“သောက”

လူစိုးJune 8, 20131min1818

သော က ဝေ ဒ နာ
လော က စေ ရာ သွား
ရင် ဝေ ဒ နာ သွေ မ ခမ်း
သ ခင် စေ ရာ လှမ်း
လွမ်း လိုက် တာ မေ ။

သွေ မ ခွာ ပျော် မ ဆုံး
အ ချစ် နဲ့ ထုံး တဲ့ တွေ့ ဆုံ ချိန် ထဲ
အ ပြစ် ဖွဲ့ မုန်း လို့ မေ့ ယုံ ပဲ လား လေ ။

မေ ရယ်
တွေ့ ကြုံ ဆုံ ကွဲ ပေ မယ့်
ရွှေ မှုန် ခင်း တဲ့ အ တိတ် ပြူ တင်း က

အ ခု လ ထဲ မှာ လေ

တိတ် ဆိတ် နေ ကြွေ သက် လို့
ကြိတ် မှိတ် ဖြေ အ နေ ခက် သ မို့
အ သေ သတ် ခဲ့ ပါ လား ဖြေ ။

@ လူစိုး

8 comments

  • ဇဂါး လွတ်

    June 8, 2013 at 5:34 pm

    လူဇိုး (အဲလေ) ကိုရင် လူစိုး
    ကဗျာတွေ က
    မိုက်လှချည်လား။ (ကောင်းတယ်လို့ ပြောတာနော်)
    :harr:

    ပြခန်းအတွက်တော့ အလင်းဆက်တို့ တောင်းပြီးပြီမှတ်တယ်။

    :hee:

    • လူစိုး

      June 8, 2013 at 5:37 pm

      ဟုတ် အခုပဲ ပို့ပေးလိုက်ပါပြီ ကဗျာပြခန်းသို့ ၁-၅ ငါးပုဒ်ပါ ( များနေသလားပဲ 😛 )

  • အလင်း ဆက်

    June 8, 2013 at 8:21 pm

    ပြခန်းအတွက်….
    ကဗျာလေးတွေ ပေးပို ့. / ပံ့ပိုးလာလို ့…ဝမ်းသာမိပါ၏။
    ကျေးဇူးလည်းတင်ပါ၏ ။
    🙂

  • ဗုံ ဗုံ

    June 9, 2013 at 3:57 pm

    အသေသတ်ခဲ့ပါလားဖြေ…… အသေသတ်သွားရင် ဘိုလုပ်ပီး ကဗျာ ရေးနိုင်တော့မှာလဲလို့… :mrgreen:

    • လူစိုး

      June 9, 2013 at 6:52 pm

      တကယ်တမ်းတော့ သက်မွန်မြင့်က မသတ်ရက်ပါဘူးကွယ် 😀

  • အရိပ်စစ်

    June 9, 2013 at 5:09 pm

    အနေခက်မှာစိုးလို့ အသေသတ်ခိုင်းလိုက်တာ မိုက်တယ်…
    မှတ်ထားလိုက်ပီ..တစ်မှတ်…

    • လူစိုး

      June 9, 2013 at 6:54 pm

      ရည်းစားဘဝ ဂျစ်တူလေးက တစ်မှတ်ပေးဒယ်ဆိုရင် တူ့ကို အာဘွားးးးးးးပေးလိုက်ရော ငိငိ အခုဘီလိုလုပ်ရမရဲ 😀

Leave a Reply