သာမန်လူ

alinsettJune 8, 20134min32025
မိုး... မလင်းချင်သေးဘူး ။
မိုး… မလင်းချင်သေးဘူး ။

 

 

ဒီလောက် လင်းနေမှတော့ မိုး မလင်းသေးဘူးထင်ပါရဲ ့။

 
ဆက် အိပ်ချင်သေးသည်။
 
အိပ်ရာ ပေါ်မှာတော့ ကိုယ် ဖြစ်ချင် သမျှတွေ ဖန်တီးဆောင်ရွက် ရာမှာ အထ မြောက် နိုင်သည်။
 
မျက်လုံးကလေး မှိတ်ပြီး ငြိမ်ငြိမ်ကလေး နေလိုက်ရုံနဲ ့ ပျော်စရာ တွေ ဖြစ်လာသည်ပဲ။
 
တကယ်တော့ မိုးလင်းမှာကို ကြောက်သည်။
==========================================
အဆင်မပြေမှုတွေ များသော ခပ်ညံ့ညံ့ ဘဝကို ဘယ်သူ ယူချင်မှာလဲ။
 
ဒါပေမယ့် ခါးသီး သော အမှန်တရားတွေကို ကံပဲပေါ့ကွယ်  ဆိုတဲ့စကားနဲ ့မြိုချနေခဲ့ရတာ ကြာပါပြီ ။
 
သူများတွေ အတွက် တိတ်တိတ်နေခြင်းက ထောင် တန်ချင်တန်လိမ့်မယ်။
 
စကားများများမပြောပဲ အမြဲလိုလို တိတ်တဆိတ်နေတတ်တဲ့ ကိုယ့်အတွက်တော့ တိတ်တိတ်နေခြင်းဟာ တစ်ပြားမှ ကို မတန်ခဲ့။
 
ကိုယ့်လမ်း ကိုယ်ဖောက် လျှောက်မယ်ကွာ လို ့ဆုံးဖြတ်ပြီး စ လျှောက်ကတည်းက အခုထိ မိုးထဲ လေထဲမှာ လျှောက်ခဲ့ရတာ။
 
ထီး ဆောင်း ရကောင်းမှန်း / ဖိနပ် စီးရကောင်းမှန်း/ မိုးခိုရ ကောင်းမှန်း လုံးဝ မသိခဲ့။
 
ထမင်းတစ်နပ်လောက် အတွက် မရေးချင်တဲ့ကဗျာတွေရေးရတဲ့အခါ …………..
 
ထမင်း တစ်နပ်အတွက် ရေးချင်တဲ့ကဗျာကို မရေးရတဲ့အခါ……………………..
 
ကိုယ့် ယုံကြည်ချက်ကို ကိုယ်ပြန် ခေါက်သိမ်းပြီးးး ရယ်ကျဲကျဲ လုပ်ကာ လက်လျှော့ လိုက်လျောရတဲ့အခါ …….
 
မငြင်းသာတဲ့ တုတ်နှောင်ခြင်း ကြိုးတွေကို အားကုန် ရုန်းမရတဲ့အဆုံးးး အရှုံးပေးလိုက်ရတဲ့အခါ ………………
 
အဲဒီလို အခါမျိုးတွေမှာ …….ကိုယ့်လျှာ ကိုယ်ပြန်ကိုက်ပြီးး အဆိပ်တက် သေပစ်လိုက်ချင်တယ်။
 
:byae: :byae: :byae: :byae:
=========
 
လက်တွေ ့ဘဝမှာ ရည်မှန်းထားသမျှတွေ  တဝုန်းဝုန် ပြိုလဲ သွားတာ များလွန်းတော့လည်း
 
လူသားဘဝဆိုတာ အလံလှဲချပေးရခြင်းလား လို ့တောင် ယူဆမိတဲ့အထိ။
 
ကိုယ့် အတ္တတွေက သူ ့အတ္တတွေအောက်မှာ လူးလွန် ့မထ နိုင်တော့ဘဲ ချ ခင်းပေးရလွန်းလို ့
 
ကိုယ့်ဆန္ဒဆိုတဲ့ စကားလုံးလည်း ပျောက်ဆုံးခဲ့ ။
 
မာနတွေကို အမောက်တထောင်ထောင် လုပ်နေတဲ့ သူတို ့ရဲ့ ကစားပွဲထဲမှာ
 
ကိုယ်က….
 
အသုံးမကျတဲ့ ထမင်းသိုး ဟင်းသိုး သာ ဖြစ်ခဲ့။
 
အတိုက်အခိုက်တွေများတဲ့ အမိုး အကာ ကိုမှ
 
ကိုယ်ကလည်း အရိပ်စစ်ပဲလို ့မှတ်ယုူထားသူတစ်ယောက်မို ့
 
ကျိန်စာမိသူများ စာရင်းမှာ ကိုယ့်နာမည် က  တစ် ဖြစ်လျက်သားး။
 
ဘယ်တတ်နိုင်မလဲလေ။
 
အမှန်တရားကိုလျှာနဲ ့ တို ့ထိ စားသုံးဖို ့ရာ သတ္တိ မရှိခဲ့သူပါကွယ် ။
 
လက်ထဲက ထွက်ကျ လာတဲ့ အမှန်တရားတွေ က ပန်းရနံ ့ သင်းပြီးး
 
သကြားလို ချိုနေတာ
 
သိလျက်နဲ ့ ဆေးဘက်ဝင် သယောင်ယောင် လက်ခံပေးနေသူတွေ ကြားမှာ
 
သမားရိုးကျတွေနဲ ့ဝေဝေဝါးဝါး
 
ရေးချခဲ ့သမျှ စကားလုံးတွေကို ကကြီးလေးတစ်လုံးက အစ
 
လိုက်ကောက်ပြီး ကိုယ့်ရင်ဘတ်ထဲ ပြန်ထည့်သိမ်းလိုက်ချင်ပြီ ။
=======================================
 
အခုတော့…………………….
 
မျဉ်းပြိုင်တွေ ရဲ ့ ဆုံမှတ်တစ်ခုမှာ…
 
ခဏ ဆက်အိပ်လိုက်ပါဦးမယ် ။
 
ဒီလောက် လင်းနေမှတော့…..
 
မိုး..မလင်းသေးဘူး ထင်ပါရဲ ့ ။
===========================================
 
မိုး…တကယ်လင်းမှ 
 
ကျွန်တော့်ကို……..
 
လှုပ်နှိုး ပါ ။
============================================
အလင်းဆက်
7. 6 .2013 .
alinsett.art@gmail.com
 
==============================================
သူငယ်ချင်းတစ်ယောက်က….
နေ့လည်က ကျွန်တော် ့.. စာကိုဖတ်ပြီးတော့…..
မှတ်ချက်ကလေးပေးလာပါတယ် ။
မင်း စာ ဖတ်လိုက်တာ.. ခေါင်းမူးသွားတယ်…တဲ ့ ။
ကျွန်တော့် စာတွေ  / ကဗျာတွေက်ို  ဖတ်ပြီး.ခေါင်းမူးတတ်တဲ ့ မိတ်ဆွေတွေ လည်း..မနည်းဘူး ရှိနေပါပြီ ။
အခု… အဲဒီ ခေါင်းမူးသွားတယ်..ဆိ်ုတဲ့ မိတ်ဆွေတွေအတွက်…အမောပြေ လေး…
ထည့်ပေးထားပါရစေ ။
ကျွန်တော့် စာကို ဖတ်ပြီး.မူးသွားတယ်ဆိုသူတွေ အတွက်.။အမူးအမော်ပြေ
ကျွန်တော့် စာကို ဖတ်ပြီး.မူးသွားတယ်ဆိုသူတွေ အတွက်.။အမူးအမော်ပြေ

 

25 comments

  • KZ

    June 8, 2013 at 11:11 am

    အန်။
    အဲ။
    အင်း:::
    ဘာပြောရမှန်းမသိဘူး။
    ပြောရဲတဲ့ ပြောလိမ့်မယ်။ :mrgreen:

  • Mr. MarGa

    June 8, 2013 at 11:32 am

    ကိုရင်ရေ
    မိုးလင်းပြီဟဲ့ ထတော့
    နင် ဖောင့်ကို ဒါလောက် အကြီးကြီး ရေးမှတော့
    ဘယ်လိုလုပ် သွား ဖတ်မလဲဟဲ့
    ဖတ်ရင်းဖတ်ရင်း မျက်စိတွေ လည်နေတယ်
    ဒဏ်ပေးတဲ့အနေနဲ့
    ကဗျာပို့စ်ကို နင် တင်စေသဒီး…………….. :mrgreen:

  • may july

    June 8, 2013 at 1:50 pm

    သာမန်လူဆိုရင်လည်း သာမန် ဖောင့်နဲ့ ရေးပါလားကွယ် …
    သာမန်မျက်စိနဲ့ကြည့်ပြီး လူလဲ သာမန်မဖြစ်တော့ပါဘူးးး… :kwi: :kwi:

  • ဗုံ ဗုံ

    June 8, 2013 at 3:04 pm

    မောင်လေးရေ ထပါတော့..
    ရောင်နီလာမှပေါ့..
    တစ်ကျော့ ..နှစ်ကျော့ တေးကိုသီ.. :mrgreen: :mrgreen:

  • အလင်း ဆက်

    June 8, 2013 at 3:41 pm

    မမခိုင်ဇာ…ရေ..
    ဘာပြောရမှန်းမသိတာတောင်..
    မသိတဲ့ အကြောင်းလေးပြောသွားတာ ဆိုတော့….
    ဘာပြောရမှန်း.သိသွားလို့ပေါ့ ။
    ဘာပြောရမှန်း မသိတဲ့ အကြောင်း..ပြောသွားတယ်လေ… ။
    :kwi:
    :kwi:

  • အလင်း ဆက်

    June 8, 2013 at 3:44 pm

    အူးမာဂ ရေ…
    စာလုံးကို ပြင်လိုက်ပြီနော် ။
    ဒဏ်ပေးချက်ကိုလည်း..ပြန်ရုတ်သိမ်းပေးပါ ။

    နာ့ကို တခြား အပြစ်ပေးပါ ။
    အုပမာ..ချစ်သုဝေနဲ ့ တစ်ရက် အတူတူနေရမယ်..တို ့….
    ချစ်သုဝေ နဲ ့…. ကမ်းခြေ ခရီးတစ်ပတ် ထွက်ရမယ်.တို ့…
    ချစ်သုဝေ နဲ ့ … သီချင်းတစ်ပုဒ် အတူတူတွဲဆိုရမယ်တို ့…
    ချစ်သုဝေ ရဲ ့ လက်ကလေးကိုကိုင်ထားရမယ်တို ့……

  • အလင်း ဆက်

    June 8, 2013 at 3:47 pm

    လေးလေးပေ..
    အမှတ်တရ ကဂျာ..လည်း..ခုထိ မပေးသေးဘူး ။
    လေးလေးပေရဲ ့ကွန်မန့်တွေကိုပဲ.. ကဗျာအဖြစ်..ယူလိုက်ရမှာလား ..ဟင်…
    :kwi:

  • အလင်း ဆက်

    June 8, 2013 at 3:49 pm

    may july ရေ..
    သာမန်လူ ပီပီသသ… ကြီးတာကြိုက်မိပါတယ်ကွယ်..။
    ဒါကြောင့်.. စာလုံးအကြီးတွေနဲ ့ ရေးမ်ပါတယ်ကွယ်….
    အခုတော့.. သကြားမင်းး ပေးမယ့် အပြစ်ဒဏ်ကို လန် ့လို ့.. သာမန် အတိုင်းပဲ.ရေးလိုက်ပါပီကွယ်…။
    :kwi:

  • အလင်း ဆက်

    June 8, 2013 at 3:53 pm

    မိဗုံ…
    နာ ့ကို နီ က
    အူးလေးခေါ်လိုက်
    မောင်လေးခေါ်လိုက်…
    နောက်ထပ်.. ဘယ်လိုတွေ ခေါ်နေအုံးမှာလဲ…

    ဒါပေမယ့်.. ဒညင်းဝက်လို ့.. မခေါ်တာပဲ ကျေးဇူးတင်နေသေးတယ် ။
    ဒါပေမယ့်.. မင်းမော်ကွန်းနဲ ့တူတဲ့ အလင်းဆက် လို ့ခေါ်ရင်.. ပိုကောင်းမယ် ။
    :kwi:

  • ဦး ကြိမ်

    June 8, 2013 at 7:28 pm

    ကျွန်တော် တစိတ်စားသွားမယ်နော် ကိုလင်း……….။

  • အရီးခင်လတ်

    June 8, 2013 at 7:56 pm

    အလင်းဆက်ရေ
    ဒီမှာတော့ နွေဆို နေ့တာရှည်လွန်းတယ်။
    ညဆို ၉ နာရီ တောင် နေမဝင်သေး၊
    မနက်ဆို ၄နာရီ ဆိုလင်းပြီ။
    ဒီတော့ မိုးမလင်း ဘဲ လင်းနေတာ ကာဖို့ ကန့်လန့်ကာ အထူကြီး တွေ လိုတာပေါ့။
    ဘာရယ်မဟုတ် ဝင် နှောက်သွားတာ။ 😆

  • အလင်း ဆက်

    June 8, 2013 at 8:08 pm

    ဦးကြိမ်…
    တစ်စိတ် စား သွားလည်း..မလျော့ ပါဘူး ။
    ဂဒီ းဂဒီ း လာ စားလှည့်ပါ ။
    :kwi:
    :kwi:
    ခေါင်းမူးသွားတယ်.ဆိုတဲ ့ သဘောပေါ့နော် ။
    တော်သေးတယ် ။ အမူးပြေအောင် စီစဉ်ပေးထားလို ့…။
    🙂
    ====================

  • အလင်း ဆက်

    June 8, 2013 at 8:17 pm

    အရီးးး

    အက်ဒါပြောတာပေါ့ ။
    မိုး တကယ်လင်းမှ နှိုးပါ..လို ့ ။

    မိုးလင်းတယ်…ထင်ပြီး…တကယ် မိုးမလင်းတဲ ့ အခြေအနေတွေကို…
    ကျွန်တော် မချစ်ဘူး ။

    ဒီ စာလေးတွေ ချရေးဖြစ်တာကိုက….
    ကျွန်တော်……….

  • lele kyi

    June 8, 2013 at 11:14 pm

    ကျမ လည်းမိုးလင်းမှ အိပ်ရာက နိုးချင်တယ်။ အမြဲတမ်း ၅နာရီခွဲ အိပ်ရာထပြီးရုံးကား အမှီပြေးရတဲ့ဘဝကို ဝန်းနည်းလွန်းလို့ပါ။ 🙁

  • padonmar

    June 9, 2013 at 12:36 am

    အလက်ဆင်းရေ
    တစ်ခုခုကိုများ ခါးသီးနေမိသလား…
    အချိန်တန်ရင်တော့ မိုးလင်းရတာပဲနော်..

  • အလင်း ဆက်

    June 9, 2013 at 7:44 am

    lele kyi ရေ
    ဘွတူ ပါတယ်။
    ကျွန်တော်လည်းးးးးးး
    🙂

    =====================

    အန်တီ ပဒုမ္မာ ရေ

    အသေအချာပါပဲ ။
    ကျွန်တော် တစ်ခုခုကို ခါးခါးသီးသီး ခံစားနေ ရ ချိန် ပါ။

    မိုးလင်းမှာ လည်း ကြောက်မိတယ်
    မိုးချုပ်မှာ လည်း ကြောက်မိတယ်
    တကယ်တော့ ကျွန်တော်
    အိပ်စက် ချင်ပြီ

  • အရိပ်စစ်

    June 9, 2013 at 5:31 pm

    မိုးလင်းချင်တဲ့ အချိန်တွေ မိုးချုပ်ချင်တဲ့ အချိန်တွေနဲ့
    ရေးချင်တဲ့ ကဗျာတွေကို များများရေးနိုင်တဲ့ အချိန်တွေကို
    မြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..

  • အလင်း ဆက်

    June 9, 2013 at 5:39 pm

    အရိပ်စစ် ရေ
    အဲဒီ ဆုတောင်း လေး ကို သွေးရူးသွေးတန်း လိုအပ်နေတာပါကွယ်။

    ဘဝ ဟာ နေပျော်စရာ မရှိဘူးလို ့ ထင် မှတ် နေ မိတဲ့အထိ
    မွန်းကျပ် နေသူ
    တစ်ယောက် အတွက်
    အဲဒိ ဆန္ဒပြုမှုလေး ပြည့်လာဖို ့
    စမ်းတဝါးဝါး မျှော်လင့် ရုံပါပဲလေ . . . .

  • ဦးကြောင်ကြီး

    June 9, 2013 at 9:42 pm

    သာမန်လူ
    ညာသံဆူ
    ကာရန်အူ
    စာခံဘူ
    ကြာမှန်ဖြူ
    သာညဏ်ကူ
    လာဟန်မူ
    အာဖျံကြူ..

  • Nan Shin

    June 10, 2013 at 2:01 am

    သာမန်သာမန်နဲ ့အသာစံသွားခဲ့တာတွေလဲများပေါ့။။။
    ပုံမှန်ပုံမှန်နဲ ့စုန်ကန်သွားတဲ့သူတွေကလဲ ဒုနဲ ့ဒေး။
    အမှန်အကန်ဆိုပြီး အကြံအဖန်တွေနဲ ့ဒဏ်မခံနိုင်အောင် လုပ်သွားသူတွေကလဲ တစ်ပုံတစ်ခောင်း။
    အစစ်အမှန်ဆိုပြီး အချစ်အခံမရှိဖူးသူကို ပြစ်ကန်သွားသူတွေကလဲ ထောင်နဲ ့သောင်းနဲ့။

    အို ့…… ဆရာအလင်းဆက် ရဲ ့သာမန်ကို ဖတ်မိတာနဲ ့ဘာတွေ လျှောက်ရေးနေမိမှန်းတောင် မသိတော့ဘူး။ 🙂

  • အလင်း ဆက်

    June 10, 2013 at 9:49 am

    အူးကြောင်
    အဟိ။ သူ ့ကာရန် တွေနောက် မလိုက် နိုင်တော့ဘူး
    ဒီတော့
    အဟိ
    :kwi:

  • အလင်း ဆက်

    June 10, 2013 at 9:52 am

    က နန်းရှင်

    အမူးအ မော ပြေ လေး သုံးဆောင် သွားပါအုံး
    :kwi:

  • kyeemite

    June 10, 2013 at 1:19 pm

    အလင်းဆက်ရေ…မူးလို့
    လိမ္မော်ရည်လေးသောက်သွားပါတယ် :hee:

  • အလင်း ဆက်

    June 10, 2013 at 1:29 pm

    ဦးကြီး မိုက် ရေ

    ကြို သိနေတယ်လေ
    မူးသွားကြမယ်ဆိုတာ
    ဒါကြောင့် အ ဆင် သင့် ပြင် ပေးထားတာ

    နောက်လည်း မကြာမကြာ လာ မူးနော်
    အဲ
    လာ ဖတ်နော် ပြောပါတယ်

    အခုတ လော
    ဒါမျိုး စာသားတွေ ပဲ ချ ရေး ချင်နေ လို ့ပါ
    🙂

Leave a Reply