ဆာမူရိုင်းဓါးချက်နဲ့လေခွုန်သံ

ညကကျနော်၁ဝတန်းအောင်စာရင်းကို moemyanmar.net မှာတင်မယ်လို့ mrtv4မှာကြေငြာတော့
အဟုတ်မှတ်ပြီးထိုင်စောင့်တာ။မရဘူးဗျ။ဒါနဲ့ကြုံတုန်း ရွာထဲဝင်ပြီးကျနော်နဲ့ပါတ်သတ်တဲ့စာတွေ
ပြန်ဖတ်တယ်ဗျ။စာပြန်ချင်ပေမဲ့commentပေးလို့မပေါ်ဘူးဖြစ်တာအကြိမ်ကြိမ်။ညကတော့ပြန်စာမရေး
ဖြစ်ပါဘူး။ post တင်ဖြစ်တာလဲcomment ရေးမရလို့ စမ်းပြီး copy/paste လုပ်ကြည့်တယ်။ရတယ်။နှစ်ခါလောက်စမ်းပြီးတင်တယ်။ရတာနဲ့ပြန်စာယောင်ယောင်ပို့စ်ယောင်ယောင်တင်ရတယ်။နာလည်ပေးကြပါလို့။ဒါလဲမြန်မာ့ကော်နရှင်ဘဝကိုဖတ်နေတာပဲမဟုတ်လားဗျာ။
ဒီနေ့ကတော့commentရေးမရမဲ့အတူတူပို့စ်တင်ကြည့်မလားလို့ပါ။
ဆာမူရိုင်းဓါချက်
****************

ဂျပန်ပြည်တွင်းမှာဖြစ်သည်။ဆာမူရိုင်းများစတင်လှုပ်ရှားထင်ပေါ်လာစအချိန်လည်းဖြစ်သည်။
လူတွေကလည်းဆာမူရိုင်းများ၏ဓါးစွမ်းကိုကြာဖူးကာစမြင်ဖူးသူအလွန်ရှားသောခေတ်လည်းဖြစ်သည်။
မြို့လယ်ရှိစားသောက်ဆိုင်သို့ဆာမူရိုင်းသုံးယောက်ဝင်လာသည်။ဆိုင်၏အလယ်ရှိစာပဲးွခုံ၌နေရာယူသည်။
စာသောက်ဖွယ်ရာများမှာစားသည်။ဆိုင်အတွင်းအခြားစားပွဲမှလူများမသိမသာစောင့်ကြည့်နေသည်။
ထိုစဉ် ဆာမူရိုင်းများ၏စားပွဲပေါ်သို့ယင်ကောင်တကောင်ပျံဝဲကာအနှောင့်အယှက်ပေးသလိုဖြစ်နေ၏။
သုံးယောက်အနက်ခပ်ပုပုဆာမူရိုင်းကဓါးကိုထုတ်ကာလျပ်တပျက်ခုတ်လိုက်၏။လူအများကယင်ကောင်ကိုနှစ်ပိုင်းပြတ်လျက်စာပွဲပေါ်သို့ကျလာသည်ကိုတွေ့လိုက်ရ၏။
“အိုး ဒါကြောင့်ဆာမူရိင်းတွေဓါးခုတ်ကွုမ်းတယ်လို့ပြောတာကိုး”
လူများချီးမွမ်း၍မပြီးသေးနောက်ထပ်ယင်ကောင်တကောင်ပျံဝဲလာပြန်သည်။
အရပ်ရှည်ရှည်ဆာမူရိုင်းကစိတ်ရှုပ်ဟန်အမူအရာနှင့်ဓါးကိုထုတ်၍ခုတ်လိုက်ပြန်သည်။
ယင်ကောင်စာပွဲပေါ်သို လေးပိုင်းပြတ်၍ကျလာသည်။
ဘေးမှလူများလက်ခုတ်မတီးဘဲမနေနိုင်တော့။ဝိုင်ဝန်ချီးကျူးကြသည်။
တဖန်ဆက်၍စားသောက်နေကြစဉ်နောက်ထပ်ယင်ကောင်ပျံဝဲလာပြန်၏။
ဘေးလူများလည်းတတိယဆာမူရိုင်း၏ဓါးချက်ကိုမြင်ရတော့မည်ဟုတွးနေကြ၏။
ရုတ်တရက်တတိယဆာမူရိုင်း၏လက်ကဓါးရိုးပေါ်သို့ရောက်သွား၏။
ဘေးလူများသတိထား၍သေသေချာချာကြည့်ပါသော်လည်းဓါးကိုထုတ်ခြင်း
သွင်းခြင်းမှတပါး ယင်ကောင်ကိုခုတ်ခြင်းမတွေ့လိုက်ရပေ။
တဖန်ယင်ကောင်ကိုကြည့်တော့ပျံမြဲအတိုင်းပျံနေသည်ကိုတွေ့ရလေသည်။
လူများထံမှစိတ်ပျက်ဟန် အထင်သေးဟန်များမျက်နှာပေါ်မြင်ရ၏။
ဒါပေမဲ့ တတိယဆာမူရိုင်းပြောလိုက်သောစကားတခွန်းကြောင့်လူများ
မှင်သက်ငြိမ်ကျသွားလေသည်။
“ဒီကောင်ဆက်ပျံနိုင်ပေမဲ့ ရှေ့လျောက်မျိုးမပွားနိုင်တော့ဘူး”

လေခွုန်သံ
**********;

အထက်ပါဆာမူရိုင်းများအဖြစ်အပျက်ဖြစ်ပြီးရာစုနှစ်အတော်ကြာ မြန်မာပြည်တွင်အလားတူဖြစ်ရပ်မျိုး
ဖြစ်ပျက်ခဲ့လေသည်။
မြန်မာပြည်၌သူရဲကောင်းသုံးယောက်ပေါ်ထွက်လာသည်။လူအများကသူတို၏အစွမ်းအစကိုမြင်နိုင်ဖို့
အခါကောင်းကိုစောင်နေသည်။
တရက်ကွင်းပြင်ကြီးတွင်လူတစုနှင့်တိုက်ခိုက်ရန်အကြောင်းဖန်လာ၏။အများနှင့်သုံးယောက်မို့ဒီတခါ
နှင့်ပွဲသိမ်းပြီဟုလူများကထင်ကြေပေးကာလာကြည့်ကြ၏။
တိုက်ပွဲကာစလေပြီ။လူအုပ်စုမှအသာညိုသူများရှေ့သို့ထွက်လာ၏။
မြန်မာ့သူရဲကောင်းများမှတဦးတည်းထွက်လာ၏။
ကျန်နှစ်ဦးကအဓိပါယ်ကိုသိသည့်အလားနောက်သို့ဆုတ်ပေး၏။
သူတယောက်နဲ့ဖြစ်တယ် ဟူသည့်သဘော။
ထိုအုပ်စုမှာ မြန်မာ့သူရဲကောင်း၏သိုင်းတဝက်နှင့်အတုံးအရုံးကျဆုံးလေသည်။
နောက်မြန်မာ့သူရဲကောငါးကြီးမိမိတာဝန်တခုပြီးဆုံးသည့်အလား ဘေးထွက်ထိုင်လျက်အနားယူလေ၏။
နောက်တဖွဲ့တတ်လာကြ၏။
အသာအရေဖြူစင်သောအဖွဲ့တတ်လာခြင်းဖြစ်ပေ၏။
မြန်မာ့သူရဲကောင်းတယောက်မျက်မှန်ကိုပင့်ကာရင်ဆိုင်ရန်ထွက်လာ၏။
ဘေးပရိတ်သတ်မှာလည်းပထမမြန်မာသူရဲကောင်း၏အစွမ်းကိုမြင်ဘူးပြီးဖြစ်၍ ဤတယောက်၏အစွမ်း
ကိုလည်းယုံကြည်စပြုလာ၍အားပေးကြ၏။
ရုတ်တရက်အခြေအနေပြောင်းသွား၏။တိုက်ခိုက်ရန်ပြေးဝင်လာသူများကမိမိတို့နှင့်ရန်ကျေအေးရန်နှင့်မိတ်ဖွဲ့ရန်ကမ်းလှမ်းလာ၏။ပရိတ်သတ်များထံမှတီးတိုးဝေဖန်သံများကြာထွက်ပေါ်လာ၏။မြန်မာသူရဲကောင်းကာဂရုမစိုက်လက်ဆွဲနုတ်ဆတ်၍ပွဲသိမ်းလိုက်၏။
ကွင်းထဲတွင်အင်မတန်အသားမဲသောအုပ်စုကျန်ခဲ့၏။ထိုအဖွဲ့ကာနောက်ဆုံးမြန်မာသူရဲကောင်းနှင့်ရင်
ဆိုင်ရပေတော့မည်။
မြန်မာသူရဲကောင်းရန်သူ၏အရိပ်အချေကြည့်ရန်ဆောင်းထားသောခမောက်ကိုခွုတ်လိုက်သည်။
“ဟာ” “ဟင်” “အလို’
ပရိတ်သတ်ထံမှအံ့အားသင့်သောအသံများထွက်လာသည်။
သည်လူစုကိုရင်ဆိုင်ရမည့်သူရဲကောင်းမှာအများထင်သလိုအမျိုးသားမဟုတ်။အမျိုးသမီးဖြစ်နေသည်။
လူများမှဖြစ်မှဖြစ်ပါ့မလားဟူ၍တွေး၍သနားကြသည်။
အချို့ကလည်းသတိ္တကိုလေးစားကြသည်။
တဖတ်ရန်သူများလက်နက်မျိုးစုံကိုင်ကာ မြှောက်ကာပြေးဝင်လာကြသည်။
မြန်မာသူရဲကောင်းအမျိုးသမီးကာ အပြုံးမပျက် နေရာမှမရွေ့ပဲရပ်စောင့်နေသည်။
တဖြည်းဖြည်းနီးကပ်လာလေပြီး။
သူမမည်သည့်တိုက်ကွက်သုံး၍တိုက်မည်နည်း။
အနီးသို့ရန်သူအဖွဲ့ကာရောက်လေပြီ။
ပရိတ်သတ်များထံမှအသံများတိတ်သွာသည်။
မရှု့မလှခံရမည်ကိုမကြည့်ရဲ၍မျက်စေ့များပိတ်ထားလိုက်ကြ၏။
စောစေကဆူညံနေသောကွင်းပြင်မှာအပ်ကျသံကြားလောက်အောင်တိတ်ဆိတ်သွား၏။

ရုတ်တရက် “ရွှီးးးးးးးးး”မြန်မာ့သူရဲကောင်းထံမှလေခွုန်သံထွက်ပေါ်လာ၏။
ပြေးဝင်လာသူများရုတ်တရက်ရပ်တံ့သွားလေ၏။
ထို့နောက်မိမိတို့၏ခ့းလည်အောက်ပိုင်းကိုအုပ်၍ပြေးပါလေတော့၏။
အမယ်အတော်ကောင်းတဲ့လေခွုန်သံ
“ရွှီးးးးးးးးးးးးး”
အမလေးမကြီးမငယ်နဲ့အိပ်ယာထဲလေခွုန်မနေနဲ့။
ရုံးနောက်ကြမယ်။ထတော့
ဟီးအိမ်မက်တဲ့လားဟရိုးးးး

9 comments

  • Mr. MarGa

    June 8, 2013 at 12:14 pm

    ပထမ အပုဒ်ကို နားလည်တယ်
    ဒုတိယ အပုဒ်ကို ဖတ်ရင်းဖတ်ရင်း လည်သွားပီ
    အဲဒါ ကိုရင် ရှင်းပေတော့
    :harr:

  • မင်းမင်း

    June 8, 2013 at 12:40 pm

    လေခွုန်သံလေဗျာ ။ “ရွှီးးးးးးး”
    ကျတော်လည်းခုလည်နေတယ်။ ဟီးးးးးး

  • lele kyi

    June 8, 2013 at 1:15 pm

    အင်း-အမျိုးသမီး သူရဲကောင်း က ရွှီးနေတယ်လို့ဆိုလိုတာပေါ့။ အဲဒါ က လည်း နှလုံးရည်သာတာပဲလေ။ စေ့စပ်ညှိနိုင်းခြင်းနဲ့လဲ ပြသနာတွေအများကြီးကိုဖြေရှင်းနိုင်ပါတယ်။ win-win ပါ။

  • မင်းမင်း

    June 8, 2013 at 2:49 pm

    ဟုတ်ပါ့။မြန်မာအမျိုးသမီးဘောလုံးအသင်းကအာရှအဆင့်မှာတောင်တတ်ရောက်နိုင်ခဲ့ပြီ။မကြာမှီအမျိုးသားဘောလုံးအသင်ထက်
    ကမ္ဘာ့အဆင်ထိမတတ်နိုင်ဘူးလို့ဘယ်သူပြောနိုင်မလဲ။
    ရိုးရိုးတတ်တာတောင်မဟုတဘူး။ရှုံးပွဲမရှိ ပြည်ထောင်စုစိတ်ဓါတ်နဲ့
    တတ်သွားတာ။

  • အလင်း ဆက်

    June 8, 2013 at 4:06 pm

    သိုင်းဝတ္ထု ကျနေတာပဲ ။
    တော်သေးတယ် ။ နာမည်တွေ မှတ်ရတာ မခက်ပေလို ့ ။
    :kwi:

  • ကြက်အူလှည့်

    June 8, 2013 at 4:27 pm

    ဘောလုံးအကြောင်းပြောတော့ ကျုပ်လည်း ဘောလုံးစကားပြောကြည့်တာပေါ့ဗျာ.
    ဘောလုံးအသင်းတသင်း. ထင်သလောက်ခြေစွမ်းမပြနိုင်ဘူး. အဲ့လိုအခြေအနေမှာ.
    နည်းပြရီး. မင်းတုန်းမင်း ဂွေးဇိ ပဲကွ. ဆို ကလော်ဆဲမယ့်လူနဲ့.
    ဟေ့. ငါတို့နည်းပြကို မထိနဲ့ကွ. ငါတို့နည်းပြက ဘယ်ပုံဘယ်နည်း. ရှာမှ ရှားတဲ့ ပါရမီရှင် ကွ ကံကောင်းလို့ရထားတာ ဆိုပြီး ဘုန်းတော်ဘွဲ့ဆက်မယ့်လူပဲ
    များနေတယ် မှတ်တာပါပဲ.

    ကျနော်တို့ တကယ်လိုတာ. (ပိတ်သတ်အနေနဲ့ပေါ့လေ). နည်းပြရီး. ဘယ်ကစားကွက် အစား ဘယ်ကစားကွက်သုံးကြည့်ပါလား
    ဂလိုဆို ဘယ်ကစားသမားက ဘယ်လိုပိုအံဝင်ပြီး အသင်းကို ဘယ်လိုပိုအကျိုးပြုမယ် မဟုတ်ဘူးလား ဆိုတာမိုး ပြောမယ့် ပိတ်သတ်ဗျ.
    ဒါမိုးပြောမယ့်ထောက်ပြမယ့်လူရှိတောင်. အပေါ်က. ဆဲဆြာတွေက. ဟဲ့ကောင်မင်းတတ်ရင်ဝင်နည်းပြပါလား ဆိုဆဲမယ်
    ဖြဲဆြာများကလည်း ငဒို့နည်းပြကို ဝေဖန်ရအောင် မင့်ကဘာကောင်တုန်း ထလုပ်မယ်.
    အကောင်းဘက်ရောက်အောင် အပြုသဘောဆွေးနွေးတာတောင်ပြောပါတယ်. အဟိ.
    ဆြာခင်မောင်နိုင်လည်းပြောသွားပါတယ်. နောက်ဆုံးတော့လည်း. ဘောအကြောင်း ပြောမယ်ဆိုရင်.
    မိသဘော မိသဘောတဲ့. အညာက ဘဲရီးတွေ စကီလေးတွေကို ညလေးတို့သဘောပါပဲကွီ ဆိုပီးပြောတဲ့သဘောမှုတ်ပါဘူး.
    ဘောအကြောင်းပြောရင်. Meet the ball ပါတဲ့.
    ဘုန်းတော်ဘွဲ့နဲ့ ဆဲချင်း က ဘယ်လောက် ထိရောက်မတုန်းဗျာ. ကဲ ပြောမရကြလည်း.
    မိသဘော. ပါ

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • lele kyi

    June 8, 2013 at 5:10 pm

    အင်းးးးး team တစ်ခုကိုဦးဆောင်လမ်းပြသူကအဝေဖန်ခံရမှာ။ အပြုသဘောရယ်။ဆန့်ကျင်ဘက်အမြင်တွေလဲရှိမှာပဲ။
    By the way, ကျမ က တော်တော်လေးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောရွာ ကလေးမှာ ကြီပြင်းခဲ့တယ်။ ကျန်းမာရေး။ပညာရေး။ အရီးပြောပြတဲ့အတိုင်းပါပဲ။ တကယ်ခက်ခဲတဲ့ဘဝတွေ အများကြီးပါ။ ကျမလည်း စာမသင်နိုင်တဲ့ကလေးတွေမြင်ရရင်တကယ်ရင်နာရပါတယ်။ ဘယ်သူ့အပြစ်လို့ပြောရမှာလဲ။

  • အရီးခင်လတ်

    June 8, 2013 at 7:50 pm

    အတွေး ကောင်း လေးပါ။
    အားပေးသွားပါတယ်။
    ရွှီး ဆိုလဲ ရွှီး ပေါ့။
    ဒါပေသည့် ပညာတတ်မှ ရွှီးသံမြည်တာ။ 😆

  • ဇဂါး လွတ်

    June 8, 2013 at 7:57 pm

    ဟုတ်ပါ့။
    အရင် သရဲဂေါင်းဂျီးဒွေက မရွှီးပဲ အမှန်အကန်ကို လုပ်သွားကြတော့ ကိုယ်တွေ တိုင်းပြည်က ဟိုး ထိပ်မှာ။
    အတော် မော့ကြည့်နေရတယ်။

    :harr:

Leave a Reply