လွမ်းချက်ကနာ
ရင်ဘတ်က ဟာနေမိလို့
ရွှေရင်စို့ကာမှန်း
တမ်းတလို့မျှော်
အွန်လိုင်းမှာ သူပေါ်နေမလား
စိတ်ဝယ် ထင်မှားလို့
ယောင်ယမ်းကာ အခါခါအော်
ခေါ်….ခေါ်သံ သူကြားလေမလား
စိုး စိတ် နဲ့ မှိုင် ……။

တိုးတိတ်လို့ထိုင်
အနားမှာ သူမရှိ လေတော့
ပူမိစေ ရင်အလွမ်းက
မှန်းရ ခက်ပြန်. . . . .

တမ်းတ တက်ရန်
ဒီရင်ကို တို့ကာနမ်း
ဆို့ကာလွမ်းစေတော့
ပျို့မှာတမ်းတွေထဲ မျော့ မျော့ပဲကျန် . . . .

လူမသိအေင် အွန်လိုင်းလာရင်ဖြင့်
ယူကြည့်လို့ သူသိပါလေစ
အချစ်ငတ်သူ ဒီရင်ခန်းက
သူမ ကို ဘယ်လိုလွမ်း
စိုစေတဲ့ အနမ်း အနေမဲ့လို့
အပေအတေရဲ့ မျက်ရည်တစ်စက်
ကြွေစေရန် တက်လေသူ့အား
အလွမ်းဖြေ ဒီအနမ်းနဲ့
ပေးအပ်ဘို့ ပြင်

အဆင်မလှလေတော့
ယခင်က မှားတာတွေရပ်
အသိတွေ ဆေး ကတိပေး
ကြည့်လေရာ လွမ်း
သူ့ကိုသာ မှန်း
ငြိစေတာ ဆန်းလို့
မော်နီတာအနား
မျှော်ကြည်ကာ သွားလို့
တော်ကီမပါ စကားတွေချွေ
မုသားတွေ ကင်းလို့
ပြုစားသူ ယမင်းရယ်
ခုများဆို တွေ့ရင်ကောင်းပါရဲ့
တိုးတိတ်လို့ လွမ်း

…………………………
လူစိုး

About လူစိုး

lu soe has written 8 post in this Website..

ကဗ်ာကယာ