ဓို ့ယွာဂ ဗဂျီ

ကျနော် ကတိပေးထားသလို ရေဆေး အစိုရေမျှောဆွဲတာနဲ ့ အခြောက်ဆွဲတဲ့ပုံကွာဟချက်လေး ကို ကျနော် တင်လိုက်ပါတယ်..။ မခိုင်ဇာ ( ကော်မန် ့မှာ ဘယ်လိုခေါ်ရမှန်း မသိလို ့ အကိုလို ့ခေါ်ထားမိသေးတယ်) ပြောတဲ့ စက္ကူ တခုလုံးရေဆွတ်တယ် ဆိုတာနဲ ့ပါတ်သက်တာပေါ့..။

စက္ကူကိုရေဆွတ်တယ်ဆိုတာ စက္ကူခြောက်သွေ ့တာကို မလိုချင်လို ့ပါ..  း)

ဘာလို ့မခြောက်စေချင်တာလဲ ဆိုရင် ကိုယ်ဆွဲမယ့် ပန်းချီက မှိုင်းမှုန်တဲ့ မိုးတွင်း ၊ မိုးရိပ်..

ဆောင်းမြူနှင်း၊ မြူခိုး ဒါကို ပြချင်ရင် . စက္ကူတခုလုံးရေဆွတ်ပြီး ဆေးတင်လိုက်တဲ့အခါ ဆေးရောင်အနားသားတွေ မပြတ်ဘူး၊ အရောင်တခုနဲ ့တခု ရောယှက်သွားတာ ဘယ်နားမှာ

ရောသွားမှန်း မသိအောင် စက္ကူမှာ စိုနေတဲ့ ရေက အကူအညီပေးတာပါ..။

တချို ့က စက္ကူကို ရေဆွတ်ပြီး လုံးဝရေ ပြန်မစုပ်ယူပါဘူး။ တချို ့က စက္ကူတခုလုံးရေဆွတ်ပြီးမှ စွပ်ကျယ် စလေးနဲ ့ပြန်စုတ်ယူပါတယ်..။ ကိုယ်ဆွဲမယ့် ကားအပေါ်မူတည်ပါတယ်။  စက္ကူကလည်း အမျိုးအစားကွာပါတယ်.. ၂၀ဝ ဂရိန်လောက်ထူတဲ့ စက္ကူကို ရေဆွတ်လိုက်ရင် ခုန်းကြွတက်လာတတ်ပါတယ်..။

၃၀ဝ သို ့မဟုတ် ၄၀ဝ ဂရိန်လောက်ထူတဲ့စက္ကူတွေက ရေမျှောဆွဲလို ့ အရမ်းကောင်းပါတယ်။ ရေဆေး ဆွဲလို ့ဘုတ်ပြား( ပုံဆွဲစက္ကူကပ်ထားသော အောက်ခံ)

ကို ၃၅ ဒီဂရီစောင်းထားတာ အသင့်တော်ဆုံးပါ…လို အပ်ရင် ၁၈ဝ ဒီဂရီ အပြားလိုက်ချပြီး မျှောရတာလဲ ရှိပါတယ်။ ပုံပေါ်မှာ မူတည်ပါတယ်.။

တချို ့က လုံးဝရေမဆွတ်ဘဲ စက္ကူအခြောက်အတိုင်းဆွဲပါတယ်။

နောက်တမျိုးက မျှောချင်တဲ့နေရာကိုဘဲ ကွက်ပြီး စုတ်နဲ ့ရေဆွတ်တယ်..။ ရေမမျှောဘဲ

တိမ်တချို ့ကို အရောင်ပိုင်းခြားပြချင်တဲ့အခါ ဒီနည်း သုံးပါတယ်..။

ကျနော့်ရဲ ့မြန်မာပြည် လယ်စောင့်တဲလေးက တကားလုံး ရေမျှောထားတာပါ..။

လယ်စောင့်တဲလေး ( ရေမျှော )
လယ်စောင့်တဲလေး
( ရေမျှော )
2013-04-18 19.40.03
ရာသီ ပြောင်းချိန်

 

2013-04-18 21.37.50
လွမ်းရိပ်ဆင် မကြင်လို ့လား

 

 

25 comments

  • ဇဂါး လွတ်

    June 9, 2013 at 9:15 am

    တကယ်သဘောကျတယ်ဗျ။
    ရေမျောကား ဆွဲနည်းကိုု။ :mrgreen:
    မမေ့ မလျော့ ရှင်းပြတဲ့ အပြင် နာမည်ရင်းကိုုပါ မှန်အောင်ခေါ်နိုုင်လိုု့ လေးစားပါ၏။
    :hee:

    Regards
    KZ

    • kyaw swar kaung

      June 9, 2013 at 4:31 pm

      မခိုင်ဇာ..
      အဲဒါ ကို ဂီ ကျေးဇူးကြောင့်ပါ.. သူ ့ကော်မန် ့ထဲမှာ တွေ ့လို ့ ၊ အရင်က မသိဘူး.. မခိုင်ဇာကို အကိုလို ့ခေါ်မိသေးတယ်..
      ကျနော်တွေ ဗျာတွေနဲ ့ပြောပုံထောက်တော့… မန္တလေးကလား..။

      • ဇဂါး လွတ်

        June 10, 2013 at 6:35 pm

        ပဂိုးဒါး။
        ကျုပ် နာမည်ကို ဘယ်တော့မှ ကောင်းကောင်းမခေါ်တဲ့ လူဆီကမှာ ကျုပ်နာမည်သိတယ်လို့ကွယ်။
        :mrgreen:

        မန်းလေးက ဟုတ်ပါ၏။
        တော်တာ))))))
        :harr:

  • ရာမည

    June 9, 2013 at 9:36 am

    ပန်းချီကို စိတ်ဝင်စားပါတယ်
    ဝါသနာလည်းပါတဲ့အတွက် နောက်ထပ်လည်း တင်ပေးစေချင်ပါတယ် ။
    ရေဆေးဆွဲကြတဲ့အထဲမှာ ရေမျှောက ပိုခက်တယ်လို ့ကြားဖူးပါတယ်

    • kyaw swar kaung

      June 9, 2013 at 4:35 pm

      ရာမည ခင်ဗျား
      ပန်းချီကို စိတ်ဝင်စားတာ ကောင်းပါတယ်..
      နောက်ထပ်လဲ တင်ပေးဦးမှာပါ..။ ဟုတ်ပါတယ်.. ရေမျှောက ပိုခက်ပါတယ်..။ ဒါကြောင့် ရေမျှောဆွဲရင် အကြမ်းဖျဉ်းအားဖြင့်
      ၃၅ ံ စောင်းထားပြီး ဆွဲဘို ့ ပြောတာပါ..။ ရေ အချိန်အဆရယ်.. စုတ်မှာပါတဲ့ ရေ+ ဆေး အချိန်အဆရယ်ကို နိုင်အောင် ထိမ်းနိုင်ရပါမယ်..။

  • Moe Z

    June 9, 2013 at 10:06 am

    super like!!
    လေးစားပါတယ် အူးလေးရေ ကိုယ်တိုင်တော့ ခဲခြစ်နဲ့ ဆီဆေးနည်းနည်းပါးပါး
    ဟိုတို့ဒီတို့လောက်ပဲရတယ် :mrgreen:
    ပန်းချီကားလေးတွေ ကူးလို့ရမလားဗျ
    အွန်လိုင်းမှာ ပြန်မသုံးပါဘူး .. ကျောင်းတွင်းပရောဂျက်လေးမှာပဲ လိုအပ်ရင်ပရင့်ထုတ်ချင်လို့ပါ ..

    • kyaw swar kaung

      June 9, 2013 at 4:39 pm

      Moe Z
      ပန်းချီကားတွေ ကူးလို ့ရပါတယ်ဗျာ..။ အွန်လိုင်းမှာ လိုအပ်ရင်လဲံ သုံးပါ။ ကျောင်းက ပရောဂျက်အတွက် လိုအပ်မယ်ဆိုလဲ သုံးပါ..
      သိပ်လိုအပ်လာမယ်ဆိုရင် မေးလ် နဲ ့ဆက်သွယ်ပါ..။ ပညာရေးအတွက် ကူညီရတာဘဲ..ကိုယ်က တောင် ဝမ်းသာရဦးမှာပါ..။
      kyawswarkaung@ gmail.com ကို ဆက်သွယ်နိုင်ပါတယ်..။

      • Moe Z

        June 10, 2013 at 8:30 am

        ကျေးဇူးအကြီးကြီးပါနော် အူးလေး
        ဂျီမေးလ်အက်ဒွက်စ်လည်း မှတ်ထားပါတယ်ခည
        ပန်းချီတစ်ကားဖြစ်လာဖို့အတွက် အရင်းအနှီးတွေသိပ်များမှန်းသိပါတယ်
        အထူးသဖြင့် အခြေအနေနဲ့စိတ်ခံစားချက်က နောက်တစ်ခါပြန်မရလို့
        အူးလေးရဲ့သဘောထားကို တကယ်ဂျီးလေးစားပါတယ်ခည
        သုံးဖြစ်ခဲ့ရင်ရင်း ပန်းချီကျော်စွာခေါင်ဆိုပြီးခဲတို့ပေးပါ့မယ်
        အွန်လိုင်းမှာတော့ ပြန်သုံးစရာအကြောင်းမချိပါခည :mrgreen:

  • Foreign Resident

    June 9, 2013 at 11:48 am

    ကောင်းတယ်ဗျာ ။

  • အလင်း ဆက်

    June 9, 2013 at 12:00 pm

    ကျွန်တော် လည်း ဗဂျီ ကို ချစ်ပါတယ်။
    ငယ်ငယ်က တော့ ပန်းချီ သင် တန်း လေး ဘာလေး တက်ပြီးး အ တော် ရူးသွပ်မိသေးတယ်။

    အခု အချိန်မှာ တော့ ပန်းချီ ထက် ပိုပြီး
    အချစ်ပို မိတဲ့ အနနုပညာ နောက်ပဲ လ်ုက် ဖြစ်နေ သေးတယ်။

    ကျွန်တော် ဆွဲ ထားတဲ့ ပန်းးချီကား တွေ တော့ ရှိတယ်။
    ဘယ်သူ ့ကိုမှ မပြရဲဘူး
    ဘယ်သူမှ လည်း ကျိချင် မှာ မဟုတ်ဘူး။

    :kwi:

  • ဆူး

    June 9, 2013 at 12:14 pm

    ပန်းချီကားတွေ ကြည့်ရတာ ဝါသနာပါတယ်။
    ငယ်ငယ်ကတော့ ကျောင်းရှေ့မှာ ပန်းချီကားချပ်တွေ ရောင်းရင် အကြာကြီး မတ်တပ်ရပ်ပြီး ဘယ်လို ဆွဲလဲ ဆိုပြီး ကောက်ကြောင်းတွေ ရေးပုံရေးနည်းတွေ ကြည့်ခဲ့ရတယ်။
    အမျိုးသားပြတိုက်မှာ ပန်းချီကားတွေ တနေကုန် ထိုင်ကြည့်ပြီး ဆရာကြီးတွေ ဆွဲထားတဲ့ ပုံတွေ လိုက်တု ဆွဲခဲ့ဖူးတယ်။
    ငယ်စဉ် ကတည်းက ရူးသွပ်ခဲ့ဖူးတဲ့ အထဲမှာ ပန်းချီ ပါတယ်။

  • Ma Ma

    June 9, 2013 at 2:14 pm

    I love all, the first one is most. 🙂

  • padonmar

    June 9, 2013 at 2:47 pm

    ဟုတ်တယ်။အပေါ်ဆုံးပုံ အကြိုက်ဆုံးပဲ ပြောတတ်တယ်။
    ရေမျှောတာလည်း မျောချင်ရာမျောရင် ရောကုန်မှာပေါ့နော။

  • ဗုံ ဗုံ

    June 9, 2013 at 3:55 pm

    အောက်ဆုံးက ပုံလေးက ကြည့်ပြီးတစ်မျိုးခံစားရယ်. .. တော်လိုက်တာ..

  • kyaw swar kaung

    June 9, 2013 at 4:51 pm

    အားပေးတဲ့ ညီအကို မောင်နှမတွေကို တယောက်ချင်း ပြန်မရေးတော့ပါဘူး.. ခြုံငုံပြီး အားလုံးကို ကျေးဇူးတင်တယ်လို ့ပြောပါရစေ..။
    ကျနော် တင်လိုက်တုန်းက တမျိုးဗျ.. ဆိုဒ် ပေါ်မှာ ရောက်တော့ တမျိုး ဖြစ်နေတယ်..။
    ဒါကြောင့် ဒီမှာဘဲ ဖြည့်စွက် ပြောပါ့မယ်..။
    ဒုတိယ ပန်းချီကားလေးကို ကျနော် က “ ရာသီ ပြောင်းချိန် ” လို ့အမည်ပေးထားပါတယ်.။
    လုံးဝ ရေမမျှောဘဲ . အခြောက်ဆွဲထားတာပါ..။ ဘက်ကရောင်းရဲ ့ တောတန်း ခြုနွယ်တွေကို သတိထားကြည့်ပါ.. ဆေးရောင် အနားသား တွေ ပြတ်သားနေပါတယ်..။

    တတိယ ကားလေးက “ လွမ်းရိပ်ဆင် မကြင်လို ့လား ” လို ့အမည်ပေးထားပါတယ်..။ ထူးခြားချက်က လိုအပ်ပြီး
    ကိုယ်ရေမျှောချင်တဲ့ နေရာကို စူတ်နဲ ့ရေဆွတ်ထားပါတယ်.. ဆေးကို ဖြတ်ထားချင်တဲ့ နေရာကို စက္ကူသား အခြောက်အတိုင်း ထားပါတယ်..။ တတိယ ကားရဲ ့တိမ်တိုက်တွေကို သတိထားကြည့်ပါ.။

    ဗုံဗုံ… အထူးသဖြင့်ပေါ့.. ခံစားချက်ပါလာလို ့ပြောရရင်.. တတိယ ကားလေးဆွဲနေရင်း..
    လွမ်းသလို လို အားငယ်လာသလိုလို ဖြစ်လာလို ့…
    “ လွမ်းရိပ်ဆင် ..မကြင်လို ့လား ” လို ့အမည်ပေးခဲ့တာပါ..။

    အားလုံးကို ခင်မင်လျှက်
    ကျော်စွာခေါင်..
    မှတ်ချက်။ ။ လောလောဆယ် ပုံတင်တာနဲ ့ မန်းဂေဇက် မောင်နှမများရဲ ့အမည်နဲ ့ သတ်ပုံတွေကို အသည်းအသန် ခေါင်းစား လေ့လာနေပါကြောင်း။။ အမှီလိုက်ဘို ့ ဆုံးဖြတ်ပြီး ပို ့စ် ခေါင်းစဉ်ကို မန်းဂေဇက် သတ်ပုံနည်းအတိုင်း အားထုတ်ထားပါဂျောင်း.။

    • Foreign Resident

      June 9, 2013 at 5:48 pm

      ” ပို ့စ် ခေါင်းစဉ်ကို မန်းဂေဇက် သတ်ပုံနည်းအတိုင်း အားထုတ်ထားပါဂျောင်း ”

      ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွယ် ။

      • kyaw swar kaung

        June 9, 2013 at 6:40 pm

        ကျနော် စ ” လိုက်မိ တာပါ…ဘဖောရယ်..
        အတည် မယူလိုက်ပါနဲ ့..။

  • အရိပ်စစ်

    June 9, 2013 at 4:55 pm

    ရေမျောထားတဲ့ လယ်စောင့်တဲလေးကို ကြိုက်တယ်
    မိုးရိပ်လွှမ်းနေတဲ့ ပုံလေး….

  • ko pauk mandalay

    June 9, 2013 at 4:59 pm

    ပန်းချီထဲမှာရေဆေးပန်းချီကားကို နှစ်သက်ပါတယ်။
    ပန်းချီကို ခံစားလို့ရပေမယ့်
    ကိုယ်တိုင်ကတော့ မျဉ်းတောင်ဖြောင့်အောင် ကွေးအောင်မဆွဲတတ်လောက်အောင်
    ့ညံ့ပါတယ်။
    ရင်ထဲရှိတဲ့အမှန်စကားကိုပြောရရင်ဖြင့် အားကျမိပါ၏။

  • မောင် ပေ

    June 9, 2013 at 7:33 pm

    ပန်းချီဆရာရေ ..
    ထုံးစံအတိုင်းပဲဗျာ ၊ သိပ်နားမလည်ပေမယ့်
    ကြည့်ရတာတော့ အရသာတစ်ခုခု ရှိသလိုပဲ
    အဲဒါ … အဲဓါ

  • NAJA

    June 9, 2013 at 11:57 pm

    အင်မတန်နှစ်ခြိုက်ပါကြောင်း ဝင်ပြောလိုပါတယ်..
    ပန်းချီပန်းပု အနုပညာနဲ့ပတ်သက်ရင် မနီးစပ်လို့ ကျွဲပါးစောင်းတီး
    နွားပလာတာကျွေးသလို သိပ်မခံစားတတ်ပေမဲ့
    နားလည်ခံစားချင်စိတ် အပြည့်ရှိပါတယ်..

    အဆင်ပြေမယ်ဆို
    ပန်းချီ ကို ရေးပုံဆွဲပုံ..
    ပန်းချိီတစ်ချပ်ကို ရှုမြင်သုံးသပ်ပုံတွေကိုပါ
    ကျွန်တော်တို့လို နလပိန်းတုံးတွေ နားလည်အောင် ပညာခန်းလေးတွေ ရေးပေးနိုင်ရင်
    သိပ်ကောင်းမယ်လို့ ကျပ်ပေးချင်စိ်တ်ပေါက်မိလို့ပါခင်ဗျာ..
    ရွာထဲက ဓါတ်ပုံဆြာတွေလိုပေါ့..
    ပန်းချီဆိုတော့ ပညာရပ်အသစ်အနေနဲ့တော်တော်စိတ်ဝင်စားမိလို့ပါ…

    မော်ဒန်ပန်းချီတွေ အကြောင်းကိုလဲ အထူးစိတ်ဝင်စားပါတယ်
    အဲသဟာတွေကိုရော ဘယ်လိုခံစားပြီး
    နိုင်ငံတကာမှာ ဘာကြောင့်ဒီလောက် ဈေးကြီးတွေပေးနေကြတယ်ဆိုတာ အံ့ဩဘနန်းလဲဖြစ်မိတဲ့အတွက်
    ပန်းချီနဲပါတ်သက်လို့ အထွေထွေဗဟုသုတတွေသိခွင့်ရမယ်လို့ မျှော်လင့်မိပါကြောင်း..
    ရွာရဲ့ ပန်းချီဆရာအနေနဲ့လဲ ဝမ်းပန်းတသာ ဂုဏ်ယူပါကြောင်း ဝင်ပြီးလေရှည်သွားပါတယ်ခင်ဗျာ

  • kyeemite

    June 10, 2013 at 9:30 am

    ပန်းချီကားသုံးမျိုး နဲ့ ရေဆေးဆွဲပုံတွေပါရှင်းပြတာ ကျေးဇူးတင်ပါတယ်
    ကိုယ်တိုင်တော့ အဖြစ်မရှိပါဂျောင်းးး :hee:

  • ဦးကြောင်ကြီး

    June 10, 2013 at 10:05 am

    ကြောင်အကြီးကြီး ပုံတပုံ ရေဆေးပန်းချီ ဆွဲနိုင်မှ ဆရာခေါ်မယ်ဗျို့…

  • မင်းမင်း

    June 10, 2013 at 12:33 pm

    သဘာဝပန်ချီကိုစိတ်ဝင်စားပါတယ်။
    ရေဆေးပန်ချီကိုပိုကြိုက်ပါတယ်။
    ခုပုံတွေအားလုံးကိုကြိုက်ပါတယ်။
    ‘လယ်စောင့်တဲ’ကိုတော့အကြိုက်ဆုံးပါ။
    ကြည့်ရင်းကြည့်ရင်းနဲ့ ပန်ချီကားထဲရောက်သွား
    သလိုခံစားရပါတယ်။
    တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခနော်ခနဲ့တဲလေးထဲ
    တရေးလောက်တော့အိပ်ချင်တယ်ဗျာ။
    ခဏလောက် ပလပ်ဖြုတ်ချင်တယ်ပေါ့ဗျာ။

  • Mr. MarGa

    June 10, 2013 at 1:38 pm

    အားကျသဗျို့
    ပန်းချီနဲ့ ပတ်သက်ရင် တီကောင်ငါးကောင်တောင် ဖြောင့်အောင် မဆွဲနိုင်သူပါ။
    ဒါကြောင့်
    ကြည့်လို့သာ ခံစားသွားပါတယ်
    စကား အတင်းစပ်
    ရွာထဲက အဖွဲ့တစ်ဖွဲ့က ပန်းချီကားတွေကို မျက်စောင်းရော မျက်လုံးရော ထိုးနေသဗျ။
    အချိန်ကျရင် အကူအညီတစ်ခု တောင်းဖို့ ဆိုလားပဲ
    :kwi:

Leave a Reply