လေးတွေက အော်ပဲတဲ့ ”

      အဲ့ဒါဆို ၊ Sensitivity နဲနဲ ကျန်ဦးမှာပေါ့နော် ။
      Frigid မဖြစ်ပဲ Responsive ဖြစ်သေးတယ်ပေါ့ ။ ဟီ ဟိ ။

  • ဦးဦးပါလေရာ

    June 8, 2013 at 8:18 am

    တော်တော် အဘိုးတန်တဲ့ ပိုစ့်ပါပဲ…
    Oral Sex ဆိုတာ မလုပ်ရဘူးတော့ မပြောလိုပေမယ့်
    ကိုုယ့် ပုံမှန် လိင်ဆက်ဆံဘက် (ရည်းစား၊ ဇနီးခင်ပွန်း) အချင်းချင်းသာလုပ်သင့်တယ်..။
    ခင်ဗျားတို့က ပြောမှာပေါ့- တကမ္ဘာလုံးလဲ ဦးပါလေရာပြောတဲ့အတိုင်းပါပဲ ဆိုပြီး….
    မဟုတ်ဘူးနော်… မဟုတ်ဘူး…
    အခုရန်ကုန်မှာ (မြန်မာပြည်မှာ) က
    ရှေ့ပိုင်းခေတ်တလျှောက်လုံး အကုန်ပိတ်ကာထား…
    လူနေမှု့ဓလေ့ကလဲ sex ဆိုတာကို မပြောကောင်းမကြားကောင်းတဲ့ တိုးတိုးသားလိုဖြစ်စေတော့-
    အရွယ်လေးရောက်လို့ ကလေးတွေ ရွလာကြတဲ့အခါ အပြာကားတွေထဲကအတိုင်း အတုခိုးကြတယ်။
    အတုခိုးပြီး ဘယ်မှာလုပ်သလဲဆိုတော့-
    ကိုယ့်ကို အပြစ်မတင်မယ့် ကိုယ့်ကိုအထင်မသေးမယ့် နောင်လဲ ထပ်တွေ့စရာ (မျက်နှာပူစရာ)မလိုတဲ့
    ပြည့်တန်ဆာတွေနဲ့ ပျော်ပါးတဲ့နေရာမှာ လုပ်ကြတာများတယ်။
    အရမ်းအန္တရာယ်များပါတယ်…

    ကလေးတွေ …..
    ပြည့်တန်ဆာနဲ့ပျော်ပါးရင် ကွန်ဒုံသုံးပြီး ရိုးရိုးအတိုင်းဂိုး
    ကိုယ့်ရည်းစားနဲ့ကိုယ်ဆိုရင်တော့ နင်တို့သဘော …..။

    • Foreign Resident

      June 8, 2013 at 10:12 am

      ဦးဦးပါလေရာ က သိပ် ဗဟုသုတ စုံတာပဲ ။
      ဒါကြောင့် နာမည်ကြီးနေတာ ဖြစ်မယ် ။ ဟီ ဟိ ။

    • kai

      June 8, 2013 at 4:35 pm

      လှေကြီးထိုး..ရိုးရိုး..ဆိုတာ.. အဲဒီကလာတာပါ…
      ဆိုတော့…
      သင်လက်စနဲ့.. ဂျီစပေါ့. အကြောင်းပါသင်ပေးလိုက်ကြပါလား.. ဟင်င်.. :kwi:

  • ဦး ကျောက်ခဲ

    June 8, 2013 at 8:57 am

    ဟမ်… မောင်ကျောက်က လက်သင်လေးမို့
    အံ့ဩပါပေ့ … ကျောင်းဒကာ အဘဖောရယ်လို့ပဲ ရေရွတ်မိပါတယ်…
    ကြုံလို့ဆက်ပွါးရရင် ကိုရွှေဒေါက်ကလပ်က ဇီတာဂျုံးကလေးနဲ့ မညားခင်…
    ဟောလီးဝုဒ်မယ်ကလေးတွေနဲ့ အတော်ပွေးဖူးတဲ့အပြင်…
    အဲဒါကြီးကိုလည်း အတော်နှစ်သက်တဲ့အကြောင်း မဂ္ဂဇင်းတစ်စောင်မှာ ဝန်ခံဖူးလေရဲ့…
    ဒါမျိုးက “Something special for SOMEONE SPECIAL” မဟုတ်ဖူးလားဟင်…
    :harr:

    • Foreign Resident

      June 8, 2013 at 10:10 am

      ” မောင်ကျောက်က လက်သင်လေးမို့ ”

      ဟယ် ၊ မောင်ကျောက်က လက်သင် အဆင့်ဆိုတော့ ၊
      တစ်ခါမှ ၊ မ တစ်ခါဘူးတာ ၊ မဟုတ်တော့ဘူးပေါ့ ။
      စ စမ်းနေပြီ ၊ စ ကျင့်နေပြီ လို့ ဆိုလိုတာလားဟင် ။ 😛

  • ကြက်အူလှည့်

    June 8, 2013 at 10:38 am

    ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်တာ.
    ကံကောင်းလို့မသေတဲ့ သံချောင်းတို့အဖေ ကို. အားကျလေရော့ထင့်. ကွိကွိ.
    လူကြီးနဲ့လူငယ် ခေတ်ကွာတာပျောပါဒယ်. သများဒို့ကတော့.
    စကားလက်နှ စကားလက်ပဲ. မွမွ. ရှလွတ်ရှလွတ်.
    :528:

    • KZ

      June 8, 2013 at 10:55 am

      နခေါင်းကြီးကြီး::၊
      သွားခေါခေါ၊
      မျက်လုံး ပြူးပြူး
      စက်ဆီ ကျ ဂျောင်ဆောင်ထားရဒဲ့ မင်းဘမီး ကို ပေါဒါလားဟမ်??
      :kwi:

      • ကြက်အူလှည့်

        June 8, 2013 at 10:58 am

        ဟိုတခါ ခညားပြောတော့ ခညားငယ်ငယ်က
        သူနဲ့တူသဆို. အော်. ရယ်
        ဖစ်မှဖစ်ရလီ.
        သနားထှာ

        • KZ

          June 8, 2013 at 11:04 am

          ဪ။ မှတ်မိတယ်လား။
          ဒီ က နောက်တာရယ်။
          အတည်မမှတ်နဲ့။ အဟွတ်။
          :kwi:

  • မောင် ပေ

    June 8, 2013 at 12:10 pm

    သိပ် မ ကြာ သေး ခင် ဆီ က
    ဟိုး လေး တ ကျော် ဖြစ် သွား တဲ့
    မင်း သ မီး လေး ဆို လား ဘာ လား
    အ ပိုင်း ၁ / ၂ / ၃ ထဲ မှာ တောင်
    အော် ရယ် ဆက် ပါ သေး တယ် မှတ် တယ်
    ရေ ငံ ပိုင် ကြီး ရေ
    အ တက် က ကြီး ပြီ ဆို တော့ တယ် မ မှတ် မိ ချင် လှ ဘူး ကွယ်

    • Foreign Resident

      June 8, 2013 at 1:16 pm

      ” ဟိုး လေး တ ကျော် ဖြစ် သွား တဲ့ မင်း သ မီး လေး ဆို လား ဘာ လား
      အ ပိုင်း ၁ / ၂ / ၃ ထဲ မှာ တောင် အော် ရယ် ဆက် ပါ သေး တယ် မှတ် တယ် ”

      ကိုပေ ပြောတာ ၊ အခု အဘ တို့ တောင်ကျွန်း ကိုရောက်နေတဲ့ ၊
      အဆိုတော် မင်းသမီးလေး ဖြစ်မယ် ထင်တယ် ။

      မှန်တာပြောရရင် ၊ အဲဒီ မင်းသမီးလေး ရဲ့ အဆင့်က ၊
      အော်ရယ်ဆက် အဆင့်ထက် အများကြီး အဆင့်မြင့်သွားပါပြီ ။

      သူကလေး က မျက်စိကာ ၊ လက်ထိတ်ခတ် ၊ ရိုက်နှက်တာတွေပါ ပါတဲ့အတွက် ၊
      Sadomasochism နှင့် BDSM အဆင့်ကို ရောက်သွားပါပြီ ။
      အော်ရယ်ဆက် ထက် အများကြီး ( အများကြီး ) ကို အဆင့်မြင့်သွားပါပြီ ။
      တော်ကြာ မင်းသမီးလေး ကြားသွားရင် ၊ သူ့ကိုနှိမ်ရမလားလို့ စိတ်ဆိုးနေပါ့မယ် ။

      အင်း ၊ ရွာသူားတွေ နိုင်ငံတကာ ဗဟုသုတပွားရအောင် ၊
      အဲဒီ BDSM အကြောင်း ရေးတင်လိုက်ရင် ၊ ကောင်းမလား မသိ ။ ဟီ ဟိ ။

      အင်း ၊ မဖြစ်သေးပါဘူးလေ ။ သူကြီး ရွာ လည်း ညှီကုန်ပါ့မယ် ။ ဟီ ဟိ ။
      သိချင် ၊ ကြည့်ချင်သူများရှိရင် ၊ အဘ နှင့် ရန်ကုန်မှာ တွေ့မှပဲ မေး / တောင်း ကြပေါ့ ။

      ( ဗမာပြည်က သူဋ္ဌေး ကြီး ၊ သူဋ္ဌေးမ ကြီး တွေကတော့ ၊ ယိုဒယားအထိ သွားပြီး ၊
      အဲဒီ BDSM Live Show တွေကြည့်ကြ ၊ စမ်းကြတယ် ကြားတာပဲ )

      • ဦး ကျောက်ခဲ

        June 8, 2013 at 4:42 pm

        ဖျား… ဖျား Sadomasochism အန် BDSM တဲ့လား….
        သူငယ်ကျောက်ကတော့ နားပါလို့ကြား မျက်စေ့ပါလို့ ကြည့်လိုက်မိတယ်…
        အလို… ဖြုံဆင်ကြီးပါ တကား…
        ဟီ ဟိ… လမ်းကြုံလို့ပွါးရရင် အနှီမယ်တော်လေးရယ်…
        ချစ်သောကိုကိုရယ် သူ့ယောက္ခမတော်ဖျားရယ်ကို…
        PERTH က ယင်းဂလိတ်ဘုန်းကြီးကျောင်းမှာ ဆုံခဲ့ဖူးတာပေါ့…
        သများကို ပုရိတ်သတ်မှန်း သိအံ့မထင်… သများရဲ့ ညီမ…
        မိဗိုက်နဲ့ပဲ ပွါးနေတာမို့… တင်းတယ်
        :harr:

  • Mr. MarGa

    June 8, 2013 at 12:12 pm

    ဘဖောရေ
    ဘဖောရဲ့ ဘာသာပြန် သင်ခန်းစာကို
    ဘာသာပြန်တွေပဲ ဖတ်သွားပါသဗျ :mrgreen:

  • ကြက်အူလှည့်

    June 9, 2013 at 9:49 am

    အဘ ကိုဟာသပြောဦးမယ်
    တကယ့်ဖြစ်ရပ်ခည.
    ကျော်တို့ရဲ့ ချစ်လှစွာသော ကိုငှက်ပေါ့ဗျာ.
    သူ့နောက်ဆုံးနေ့တွေမှာ ဟိုဒီဇိုင်နာကြီး ဖွင့်ထားတဲ့ ဂီတာကဖီးမှာ
    အနေများခဲ့ပါသတဲ့. သိတဲ့အတိုင်း ကိုယ့်ဆြာကလည်း လေမှုတ်တူရိယာ
    ဆြာကိုးဗျ. ည ည ဘယ်သူလာသီချင်းဆိုဆို. သူက ဟာမိုနီကာလေးလိုက်မှုတ်နေလေ့ရှိပါသတဲ့.

    တညသားဗျာ. အန်တီလေး. မကော် စင်ပေါ်တက်ဆိုပါသတဲ့.
    ဆိုတဲ့သီချင်းကလည်း ဟာမိုနီကာမှုတ်လို့ကောင်းလောက်တဲ့ သီချင်းအေးအေးလေး
    ဖြစ်ဟန်ရှိသဗျ. ဆြာသမားလည်း.စင်အောက်ကနေ ကြိုးမဲ့ မိုက်ခရိုဖုန်း တလုံးတောင်းပီး အကျအန ဟာမိုနီကာ မှုတ်သပေါ့လေ.
    သီချင်းလည်း ဆုံးရော အာပျိုယီး မမ စကားကြောင့် ဆြာသမား ဖိုးသိုးဖတ်သတ် ကျန်ခဲ့ဖူးလေရဲ့ဗျာ ခိခိ
    ဘာတဲ့. အားပေးကြတဲ့ ပိတ်သတ်ကြီးကို ကျေးဇူး တင်ရှိပါတယ်. အောက်ကနေဘာဂျာမှုတ်ပေးတဲ့
    ကိုငှက်ကိုလည်း ကျေးဇူးအထူးပါ. တဲ့.
    ခွိခွိ

    :kwi:

    • ဇဂါး လွတ်

      June 9, 2013 at 12:56 pm

      ခုု ဖွဘုုတ်မှာ ၂ပင်လိမ် ရုုပ်ရှင်ကား ခေတ်စားနေတယ်။
      “ဘယ်လိုုပြောရမှန်း မသိတော့ပါဘူး” ဆိုုပဲ။ ငိငိငိ
      :kwi:

    • Foreign Resident

      June 9, 2013 at 4:05 pm

      ” ၂ပင်လိမ် ရုုပ်ရှင်ကား ခေတ်စားနေတယ်။
      “ဘယ်လိုုပြောရမှန်း မသိတော့ပါဘူး” ဆိုုပဲ ”

      ဟင် ၊ မင်းသမီး အိပ်ရာခင်းကို ကုတ်ခြစ်နေတုန်း ၊
      မင်းသား စောင်ကြားကနေ ခေါင်းကြီးထွက်လာတဲ့ ကား မဟုတ်ဘူးလား ။

      နောက် အသစ် ဆိုရင် Link ပေးပါအုန်း သမီးရေ ။

      • ဇဂါး လွတ်

        June 10, 2013 at 6:06 pm

        ကျန်း:::::::
        ကျုပ် အဘဖောက ကျုပ်ထက် ခေတ်မှီချက်တော့။
        ဟုတ်တယ် ဘဖော။
        အဲဒီ ကားပဲ။
        :harr:
        ကျနော် မနေ့ကမှ ကြည့်ဖူးတယ်။
        ဟီး:::
        သင်ချာလေးလည်း မလွယ်ဘူးပဲ။
        :kwi:

        • ကြက်အူလှည့်

          June 10, 2013 at 7:22 pm

          ဟဲ့ ပွက်ဆိတ်ကိုက်တာပဲ တွန့်မပေါ့.
          ပွက်ဆိတ်ဝင်ဖမ်းတာပဲ ဂလောက်တော့ ချိမပေါ့.
          ပွက်ဆိတ်မိဘီ. အိုကေလား. မေးတာလေးကိုပဲ. အပြာကားဒဲ့.
          အပြာကား မကျိဖူးဂျဘူးလားမသိ. ခက်စ်တော့တာပဲ.
          လိပ်စာပေးပါ့မအေ. အိပ်ယာအောက် လာနှိုက်လည့်ရီ.

          :528:

          P.S. ကျုပ် ကြည့်ပြီးတာ ၃ လလောက်ရှိပြီ ခုမှ ဘာလို့ ထပွက်နေတယ်မသိ.
          ကွိကွိ.

  • ဦးကြောင်ကြီး

    June 9, 2013 at 9:04 pm

    မိုက်ကယ်ဒေါက်ကလပ်က အဲဒီဟာကြောင့် မဟုတ်ပါ ပြန်ငြင်းတာ တွေ့မိတယ်..။ ဆရာဝံက ဖြစ်နိုင်ခြေကို ပြောတယ်ဆိုလား.. ဟုတ်ချင်လဲ ဟုတ်ပေမပေါ့… အနောက်နိုင်ငံတွေမှာတော့ အဲဒီ အော်ရယ်စက်ကိစ္စ ချာတိတ်တွေကို ပညာပေးနေတယ်။ ကိုယ်ဝံမရှိ လူမသိ အဆင်ပြေတယ်နဲ့ အတော်ကျယ်ပြန့်လာလို့.. လည်ချောင်းကင်ဆာ ဖြစ်နိုင်ကြောင်း ပညာပေးမှုတွေ လုပ်နေဂျပီ.. တလောက မင်းသမီး တယောက်နဲ့ အင်တာဗူးမှာ သူက အော်ရယ်စက်ကို မကြိုက်ကြောင်း၊ သူနဲ့ဒိတ်တဲ့ အချို့နူးဘာဂိုဏ်းသားတွေ (ဥပမာ – မောင်ဂီလိုမျိုး) က ခြေဆုံးဂေါင်းဆုံး လျှာကျွေးတာ ဝါသနာသိပ်ပါဂျောင်း၊ အဲလိုကျွေးမှ စွဲတယ်ထင်ကြဂျောင်း.. သူကတော့ အဲသလိုကျွေးလို့ ဖြစ်ရတဲ့ စိတ်လွတ်ကိုယ်လွတ် ခံစားမှုကို မနှစ်သက်ကြောင်း (တခါထဲ အဲဒီဖီလင်မှာ မျောမေ့သွားတာမျိုးကို ဆိုလိုတာဖြစ်ပါလိမ့်မယ်)၊ လိင်အရသာ ခံစားနေစဉ် ပါတနာရဲ့ ထိန်းချုပ်မှု မခံနိုင်လိုဘူး ထင်ပါရဲ့ဗျာ..။ လုကန်ဝကန် နှစ်ယောက်ကန်လို့ ခြင်ထောင်ပြဲရတာမျိုး နှစ်သက်ပုံရတယ်…။ ဦးဖောတို့ ဩဇီမှာတော့ ခြင်ထောင်မလိုလို့ ကုတင်ကျိုးလေမလားဗဲ…. :harr:

  • Nan Shin

    June 10, 2013 at 3:00 am

    သားသားကြိုက်ကြိုက် ဟီး..Oral Sex ကိုပြောတာဟုတ်ဘူးနော်။။
    ဘဘရဲ ့ဘာသာပြန် နိသ်သျည်းကို ပြောတာ။

  • kyeemite

    June 10, 2013 at 4:18 pm

    ဒီတစ်ခေါက် ကိုရင်ဖေါရဲ့ ဘာသာပြန်သင်္ခန်းစာက ဂွတ်တယ်ဗျို့
    ဗဟုသုတလည်းရပါတယ်..ကိုပါပြောသလို လူငယ်ခြေစမ်းတွေဆင်ခြင်နိုင်တာပေါ့..

  • ကိုရင်စည်သူ

    June 10, 2013 at 4:35 pm

    အဘဖောရဲ့ ဘာသာပြန် အထူးကောက်နှုတ်ချက်များကို
    အထူးလေ့လာမှတ်သားအတုယူသွားပါတယ်ခင်ဗျာ..။
    တခါတလေ ဒီလျှာတစ်ချောင်း အရသာဖူလုံဖို့ ရုန်းကန်လုပ်စားနေကြပါလားဆိုတဲ့..
    အနိစ္စတရားတွေ တွေးတောမိသော်လည်း သမာဓိခိုင်သမို့.. အနိတ်လေးတွေ
    မြင်ရင် စချင် မိနေကြောင်းပါအဘရယ်.. :mrgreen:
    ရွာသားများထဲက ကျွဲလျှာ အကြောင်းသိချင်သူများကောပါရဲ့လား… :kwi:

    ခင်မင်တဲ့
    မိုက်ကယ်ဒေါက်တိုစည်…

  • kai

    June 14, 2013 at 2:18 am

    ဘာရယ်မဟုတ်..
    တွေ့လို့တင်လိုက်တာ…

    Can Sperm Act as a Natural Superfood?
    Jun 4, 2013 07:00 PM ET // by Jennifer Viegas

    Certain females consume male ejaculate and sperm as if they were food, using the nutrients to fuel their own bodies as well as their eggs, according to new research.
    Play Video
    Sperm is the New Superfood
    Yeah, it’s gross, but our bodily fluids actually have a lot of nutrients in them!
    DCI

    The study, published in the journal Biology Letters, adds yet another dimension to the battle between the sexes.
    ..
    ..
    Humans, again, may swallow sperm, but it’s not standard behavior during reproduction.
    ..
    http://news.discovery.com/animals/sperm-can-be-superfood-130604.htm?SSFEAT=1400DNEWSOGRecs-1367966217880&SREF=CustomerSite&SFBState=Unknown

    • Foreign Resident

      June 14, 2013 at 5:25 am

      Information အတွက် ကျေးဇူးပါ သူကြီး ။
      အင်းးးးး ၊ Protein ပါဝင်မှု များမယ် ထင်ပါတယ် ။

Leave a Reply