ကမ္ဘာကြီးပူနွေးရခြင်း၏ လက်သည်တရားခံအစစ် ကလိုရိုဖလူရို ကာဗွန်

Mr WorldWideJune 10, 20131min701

ကမ္ဘာကြီးပူနွေးရခြင်း၏အကြောင်းအရင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်(Carbon Dioxide) ကြောင့် မဟုတ်ဘဲ CFCs ကြောင့် ဖြစ်ကြောင်းကို ဝါတာလူးတက္ကသိုလ်မှ သုတေသနပညာရှင်များက အငြင်းပွားဖွယ်ရာ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

global

    သမားရိုးကျအတွေးအခေါ်များအရ လူသားတို့ကြောင့်ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည် ကမ္ဘာကြီးပူနွေးမှုဖြစ်စေရန် များစွာတွန်းအားပေးပေသည်။ သို့ရာတွင် စက်မှုတော်လှန်ရေး ခေတ်သို့ ပြန်လည်လေ့လာမှုများအရ တွေ့ရှိခဲ့ရသည့် ယုံကြည်နိုင်လောက်သော အချက်အလက်များကြောင့် ကျွန်ုပ်တို့ တွေးထင်ထားသောအရာများ မှားယွင်းနေကြောင်း ပြသခဲ့သည်ဟု ဝါတာလူးတက္ကသိုလ် သိပ္ပံဌာနကြီးမှ ပါမောက္ခ Quing-Bin Lu က ပြောကြားခဲ့သည်။ ရရှိခဲ့သည့်အချက်အလက်များအရ  CFCs နှင့် အာကာသ ရောင်ခြည်များကြောင့် ဝင်ရိုးစွန်းဘက်ရှိ အိုဇုန်းလွှာအပေါက်ဖြစ်ကာ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။ ၁၈၅ဝ ခုနှစ်ကပင် သီအိုရီအများစု၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုမြင့်တက်လာသည်နှင့် ကမ္ဘာကြီး၏ အပူချိန်သည်လည်း မြင့်တက်လာလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် မည်သို့သော အကြောင်းများကြောင့် မသိရဘဲ ကမ္ဘာကြီး၏အပူချိန် လျော့နည်းလာစဉ် လေထုထဲ၌ CFCs ပါဝင်မှုမှာလည်း ကျဆင်းလာကြောင်း တွေ့ရှိခဲ့ရပေသည်။ ဖန်လုံအိမ်အာနိသင်ကြောင့် ၁၉၅ဝ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ကမ္ဘာကြီး ပူနွေးမှုသည် ဝ.၆ ဒီဂရီစင်တီဂရိတ်ခန့် မြင့်တက်လာသော်လည်း ကမ္ဘာကြီးသည် ၂၀၀၂ ခုနှစ်ကတည်းကပင် အမှန်တကယ် အေးမြနေပြီဖြစ်ကြောင်း ပါမောက္ခ ူက က ပြောကြားခဲ့ပါသည်။ လေထုထဲ၌ CFCs ပါဝင်မှုပမာဏ လျော့နည်းလာသည်နှင့်အမျ အေးမြမှုသည်လည်း နောင်အနှစ် ၇ဝ ခန့်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။
ကလိုရိုဖလူရိုကာဘွန်သည် ကာဘွန်၊ကလိုရင်း၊ဖလိုရင်းတို့ ပေါင်းစပ်ထားသော အော်ဂဲနစ်ဒြပ်ပေါင်း(Organic Compound) ဖြစ်ပြီး ရေခဲသေတ္တာ၊ မှုတ်ဆေး (Spray)  ဗူးများနှင့် ဖျော်ရည်ဗူးများတွင် များစွာပါဝင်သည်။

One comment

  • Mr. MarGa

    June 10, 2013 at 2:24 pm

    အဲဒါကြောင့်နေမှာ
    နောက်ပိုင်း ရေခဲသေတ္တာတွေမှာ
    Non CFC ဆိုတာတွေ တွေ့လာရတယ်ဗျို့

Leave a Reply