မျှော်တော်ဇောနဲ့လွမ်းရတယ်

လူစိုးJune 8, 20131min1698

လွမ်းချက်ကနာ
ရင်ဘတ်က ဟာနေမိလို့
ရွှေရင်စို့ကာမှန်း
တမ်းတလို့မျှော်
အွန်လိုင်းမှာ သူပေါ်နေမလား
စိတ်ဝယ် ထင်မှားလို့
ယောင်ယမ်းကာ အခါခါအော်
ခေါ်….ခေါ်သံ သူကြားလေမလား
စိုး စိတ် နဲ့ မှိုင် ……။

တိုးတိတ်လို့ထိုင်
အနားမှာ သူမရှိ လေတော့
ပူမိစေ ရင်အလွမ်းက
မှန်းရ ခက်ပြန်. . . . .

တမ်းတ တက်ရန်
ဒီရင်ကို တို့ကာနမ်း
ဆို့ကာလွမ်းစေတော့
ပျို့မှာတမ်းတွေထဲ မျော့ မျော့ပဲကျန် . . . .

လူမသိအေင် အွန်လိုင်းလာရင်ဖြင့်
ယူကြည့်လို့ သူသိပါလေစ
အချစ်ငတ်သူ ဒီရင်ခန်းက
သူမ ကို ဘယ်လိုလွမ်း
စိုစေတဲ့ အနမ်း အနေမဲ့လို့
အပေအတေရဲ့ မျက်ရည်တစ်စက်
ကြွေစေရန် တက်လေသူ့အား
အလွမ်းဖြေ ဒီအနမ်းနဲ့
ပေးအပ်ဘို့ ပြင်

အဆင်မလှလေတော့
ယခင်က မှားတာတွေရပ်
အသိတွေ ဆေး ကတိပေး
ကြည့်လေရာ လွမ်း
သူ့ကိုသာ မှန်း
ငြိစေတာ ဆန်းလို့
မော်နီတာအနား
မျှော်ကြည်ကာ သွားလို့
တော်ကီမပါ စကားတွေချွေ
မုသားတွေ ကင်းလို့
ပြုစားသူ ယမင်းရယ်
ခုများဆို တွေ့ရင်ကောင်းပါရဲ့
တိုးတိတ်လို့ လွမ်း

…………………………
လူစိုး

8 comments

  • အလင်း ဆက်

    June 8, 2013 at 7:49 pm

    ကလူစိုးရေ...။

    ဒီရွာမှာက.. တစ်ရက်ကို ပို့စ် နှစ်ပုဒ် ထက် ပိုတင်လို ့မရပါဘူး ။
    🙂 🙂
    ကလူစိုးရဲ ့ကဗျာ တစ်ပုဒ်ဖြစ်တဲ့ မိုးစက်ပြာ ကို….
    မနက်ဖြန် ( 9 ရက် ၊ 6 လ ၊ 2013 . ) ဆီကို….
    ကျွန်တော် ပို ့ပေးလိုက်ပါတယ်နော် ။

    မနက်ဖြန်မှာ….ပိုစ့်.နောက်တစ်ပုဒ် တင်လို ့ရပါသေးတယ် ။

    ——————-
    လေးစားစွာ

    အလင်းဆက်

    • လူစိုး

      June 9, 2013 at 9:41 am

      ကျေးဇူးတင်ပါတယ်ခင်ဗျာ .မတိလို့ အဟီး

  • ဇဂါး လွတ်

    June 8, 2013 at 8:01 pm

    ကဗျာကောင်းလေးမို့ လွမ်းချင်သော်လည်း:::::::

    လွမ်းချက်ကနာ
    ဗိုက်က ဟာနေမိလို့

    အရင် ဗိုက်ဖြည့်လိုက်ဦးမယ်။ :mrgreen:

    အဲဂလိုနဲ့ ကျုပ်က စိတ်ညစ်တိုင်း စားဝင်တာကလား။

    သူများတွေ လွမ်းတာ ကဗျာထွက်တယ်တော့။
    ကျုပ်လွမ်းတာကျ ခန္ဒာထွက်သတော့။

    အဟင့်။
    ရွှတ်

    :byae:

  • uncle gyi

    June 9, 2013 at 12:12 am

    ကဗျာကမစိုးပါဖူး
    ဒါ့ပုံကိုပိုကြိုက်ပါကြောင်း

    • လူစိုး

      June 9, 2013 at 6:52 pm

      နောက်တစ်ခါ ပုံတွေပဲ တင်တော့မယ် 😛

  • ဗုံ ဗုံ

    June 9, 2013 at 4:07 pm

    ကဗျာလေးတွေက ကောင်းလိုက်တာ.. ကိုယ်တွေများ မရေးတတ်ဘူး ..
    ဒါနဲ့ အပင်မှာ ကပ်ထားတာ သစ်ပင်မခုတ်ရဆိုတဲ့ ဆိုင်းဘုတ်လား အူးလေး :mrgreen:

    • လူစိုး

      June 9, 2013 at 6:53 pm

      ဟုတ်ပုစ် ခုတ်လျှင်လူမသိအောင်ခုတ်ပါဒဲ့ 😀

  • အရိပ်စစ်

    June 9, 2013 at 5:15 pm

    ကဗျာလေးတွေ ကြိုက်၏
    ပုံလေးတွေလည်း ခိုက်၏….

Leave a Reply