မိုးစက်ပြာ

လူစိုးJune 9, 20131min22516

လွမ်းခြင်းသိုဝှက်
ရင်သို့သက်

လှမ်းရင်းပြိုပျက်
အငိုခက်ပေမယ့်
စိုလျှက်ပါပဲ မိုးစက်ပြာ ။

တစ်သက်မှာ တစ်ခါလန်း
ရင်နဲ့ပျိုးတဲ့ ပန်းက
ရေလောင်းပေါင်းသင်ဘို့မလို
ငါ့မျက်ရည်စိုရုံနဲ့တင်
အလိုလို ရှင်သန်နေခဲ့တာ
အသိမဲ့ခဲ့လို့လား မိုးစက်ပြာ ။

ရင်အလွမ်းက တိုးထွက်ခါ
ဆိုးလျှက်ပါပဲ မိုးစက်ပြာရယ်

မြင်မြင်ရာ အရာရာတိုင်း
ငါ့အတွက်
လွမ်းကဗျာတွေလား
လွမ်းစရာတွေလား
လှမ်းကာမပြေးခင် အဖြေရှာတွေး
အလွမ်းတွေ ပြေမဲ့ဆေး
မင်း ပေးခဲ့ပါလား မိုးစက်ပြာ။

 

@ လူစိုး

16 comments

  • အလင်း ဆက်

    June 9, 2013 at 11:48 am

    ကလူစိုး ရေ
    ကဗျာသမားတစ်ယောက် ဖြစ်တဲ့ ကလူစိုးဆီက
    ဒီလို ကဗျာ တွေ အပြင်
    ကဗျာသ ဘောတရား ဆိုင် ရာ
    စာပေ ဆောင်းပါ း အ တွေး အမြင် လေးတွေ ကို ပါါ
    ဖတ် ချင် မိပါတယ် နော်။
    ရေး ဖြစ် ရင် တင်ပြ ပေးပါဦး။

    ကဗျာ အ ကြောင်း / စာ အ ကြောင်း ပြော ဆိုဆွေးနွေး မှုတွေကို
    ကျွန်တော်
    ဆာလောင် နေ လို ့ပါ ။

    :kwi:

  • လူစိုး

    June 9, 2013 at 1:11 pm

    ဟုတ်ကဲ့ပါဗျာ .. ဆောင်းပါတော့ အချိန်မရလို့မရေးနိုင်သေးဘူး ဂိမ်းပါးတော့ ရတယ် 😀

  • ဗုံ ဗုံ

    June 9, 2013 at 3:54 pm

    ဖတ်ပြီးခံစားရပါတယ် မိုးစက်ပြာ…
    ရင်ထဲက ခံစားချက်အစစ်အမှန်တွေ ထင်ပါရဲ့နော် အူးလေးးး :mrgreen:

    • လူစိုး

      June 9, 2013 at 6:51 pm

      ခံစားချက်အာာတုပေါ့ကွယ် အစစ်အမှန်ဆိုရင် အိမ်က မိန်းမ သတ်လိမ့်မယ် 😀

  • အရိပ်စစ်

    June 9, 2013 at 4:18 pm

    အရမ်းလှတယ်….မိုးစက်ပြာ…

  • မောင် ပေ

    June 9, 2013 at 7:16 pm

    မိုးစက်ပြာ
    ဒိုးဇက်ရှာ
    တိုးတက်လာ
    အိုးဖွက်ပါ
    ဇိုးငတ်နာ

    • လူစိုး

      June 10, 2013 at 4:21 pm

      အိုးခွက်လေးပါ ရှာပါလား ခိခိ

  • ကြက်အူလှည့်

    June 10, 2013 at 8:18 am

    ဟာဂျာ … ရင်ထဲမကောင်းဝူးဗျာ..
    ဒဂယ်တော့.. မိုးဇက် ဆိုတာ ကျော့် ယဲဇားဟောင်းပါ…
    ကွိကွိ..
    ဟို ဇဘင် ဘုတ်သိုက်နဲ့ ငတိ …
    မီးလာရှို့ဇေသဒီး….

    :harr:

    • ကိုရင်စည်သူ

      June 10, 2013 at 5:11 pm

      ဟေ့လူကြက်အူး.. ဟိုက မိုင်တရာပတ်လည်းတောင် မကပ်နိုင်လို့ တနားလို့ နာရီဝက်လေး
      ယဲဇားတော်လိုက်တာနဲ့ မာန်တက်နေဒယ်.. ကွိကွိ.. :mrgreen:
      အဇက်နဲ့ အစည်က ငယ်ကကျွမ်းတဲ့ ငုတ်ကျွမ်းဆွေတွေဗျ..
      အမွှေဇယားတွေဖစ်ကုန်မယ်… ရှိူ့..ရှိူ့.. 👿

  • သူကလေး

    June 10, 2013 at 10:17 am

    ကတွတ်ပီ 😀
    မိုးစက်ပြာကို လာခံစားသွားပါတယ်

    • လူစိုး

      June 10, 2013 at 4:22 pm

      လာခံစားလှဲ့ပါ ဗိုက်ကလေးရာ..ပြီးရင် လမ်းထိပ်က အကြော်သည်အပျိုကြီး ဒေါ်ဘုမဆီ သွားခံစားပြီး အကြော်နှိုက်မြည်း 😀

      • သူကလေး

        June 10, 2013 at 4:38 pm

        ဒေါ်ဘုမကရိုက်မှာပေါ့ဟ
        မသေးမျှင်ကို ကြောခိုင်းချည် :kwi:

  • kyeemite

    June 10, 2013 at 1:38 pm

    ရွာမှာကဗျာသမားတွေတိုးလာပါလား…
    ကျုပ်ကတော့ ကဗျောင်ပဲရတယ် :hee:

    • Mr. MarGa

      June 10, 2013 at 2:12 pm

      အပေါ်က ဦးမိုက်
      ကဗျောင်တွေ အလိုရှိသနော်…….. :mrgreen:
      ကိုကိုလူစိုးရေ
      မိုးစက်ကလေးတွေ ဝန်းရံပြီး ဖတ်ရှုခံစားသွားသဗျ
      :kwi:

    • လူစိုး

      June 10, 2013 at 4:23 pm

      ကျွန်တော်လည်း ကဗျာဆရာမဟုတ်ပါဘူးဂျာ ကဗျာကယာပါ 🙂

Leave a Reply