မုဒိန်းမှု ၊ ပြည့်တန်ဆာနှင့် ကိုယ်ချင်းစာတရား

ရာမညJune 9, 20131min30235

ဒီစာကိုရေးရင် ဖွသလိုများဖြစ်မလားဆိုပြီး စဉ်းစားခဲ့ပါသေးတယ် ။ဒီရွာကလူတွေက ရင့်ကျက်တဲ့သူတွေ
ဆိုတော ့ ထိရောက်တဲ့ဆွေးနွေးမှုတွေ ဖြစ်လာမှာပဲလို ့ယုံကြည်ပါတယ်။ ကြိုတင်ပြောထားချင်ပါတယ်
ကျနော်ယခုတင်ပြမှာက အပြုသဘောပါ ။ စားကားလုံအနည်းငယ် ကြမ်းလျှင်လည်း ခွင့်လွှတ်ကြပါ ။

မကြာ မကြာ ကြားနေရတဲ့အမှုအခင်းတွေထဲမှာ မုဒိန်းမှုဖြစ်နှုံးကလည်းကြောက်ခမန်းလိလိပါပဲ ။ လူသတ်မှု
တွေဆိုရင် ဘာမဟုတ်တာနဲ့ သတ်နေသလိုပါ ။စိတ်ထဲထင်မိတာကတော့ ဒီမိုကရေစီ စနစ်စကာမှပဲ အမှုတွေ
ဖြစ်ပြနေသလိုပါပဲ ။ အင်းးး မေတ္တာတော်အနန္ဒနဲ့ ရာဇဝတ်သားတွေလည်း လွှတ်ပေးလိုက်တာကိုး ။ ခါးပိုက်နှိုက်
ဆိုတာ မြင်ဘူးသလောက်ထောင်ကထွက်ရင် ပြန်နှိုက်တာပဲ ။ သူခိုးလည်း ထောင်ကထွက်ပြီး အများအားဖြင့်
ပြန်ပြီးခိုးတတ်တာပဲ ။

ဟုတ်တယ်လေ …. သူတို ့ပြောတာတော ့ မခိုးရင် လုပ်စားစရာမရှိဘူးတဲ့ ။ အတန်းပညာကလည်းမတတ် အရင်း
အနှီးနဲ့ ကလည်းမလုပ်စားနိုင် ဘယ်သုမှလည်းအယုံအကြည်မရှိ … နောက်ဆုံး သူခိုးပဲပြန်ဖြစ်တာပါပဲ ။ လွန်ခဲ့တဲ့
၂ နှစ်ကျော်တုန်းက အင်းစိန် ဒ/န မှာ အမှုစစ်နေတဲ့ သူခိုးတစ်ယောက်ဆိုရင် ၃နှစ်လောက်အတွင်း ခိုးမှု
လုယက်မှု နဲ့ဓါးပြမှုတွေဟာ ၆ဝ ကျော်ရှိပါတယ် ။ဒါတောင်အကုန်မဟုတ်သေးပါဘူး ကျန်ပါသေးတယ် ။
သူ ့အကြောင်းတော ့နောက်မှရေးပါမယ် ။

ကျွန်တော်ပြောချင်တာက အမှုဖြစ်ဖို ့ဆိုတာ ဖြစ်ဖို ့အကြောင်းရှိမှပါ ။ မြန်မာစကားပုံရှိပါတယ် “အလွယ်ထားရင်
လက်ယားတယ် ” တဲ ့ ဆိုချင်တာက အမှုဖြစ်လာပြီဆိုတာနဲ့ တရားခံကိုချည့် အပြစ်ဖို ့လို့မရပါဘူး။
နောက်ကြောင်းခံ ဇတ်လမ်းလေးတွေကိုရှာရပါတယ် ။မြန်မာပြည်က ဖေါက်ထွင်းမှုတွေရဲ့ ၇၀% ဟာ
လွယ်လို ့ဖြစ်ခဲ့ရတာပါ ။ စနစ်တကျတကယ်ဖေါက်တဲ့သူတွေလည်းရှိပါတယ် ။ ယခုပြောချင်တာလေးက
မုဒိန်းမှုအကြောင်းဆိုတော ့ အခြားအမှုအခင်းတွေ ခဏဖယ်ထားပါဦးမယ် ။

မုဒိန်းမှု ဖြစ်တိုင်း သက်ဆိုင်ရာက ညစ်ညမ်းခွေတွေကို မျက်စောင်းထိုးတော ့တာပါပဲ ။ ဒါဟာ ငြင်းစရာမဟုတ်
သော်လည်း ပြည့်စုံတဲ့အဖြေမဟုတ်ပါဘူး ။ ဆေးမီးတိုပါ ။ အလွယ်တရားခံရှာတာပါ။ တကယ်က အဲ့အမှုမျိုးဖြစ်ဖို့
စိတ်ပိုင်းဆိုင်ရာ အလွဲအချော်တခုခုရှိနေမှပါ ။ ဒါမှမဟုတ်ရင် အခြေအနေတစ်ခုက အထောက်အပံ့ပေးလို ့ပါ ။
ညစ်ညမ်းကား ကြည့်မိတာနဲ့ အရပ်ထဲလည်ပြီး ဒီအမှုကြူးလွန်တယ်ဆိုတာ အသင့်ယုတ္တိမရှိပါ ။ ကျွန်တော်တို ့
ကြားဖူးသလောက် တရားခံများဟာ အခွေကြည့်ပြီး ကျူးလွန်ပါတယ်လို ့ မထွက်ဆိုကြပါဘူး တဲ့။ (သူများပြောပြ
တာ ပြန်ပြောတာပါ) ။

ကျွန်တော်က ဒီအခွေတွေဖမ်းတာကိုအပြစ်တင်တာမဟုတ်ဘူးနော် ။ ခုတ်ရာနဲ့ ဆေးထည့်ရာလွဲနေလို ့ပါ ။
ကျောင်းရှေ့တွေအထိရောင်းတာလည်းရှိတော ့ ဖမ်းရမှာပါ ။ဒါပေသိ … ဒါဟာ ကုထုံးအမှန်မဟုတ်ဖူးဆိုတာ
ပြောချင်တာ ။ ကျွန်တော်တို ့ဆီမှာ အရင်ကလည်း ဒီလိုအမှုတွေဖြစ်ခဲ့ဖူးပါယ် ။လူတွေကရှုံ ့ချတယ် ။ထောင်ထဲ
ရောက်ရင်လည်း ဒီအမှုနဲ့လာရင် နှိတ်ကွတ်ကြတာပဲ ။ပြောချင်တာက လူ ့အသိုင်းအဝိုင်းကကို ကျင်ထားတာ ။
ဒါတင်မဟုတ်သေးပါဘူး …အရင်ကဆိုရင် အစိုးရဌါနတွေမှာ လဘ်ပေးရင်တောင် တိတ်တိတ်ခိုးပေးရတာ ။အခု
များကျတော ့ အရောင်းအဝယ်များအောက်မေ ့ရတယ် ဝဈေးတန်းညှိတာပဲ ။ငယ်ငယ်က မင်းအဖေကလဘ်စား
တယ်လို ့ပြောရင် ရှက်လွန်းလို ့ ။ အခုများကျတော ့ ဂွင်ရိုက်တယ်ဆိုတာကြီးက လူ ့အခွင့်ရေးလိုလို ဘာလိုလို ။
ရပိုင်ခွင့်တစ်ခုလိုလို ။

မရှက်အငြောာက်ကိုပြောတော ့တာပဲ ။ ကိုယ်ကျင့်တရားတွေဆုတ်ယုတ်လာတာကိုတွေ့ရမှာပါ ။ နောက်တစ်ခု
ပြောချင်တာက ပြည့်တန်ဆာကိစ္စပါ ။အရင်က အရပ်ထဲရွာထဲ ပြည့တန်ဆာ (ကြက်)ဆိုရင် ဆေးဖေါ်ကြောဖက်
မလုပ်တော ့ဘူး ။ ခုတော ့ အေးအေးဆေးဆေး အနေအထိုင်မပျက်ပုံပဲ ။ တစ်လောက မြို ့သစ်တစ်ခုရောက်တုန်း
လက်ဘက်ရည်ဆိုင်မှာပြောသံကြားရတာက မိန်းမနှစ်ယောက် အခြေအတင်ပြောနေတဲ့စကားလေးတွေပါ
ဘာလဲဆိုတော ့ ….. သူ ့သမီးက ကာရာအိုကေမှာလုပ်တာဝင်ငွေကောင်းကြောင်း ဘောစိတွေကသဘော
ကောင်းကြောင်း ၊ နောက်တစ်ယောက်ကလည်း … သူ ့သမီးက ဗြူတီဆလွန်းမှာ အလုပ်လုပ်ကြောင်း ၊
ခေါင်းလျှော်ရင်း ဟိုနှိတ် ဒီနှိတ် လုပ်ပေးရင် မုန် ့ဘိုးရကြောင်း သူတို ့ဆီလာတဲ့ဘောစိတွေလည်း သဘော
ကောင်းကြောင်း …. အဲ့စကားတွေကို ဘေးချင်းကပ်ထိုင်နေတဲ့ ကျွန်တော်ကြားခဲ့ရတာပါ ။

ကိုယ်ကျင့်တရား ယုတ်လျော ့သွားကြပုံပါပဲ ။ ကိုယ်ကျင့်တရားဆိုတာကတော ့ ယူအက်စ်က
ကိုယ်ကျင့်တရားနဲ့ ထေရဝါဒ ကိုယ်ကျင့်တရားကတော ့ တူမယ်မထင်ပါ။ ကျွန်တော်တို ့နားလည်
လက်ခံတာက ရွာသူကြီးဦးခိုင် လက်မခံလိုလှတဲ့ ကာမေသုမိစ္ဆာစာရ မှရှောင်ကျဉ်ခြင်းပါ ။ အဲ့ဒါကို လက်မခံ
ချင်ရင်လည်း ကိုယ့်နှမ ကိုယ်အမေဆို ဘယ်လိုဖြစ်မလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကြည် ့ပေးရင်
အခုဖြစ်နေတဲ့ ကလေးမုဒိန်းမှု လူကြီးမုဒိန်မှုတွေဟာ သက်သာသွားမလားမဆိုနိုင်ဘူး ။ဥပဒေပိုင်းကလည်း
ထိထိရောက်ရောက် ဒဏ်ပေးရပါမယ် ။ တစ်ဆက်တည်းပြောရရင် …..

ပုန်းလျှိုး ကွယ်လျှိုးလုပ်နေရတဲ့ ….အသွင်ယူလုပ်နေရတဲ့ ပြည် ့တန်ဆာလုပ်ငန်းတွေဟာ ဘယ်သူ ့အတွက်မှ
အကျို းမရှိသလို ရောဂါထိန်းချုပ်နိုင်မှုလည်း အားနည်းပါတယ် ။ မိန်းကလေးတွေလည်း သစ်ပင်အောက်
လမ်းဘေး ၊ ဓါတ်တိုင်အောက်ကနေ ဈေးခေါ်နေရတာ ရုပ်ဆိုးပါတယ် ။ အစိုးရက ဇုံတစ်ခုသတ်မှတ်ပြီး
အခွန်ကောက် ကျန်းမာရေးစစ်ဆေးပြီး တရားဝင်ထိန်းချုပ်ရင် တမျိုးတစ်ဖုံကောင်းလေမလားမသိ ။ အခုလို
ရောထွေးမနေပဲ အဖြူအမည်း သဲကွဲမယ်ထင်ပါတယ် ။ နောက်ဆုံးပြောချင်တာကတော ့
ကိုယ်ကျင့်တရားလေးတိုးမြှင့်ထိန်သိမ်းပြီး ကိုယ်ချင်းစာတရားလေးထားပေးကြရင် ……….
အမှုအခင်းအားလုံး သက်သာလျော ့နည်းသွာပါလိမ့်မယ် ….။

ကြိုးစားပါဦးမည်
ရာမည

35 comments

  • padonmar

    June 9, 2013 at 2:54 pm

    မွန်တို့ဌာနီရေ။
    ကမ္ဘေကမာ္ဘက ရှိလာတဲ့ ပြည့်တန်ဆာကို တရားဝင် နေရာသတ်မှတ်ရင် မိန်းမကောင်းတွေ အထင်လွဲမခံရဘူးပေါ့။
    ခုခေတ်ကလည်း အဆိုးကို အကောင်းထင် ၊အပျက်ကိုအဟုတ်ထင် ဆုတ်ကပ်ဆိုတာမှန်မှာပဲ။
    အမေတွေကိုယ်၌က ဓာတ်ပုံအရိုက်ခံနေတဲ့ မော်ဒယ်သမီးကို နည်းနည်းပိုကော့ပေးအုံး၊ဒါမှ ဆက်ကစီဖြစ်မှာပေါ့ဆိုတာ ပြောနေကြတဲ့ ခေတ်။
    မိုးခါးကြီး ရွာနေပါတယ်။အဲတော့ ကိုယ်ချင်းစာတရားတွေလည်း ခေါင်းပါးမှာပေါ့။
    အမှောင်ထုထဲမှာ အနှစ်၅ဝ ဖြစ်သွားတာကိုး။
    အခုကစပြီး မိုးမသောက်လို့ မလင်းသေးလည်း လက်နှိပ်ဓာတ်မီးတွေ ဝိုင်းထိုးပေးထားရအောင်။

  • kyaw hteik

    June 9, 2013 at 3:02 pm

    ပြည်​့တန်​ဆာဥပ​ဒေထုတ်​ပြီ တရားဝင်​ချ​ပေးလိုက်​ရင်​ မုဒိန်​းမှုအ​တော်​​လေး​လျော့သွားမယ်​ ထင်​တယ်​။
    ခက်​တာက တချို့လူ​တွေက ခိုးစားတဲ့အသီး ပိုချိုတယ်​ထင်​ကြတယ်​။အဓိက က​တော့ဆန္ဒကို အသိနဲ့
    ထိန်​းသိမ်​းဖို့ပဲလိုတာပါ။ဆန္ဒရှိတဲ့ အချိန်​​လေး သတိ​လေးကပ်​ပြီ ​အော်​ဆန္ဒပြင်​းပြတုန်​းပူ​လောင်​ပြီ ပြီးတဲ့အခါ
    ဘာမှမဟုတ်​ပါလားလို့ အသိ​လေးအရင်​ဝင်​လို့ ကိုယ်​စိတ်​နှစ်​ဖြာ ချမ်​းသာဖို့အတွက်​ ​တွေးကြစမ်​းပါ
    ခင်​ဗျာ။

  • ဆူး

    June 9, 2013 at 3:25 pm

    ုမုဒိန်းမှု တွေနဲ့ ပတ်သတ်ပြီး ဆောင်းပါးတွေ ဒီတလော ဖတ်ရတာ တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်။
    အများစုက ဆယ်ကျော်သက်ပါတဲ့.. အသက် ၄နှစ်ကစပြီးတော့ အသက် ၅ဝကျော် ပါတယ် ဆိုပြိး ဖတ်လိုက်ရတယ်။

    ဒီကြားထဲ သတင်းတွေ ထဲမှာ အဖေက သမီး ကို ပြန် ကျင့်တာကလည်းပါသေးတယ်။

    အကျင့်စာရိတ္တတွေ ခေါင်းပါးကုန်ပြီလား.. မောင်နှမ သားအဖ တူတူ ထားခဲ့လို့ မရဘူး ဆိုရင် တစိမ်းတရံ လိင်မတူသူ ၂ယောက် တူတူ ရှိနေပြီ ဆိုရင် %ပြည့် သေချာ နေပြီလား..
    တွေးကြည့်ရင် အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။

    အသက်ငယ်ငယ်တွေက ဆွဲဆောင်မှုရှိလို့ ထားပါတော့.. အသက်ကြီးကြီးတွေလည်းပါတယ်။ ရှင်စောပု လမ်းမှာ ရူးပြီး ကားလမ်းပေါ် ဖြတ်ဖြတ်ပြေး ဆော့နေတဲ့ အဘွားကြီးလည်း သတင်းတွေ ကြားလိုက်ပါသေးတယ်။ ကျောင်းတက်တုန်းက ကျောင်းကားစီးရင်း ဖြတ်ဖြတ်သွားရင် မြင်တဲ့ အရူးမ ဆိုလည်း ကလေး ၃ယောက် ရှိပါတယ် လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းကပါ.. ကလေး အဖေ တယောက်မှ မသိကြဘူး။ အရူးမ ကတော့ ကဲလို့ မဖြစ်နိုင်ပါဘူး.. စာရိတ္တတွေ မထိန်းသိမ်းကြတဲ့ လူ တချို့ကြောင့်ပါ..
    ထိုကဲ့သို့သာ ဆိုရင် ကြီးကြီးငယ်ငယ် အမျိုးသမီး မှန်သမျှ စိတ်မချရတဲ့ ဘဝ ရောက်ကုန်ကြပြီလားလို့ တွေးစရာ ဖြစ်လာပါတယ်။

    အိန္ဒိယမှာ ၄နှစ် နဲ့ ၅နှစ်ကလေးငယ် မဒိန်းကျင့်ခံရပြီး ဆေးရုံရောက်တဲ့ ကိစ္စ နဲ့ အမျိုးသမီးတွေ အတွက် လုံခြုံအောင် အစိုးရကာကွယ်ပေးဖို့ ဆန္ဒပြခဲ့ကြတာ သတင်းတွေမှာ တွေ့ဖူးပါတယ်။

    တခြား ကိစ္စတွေတော့ အော်ဟစ်နေကြတာ အမျိုးကို စုံနေတာပဲ..
    မြန်မာနိုင်ငံရဲ့ လူဥိးရေ ၃ပုံ ၂ပုံ နီးပါးလောက်ဟာ အမျိုးသမီးတွေပါ.. ၃ပုံ၂ပုံ သော အမျိုးသမီး တွေအတွက် တောင်းဆိုဖို့ အားလုံး မေ့လျော့နေကြတယ်။
    တင်းတင်းကြပ်ကြပ် အရေးယူသင့်ပါတယ်။

    တိကျပြတ်သားတဲ့ လှုပ်ရှားမှုတွေ လုပ်သင့်တယ်။

    ဓါတ်ပုံနှင့်တကွ နေ့တိုင်း သတင်းစာ ခေါင်းကြီးပိုင်းမှာ ထည့်ပေးရင်.. နောက်ပိုင်း ဒီလို နေရာမှာ ငါ့ပုံပါလာခဲ့ရင် ဆိုပြီး တုန်လှုပ်ပြီး လျော့ပါးသွားလေမလား..

    ကိုရီးယားမှာတုန်းက ဂိုက်ပြောတာ သတိရလို့ပါ.. သူတို့ဆီမှာ အသက်မပြည့်သေးတဲ့ လူနဲ့ တွဲတာ (club) တွေ့ခဲ့ရင် သတင်းစာ ခေါင်းကြီးပိုင်းမှာ ပုံနဲ့ ပါလို့ ကြောက်ပြီး ဘယ်သူမှ မတွဲရဲကြပါဘူးတဲ့..

  • ဦးဦးပါလေရာ

    June 9, 2013 at 3:40 pm

    ကြည့်လဲပြောကြပါ …. ဓါတ်လိုက်နေပါဦးမယ်…
    :kwi:

    အဲ….
    နောက်တာပါ…
    အဲဒါတွေက ဥပဒေမစိုးမိုးလို့ဖြစ်တာပါ

    ပြဿနာက- စိုးမိုးသင့်တဲ့ တရားဥပဒေကလဲ မရှိမှမရှိပဲ
    လက်ရှိကျင့်သုံးနေတဲ့ ကျင့်ထုံးတွေ၊ စီရင်ထုံးတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွေ….
    ပြီးတော့ … ဟို … ဘာတဲ့…. ဒေသန္တရ အမိန့်ဆိုလား … အဲဒါတွေ…
    ……………………….
    အဲဒါတွေက တချို့က ခေတ်မမီဘူး၊ တချို့ကလက်တွေ့မကျဘူး၊ တချို့ကအမြီးအမောက်မတည့်ဘူး၊ တချို့ကမမှန်ဘူး၊ တချို့ကတရားမျှတခြင်းမရှိဘူး…
    အဲဒီဥပဒေတွေ၊ နည်းဥပဒေတွေ ဘာတွေညာတွေအားလုံးကို မြောင်းထဲထည့်ပြီး
    ပိုမိုဆီလျှော်ကောင်းမွန် တရားမျှတပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ ဥပဒေတွေ တပြိုင်နက် ပြဌာန်းနိုင်မှ
    သင့်တော်တဲ့ဥပဒေတွေရမယ်
    ((((လက်ရှိလူတွေ လုံးဝမလုပ်နို်င်မှန်း ကြိုက်တဲ့ကြေးနဲ့လောင်းရဲတယ်…။ အဲဒါ လေးတန်းအောင်လောက် အသိဉာဏ်ရှိတဲ့လူတွေမှလုပ်နိုင်တာ))))
    အဲဒီရလာတဲ့ဥပဒေတွေကို တိတိကျကျ လိုက်နာစေပြီး
    မလိုက်နာပဲ မနေရဲလောက်တဲ့ပြစ်ဒါဏ်တွေ တွဲဖက်ပြဌာန်းထားမှ
    ဥပဒေစိုးမိုးမှာဖြစ်ပါတယ်။
    ဒီနိုင်ငံက လူများစွာဟာ ဆင်းရဲတယ်၊ ပညာမတတ်ဘူး၊ အတွေအခေါ်နိမ့်တယ်၊ အနာဂတ်မရေရာဘူး…-
    အဲဒီလိုလူမျိုး ကြောက်လောက်တဲ့ ပြစ်ဒါဏ်ဟာ
    ချမ်းသာတဲ့၊ ပညာတတ်တဲ့၊ အတွေးအခေါ်ရှိတဲ့၊ တောက်ပသောအနာဂတ်ရှိတဲ့ (ဥပမာ ဂဇက်ရွာသူားများ)လူတွေ ကြောက်လောက်တဲ့အပြစ်ဒါဏ်မျိုးနဲ့ မတူရေးချမတူပါ…။
    ဒါကြောင့် ဥပဒေကို သူများနိုင်ငံက ခိုးချချင်ခိုးချပါ
    ပြစ်ဒါဏ်ကိုတော့ ပုံတူကူး ခိုးချလို့မရပါ…။
    အခုရာဇဝတ်မှု့တွေထူပြောနေတာ ရာဇဝတ်မှု့ ကျူးလွန်ရမှာမကြောက်လို့ အများဆုံးဖြစ်ပါတယ်။

    ဒီအထဲ အလကားနေရင်း ဥပဒေအရ တရားစီရင်ပြီးသား အကျဉ်းသားတွေကို စီရင်ချက်တွေ ပြန်လည်သုံးသပ်ပြီး အပြစ်မရှိလို့လွှတ်တာမျိုးမဟုတ်ပဲ အလကားနေရင်း ထောင်ခါနေတာဟာ ယောက်ဖကြက်ဥတိုက်သလိုပဲ…။

    တရားဥပဒေက ထောင်နှစ်နှစ်ဆယ်ချထားရင်
    အဲဒါရဲ့အဓိပ္ပါယ်က ဒီလူကို ထောင်နှစ်နှစ်ဆယ်ချမှတရားတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
    အဲဒါကို ကောင်းကောင်းနေလို့ လျှော့ရက်ပေးတယ်ဆိုရင်ကို လွန်လွန်းနေပြီ
    (ကျုပ်သာဆို ကောင်းကောင်းနေလို့ လျှော့ရက်တော့မပေးဘူး၊ ထောင်တွင်း ခံစားခွင့်တွေပဲ ချီးမြှင့်မယ်၊ ဥပမာ- အစားပိုကျွေးတာ၊ နေရာကောင်းမှာထားတာ၊ အလုပ်သက်သာအောင်ထားတာ၊ ဖျော်ဖြေရေးခံစားခွင့်ပေးတာ၊ ထောင်တွင်းမှ ပညာသင်ခွင့်၊ ဝင်ငွေရအလုပ်လုပ်ခွင့်ပေးတာ၊ ခံဝန်နဲ့ ခွင့်တပတ်ဆယ်ရက်ပေးပြီး အိမ်ခဏပြန်ခိုင်းတာ-စသည်စသည် )
    အလကားနေရင်း လွတ်လပ်ရေးနေ့မို့ ဘာနေ့မို့ အူမြူးတဲ့အထိမ်းအမှတ်နဲ့ လျှောက်လွှတ်တာဟာ
    မူလစီရင်ထားတဲ့ ဥပဒေကို မထေမဲ့မြင်ပြုရာကျတယ်။

    • ဇဂါး လွတ်

      June 10, 2013 at 6:23 pm

      ရက်စက်ရာကျရင်တော့ ကျလိမ့်မယ်ဗျ။
      ထိုက်သင့်တဲ့ အပြစ်ဒဏ် ဆိုတဲ့ စကားက တစ်ခါတစ်လေတော့လည်း အတည်ယူစေချင်ပါရဲ့။
      တခါတလေ ဥပဒေကို ရာဇဝတ်မှုမဟုတ်တဲ့ အမှုမျိုးတွေမှာတော့ တင်းကြပ်ပြီး ကျန်တာတွေ ညှာနေတယ်။
      လူမဆန်တဲ့ အမှု အခင်းမျိုးကြားလိုက်ရတိုင်း တရားခံကို လူလိုကို မမြင်နိုင်တော့ပဲ ကိုယ့် စိတ်ထဲက (အကုသိုလ် ယူပြီးကို) ကိုကျော်ထိုက် ပြောသလို အပြစ်ပေးမိတယ်။ 🙁

      ဦးပါ ပြောတာကို အပြည့်အဝ ထောက်ခံသွားတယ်။

  • ဦးဦးပါလေရာ

    June 9, 2013 at 3:53 pm

    လူတွေ အရင်ကလောက် အရှက်အကြောက်မရှိတော့တာ၊ ကိုယ့်သိက္ခာတန်ဘိုးမထားတော့တာကတော့ သူများနိုင်ငံတွေမှာလဲ အတူတူပါပဲထင်ပါရဲ့။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ခေတ်ရေစီးမို့ ဆန်တက်ဖို့လဲမဖြစ်နိုင်ပါ။ မျှောမလိုက်ပဲ ရပ်နေနိုင်ဖို့တောင်မလွယ်သလောက်ပါ…။

    ရွာထဲက ကလေးတွေဗဟုသုတဖြစ်အောင်
    လွန်ခဲ့တဲ့နှစ်သုံးဆယ်က ပြည့်တန်ဆာတစ်ချို့အကြောင်းပြောပြချင်တယ်…။
    အဲဒါ တချို့ ပြည့်တန်ဆာတွေက အဲဒီတုန်းက သာကေတမှာ နေကြတယ်
    အဲဒီတုန်းက သာကေတဆိုတာ ရန်ကုန်ရဲ့အစွန်ဆုံးဖြစ်ပါတယ်။
    အဲဒီအစွန်ဆုံးရဲ့ အစွန်အဖျားနားမှာမှ လူမသိသူမသိနေကြတာပါ။
    အဲဒီတုန်းက ရပ်ကွက်ထဲ ပြည့်တန်ဆာအိမ်ရှိရင် ခဲနဲ့ဝို်င်းပေါက်တာပါ။ အရပ်က လက်မခံပါဘူး။
    အဲဒီ မိန်းမတွေ မြို့ထဲလာတော့မယ်ဆိုရင် ဖလံနယ်အင်္ကျီအကွက်ကြီးဝတ်၊ ကြိမ်ခြင်းတောင်းထဲ ထမင်းဗူး ကပ်ကျေး စတာတွေထည့်ပြီး အလုပ်ဆင်းသလို ဟန်ဆောင်ပြီးရပ်ကွက်ထဲကထွက်လာတာ။
    တံတားဟောင်းဒီဘက်ခြမ်း ညောင်ပင်ကြီးအောက်နားကျမှ ပြည့်တန်ဆာနဲ့တူတဲ့အဝတ်နဲ့လဲတာ။
    ဒီကပြန်ရင်လဲ အဲသလိုပဲ ။ ရိုးရိုးအလုပ်သမပုံဖမ်းပြီးမှ သူ့ရပ်ကွက်ထဲဝင်တာပါ။

    ဒီခေတ်များတော့ -ါသယ်အိမ်ဆိုတာ ဆိုင်းဘုတ်တပ်မထားရုံတမည်ပဲ…။
    ဒါတောင် တပ်ချင်တပ်ထားမှာ …. ကျုပ်မသိလို့နေမှာ….။

  • kyaw hteik

    June 9, 2013 at 3:57 pm

    အရွယ်​မ​ရောက်​​သေးတဲ့သူကို ကျူးလွန်​ရင်​ အပြစ်​ဒဏ်​ကိုကြီး​လေး​အောင်​
    အပြစ်​ရှိသူရဲ့ လိင်​အင်္ဂါကို ဖြတ်​ပြစ်​ပါ။ဒါမှ​နောက်​မကျူးလွန်​ရဲ ​တော့မှပါ။အရွယ်​​ရောက်​ပြီသူ
    ဆိုရင်​ အခြားနှစ်​ရှည်​ပြစ်​ဒဏ်​ ​ပေးပါ။ဦးပါ​လေရာ​ပြောတဲ့ စကား​ထောက်​ရင်​ အကြံပြုသွားပါတယ်​။

  • kai

    June 9, 2013 at 4:19 pm

    ကာမေသုမိစ္ဆာစာရကို အဓိပ္ပါယ်ဖွင့်တာမှားသမို့… မြန်မာပြည်ရဲ့ မုဒိန်းမှုဖြစ်နှုန်းဟာ.. ကမ္ဘာ့နိုင်ငံတွေထဲ.. ထိပ်တန်းကရှိမယ်လို့… ပြောခဲ့ဖူးတယ်…။
    အနောက်နိုင်ငံ စံနှုန်းတွေနဲ့.. သေချာစာရင်းကောက်ကြည့်ပါလား.. ပလက်တောင်လန်ကျသွားဦးမယ်..

    အဟမ်း..
    ဒါတောင်… ကလေး(မ)တွေ.. ညအိပ်… ခေါ်ထားတာတွေမပါသေး..
    မပြောရက်ပေမယ့်… ပြောရမှာပဲ..
    … ဘာသားနဲ့ထုထားတာမှတ်လို့..

    သခင်မျိုးဟေ့.. ဒို့မြန်မာ.. :kwi:

    • kai

      June 11, 2013 at 2:53 pm

      မုဒိန်းမှု၏ ၅ဝ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ

      ဇန်နဝါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅ဝ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

      ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွွှှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

      အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁ဝ နှစ်အောက် ရ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာခိုင်နှုန်းကျော်မို့ အတော်မြင့်မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝမရရှိတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

      ဒါတွေကို ကာကွယ်ဖို့အတွက် လွွှှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။

      by ဒီဗွီဘီ

      • ရာမည

        June 11, 2013 at 8:08 pm

        အဲ ့ ဒါက စာရင်းအရ သူကြီးဦးခိုင်ရဲ့ ့
        မတိုင်ကြား ၊ ညှိနိုှုင်းကျေအေး ရှက်လို ့ဖွင့်မပြော
        အံကျိတ်ခ ံ ဒါတွေက နှစ်ဆလောက်ရှိပါတယ်ဗျာ
        ပြောရင် ဒီအစိုးရလက်ထက်မှာ ပိုပြီးမလုံခြုံသလိုဖြစ်အောင်
        ဖေါ်ဆောင်နေသလိုပါပဲ

  • ဦး ကြိမ်

    June 9, 2013 at 4:26 pm

    သေ ဒဏ် ပေး ကြည့် ဗျာ
    ပြီး မှ နောက် တမျိုး စဉ်း စားမယ်

  • အရီးခင်လတ်

    June 9, 2013 at 4:32 pm

    ဦးဦးပါလေရာ says:
    { လူတွေ အရင်ကလောက် အရှက်အကြောက်မရှိတော့တာ၊ ကိုယ့်သိက္ခာတန်ဘိုးမထားတော့တာကတော့ သူများနိုင်ငံတွေမှာလဲ အတူတူပါပဲထင်ပါရဲ့။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ခေတ်ရေစီးမို့ ဆန်တက်ဖို့လဲမဖြစ်နိုင်ပါ။ }

    အနောက်တိုင်း က လူတွေ အရှက်အကြောက် နည်းတယ်။
    လျှပ်ပေါ်လော်လီပြီး မိသားစုပုံစံ ကို ဂရုမစိုက်ဘူး ဆိုတာ ကြားဘူးခဲ့တာ။
    အရင်က ဒါဟာ တကယ်ဘဲလား။ ကျွန်မ တို့ ကို Brain wash လုပ်ခဲ့တာလားတော့ မသိ။
    လောလောဆယ်နေနေရတဲ့ လူနေမှုဘဝ မှာတော့ ဒါတွေ နဲ့ တစ်ခြားစီပါဘဲ။
    အသိဉာဏ်မြင့်လာတဲ့ လူတွေ နေနေ တဲ့ ဘယ် အရပ်ဒေသမှာ မဆို အရှက်အကြောက် တရားရှိပါတယ်။
    လူ တွေ ရဲ့ စဉ်းစားဆင်ခြင် တွေးခေါ်မှုအဆင့်အတန်း ပေါ်မူတည်ပြီး အရှက်အကြောက် တရား ကွာပါတယ်။

    ယူကေ မှာ အများပြည်သူ အဆောက်အဦ တွေ၊ ရုံးတွေထဲ မှာ ဆေးလိပ်သောက်ခွင့် ကို ဥပဒေ နဲ့ ကို တရားဝင်ပိတ်ထားပါတယ်။
    မြန်မာပြည်မှာ ကျောင်းသားကလေး လက်ထဲ မှာ ဆေးလိပ် အလွယ်မြင်လဲ ဘယ်သူမှ မတား။
    ဒီမှာ ဆို မိုးမီးလောင်ပြီမှတ်။ ကျန်တာတွေလဲ အများလွတ်မနေအောင် အထိန်းအကွပ် တွေရှိပါတယ်။
    သဘောက လူတွေ ရဲ့ ကျန်းမာရေး၊ လူမှုရေးရာ တွေ ကို ပိုပြီး အဆင့်မြင့်အောင် အစိုးရက ထိန်းပေးလာတာပါ။
    တန်းစီရတဲ့ နေရာမှာ ကြားဖြတ်ရင် ရှက်ရကောင်းမှန်း ကလေးက အစ သိပါတယ်။
    ခိုးတာ၊ လိမ်တာ ရှက်စရာလို့ နားလည်ပြီး တော်ရုံ ကျူးလွန်ခဲကြတယ်။
    ကျွန်မတို့ နေတာ တော မို့လားမသိပါ။
    လူရှေ့ သူရှေ့ အမြင်မတော် ဖက်ရမ်းနမ်းရှုံ့ နေတဲ့ မြင်ကွင်း တော်ရုံ မတွေ့ရပါ။
    ညဖက် လဲ လူသူကြား လူခေါ်နေတဲ့ မိန်းမပျက်လေး တွေလဲ ပေါပေါများများ ရှိပုံမရပါ။
    အနောက်တိုင်း တစ်ခြားနိုင်ငံ တွေ မှာတော့ မသိ။
    ဂျပန်မှာတောင် မှ ညဖက်ဆို လူခေါ်နေ တဲ့ ဖိလစ်ပိုင် မလေးတွေ အများကြီး တွေ့ဘူးပါတယ်။
    ယိုးဒယား ကတော့ သူ့သတ်မှတ် နေရာမှာ နာမည် ကို ကြီးပြီးပေါ့။
    ကျန်နေရာ တွေ လဲ ဟိုနား ဒီနား တွေ့ရဘူးပါတယ်။
    ဒီတော့ ကိုယ့်နိုင်ငံ ကို လဲ အများက ကိုယ် ဖြစ်ချင်သလို ဖြစ်စေလို့ ရပါတယ်။
    နိုင်ငံ မှာ နေတဲ့ လူတစ်ဦးချင်း ပေါ်မူတည်မယ်။
    မသိနားမလည်သူတွေကို ဖေးမလမ်းပြမဲ့ သူတွေ မများဘဲ ရေနစ်သူဝါးကူထိုး နေသူတွေ များနေတာ တော့ အသေအချာဘဲ။

    တိုးတက်တဲ့ နိုင်ငံ တိုင်း မှာ အိပ်၊ စား၊ ကာမ ဘဲ သိတဲ့ တိရိစ္ဆာန်တွေ ထက် သာကြောင်း ပြသ နေချိန် မှာ
    မြန်မာပြည် ကို ဆင်ခြင်တုံတရား ရှိမဲ့ ပညာဉာဏ်တိုးတက်အောင် ကြိုးစားပြီး ပြောင်းပေးကြရမဲ့ အစား လွယ်ရာ ကူရာ အမြန်ပြောင်းလို့ ရတဲ့ ဖာ နိုင်ငံ ကို အရင်စလို့ ပြောင်းချင် ကြ ဆို လဲ ပြောင်းကြပေါ့။
    ဒါက ခက်တာမှ မဟုတ် ဘဲ။ နော။
    ယိုးဒယားကမှ အဆင့်အတန်းရှိတဲ့ ဖာ နိုင်ငံ ဖြစ်ဦးမယ်။
    မြန်မာပြည်က အဆင့်မရှိတဲ့ ဖာ နိုင်ငံ ရောက်မှန်းမသိ ရောက်နေတာလဲ သတိပြုမိကြရဲ့လားတောင်မသိ။

    • kai

      June 10, 2013 at 4:49 am

      တိုကျိုမြို့လည်လမ်းမ.. ညသန်းကောင်မှာ..လူပြတ်တဲ့နေရာမှာ.. အင်မတန်လှတဲ့မိန်းကလေးတယောက်အရက်မူးပြီး.. ယိုင်ထိုးလျှောက်လိုက်.. တိုင်မှီလိုက်သွားနေတာမြင်ဖူးတယ်..
      Suitအပြည့်ဝတ်ထားတဲ့.. အမျိုးသားဝန်ထမ်းတယောက်.. လက်ကိုင်အိပ်ကလေးဆွဲပြီး.. မူးလဲကျလိုက်..ပြန်ထလိုက်သွားနေတယ်မြင်ဖူးတယ်..
      အိပ်ထဲ..ဒေါ်လာ၁ထောင်လောက်အသာလေးရှိမယ်ထင်ရတာပဲ..။ နာရီကလည်း. ရိုးလက်စ်ဖြစ်နိုင်တာပဲ..။

      နယူးယောက်မြို့လည်.. ည(မနက်၂နာရီလောက်) တယောက်ထဲလျှောက်သွားဖူးတယ်..။
      တလမ်းဝင်တလမ်းထွက်..
      လမ်းမှာ.. မိန်းကလေးလှလှတွေတွေ့တာပဲ.. မူးနေသူတွေတွေ့တာပဲ…
      နောက်တဲ့..ပြောင်တဲ့.. ရိတဲ့..ကလိတဲ့.. ဆွဲတဲ့.. ဖြဲတဲ့သူမရှိ..။

      ဆိုတော့…ဒါတွေက.. ကိုယ်တွေ့…။
      ဆိုတော့..
      နှိုင်းကြည့်ကြဖို့ပါပဲ..။

      ဆိုတော့..
      လိုက်ဆို… လိုက်ဆို.. မေတ္တာပို့..မေတ္တာပို့.. တကမ္ဘာလုံးပါတ်လည်ဆွဲ..မေတ္တာပို့…
      ကွိ.. :kwi:

      (၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
      ( ၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
      ( ၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
      (၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
      ( ၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

      • ကြက်အူလှည့်

        June 10, 2013 at 8:11 am

        ဟာဂျာ ..ကျုပ်နဲ့မတွေ့ဒါ နာဒယ်…
        တွေ့လို့ကဒေါ့ အုဂုအိဆုဒနီ မ-သွားဘာဒယ်…
        ဟိ…
        :harr:

  • marga thagyar

    June 9, 2013 at 4:56 pm

    မုဒိမ်းမှ ု များလာတာကတော့ ဘာသာရေးအဆုံးအမကို မလိုက်နာကြလို့ ့၊တစ်ခဏစါသာကြည့်လို့/ ဖါသယ်တွေ များလာတာက စီးပွားရေးကြပ်တည်းလု့ိ၊အလွယ်လမ်းကို လိုက်လု့ိ.

  • cobra

    June 9, 2013 at 5:37 pm

    အသိပညာနိမ့်ကျလို့ ဖြစ်ရတာရယ်
    တရားဥပဒေစိုးမိုးရေးရယ် အျားကြီးလိုနေသေးတယ်လို့ထင်ပါတယ်
    မုဒိန်းမှုဖြစ်တာတော်တော်များများကလဲ မြို့ပြတွေမှာဖြစ်တာမဟုတ်ဘူး
    ဗဟုသုတနဲ့ပညာရေးခေါင်းပါးနေတဲ့ နေရာတွေမှာဖြစ်တာဆိုတော့……….

  • အရီးခင်လတ်

    June 9, 2013 at 7:28 pm

    အစောက မပြီးသေးတာ ဆက်ပြီး ပြောရရင်တော့
    တကယ်ဘဲ ပြည့်တန်ဆာတန်းဖွင့်ပေးလိုက်ရင်ကော ဒီအမှုတွေပြီး မယ်ထင်လို့လား။
    ကော်ဘရာပြောတဲ့ မုဒိမ်းအဖြစ်များတာ မြို့ပြမဟုတ်ဘဲ တောမှာများတာ အမှန်ဘဲ။ တောဘက် တွေမှာ သွားဖွင့် ရရင် လူတွေ ပိုပြီး ဒုက္ခရောက်ကုန်မှာ။
    အဲဒီမင်းသားက ပိုက်ဆံလဲမရှိ၊ အဲဒီကိုလဲ သွားချင် နဲ့ နောက်ပိုင်း ဓားပြမှု တွေ၊ လူသတ်မှုတွေ ပါ ကျူးလွန်မှာ အသေအချာဘဲ။
    နောက်ပြီး နယ်ဖက်မှာ ဒီလိုမျိုး တရားဝင် ဘယ်သူ လုပ်ရဲ ပါ့မလဲ။
    ဒါမျိုးလုပ်စားဖို့ မြို့တက်ကြရတာမဟုတ်လား။ေ
    တောမှာ မုဒိမ်း မှု မဖြစ်ဖို့ ကတော့ အတော်ပြင်းထန်တဲ့ ဥပဒေ နဲ့ ပြဌာန်းပေးမှ ရမှာ။

    ဒီတော့ တရားဝင် ပြည့်တန်ဆာတန်း ကတော့ မြို့ပေါ်မှာဘဲ ရှိမှာ။
    အခုလဲ မြို့ကြီးတွေမှာ တရားဝင်သဘော တွေ စည်းလွတ်ဝါးလွတ် အများကြီးရှိနေတာဘဲ။
    သူ့လောကနဲ့သူ့ခွင်ထဲ မှာ အချိတ်အဆက် တွေ နဲ့ပါ။
    တစ်ချို့ ကြည့်လိုက်ရင် မထင်ရလောက်အောင်ဘဲ။
    အပေါ်က ပြောတဲ့ မာဃ ပြောတဲ့ စီးပွါးရေးကျပ်တည်းတာကို အလွယ်လိုက်တာက စလို့ လဲပါသပေါ့။
    အဲဒီမိန်းကလေးတွေ ကလဲ ထမင်းတနပ်ဖိုး တင်မဟုတ် ရတော့လဲ တော်ရုံ သုံးချင် ဖြုန်းချင် တဲ့ အရွယ်မှာ ဒီလို ရင်းလိုက်ကြတာ မဆန်းပါဘူး။
    တစ်ချို့ဆို နင့်ကနဲ ရတာ။
    အဲလို နင့် ကနဲ ပေးနိုင်ဖို့ အဲဒီ ဘကြီးတော် တွေက သူတို့ချွေးနဲစာ လေးတွေ နဲ့တော့ ဒီလို လာသုံး နိုင်မှာ မဟုတ်ဘူး။
    အလကား နီးပါး ရတဲ့ ပိုက်ဆံတွေ နဲ့ မို့သာ ဒီလို ငွေကို သုံးနိုင်တာ။
    ဒီလို မိန်းကလေးတွေကို ဖျားယောင်းနိုင်တာ။
    ဒါမျိုး တွေက မြန်မာပြည် လို ချစား လာဘ်စားတဲ့ နိုင်ငံတွေ ရဲ့ သင်္ကေတဘဲ။

    အဲဒီ ချစားတဲ့ ငွေတွေကို ကိုယ်ကျိုး ဇိမ်ခံ သုံးနေနိုင်သူ တွေ ကို ကြည့်ပြီး လူငယ်တွေ အတုယူမှားတယ်။
    မိန်းမငယ်တွေ ပျက်စီးတယ်။
    တိုင်းပြည်ဘဏ္ဍာ ကို တိုင်းပြည်က မသုံးရလို့အများပြည်သူ စီးပွါးရေးချို့ တဲ့ တယ်။
    နိုင်ငံ ဆင်းရဲတယ်။
    နိုင်ငံမှာ ရေပေါ်ဆီ တွေ အတွက် ဖာတန်း ရှိပြီးသား။
    တရားခံ မုဒိမ်းမှု က ဖာတန်း မဖွင့် လို့ ဒီ ကိစ္စတွေ ဖြစ်နေတာမဟုတ်။

    လူတွေ ရဲ့ အကျင့်စောင့်စည်းထိန်းသိမ်း နိုင်မှု အသိဉာဏ်အား မကောင်းလို့။
    အဲဒီအသိဉာဏ်အား မကောင်း တာကလဲ လူနည်းစုမဟုတ်ဘဲ လူများစု ဖြစ်နေလို့။
    အဲဒီ လူအများစု ကလဲ သူတို့ကို ကောင်းကောင်း ဖေးမခေါ်ပြီး ပညာအလင်းပေးမဲ့ သူတွေမရှိလို့။
    အုပ်ချုပ်ရေး ထိပ်ပိုင်း မှာ ဦးဏှောက်မရှိ ဘဲ ဇိမ်ခံချင်သူ တွေသာ များနေလို့။
    တိုင်းပြည်ရဲ့ ခေါင် ကိုက ပေါက် နေလို့။
    အဲဒီ ခေါင်အပေါက်ကြီး ကို ဘယ်သူမှ မပိတ်နိုင်သေးလို့။
    👿

    လူတွေ က အဲဒီ လို ဇိမ်ခံ ကိစ္စတွေကို မက်မောတဲ့ စိတ်ရဲ့ နောက်မှာ အားလုံး ဆုတ်ယုတ်ကုန်တာ။
    မယုံရင်စစ်တမ်းကောက် ကြည့်။
    အဲဒီ လို မြန်မာပြည်မှာ ချစားပြီး တိုင်းပြည်ကို ဖျက်နေသူ တွေ အားလုံး နီးပါး အနည်းဆုံး ငါးပါးသီလ လုံရမဲ့ ဗုဒ္ဓဘာသာဝင် တွေ ဘဲ။
    ဒီလို ဗုဒ္ဓဘာသာနိုင်ငံ ရဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူ လူကြီးတွေ ကိုယ်တိုင် စံပြ ဖြစ်မနေဘဲ အဆီယစ်ပြီး ကိုယ်ကျင့်တရားပျောက်နေမှတော့ ဒီတိုင်းပြည် ကို ဗုဒ္ဓဘာသာတိုင်းပြည်လို့ ကာကွယ်ပြနေလဲ အပိုဘဲ။
    ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကို ကိုယ့်ဟာကို ဖျက်နေသူ တွေ ရှိနေပြီးမို့ သူများက လူမျိုး၊ ဘာသာ လာဖျက်မှာ ကို ကြောက်မနေနဲ့။
    အဓိကကတော့ ခေါင်းစဉ်ထဲ မှာ ကို ပါတဲ့ ကိုယ်ချင်းစာတရား မရှိလို့ဘဲ။
    ဒီတော့ နိုင်ငံကြီးတွေ က ပြောနေတတ်တဲ့ လူသားချင်းစာနာထောက်ထား တတ်တဲ့ အကြောင်းက ဘာသာရေး ထက် ပိုပြီး စွမ်းအား ရှိနေတယ် လို့ တောင် ခံစားမိတယ်။

    • Foreign Resident

      June 9, 2013 at 7:47 pm

      ” အဲဒီ ဘကြီးတော် တွေက သူတို့ချွေးနဲစာ လေးတွေ နဲ့တော့ ဒီလို လာသုံး နိုင်မှာ မဟုတ်ဘူး”

      အဲဒီ ဘကြီးတော် တွေကတော့ မသိဘူး ။
      အဘ ရတဲ့ ပိုက်ဆံတွေကတော့ ၊ ပင်လယ်ထဲမှာ သက်စွန့်ဆံဖျား ရှာထားရတဲ့ ၊
      အဘ ရဲ့ တကယ်ဖြူစင်တဲ့ ချွေးနဲစာ စစ်စစ်လေးတွေပါကွယ် ။ ဘုရားစူး ။

      ဟီ ဟိ ၊ လာနောက်သွားသည် ။

      • အရီးခင်လတ်

        June 9, 2013 at 7:58 pm

        အဘ မှာ အဲဒီ ဘကြီးတော် တွေလို lover ဘယ်နှစ်ယောက် ရှိလို့ လဲ။
        အချင်းချင်း လာပြီး ကပ် ကြွား မယ် မတွေးနဲ့။
        😆

        • ရာမည

          June 9, 2013 at 8:16 pm

          အရီးဒေါ်ခင်လတ်နဲ့ ဆွေးနွေးပေးသူအားလုံး ကျေးဇူးပါဗျာ
          ကျွန်တော်လုပ်ငန်းခွင်ထဲရောက်နေလို့ခွင့်လွှတ်ပါခင်ဗျာ
          ခဏနေ အလုပ်သိမ်းပြီးမှပြန်လည် ဆွေးနွေးပါ့မယ်ခင်ဗျာ

        • Foreign Resident

          June 9, 2013 at 8:25 pm

          ဟီ ဟိ ၊ သတ်ရင်သတ်ပစ်လိုက် ၊ မဖြေဘူး ။

      • ကြက်အူလှည့်

        June 10, 2013 at 6:42 pm

        မိန်းမ main မ ဆိုဒါ. အိုက်ဒါ ခက်တာပေါ့.
        ကိုယ်ဒွေက သန်းနဲ့ချီ ပေးဆပ်နေသူဒွေဘာ.
        ဒင်းတို့ကျ တလမှ တဥ ဥတာ ဒါတောင် ဘယ်ညာအလှည့်နဲ့.
        ခြစ်တာချင်းတူရင်တောင် ကိုယ်က သန်းချီ သာပါတယ်လေ.
        ခုခိခုခိ

        :harr:

        • ဇဂါး လွတ်

          June 10, 2013 at 6:46 pm

          အောင် ဦးမှကိုး ကွဲ့။

          စာမေးပွဲ ပြောတာပါ။

          :harr:

  • ဦးကြောင်ကြီး

    June 9, 2013 at 9:53 pm

    နိုင်ငံရေးစနစ် ပုံစံမမှန်တဲ့အခါ တနွယ်ငင် တစင်ပါဆိုသလို လူတန်းစား မညီမျှမှုဖြစ်၊ တရားဥပဒေပျောက်ကွယ်၊ လူမှုစီးပွား ကသောင်းကနင်း ဖြစ်ပါတယ်… လူဂျင်းတူပါလျက် စနစ်အပေါ်မူတည် အကောင်းအဆိုး ကွဲသွားတယ်…။ ပြည့်တန်ဆာ တရားဝင် ပေးပေး မပေးပေး စနစ်ကောင်းတခု မတည်ဆောက်နိုင်သ၍ ဘာလုပ်လုပ် ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးသာ ရဖို့ရှိ၏…။

  • uncle gyi

    June 9, 2013 at 11:35 pm

    မြန်မာမှာဟိုးအရင်တုန်းကဆက်သွယ်ရေးကလည်းမကောင်း
    ဖျော်ဖြေရေးဆိုလို့ရုပ်ရှင်တခုပဲရှိတာ
    ဘယ်သူမှအခုခေတ်လိုကြည်ချင်တိုင်းမကြည့်ကြရဖူး
    အခုတော့ဖုန်းထဲ မှာကိုလွယ်ကုူစွာဖြစ်နေတော့
    စိတ်ရိုင်းတွေနဲ့အတူလက်တည့်စမ်းချင်တာတွေလည်းဖြစ်ကုန်ကြတယ်နဲ့တူပါတယ်ကိုရာမရယ်

    သက်ဆိုင်ရာနယ်မြေထူထောင်ပေးလိုက်လို့ဒီလိုအမှုတွေလျော့သွားမယ်လို့တော့မထင်
    အနီးဆုံးယိုးဒယားပဲကြည့်
    ရမ်းမဲ့သူကရမ်းမှာပဲ
    သူတို့ကြောက်တာထောင်တခုရှိတာ

    ဆိုချင်တာကအရင်တချိန်ကချမှတ်ခဲ့တဲ့ဥပဒေတွေနဲ့အခုလည်းကျင့်သုံးနေတာ
    အချိန်ကာလနဲ့ချမှတ်တဲ့ပြစ်ဒါဏ်နဲ့ပြန်လည်ဆန်းစစ်ဖို့လိုနေပြီလို့ဆိုချင်ပါတယ်
    မှုဒိမ်းမှုကိုကြိမ်ဒါဏ်နဲ့တွဲပြီးထောင်ဒါဏ် ရ နှစ်အောက်မရှိရနဲ့အတူ
    သတင်းစာ ဂျာနယ်တွေထဲမျက်နှာပါဖော်ပြတာမျိုး
    အရွယ်မရောက်သေးသူတနည်း ၁၂နှစ်အောက်ဆိုပြစ်ဒါဏ်၂ဆတိုးတာမျိုး
    အထူးငယ်ရွယ်သူဥပမာ၅ နှစ် ၆နှစ်လောက်ကိုကျင့်တာမျိုးဆိုသေဒါဏ်ပေးတာမျိုး
    အုပ်စုဖွဲ့လုပ်ဆောင်တာမျိုးဆိုကြိမ်ဒါဏ်နဲ့တသက်တကျွမ်းပေးတာမျိုး
    မုဒိမ်းကျင့်လူသတ်တာမျိုးဆိုသေဒါဏ်ချမှတ်တာမျိုး
    အမှုပြန်စစ်ကြည့်တဲ့အခါ
    ပြစ်ဒါဏ်လျော့ပေါ့စီရင်ထားတဲ့တရားသူကြီးတွေကို
    ထောင်ဒါဏ်ချမှတ်တာမျိုး
    အမှုကိုဆွဲပြီးစစ်နေတဲ့တရားသူကြီးတွေကိုရာထူးမှအနားပေးတာမျိုး

    အရေးတကြီးကိုပြင်သင့်နေပါပြီကိုရာမရယ်

  • kyeemite

    June 10, 2013 at 10:59 am

    ကိုယ်ဝင်ဖတ်တဲ့အချိန်မှာ ဆွေးနွေးထားကြတာ စုံနေတာပါပဲလား…ကိုရာမညရေ
    ဒီကိစ္စမှာ ဥပဒေအားနည်းချက်လည်းပါသမို့ အန်ကယ်ကြီးပြောတဲ့
    “ဆိုချင်တာကအရင်တချိန်ကချမှတ်ခဲ့တဲ့ဥပဒေတွေနဲ့အခုလည်းကျင့်သုံးနေတာ
    အချိန်ကာလနဲ့ချမှတ်တဲ့ပြစ်ဒါဏ်နဲ့ပြန်လည်ဆန်းစစ်ဖို့လိုနေပြီလို့ဆိုချင်ပါတယ်”
    အချက်ကိုထောက်ခံပါတယ်….
    နောက်..ဦးပါပြောသွားတဲ့…
    “ဒီအထဲ အလကားနေရင်း ဥပဒေအရ တရားစီရင်ပြီးသား အကျဉ်းသားတွေကို စီရင်ချက်တွေ ပြန်လည်သုံးသပ်ပြီး အပြစ်မရှိလို့လွှတ်တာမျိုးမဟုတ်ပဲ အလကားနေရင်း ထောင်ခါနေတာဟာ ယောက်ဖကြက်ဥတိုက်သလိုပဲ…။”
    ဆိုတာလေးလည်း တစ်သဘောတည်းရှိကြောင်းပါဗျာ…
    အရီးခင်လတ် ပြောသွားတာ…
    “လူတွေ ရဲ့ အကျင့်စောင့်စည်းထိန်းသိမ်း နိုင်မှု အသိဉာဏ်အား မကောင်းလို့။
    အဲဒီအသိဉာဏ်အား မကောင်း တာကလဲ လူနည်းစုမဟုတ်ဘဲ လူများစု ဖြစ်နေလို့။
    အဲဒီ လူအများစု ကလဲ သူတို့ကို ကောင်းကောင်း ဖေးမခေါ်ပြီး ပညာအလင်းပေးမဲ့ သူတွေမရှိလို့။
    အုပ်ချုပ်ရေး ထိပ်ပိုင်း မှာ ဦးဏှောက်မရှိ ဘဲ ဇိမ်ခံချင်သူ တွေသာ များနေလို့။
    တိုင်းပြည်ရဲ့ ခေါင် ကိုက ပေါက် နေလို့။
    အဲဒီ ခေါင်အပေါက်ကြီး ကို ဘယ်သူမှ မပိတ်နိုင်သေးလို့။”
    👿
    လည်းသွေးထွက်အောင်မှန်ပါသဗျို့…ဘရာဗိုပါဗျာ
    ခေါင် ကိုက ပေါက်နေရုံဘယ်ကမလည်း…အားလုံး လူတွေမှမဟုတ်တော့တာ…
    “ကျွတ်” တွေ၊ “မျှော့” တွေချည်းပဲ
    တွယ်လိုက်ကြတာများ…တိုင်းပြည်ပိုက်ဆံတွေကို…
    သတင်းစာတွေ…ဂျာနယ်တွေမှာ သာ တပြောင်းတည်း ပြောင်းနေကြတာ..
    တကယ်က အရင်အတိုင်းပဲရှိသေးတယ်…
    နေရာတကာ တပ်ကလာတဲ့ မိုးကျရွှေကိုယ် ပို့စ် တွေကရှိနေဆဲပဲ…
    ဘယ်လိုလာပြီးတိုးတက်အောင်လုပ်လို့ရမလဲ…
    ဝေးပါသေးတယ်…ကျုပ်တို့တစ်သက်တောင် မြင်ရမယ်မထင်ပါဘူး…

  • မင်းမင်း

    June 10, 2013 at 11:56 am

    အင်းမြန်မာပြည်ကအမျိုးသားတွေကျန်းမာလွန်းလို့လား။
    ဒီခေတ်မှာမီဒီယာတွေသတင်းဖော်ပြမူ့အားကောင်းလို့လား။
    (တစ်မူ့ဖြစ်ရင်သတင်းဌာနအားလုံးနီးပါးဖော်ပြကြတော့ သတင်းများဖောင်းပွနေသလားလို့ပါ။)
    အမျိုးသမီးတွေကပဲအနေအထိုင်မဆင်ချင်လို့ပဲလား။
    ထိရောက်တဲ့အမူ့ဖော်ထုတ်ပြစ်ဒဏ်ကပဲပေါ့လျော့လွန်းသလား။
    (သတင်းတွေမှာလဲ မဒိန်းမူ့ပဲဖွဲ့နွဲ့ရေးသားပြီး တရာခံကိုတော့
    ဥပဒေနဲ့အညီ ဆိုတာလောက်ပဲရေးနေတာများနေတော့။)
    ဟုတ်ကဲ့မြန်မာပြည်မှာ လား တွေများနေပါတယ်ဗျာ။

    • kai

      June 11, 2013 at 2:35 am

      ပြီးခဲ့တဲ့တပါတ်က.. အလယ်တန်းကျောင်းကကလေးတွေ child pornography တင်လို့တဲ့.. ။ဆရာကိုဆွဲသွားတယ်..
      ထောင်အနှစ်၂ဝ ပဲတဲ့..။
      ဗဟုသုတ..အတွက်ပါ…။

      ကလေးတွေ.. ကလေးတွေ…

      Middle School Teacher Arrested in Child Porn Sting
      By Samantha Tata
      | Friday, Jun 7, 2013 | Updated 6:26 PM PDT
      A middle school teacher and coach was arrested after he met with an undercover agent in his Covina classroom allegedly with the intent to watch child pornography together, authorities announced Thursday.

      John David Boyle, 49, allegedly spoke online with an undercover agent who he believed shared his sexual interest in “young boys,” Thom Mrozek, spokesman for a U.S. Attorney in California, said in a news release.

      “Boyle set up an in-person meeting with the undercover agent in his classroom at the school on (June 2) believing that the purpose of the meeting was to engage in sexual activity while watching child pornography together,” Mrozek said.
      http://www.nbclosangeles.com/news/local/Royal-Oak-Middle-School-Covina-Teacher-Arrested-Child-Pornography-Investigation-210518291.html

  • ကထူးဆန်း

    June 10, 2013 at 2:54 pm

    မုဒိန်းမှု့ လျော့ နည်း စေလိုရယ်လို့ လဲ မရည်ရွယ်ပါ ။ လျော့ကျ သွားမည်လို့ လဲ မထင်ပါ။

    သို့သော် မတတ်သာ ၍ ခန္ဓာရင်း လုပ်ကိုင်စားသောက် နေရရှာသူများ၊ အနိုင်ကျင့် ၊ အမြတ်ထုတ် နေသူများ ဘေးရန်မှ ကင်းကွာစေရန်၊ ထိုက်သင့်သော ကျန်းမာရေး စောင့်ရှောက်မှုခံနိုင်ရန်၊ လုပ်ခ ရစေရန် တော့ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် လိုင်စင်ပေး လုပ်ကိုင်ခွင့် ပေးသင့်ပါသည်။

    • ကထူးဆန်း

      June 10, 2013 at 2:57 pm

      တိုက်ဖျက်သင့်သည်များ မှာ online ညစ်ညမ်းဆိုဒ် များ။ အပြာ အခွေများလွယ်လင့်တကူ ဝယ်ယူနိုင်မှု့ ။ download လုပ်နိုင်မှု စသည်တို့ကို ထိထိရောက်ရောက်တိုက်ဖျက်သင့်ပါသည်။

      • အရီးခင်လတ်

        June 10, 2013 at 6:59 pm

        အခုဆို မြန်မာမှုပြု အပြာကား တွေတောင် တရားဝင်ရိုက်ပြ နေပါပြီ ကောလား ကထူးဆန်းရဲ့။

  • မောင် ပေ

    June 10, 2013 at 7:13 pm

    ရဲကိုကိုရေ
    နေမင်း နဲ ့သင်ဇာနွယ်ဝင်း တို ့ရဲ ့
    ဘ လိုး ဂျော့ဘ် ပုံစံ ရိုက်ထားတာလေး
    အားပေးလိုက်စမ်းပါဦးဗျာ
    ဟီ ဟိ

  • Ma Ma

    June 11, 2013 at 9:09 am

    ဂွင်ရိုက်တယ်ဆိုတာကို ပြောနိုင်ဖို့ လွယ်တာ မှတ်လို့။
    ဂွင်ရိုက်တယ် လို့ ပြောနိုင်ဖို့ ကိုယ်ကိုယ်တိုင်က ဝင်ဆန့်တဲ့ အသိုင်းအဝိုင်းမှာရှိနေဖို့ လိုသလို
    ဂွင်ရိုက်တယ်လို့ ပြောလိုက်တာနဲ့ အသို်င်းအဝို်င်းတောင့်တယ်လို့ ပြောလိုက်သလိုမို့ ဂုဏ်ယူစရာတောင် ကောင်းသေးးးးးးးး :harr:

    • ရာမည

      June 11, 2013 at 9:25 am

      အစ်မကြီးဒေါ်မမခင်ဗျာ
      :mrgreen: :mrgreen:
      ဘာပြန်ပြောရမှန်မသိအောင် ထေ ့လုံးတွေကောင်းလှပါတယ် ။
      အဲ့ လိုမျိုးသဘောထားပြီး ပျော်ပိုက်နေလားမသိပါ

  • ရာမည

    June 11, 2013 at 9:15 am

    အချိန်နဲပါးပြီး ခရီးထွက်ခဲ့ရသည်ဖြစ်၍ ပြန်လည်းမဆွေးနွေးနိုင်ခဲ့ပါ
    ခွင့်လွှတ်ပေးကြမည်ထင်ပါသည်
    လာရောက်မှတ်ခက်ပြုဆွေးနွေးပေးကြသော
    သူကြီးဦးခိုင် ကိုထူးဆန်း ဦးပေ အရီးဒေါ်ခင်လတ် အန်တီပဒုမ္မာ ဦးဦးပါလေယာ
    အစ်မဆူး အန်ကယ်ကြီး ဦးလေးကြီးမိုက် ကိုမင်းမင်း ကိုမာဃသိကြား ဘဘဖေါရိန်း ကိုကော်ဗရာ ဦးကြိမ် ဦးကြောင်ကြီး ကိုကျော်ထိုက် ဇဂါးလွတ် ကိုကြက်အူလှည် ့ တို့ကို အထူးတလည်ကျေးဇူးတင်မိပါတယ်ခင်ဗျာ
    အားလုံးဆွေးနွေးပေးသွားတာကိုပြန်လည်သုံးသပ်ရင် အဓိက ဥပဒေကောင်းစွာစိုးမိုးမှု
    မရှိတာနဲ့ အတူ ထိုက်သင့်သောအပြစ်ဒဏ်များကို မချမှတ်တာကိုတွေ့ရပါတယ် ။
    အမှန်တကယ်လည်းလက်ရှိဥပဒေဆိုတာ အများပြည်သူနားလည်အောင်ရေးထားခြင်းမဟုတ်ဘဲ
    လိုသလိုကျုံ ့နိုင်ကြွနိုင်သောဘ ဘာဂျာဥပဒေသဘောမျိုး ဖြစ်နေပါတယ် ။
    မမျှတတဲ ့ စီရင်ချက်တွေအကြောင်းကိုလည်းနောင်များအခါ ရေးသားတင်ပြပါရစေ ။
    ဥပမာ ပြောရရင်
    ရပ်ထားသောကားကို ဝင်တိုက်သောဆိုင်ကယ်သမားသေဆုံးသောဖြစ်စဉ်မှာ
    ရပ်ထားသောကားမှ ဒရိုင်ဘာ ထောင်ကျပါတယ် ။သို ့သော် …… အချို ့သောလူသတ်မှုများ ဖေါ်ထုတ်နိုင်ရန် ……….#%@%#&*@&#&
    ထိုက်ထိုက်တန်တန် အပြစ်ပေးသလားဆိုတာ စဉ်းစားစရာပါ …..

Leave a Reply