ရာသီဥတုနဲ့စင်္ကြာဝဋ္ဌာ

ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။
မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း
ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့
လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။
လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့
သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့
သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး
ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။
မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း
ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း
‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’
‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ
အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’
အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။
ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’
ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။
‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’
ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ
နေလေသည်။
ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း
ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ
မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ
ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ
ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။
ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ
ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့
လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက်
ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့
တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း
အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။
ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ
ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ
လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။
နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက်
မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။
နောက်အဲဒီလိုအချင်းချင်းဆွဲတာတွေကြောင့်ကမ္ဘာကလည်းမိမိကိုယ်မိမိလည်တယ်။သံလိုက်စက်
ကွင်းတွေရဲ့သက်ရောက်မူ့လည်းပါတာပေါ့။ဒီအကြောင်းကတော့သိပ်မဆိုင်လို့မပြောတော့ဘူးကွာ။

အချိန်မရလို့ ဆက်ရန်နဲ့ ပဲတောင်းပန်ပါတယ်ဗျာ။

4 comments

  • kyeemite

    June 10, 2013 at 1:58 pm

    ဟင်..တပိုင်းတစနဲ့ပါလား…

  • Mr. MarGa

    June 10, 2013 at 2:21 pm

    အင်
    အဲလိုလုပ်နဲ့လေ
    တန်းလန်းကြီး
    နောက်တစ်ပိုင်း မြန်မြန်ဆက်ပါ
    ဒါဗျဲ

  • မင်းမင်း

    June 10, 2013 at 3:49 pm

    ဒီနေ့ရုံးစတတ်ရတဲ့ monday ဆိုတော့
    အချိန်မလောက်မှန်းသိသိနဲ့ တင်ချင်ဇော
    ကပ်သွားလို့ပါ။မနက်ဖြန်တော့ ဖိုင်းအမိခံပြီး
    ရွှီး အဲ တင်ပါ့မယ်။ ဟီးးး

  • မောင် ပေ

    June 10, 2013 at 7:04 pm

    နေမင်း နဲ ့သင်ဇာနွယ်ဝင်း တို ့ ရဲ ့
    အပြန်အလှန် ချစ်တင်း နှောတာကို ရိုက်ပြထားတာ တော်တော် ကြည့်လို ့ကောင်းတယ်

Leave a Reply