ကျနော် ကတိပေးထားသလို ရေဆေး အစိုရေမျှောဆွဲတာနဲ့  အခြောက်ဆွဲတဲ့ပုံကွာဟချက်လေး ကို ကျနော် တင်လိုက်ပါတယ်..။ မခိုင်ဇာ ( ကော်မန့် မှာ ဘယ်လိုခေါ်ရမှန်း မသိလို့  အကိုလို့ ခေါ်ထားမိသေးတယ်) ပြောတဲ့ စက္ကူ တခုလုံးရေဆွတ်တယ် ဆိုတာနဲ့ ပါတ်သက်တာပေါ့..။

စက္ကူကိုရေဆွတ်တယ်ဆိုတာ စက္ကူခြောက်သွေ့ တာကို မလိုချင်လို့ ပါ..း)

ဘာလို့ မခြောက်စေချင်တာလဲ ဆိုရင် ကိုယ်ဆွဲမယ့် ပန်းချီက မှိုင်းမှုန်တဲ့ မိုးတွင်း ၊ မိုး၇ိပ်..

ဆောင်းမြူနှင်း၊ မြူခိုး ဒါကို ပြချင်ရင် . စက္ကူတခုလုံးရေဆွတ်ပြီး ဆေးတင်လိုက်တဲ့အခါ ဆေးရောင်အနားသားတွေ မပြတ်ဘူး၊ အရောင်တခုနဲ့ တခု ရောယှက်သွားတာ ဘယ်နားမှာ

ရောသွားမှန်း မသိအောင် စက္ကူမှာ စိုနေတဲ့ ရေက အကူအညီပေးတာပါ..။

တချို့ က စက္ကူကိုေ၇ဆွတ်ပြီး လုံးဝရေ ပြန်မစုပ်ယူပါဘူး။ တချို့ က စက္ကူတခုလုံးရေဆွတ်ပြီးမှ စွပ်ကျယ် စလေးနဲ့ ပြန်စုတ်ယူပါတယ်..။ ကိုယ်ဆွဲမယ့် ကားအပေါ်မူတည်ပါတယ်။  စက္ကူကလည်း အမျိုးအစားကွာပါတယ်.. ၂၀၀ ဂရိန်လောက်ထူတဲ့ စက္ကူကို ရေဆွတ်လိုက်ရင် ခုန်းကြွတက်လာတတ်ပါတယ်..။

၃၀၀ သို့ မဟုတ် ၄၀၀ ဂရိန်လောက်ထူတဲ့စက္ကူတွေက ရေမျှောဆွဲလို့  အရမ်းကောင်းပါတယ်။ ရေဆေး ဆွဲလို့ ဘုတ်ပြား( ပုံဆွဲစက္ကူကပ်ထားသော အောက်ခံ)

ကို ၃၅ ဒီဂရီစောင်းထားတာ အသင့်တော်ဆုံးပါ…လို အပ်ရင် ၁၈၀ ဒီဂရီ အပြားလိုက်ချပြီး မျှောရတာလဲ ရှိပါတယ်။ ပုံပေါ်မှာ မူတည်ပါတယ်.။

တချို့ က လုံးဝရေမဆွတ်ဘဲ စက္ကူအခြောက်အတိုင်းဆွဲပါတယ်။

နောက်တမျိုးက မျှောချင်တဲ့နေရာကိုဘဲ ကွက်ပြီး စုတ်နဲ့ ရေဆွတ်တယ်..။ ရေမမျှောဘဲ

တိမ်တချို့ ကို အရောင်ပိုင်းခြားပြချင်တဲ့အခါ ဒီနည်း သုံးပါတယ်..။

ကျနော့်ရဲ့ မြန်မာပြည် လယ်စောင့်တဲလေးက တကားလုံး ရေမျှောထားတာပါ..။

လယ်စောင့်တဲလေး ( ရေမျှော )

လယ်စောင့်တဲလေး
( ရေမျှော )

2013-04-18 19.40.03

ရာသီ ပြောင်းချိန်

 

2013-04-18 21.37.50

လွမ်းရိပ်ဆင် မကြင်လို့ လား

 

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။