ဇူလိုင် ၂၁

ムラカミJune 9, 20131min21029

ရုပ်ဆိုးရယ် နင်ဘာလို့မပြောခဲ့တာလဲတဲ့.
ကျနော်ကအဲ့တုန်းက မျက်နှာစေ့စေ့တောင်ကြည့်ဝံ့ခဲ့လို့လားဗျာ.
ဘဝမှာ ဟုတ်ကဲ့မပြောရဲခဲ့လို့ ခေါင်းသာတွင်တွင်ငြိမ့်ဖူးတဲ့
မိန်းမတယောက်ရှိဖူးတယ်ဆိုရင်ယုံမလားပဲ

ရုပ်ဆိုး မနေ့ညက နင်ကတအားရီရတယ်နော်တဲ့.
အစ်မ ကျနော်တီဗီကြော်ငြာကြည့်လေ့မရှိဘူး. အဲ့သည့်အစား
အစ်မခေါင်းပေါ်က ဆံညှပ်လေးကိုကြည့်ဖြစ်တယ်. တကယ်ပါ.

ရော့ ရုပ်ဆိုး. မောင်လေးအတွက်. တဲ့.
ကျုပ်ကလည်း. ဟုတ်. မပြူး ကျေးကျေးပါပေါ့.
တသက်လုံး စားဖူးသမျှထဲက အရသာအရှိဆုံး လက်ဖက်ဆိုပါတော့.
ဂလိုနဲ့ သက္ကရာဇ်တွေတိုက်စားခဲ့.

တနေ့. မခံစားနိုင်တော့တဲ့တနေ့ပေါ့.
အစ်မ ကို ကျနော်ချစ်တယ်. ကျနော် ပြောခဲ့သင့်တာ ရက် ၁၀၀ဝ မပြည့်တပြည့် ဆိုပါတော့
(ဖလမ ကော်နက်ရှင်ကြောင့်လားတော့မသိ) အချိန် တစုံတရာနှောင့်နှေးခဲ့. တယ်.
ဒို့တွေဆုံတွေ့ခဲ့တုန်းက ဘာလို့မပြောခဲ့တာလဲ. အစ်မမှာခုတော့ ရည်ရွယ်သူရှိပါသတဲ့
ကိန်. သွားဘီ အနှီ အနေအထားကို ဖွဲ့မပြလိုတော့ဘူး.
(ဆြာ့ဆြာဂျီးတွေ ဖွဲ့ဖူးတာတွေ တင်းကြမ်းမို့ပါဗျာ. ထပ်မကွန့်လိုတော့)
ထားပါတော့လေ ကာလတချိုု့ ဖြတ်သန်းလို့.

မေ့သလောက်ရှိတဲ့အခါ.
ဟယ်လို ရုပ်ဆိုး ဟယ်လို မပြူး.
မောင်လေး ရဲဇားရနေပြီဆို. အဆင်ပြေရဲ့မလား.
ဘယ်တော့ ပြန်လာမတုန်း. အဆင်ပြေရင် ပေါ့ကွယ်. လာခဲ့ပါလား
အိုဘယ့်. ဇူလိုင် ၂၁. တဲ့.

ကဲ.

29 comments

  • ဦးကြောင်ကြီး

    June 9, 2013 at 9:24 pm

    ဂျူလိုင်နှစ်ဆဲ့တစ်
    အူတိုင်ဇရက်ပစ်
    ငူမှိုင်မနက်ဖြစ်
    ဆူနိုင်လဖက်သစ်…

  • Shwe Ei

    June 9, 2013 at 10:13 pm

    ကိုချင်းစာဘာဒယ်လေ :byae:

    နေတိုးလေး ယဲဇားရသွားတယ်ကျားတုန်းက နာဖြင့်ငိုလိုက်ရတာ

    မျက်ရည်ကိုတစက်မှမထွက်ဖူး ေိေိ :kwi:

    • ကြက်အူလှည့်

      June 10, 2013 at 7:47 am

      အိုက် သောက်ခြောက်နဲ့ လာလာထပ်တူမပြုဘာနဲ့…
      မကျိုက်ဘု..

      :byae:

  • Nan Shin

    June 10, 2013 at 2:17 am

    ဘာရယ်မသိ အဆုံးထိဖတ်ပြီး ကျေနပ်မှုတစ်စုံတရာ ရမိတယ်။ ပြီးတော့ မရှင်းလိုက် တဲ့ ဖလမ ကိုပြန်ရှာပြီး အဓိပ္ပါယ်ကို စဉ်းစားတာ ဘယ်လိုမှမရဘူး ။ ဘီယာနှစ်ဘူးကုန်မှ အဖြေထွက်တယ်။
    Follow me….(ဟုတ်မဟုတ်တော့မသိ ကိုယ့်အဖြေကိုတော့ ကိုယ်ကျေနပ်သွားတယ်)
    ဘီယာ့ကျေးဇူးမြင့်မိုရ်ဦး အထူးကျေအောင် စပ်ပါမည်လို ့ရေရွတ်လိုက်ရပါတော့တယ်။ 🙂

    • ကြက်အူလှည့်

      June 10, 2013 at 8:04 am

      ကိုယ့်ဆြာရေ .. ဒါနဲ့ တွဲဖတ်မှ ပိုမြင်သာမယ်ဗျို့..
      https://myanmargazette.net/87793

      :byae:

  • Foreign Resident

    June 10, 2013 at 7:05 am

    ” အဆင်ပြေရင် ပေါ့ကွယ်. လာခဲ့ပါလား
    အိုဘယ့်. ဇူလိုင် ၂၁. တဲ့ ”

    ပြောရအုံးမယ် ။
    အဲဒီ ” ဇူလိုင် ၂၁ ” မှာ ၊ အဘတို့ ဂဇက် တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတယ်လေ ။
    ချစ်ရသူရဲ့ မင်္ဂလာပွဲနေ့ ဆိုတဲ့ အတွေးကြီး ၊ ခေါင်းထဲရောက် စိတ်ညစ်ခံမယ့်အစား ၊
    အဘတို့ရဲ့ ဂဇက် တွေ့ဆုံပွဲကို ၊ ပျော်ပျော်ပါးပါး လာခဲ့ပါလား ။
    အဘ တို့ ရွာသူားတွေက ၊ အဲဒီနေ့မှာ ၊ မေါင်ဂီ့ကို ပျော်အောင်ထားမှာပါကွယ် ။
    လာခဲ့ပါလား ။

    • ကြက်အူလှည့်

      June 10, 2013 at 7:43 am

      ၁ဝလပိုင်း တိုးဂိုက် လုပ်ရမယ့် အလုပ်တခုပေါ်လာလို့ …ရလပိုင်း မလာဖစ်တော့ပါဘူး အဘ ရေ….
      (၁ဝလပိုင်း ကိစ္စ ပျက်ရင် ၁၂လပိုင်း ခွင့်ပြန်မှာမို့..ပါ)

      :byae:

  • kyeemite

    June 10, 2013 at 9:17 am

    ကောင်မလေးနာမည်ကကဗျာဆန်တယ်နော်…“မပြူး” 🙂 =D

    • ကြက်အူလှည့်

      June 10, 2013 at 10:29 am

      သူက မျက်လုံးသိပ်လှသဗျ… ကျုပ်က နောက်ပြီး အဲ့နာမည်ခေါ်တာပဲ…
      ကျနော်တယောက်ပဲ သူ့ကို အဲ့လိုခေါ်ဖူးပါသဒဲ့လေ…
      ငိုချင်အောင် မမေးဘာနဲ့ဒေါ့ဗျာ..

      :byae:

  • ဗုံ ဗုံ

    June 10, 2013 at 9:31 am

    ရုပ်ဆိုးရယ်.. မိညီမကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့.. မိပြူးက ပြူးသွားပြီဘဲ…အဲလေ ရည်းစားရသွားဘီဘဲဥစ္စာ… :mrgreen: :mrgreen:

    • ကြက်အူလှည့်

      June 10, 2013 at 10:36 am

      မိညီမ မပါဂျေး အေ…
      ဒင်းနဲ့ စဂါးများထားတယ်..
      မခေါ်ဘု..

      :byae:

    • ကြက်အူလှည့်

      June 10, 2013 at 11:35 am

      သိဘာဘုဗျာ …. ကိုဒညင်းဝက် တို့ ကိုကမ်းဝေးတို့ ကိုဖတ်ထုတ်တို့ ရေလဲနဲ့ သုံးဒယ် ဆိုလား ကြားဖူးတာပဲ..

      :harr:

  • Mr. MarGa

    June 10, 2013 at 2:19 pm

    ဇူလိုင် ၂၁ ဆိုတော့
    တွေ့ဆုံပွဲ အကြောင်းများလား လို့
    အခုတော့
    လွမ်းချင်း ဖြစ်နေပါပေါ့
    :byae:

  • အရိပ်စစ်

    June 10, 2013 at 4:02 pm

    အခုတော့ မ မပြုးတော့ဘူးပေါ့လေ…

    ရေးထားတာလေး ကြိုက်ပါ၏…

  • lele kyi

    June 10, 2013 at 5:32 pm

    ဇူလိုင်၂၁ ကစေ့စပ်ပွဲ။ ဒီဇင်ဘာမှ လက်ထပ်မဂလာပွဲ။ ဘုရားကျောင်းမှာ မဟုတ်ရင် ကန့်ကွက်လို့မရဘူးထင်တယ်။ 🙂
    ကျမလဲနားမလည်ဘူး ဖလမ ကို။ Forever look me? Nan shin နောက် က လိုက် သည်။ 🙂

    • Foreign Resident

      June 10, 2013 at 5:58 pm

      ညံ့ချင်ယောင်ဆောင်နေကြပြန်ပြီ ။

      ဖလမ = ေ– ၊ –ိုး ၊ — ။
      သိပလား ။

      • ကြက်အူလှည့်

        June 10, 2013 at 6:23 pm

        ဟာဂျာ. တားတားပိုစ့်မှာ အူးလေးဖော ဝင်ဆဲနေဘာဘီ.
        အလာကယ်ပါ အသွားကယ်ပါ အသွားအပြန်ကယ်ပါ.

        ကွိကွိ.

        :harr:

    • ကြက်အူလှည့်

      June 10, 2013 at 6:27 pm

      ဘယ်တလုံးညာတလုံးနဲ့ ၁၆ဂစ် ၂ကတ်ပြည့်အောင် ရိုက်ထလိုက်မယ်.
      အဲ. ဘိတ်သိတ်သွန်းဘာဘီ ဟေ့ဆိုတော့မှ ကတ်တွေထုတ် သဒို့သမီးလက်ကို ယုယုယယလေးဆွဲ. ကတ်ကလေးတွေ ပေးးးး
      မျက်ရီတစက်ကျ ချာကနဲ လှည့်ထွက်. ဟိ.

      မလုပ်ချင်လို့ဘာာာာ

      ညင်းညင်း.

      :harr:

  • ဇဂါး လွတ်

    June 10, 2013 at 5:59 pm

    ဟယ်။
    ဒီလို ပို့(စ) မျိုးကျ ခွင့်လွှတ်တယ်လား:::::::::::::။
    နာ့ ကော်မန့်ကျ ဆဲလိုက်ထာ))))))))))) :mrgreen:

    စကားမစပ် နာ ဒီ ရွာရောက်ပြီး ၈ လ အတွင်း ညည်း အသီးကွဲတာ ၄ ခါ မြင်ဘူးတယ်။
    လေးစားတယ်အေ။
    ကျုပ်ထက် ဒရာမာ ကျ လို့။
    ဆြာ ကတော့ ဆြာ ပါပဲ ဆြာရယ်။ :mrgreen:

    ဒါထက်ပူမနေပါနဲ့လေ။
    စကားလက်လေး ချိပါတေးဒယ်။ ခွိခွိခွိ။
    :kwi:

    • Foreign Resident

      June 10, 2013 at 6:25 pm

      ” နာ ဒီ ရွာရောက်ပြီး ၈ လ အတွင်း ညည်း အသီးကွဲတာ ၄ ခါ မြင်ဘူးတယ် ”

      😛

      • ကြက်အူလှည့်

        June 10, 2013 at 6:37 pm

        အသီးဆိုတာ ကွဲရင် နာသွားတယ်
        နာတော့ ရောင်သွားတယ်
        ရောင်တော့ ပိုကြီးလာတယ်.
        ပိုကြီးလာတော့.

        ပိုကြီးလာတော့ နောက်တျောက်ထပ်ဆန့်သွားတယ်.

  • အရီးခင်လတ်

    June 10, 2013 at 6:41 pm

    ဝမ်းနည်းပက်လက် ငို မယ် ဆိုရင်တော့ ၁၉ ရက်နေ့ က စပြီး ငို ဟေ့။
    ဒါဆိုပိုပြီး အရှိန် ရသွားမယ်။ 😉

  • Miss Crystalline

    June 11, 2013 at 8:40 am

    ဒီဆြာအသဲမှာမွေးရာပါအသဲအပွားလေးတွေပါနေတာဖြစ်ရမယ်…တစ်လှည့်စီကွဲလို့ရအောင်… 🙂 ဟိုတခါက သူငယ်ချင်းဆာဝန်မလေးရောအဆင်မပြေဘူးလား..

    • ကြက်အူလှည့်

      June 11, 2013 at 8:48 am

      အွန့် … ဝိုင်းသမဂျဒယ်… ဒီပိုစ့် မျံမျံပိတ်မှပါ အေ…..

  • ဇဂါး လွတ်

    June 11, 2013 at 9:05 am

    ဂွီ။
    ဇဂါးလွတ် မင်ဂါဆောင်လည်း နောက်နှစ် ဖေဖောဝါလီ ၁၄ ရှစ်တူများနေ့မှာ ကျင်းပမှာ။

    အဆင်ပြေရင်ပေါ့ကွယ် လာခဲ့ပါ့လား။
    :kwi:

    ဖေဖောဝါလီ ၁၄ ဆိုပြီး ပို့(စ) လေးလည်း ရေးပေးအူးနော်လို့။ ငိငိငိ။ :mrgreen:

    ၁၆ ဂစ် ၃ ကတ်ပြည့်အောင်လည်း ဓာတ်သေတွေ များဂျီးများဂျီး ရိုက်ပေးရမယ်နော်လို့။
    :harr:

    • ကြက်အူလှည့်

      June 11, 2013 at 11:31 am

      စုံတွဲ လာရောက်ချီးမြှင့်ဘာ့မယ် ကွီ…
      ကွိကွိ…

      :harr:

  • Mon Kit

    June 11, 2013 at 3:18 pm

    ((ဖလမ ကော်နက်ရှင်ကြောင့်လားတော့မသိ) အချိန် တစုံတရာနှောင့်နှေးခဲ့. တယ်.)
    အဲ့ စာကြောင်းဖတ်ပြီးတော့ ဟိုက်ကနဲ အံ့အြ ပြီး ဟိ ဟိ ဆို ရယ်မိသွားတယ်…
    နောက်တော့ ကွန်မန့်တွေ တောက်လျှောက်ဖတ်ရင်း တော်တော်လေး ရယ်နေမိတယ်…
    မိဂီ တို့ကတော့ လုပ်လိုက်ပြန်ဘီ….
    :harr:

Leave a Reply