မဲရုံ မဲရုံကိုလာ့၊ငွေဖလားကြီးနဲ့၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

ချစ်လှစွာသော ဂဇက်ချစ်သူ မန်ဘာများနဲ့ မန်မဘာများ ရှင့်

ဂဇက်ချစ်သူများ စာပေဆုလေး ရွေးချယ်ပြီးပေးလာတာ ၉ ဆုရွေးခဲ့ပြီးပါပြီ။

ဧပြီလကတော့ ခရီးယာယီတွေ များကြလို့ ပို့စ်တွေနည်းမှာကတစ်ကြောင်း ဖတ်ရတဲ့ ဖတ်ရွေးတွေ မအားလပ်တာကတစ်ကြောင်းကြောင့် မေလနဲ့ ပေါင်းပြီးမှ ရွေးမယ်လို့ ပြောထားပါတယ်။

ဧပြီလ ဆုရတဲ့ မောင်ဂီရဲ့ Change ခေါင်းစဉ်နဲ့ အပြိုင် ဖတ်ရွေးတွေရဲ့ ပခုံးပေါ်က ၀န်ထုပ်ကြီးလည်း သက်သာအောင် ဆုရွေးမယ့် ပုံစံပြောင်းမယ်လို့ လည်း ပြောထားပါတယ်။

အခု ဧပြီ+မေက စလို့ မန်ဘာများက ဗုတ်ပေးရမယ့် စနစ်ကို စမ်းသပ်ပါမယ်။

ဒီလမှာ ဖတ်ရွေးတွေက အမှတ်မပေးတော့ပဲ ဖတ်ပြီးသမျှထဲမှာ ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ ရွေးပြီး အတွင်းရေးမှူးကြီးဆီပို့ထားပါတယ်။

ဒါကို မကြာခင် ပို့စ်အဖြစ်တင်ပါမယ်။

ဒီလ အစီအစဉ်ပြောင်းမှာ အသားမကျသေးလို့ နည်းနည်းနောက်ကျမှတင်နိုင်ပါမယ်။

ဒါကြောင့် ဗုတ်ကြဖို့ကို ဗုတ်ပို့စ် တင်တာကနေ ၁၀ရက် အချိန်ပေးပါမယ်။

မဲရုံ မဲရုံကိုလာ့

မန်းဂဇက်ကို ချစ်ရင်

ဂဇက်ချစ်သူများစာပေဆုလေးကို နှစ်သက်တယ်ဆိုရင်

စာပေဆု အကြောင်းပြပြီး ဂဇက်မိသားစု တွေ့ဆုံပွဲလေးတွေ လုပ်ရတာ သဘောကျတယ်ဆိုရင်

မဖြစ်မနေ ကိုယ်နှစ်သက်တဲ့ ပို့စ်ကို ဗုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

နောင်လတွေကျရင် တစ်ခါတည်းပဲ မန်ဘာတွေက မဲပေးလို့ရရင် ပိုအဆင်ပြေပါမယ်။

နည်းပညာ စဉ်းစားပေးကြစေလိုပါတယ်။

(ယနေ့ပို့စ်မှာကတည်းက Category အကြမ်းခွဲပြီးမြင်နိုင်ရင် ကိုယ်ဖတ်ချင်တာ ရွေးဖတ်သွားလို့ ရမယ်ထင်ပါတယ်၊

၊ဒီလိုပြောရတာ မောင်အံ့ကို အားလည်းနာ သနားလည်းသနားပါတယ်။သူ့ခမျာ မညည်းမညူပဲ ယနေ့ပို့စ် တင်ပေးလာတာ ၁၁ လရှိပါပြီ၊

သူ့ကိုလည်း ကူကြစေချင်ပါတယ်)

မဲပေးတာကိုတော့ မန်ဘာမှသာပေးလို့ရအောင်၊ လူတစ်ယောက်ကို တစ်ကြိမ်သာပေးလို့ရအောင်

လူငယ်တွေ စီစဉ်ပေးကြပါလိမ့်မယ်။

နန်းခင်ဇေယျာလေးကို မဲပေးသလိုတော့ အခါပေါင်းများစွာ မပေးလိုက်ကြပါနဲ့နော။

ရွာထိပ်က အိုးကြီးထဲ ရွာသားတစ်ယောက် အရက် တစ်ပုလင်းစီထည့်ကြပါဆိုတော့

ငါ့တစ်ပုလင်းရေပါတာနဲ့တော့ ဘယ်သူမှ မသိပါဘူးလေ ဆိုပြီး

သောက်လိုက်တော့မှ အားလုံးရေဖြစ်နေတဲ့ ပုံပြင်လေးတစ်ခုထဲက ရွာသားတွေလို လည်း မလုပ်ကြပါနဲ့နော်။

အဲတော့

မဲရုံ မဲရုံကိုလာ့ ၊တစ်ရွာလုံး မဲဆန္ဒနဲ့ ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင် …..
……………………………………
မဲရုံကို မဲရုံကို လာကြလာကြ ၊
မဲသွားပေးမယ်ကွာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောင်လတွေအတွက် အတူတူ စဉ်းစားကြရအောင်။

အမှန်တော့ အရင် ၉လ ဖတ်ရွေးရတာ တာဝန်လည်း ကြီးပါတယ်။

ကျမတို့ ချမှတ်တဲ့ စည်းကမ်းတွေနဲ့ ဖတ်ရုံတင်မက အမှတ်လည်းပေးရတယ်။မှတ်ချက်လည်းပေးရတယ်ဆိုတော့

ဖတ်ရွေးတွေ အတော့်ကို ခါးချည့်ကုန်ပါတယ်။

ဟို သူပုန်ဗိုလ် ကယွဲစည် ပြောသလို အမာခံ အညာခံ လူကြီးတွေပဲ ကျန်ပါတော့တယ်။

ဒီလူကြီးတွေကလည်း ကွန်ပျူတာကို အချိန်ပြည့် မသုံးနိုင်၊

နည်းပညာတွေ မတတ်ကျွမ်းပဲ

ဂဇက်ကို ချစ်မိတဲ့ စိတ်ကလေးတစ်ခုတည်းနဲ့ပဲ

အအိပ်ပျက် အစားပျက်ခံပြီး အိတ်စိုက် အင်တာပရိုက်စ် လုပ်ခဲ့ကြတာ အားလုံးသိမှာပါ။

ဒီတော့ ရှေ့ကို

ဂဇက်ချစ်သူများ စာပေဆုလေးလည်း ဆက်လက်တည်တန့်အောင်၊

ကဗျာပြခန်းမှသည် ကဗျာဆုလေးတွေလည်း ပေးရအောင် ၊

ဓာတ်ပုံပြပွဲ၊ကာတွန်းပြပွဲ၊ပန်းချီပြပွဲလေးတွေ လည်း တိုးတက်လာအောင်

ဆုရတဲ့ စာမူ၊ကဗျာတွေကို ပုံနှိပ်ဖြန့်ဝေနိုင်အောင်(ကျမလောဘကြီးလွန်းနေသလားတော့ မသိပါဘူး)

တွေ့ဆုံပွဲတွေလည်း အချိန်မှန်လုပ်နိုင်အောင်

ကျားကန်ပေးဖို့လိုလာပါတယ်။

xxxxxxxxxxx

ဖလားကြီး ၃လုံး

အကူအညီတွက် ကျမဖလားကြီး ဂေါက်ဂေါက်ဂေါက် ခေါက်လိုက်ပါပြီ။

ကျမရှေ့မှာ ဖလားကြီး ၃ လုံး ရှိပါတယ်။

Man, Money, Material ဆိုတဲ့ အတိုင်း

ဖလားတစ်လုံးက လူအင်အားပါ၊

(အရေးကြီးဆုံးပါပဲ၊

ဖတ်ရုံဖတ်ပြီး မန်ဘာ မ၀င်တဲ့သူတွေ မန်ဘာဝင်ပြီး မဲပေးပေးခြင်းဖြင့် အားပေးကြစေလိုပါတယ်။

မန်ဘာဝင်ပြီးသားလူတွေကလည်း တွေ့ဆုံပွဲတွေ လာခြင်းဖြင့် အားပေးကြစေလိုပါတယ်။

လာပါမယ်လို့ ကွန်မန့်ပေးတာလည်း ပွဲစီစဉ်ရတဲ့ သူတွေအတွက် စီစဉ်ရတာလည်းလွယ်သလို

လူများများလာမယ်လို့ သိရတာ အားဆေးတိုက်လိုက်သလို တက်ကြွလန်းဆန်းသွားစေပါတယ်။

တွေ့ဆုံဖူးပြီး ရွာသူားများကလည်း ဆုပေးပွဲ၊တွေ့ဆုံပွဲတွေ မှာ ကိုယ်ကျွမ်းကျင်ရာနေရာက ကူညီဝိုင်းဝန်းခြင်းဖြင့် အားပေးကြစေလိုပါတယ်။)

ကူညီနိုင်သူများ ရွှေတိုက်စိုး aungtike@gmail.com ကို ဆက်သွယ်ပေးကြပါ။

ဒုတိယ ဖလားကတော့ ငွေဖလားပါ။

ဇန်န၀ါရီလက လုပ်ခဲ့တဲ့ http://myanmargazette.net/164609 ဂဇက် ကွန်ဖရဲင့်စ်(၃) မှာ ရှင်းပြထားသလို

ဆုပေးဖို့နဲ့ တွေ့ဆုံပွဲလာတဲ့ မန်ဘာ တွေကို ဧည့်ခံဖို့ အဘဆွေနဲ့ အဘဖေါက မတည်ပေးပြီး ကျန်တဲ့ ဖတ်ရွေးတွေ ၀ိုင်းထည့် ၊အဲဒီအချိန်ဥက္ကဋ္ဌတာဝန်ယူရတဲ့ ဦးပါက လိုတာစိုက်ပြီး ကျင်းပခဲ့ပါတယ်။

မန်ဘာ ၅၀ ခန့်လာပြီး ဆုအတွက်ပါ အပါအ၀င် ကုန်ကျစားရိတ် ၄၃၁၀၀၀ ကျပ် ကုန်ခဲ့ပါတယ်။

ဒီတစ်ခါ ဒုတိယအကြိမ် ကွန်ဖရဲင့်စ် အတွက်

အကြိုက်ဆုံးစာပေဆုက ၅ ဆု

ကဗျာဆုက ပြခန်း ၁+၂+၃ ဆို ၃ ဆု ဖြစ်မယ် ထင်ပါတယ်။

စုစုပေါင်း ၈ ဆုဖြစ်သွားပါမယ်။

ကွန်ဖရဲင့်စ်တက်မယ့် ရွာသူားလည်း တိုးလာမယ်လို့ မျှော်လင့်ပါတယ်။

(မျက်နှာမပြရဲတဲ့သူတွေလည်း ဒီတစ်ခါတော့ မျက်နှာသာမက ကိုယ်လုံးပါ ပြရဲလောက်ပါပြီ)

ဆုရပို့စ်တွေကို စာအုပ်ကလေးထုတ်ဖို့လည်း အိပ်မက်ထားပါတယ်။

ကျမတို့ ဖတ်ရွေးတွေ အရင်လိုပဲ ငွေစုနေကြပါပြီ။

ရွာသူားတွေထဲမှာလည်း ရွာကျိုးတွက် ငွေအားနဲ့ ၀ိုင်းဝန်းကူညီချင်ကြတဲ့သူတွေ ရှိတယ်ဆိုတာ ယုံကြည်တဲ့အတွက် ကျမ ငွေဖလားကြီး ခေါက်ချင်ပါတယ်။

ကူညီချင်တဲ့သူများ ကျမရဲ့ e-mail address= padonmar009@gmail.com ကိုဆက်သွယ်ပေးကြစေချင်ပါတယ်။

(တွေ့ဆုံပွဲတွက် မထည့်မနေရ ကောက်တာ မဟုတ်ပါနော်၊ ငွေမထည့်လည်း တွေ့ဆုံပွဲ ကိုယ်တိုင်လာတာ ပိုသဘောကျပါတယ်)

ဘဏ်မှ ငွေလွှဲလိုသူများတွက် ကျမနဲ့မမ Joint Account တစ်ခု ဘုရင့်နောင် ကမ္ဘောဇဘဏ်မှာ ဖွင့်ပြီး

Account number ပေးပါမယ်။

Account name:ပဒုမ္မာ+မမ
Account number:005-112-000-9929
Bank : ဘုရင့်နောင် ကမ္ဘောဇဘဏ်

နာမည်ဖော်စေချင်ရင် ဖော်ပြပြီး မဖော်စေချင်ရင်တော့ ရွာသားတစ်ဦးပေါ့။

သဒ္ဓါတတ်အားနည်းများမဆိုပါ။

ရန်ကုန်၊မန္တလေး မှ လူများတွက် ကို ကိုပေါက်နဲ့ ရွှေတိုက်စိုး၊လုလင်၊အမတ်မင်း တို့ လိုက် ကောက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီတစ်ကြိမ်တွက် ကုန်ကျစားရိတ် မလောက်ငရင် ကျမစိုက်ပါမယ်။

(ဦးပါ တာဝန်ယူတုံးကလည်း စိုက်ခဲ့ပါတယ်)

လောက်ငတာထက် ပိုခဲ့ရင် ကျမတို့ ဖတ်ရွေးတွေအတိုင်း အချိုးကျ ထည့်ဝင်ပြီး ပိုတာကို ဂဇက်မိသားစု ရန်ပုံငွေလုပ်ပါမယ်။

ရွာကျိုးတွက် လိုအပ်တာကို ရွာသူားများကိုအသိပေးပြီး သုံးပါမယ်။

တတိယဖလားကတော့ နည်းပညာပိုင်းပါ။

ရွာရဲ့ အ၀င်တွေခက်ရင် ရွာထဲဝင်ဖို့ စိတ်ပျက်ပြီး လှည့်ပြန်ကြရတာကို အဆင်ပြေစေမယ့် အတတ်ပညာ၊

(ရွာ့လုံခြုံရေးကလည်း ရှိသေး)

အပေါ်မှာရေးခဲ့သလို နောက်နောင်လတွေမှာ ဖတ်ရွေးတွေ ခေါင်းစားစရာမလိုပဲ မန်ဘာတွေကပဲ ဗုတ်လို့ရအောင် (ဗုတ်ရာမှာလည်း တရားမျှတမှု ရှိဖို့ ရသင့်တဲ့ ပို့စ်ရဖို့)ဆိုတာတွေ ကို လူငယ်ခြေတက်လေးတွေ စီစဉ်ပေးစေချင်ပါတယ်။

ယနေ့ပို့စ်ဟာ ဖတ်ရွေးတွက်ရော ဖတ်သူတိုင်းတွက်ပါ တော်တော့်ကို အသုံးဝင်လို့ မောင်အံ့ကို ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါတယ်။

အံဇာတုံ့းအတွက် အပန်းမကြီးဘူးဆိုရင်တော့ သူပဲ ဆက်လက်တာဝန်ယူ တင်ပေးစေချင်ပါတယ်။

မောင်အံများ အကူအညီ လိုမယ်ဆိုရင်

ဘာတွေ ကူညီပေးနိုင်ကြမယ်ဆိုတာ

anzartone@gmail.com နဲ့ ဆက်သွယ်ပြီး ကူညီကြစေချင်ပါတယ်။

ကဗျာပြခန်းဟာ လူငယ်တွေရဲ့ အားကို ပြလိုက်တာပါပဲ။

အဲသလိုပဲ ပျောက်ကွယ်သွားတဲ့ ဓာတ်ပုံပြပွဲလေးလည်း ပြန်ဖြစ်အောင် ကူညီနိုင်သူတွေ ကူညီကြစေချင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxx
ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်

ပထမအကြိမ် ဂဇက် ကွန်ဖရဲ့င့်စ် အပြီးတုံးက ဒီလိုပြောခဲ့ပါတယ်။

နောက် ၆လကြာရင် ထပ်လုပ်မယ့် ဒုတိယအကြိမ် ဂဇက် ကွန်ဖရဲ့င့်နဲ့ ဆုပေးပွဲကို ဘယ်လို ပျော်စရာ အစီအစဉ်တွေနဲ့ လုပ်ကြမယ်ဆိုတာ အိပ်မက်မက်ကြပါစို့။

ဒုတိယအကြိမ် ဂဇက် ကွန်ဖရဲ့င့်စ်ကို ဂျူလိုင်လထဲမှာ ကျင်းပပါမယ်။

နေ့ရက်-

ဇွန်လအကြိုက်ဆုံးပို့စ်ကို ဂျူလိုင်၁၅ ရက်နေ့လောက်မှာ အပြီးရွေးပေးနိုင်မယ်လို့ မျှော်မှန်းပါတယ်။

အများအားလပ်မယ့် ပိတ်ရက်တွေက ၁၉(အာဇာနည်နေ့)/၂၁ တနင်္ဂနွေ/၂၂ ၀ါဆိုလပြည့်နေ့/၂၈ တနင်္ဂနွေတွေ ရှိပါတယ်။

အဲတော့ အနီးဆုံး တနင်္ဂနွေ ဖြစ်တဲ့ ဂျူလိုင် ၂၁ နေ့ မှာ ကျင်းပမယ်လို့ ရာထားပါတယ်။

အဝေးမှ လာရမယ့်သူများကို ဦးစားပေး ရက်ရွေးပါမယ်။

အကယ်၍ ၂၁ ရက်အပြင် အခြားပိတ်ရက်မှာမှ လာနိုင်တဲ့သူတွေ စားသောက်ဆိုင်ကို ရက်မသတ်မှတ်မီ ဆုံးဖြတ်နိုင်ဖို့ ဇွန်လ 20 မတိုင်မီ အကြောင်းကြားပေးစေလိုပါတယ်။

နေရာ-

ခြံကျယ်ကျယ်ရှိတဲ့ တစ်နေရာမှာ ရွာသူားတွေရဲ့ လက်ရာ ဘူဖေးစီစဉ်မယ် စဉ်းစားမိပေမယ့်

မိုးကာလဖြစ်နေတာကြောင့် မိုးလုံလေလုံဖြစ်မယ့် အရင်တစ်ခါက ကန်တော်ကြီး P3 Restaurant

မှာပဲ ကျင်းပမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အချိန်

နံနက် ၉ နာရီ စပါမယ်။အရင်တစ်ခါက စကားပြောရတာ မ၀ဘူးဆိုသူများတွက် အချိန် ပိုယူပေးထားပါမယ်။

အစီအစဉ်

ဆယ်အိမ်ခေါင်း ရွှေတိုက်စိုးကို စိတ်ကြိုက် စီစဉ်ခွင့်ပေးထားပါတယ်။

ဆု

အရင်တစ်ခါနဲ့ မတူ ပိုလှပတဲ့ ဆုဖြစ်ဖို့ ဆယ်အိမ်ခေါင်းပဲ ကြိုးစားနေပါတယ်။

ဘာဆုလဲဆိုတာတော့ ကွန်ဖရဲ့င့်စ်မှာရင်ခုန်ဖို့ ရှင့်ဆေးလိပ်(တော့စီးဂရက် မဟုတ်) လျှို့ဝှက်ထားပါမယ်။

လက်ဆောင်

ပေးချင်တဲ့သူတွေ စိတ်ကြိုက် စီစဉ်နိုင်ပါတယ်။

မန်းဂဇက် ချစ်သူများဆုရ စာမူများ/ကဗျာများ စာအုပ်

ရွာသူ ပန်းလေးတစ်ပွင့်က သူစုံစမ်းပေးပါမယ်၊

၊ဒီ အမှတ်တရစာအုပ်လေး စီစဉ်ဖြစ်အောင် ကြိုးစားကြရအောင်လို့ တာဝန်ယူလာပါတယ်။

ကျေးဇူးပါ သမီးရေ။

သူ့စိတ်ကူးလေးက အုပ် ၁၀၀ လောက်ရိုက်မယ်။

တွေ့ဆုံပွဲလာ စာအုပ် အမှတ်တရ လိုချင်သူတွေကို အရင်းထက် နည်းနည်းပိုတဲ့ နှုန်းနဲ့ ရောင်းမယ်။

မြတ်ရင် ဂဇက် ရန်ပုံငွေ လုပ်မယ်လို့ အကြံပေးလာပါတယ်။

လူငယ်လေးတွေ ကိုယ်ပိုင် အိုင်ဒီယာနဲ့ တာဝန်ယူပေးလာတာ ကျမတို့ လူကြီးတွေတွက် အားဆေးထက်သာပါတယ်။

စာအုပ်ကလေးထုတ်ဖို့ တာဝန်ယူစုံစမ်းပေးမယ့် ရွာသူလေး Green Rose ရဲ့ e-mail

livethelifealive@gmail.com ကို ဆက်သွယ်ပြီး ကိုယ်ကျွမ်းကျင်တာလေးတွေ ကူညီပေးနိုင်ရင် ကူညီပေးကြစေလိုပါတယ်။

သူက ဒီ ပုံနှိပ်ထုတ်ဝေရေး Field ထဲကလည်း မဟုတ်၊ အတွေ့အကြုံလည်း များများမရှိသေးသော်လည်း

ရွာ့အကျိုးတွက် ကုန်ကျစားရိတ် အနည်းဆုံးနဲ့ အလှဆုံးဖြစ်အောင် ဖန်တီးပေးချင်လို့ သူကိုယ်တိုင် ဆန္ဒြ့ပုလုပ်အားပေးလာတာပါ။

ကျမစကားနဲ့ ပြောရရင် အဟံပထမံ လုပ်လာတဲ့ ကလေးမို့ ၀ိုင်းဝန်းကူညီခြင်းဖြင့် အားပေးကြစေလိုပါတယ်။

လစဉ်ရွေးလာတဲ့ အကြိုက်ဆုံးဆုရ စာမူနဲ့ အတူ အကောင်းဆုံးမှတ်ချက် (Best Comment) လေးတွေကိုလည်း

အဆင်ပြေရင် ထည့်ပြီး ပုံနှိပ်ဖို့ ရည်ရွယ်တဲ့ အတွက် BC မရွေးရသေးတဲ့ ဆုရ ပို့စ်ပိုင်ရှင်များ ရွေးပေးဖို့ ပန်ကြားချင်ပါတယ်။

ကိုယ့်ပို့စ်မှာ မန့်တဲ့သူတွေထဲက ကိုယ်ဆိုလိုတာနဲ့ အံကိုက်ဖြစ်တဲ့ ကွန်မန့်၊ကိုယ့်ကို လမ်းတည့်ပေးနိုင်တဲ့

ကွန်မန့်လေးတွေကို BC ရွေးပေးခွင့် ပို့စ်ရေးသူတိုင်းမှာရှိပါတယ်။

BC များများရရင် ကြယ်လေးတွေ တက်လာပါတယ်တဲ့။

ကိုယ် BC ရွေးပေးခြင်းအားဖြင့် ကိုယ့်စာကို တလေးတစား အားပေးမန့်တဲ့ မိတ်ဆွေရဲ့ ကြယ်လေးတွေ တိုးတက်အောင် ကူညီရာရောက်ပါတယ်။

(အဲဒီကြယ်က ပွိုင့်နှင့်တော့ မဆိုင်ပါဘူး။တနည်းပြောရရင် သူတပါးအဖို့ ကိုယ့်ရဲ့ အဖိုးတန်အချိန်နဲ့ ဦးနှောက် ကူညီပေးတဲ့အတွက် ရတဲ့ ကြယ်လေးတွေပါ)

ဒုတိယအကြိမ် ဂဇက် ကွန်ဖရဲ့င့်နဲ့ ဆုပေးပွဲကို ဘယ်လို ပျော်စရာ အစီအစဉ်တွေနဲ့ လုပ်ကြမယ်ဆိုတာ အိပ်မက်မက်ကြပါစို့။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)