အတုများနဲ့ ပျော်ပါးခြင်း

naywoon niJune 8, 20131min20313

အစစ်များနဲ့ မနီးစပ်နိုင်သေးသမို့
အတုတွေနဲ့ပျော်ပါး
ကာလများ ကြာလာတော့
အတုကိုပဲ အစစ်ထင်
ထင်ယောင်မိမှာ ဝိုးတဝါးဖြစ်စဉ်………။
တစ်ချို့ အသိနုံနဲ့လို့ အတုကိုသုံးတယ်
တစ်ချို့ မတတ်နိုင်လို့ အတုကိုသုံးနေရ
တစ်ချို့ ပေါပေါပဲပဲ ရလို့ အတုနဲ့နေတယ်
တစ်ချို့ ပညာမတတ်လို့ အတုကို လုပ်ပြီးသုံးတယ်
တစ်ချို့ သိရက်နဲ့ အတုကိုစွဲလမ်းနေတတ်
အတုနဲ့ပျော်ပါးရတာများလာတော့လည်း
အဲဒိဘဝတွေက ခါးသက်
ကြာလာတော့ အဲဒိအခါးတွေပေါ်မှာပဲ
သကြားပေါက်လာပြီး ချိုသလိုလို
အရသာကိုစွဲလမ်း
အတုကို အစစ်ထင်မှတ်ပြီး အစစ်ကိုတောင်
ရန်လုပ်နေတတ်ကြတော့တာ……….။
နေဝန်းနီ

13 comments

  • kyaw hteik

    June 8, 2013 at 10:04 pm

    ကျ​နော်​တို့နိုင်​ငံက အ​ကောက်​ခွန်​ဥပ​ဒေက တိတိကျကျမရှိ​တော့ အစစ်​နှင်​့အတု မခွဲခြားတတ်​​တော့ပါ။
    ကျ​နော်​အပါအဝင်​ အများစုက ပစ္စည်​းအများစုကို အတုအစစ်​မခွဲတတ်​ပါ။ဥပမာ ဟန်​းဖုန်​း​တွေ တံဆိပ်​
    ​ပေါင်​းစုံဝင်​လာ​တော့ အတု​အစစ်​မခွဲခြားနိုင်​​တော့ ​ဈေးသင်​့ အဆင်​​ပြေတာ ဝယ်​ကိုင်​​တော့တယ်​။

  • uncle gyi

    June 9, 2013 at 12:03 am

    မသိလို့သုံးသူကိုတော့မပြာတော့ဖူးကိုနီရေ
    သိသိကြီးနဲ့ပိုက်ပိုက်မနိုင်လို့သုံးနေရသူတွေ
    ကပိုများမယ်ထင်ပါတယ်
    နောင်တနေ့အခြေအနေတွေပြောင်းလာကောင်းပါရဲ့

  • ဦးဦးပါလေရာ

    June 9, 2013 at 5:19 am

    နေရာတိုင်းတော့ အတုတွေရှိနေပေမယ့်
    အတုမှန်းသိဖို့က ခက်သေးတာကိုး ကိုနေရေ….

  • ဇဂါး လွတ်

    June 9, 2013 at 9:51 am

    အတုုအယောင်ကြီးတွေနဲ့ နေလာရတာ နှစ်ရှည်လများ ဆိုုတော့ အစစ် ကိုု အစစ်မှန်း မသိနုိုင်တာ မဆန်းတော့ဘာဘူးလေ။ 🙁

  • ဆူး

    June 9, 2013 at 12:20 pm

    မြင်ပါများရင် အတု က အစစ်ဖြစ် အစစ်က အတုဖြစ်သွားတာ ထုံးစံပါပဲ..

  • kyaw hteik

    June 9, 2013 at 3:45 pm

    အစစ်​နဲ့တူ​အောင်​ တုရင်​က အစစ်​ထက်​ပို​ကောင်​းတဲ့ အတုများ
    ​ပေါများကြ​စေချင်​ပါ​ကြောင်​း။ဒါမှ မြန်​မာနိုင်​ငံအကြိုက်​ ​ပေါ​ချောင်​​ကောင်​းများ
    ​ဈေး​ပေါ​ပေါနဲ့လူအ များသုံးနိုင်​ကြပါ​စေ။အစစ်​ထက်​​ကောင်​းတဲ့ အတုများကို
    ​မျှော်​လင်​့ရင်​ အတုများကိုအား​ပေးလျက်​ပါ။Copy right မလာခင်​။
    သဂျီးမမြင်​ပါ​စေနဲ့။

  • အရိပ်စစ်

    June 9, 2013 at 5:18 pm

    ဟုတ်တယ်..အစစ်ကို အစစ်မှန်း တိကြဘူး…

  • cobra

    June 9, 2013 at 5:44 pm

    အတုတွေသုံးတာမကောင်းပါဘူး
    အစစ်ကျတော့လည်း ဈေးကကြီး
    ခုဝင်နေတဲ့ အရက်တွေ၊ဆေးလိပ်တွေကလည်းအတုတွေလို့ကြားပါတယ်
    ဟုတ်ပါသလား။အရက်ချစ်ခင် သူတော်စင်အပေါင်းတို့……………..

  • အလင်း ဆက်

    June 9, 2013 at 5:56 pm

    ကျွန်တော်က တော့
    အစစ် ရဲ ့ဈေးနှုန်း မြင့်မားမှုကို ခုန် မခူးနိုင် လို ့
    အတု ကို ပဲ
    စားသုံးနေရ ပါ တယ်။

    တချိ ု ့အတု တွေက ကိုယ့် ကို အရစ်ကျ စနစ်နဲ ့သတ်နေ မှန်း သိသ်ိ လျက်နဲ ့ကို
    အတု ပဲ သုံးနေ ရတာပါ။

    ဆင်းရဲ တဲ ့နိုင် ငံ မှာ လူ ဖြစ်နေ ရတဲ့ ဆင်းရဲသား တစ်ယောက် ရဲ ့အတု အသုံးပြုရမှု ကို
    ကျကျနန လုပ်ဆောင် ရင်းးးးး

  • Ko chogyi

    June 9, 2013 at 7:28 pm

    မြန်မာအစ တစ်ကောင်းကတဲ့
    အဲဒီအချိန်ကတည်းက
    စေတီအတု တည်ဆောက်ပြီး အောင်မြင်လာခဲ့တာ
    ဘိုးဘွား အမွေအစစ်ပါဗျ။

  • မောင် ပေ

    June 9, 2013 at 7:39 pm

    တုနယ် တဲ့နယ်
    တုနယ် တဲ့နယ်
    အဲဒါကြောင့် ထွေးညိုကိုသာ သောက်သုံးပါ၏

  • Nan Shin

    June 10, 2013 at 2:28 am

    ဆရာမောင်ပေပြောတဲ့ ထွေးညိုကို တစ်လောက်သောက်ချင်လိုက်တာဗျာ။ အတော်စစ်မယ်နဲ ့တူတယ်နော်။ ကြးဖူးနေတာတော့ ကြာပြီ ။ ထားပါတော့ ဒီကိစ္စ (နောက်မှ ဆက်မယ်)

    ကျနော်သိရသလောက်တော့ ဆရာနေဝန်းနီပြောသလိုဟုတ်ဘူးဗျ….တကယ့်ပညာရှင်တွေပဲ အတုကို ပဲသုံးကြတာ။… သူတို ့ဆို မိန်းမ ယူဖို ့ စိတ်ကူးတယ်တောင် မကြားမိဘူး။ 🙂

  • Mr. MarGa

    June 10, 2013 at 1:40 pm

    အတု အတု
    တုပါများပြီး အစစ်ကိုယ်တိုင် အတုဖြစ်သွားရတဲ့ နိုင်ငံပေါ့
    တုတာ မကောင်းမှန်း သိပေမင့်
    စာပေရေးရာမှာ မူတစ်ခုတော့ မှတ်သားဖူးသဗျ
    စု၊ တု၊ ပြု တဲ့ အဘနီရေ
    :kwi:

Leave a Reply