Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဗျာ….

ဘီဘီစီရုပ်သံ အခြေအတင် စကားပြောဆိုပွဲတွင် အန်အယ်လ်ဒီဥက္ကဌ ဘွားဒေါ်ဂျီး သမ္မတနေရာ လိုချင်ဂျောင်း ထပ်မံပြောဆိုမှုအပေါ် အံ့ဩတုန်လှုပ်မိကျောင်း သမ္မတရုပ်ရှင်ရုံနှင့် သမ္မတဟိုတယ်ပိုင်ရှင် ဖားပြုတ်အောင်ပုမှ ထုတ်ဖော်ပြောဆိုသည်။

မိုက်လိုက်တဲ့ကောင်..

ထိုင်းမြန်မာနယ်စပ် ဝတောင်ပိုင်းစစ်ဒေသအား လိုချင်လျင် တိုက်မှရမည် စိန်ခေါ်သော ဝစစ်တပ်ဖွဲ့ အရာရှိ ဦးဂေါင်းကြီးကိုယ်သေးအား ဂေါင်းမာတဲ့အကောင်ဟု သမဒရုံ ညွှန်ကြားရေးမှူး ဗိုလ်မူးဇောက်ထိုးမှ သတိနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်း တုံ့ပြန်သည်။

ဒဂယ်မှတ်လို့

မြန်မာနိုင်ငံတွင် အကျင့်ပျက်လာဘ်စားမှုအား ပထမဆုံး ကြိမ်ဒဏ်ပေးမည်ဆို၍ လူအများ နားစွင့်လျက်ရှိရာ ကြိမ်တံနှင့် ဒန်အိုးပေးခြင်းသာဖြစ်၍ ဒဏ်ကြေလိမ်းဆေးရောင်းရန် ပွပေါက်ကြံနေသူ ဆေးဆြာဂျီး ဦးခင်ခ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ငါ့နံမယ်လဲဟုတ်ဖူး

မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ်မှ a cow သတ်မှတ်ခြင်းအား ကြံ့ဖွတ်လူဂျီးများ ဆိတ်မသက်မသာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေကာ ပါတီတွင်း အင်္ဂုလိစာသင်တန်း အလျင်အမြန်ပေးရန် စီစဉ်နေသည်။

အများပိုင် သိကြားတိုင

မြန်မာ့သကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္မဏီကို မန်းလေးမြို့တွင် တည်ထောင်ပီးနောက်  ရှယ်ယာရှံများ အကျိုးရှိမရှိ မသိရသော်လည်း ဂဇက်ရွာဓါးဦးမာဃ ဘီအီးဒီစီ အရက်ဖြူ သောက်နေရာမှ ဘလက်လေဘယ်လ် ဝီစကီ ပြောင်းသောက်နိုင်သွားကြောင်း သောက်ဖော်သောက်ဖက် ဖားပြုတ်အောင်ပုမှ တိုင်တန်းပြောဆိုသည်။

မိုင်းဆတ်ပြင်စို့

မြန်မာ့ဒမိုကရေစီခေါင်းဆောင် ဘွားဒေါ်ဂျီးမှ ကမ္ဘာ့စီးပွားရေးဖိုရမ် ဘီဘီစီရုပ်သံ စကားအခြေအတင်လုပွဲတွင် စစ်အုပ်ချုပ်ရေးသို့ နောက်ပြန်မလှည့်စေရန် mind set ပြင်မှရမည် ဆိုသဖြင့် မိုင်းဆတ်မြို့ စည်ပင်သာယာရေး ဘတ်ဂျက် နှစ်ဆတိုးမည့် ကောလာဟာဠ ထွက်လာသည်။

တက်ကြွတဲ့ကြက်ဖ

ယခင်အတွေ့အကြုံများအရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပါးစပ်ပြောဖြင့်မရ၊ စားပွဲထိုင်၍ မပြီးဂျောင်း  ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် ခြေဟန်လက်ဟန်ဖြင့် မတ်တပ်ရင်း သမဒဂျီးမှ မြွက်ကြားသွားသည်။

အာလူးလာအပေးနဲ့

နိုင်ငံခြား ငွေလဲလှယ်နှုန်း ဆွဲတင်ဆွဲချ မလုပ်ကြောင်း အစိုးရဆွဲချ ရှေ့နေလုပ်ခဲ့ဖူးသူ ဗဟိုဘဏ် ငှက်ကထ ဦးဆိတ်ပုတ်၏ ပြောဆိုချက်အား ဈေးကွက်တွင် အယုံအကြည် မရှိဂျောင်း ငွေအရောင်းအဝယ်လုပ်သူများမှ ဆိုသည်။

လူအကြောင်း နာမည်သက်သေ

လွှတ်တော် ငှက်ကထ ဦးလေမန်း အမေရိကန်ပြည်ဒေါင်ဇု ကိုးရက်ကြာ အလည်အပတ်ခရီး ယနေ့စတင်ရာ ၎င်းနှင့်အတူ လွှတ်တော် အရက်ဖက်ရေးရာ ကော်မတီ အုတ်ကထ ဖားပြုတ်အောင်ပု၊ တောင်သူဦးဂျီးရေးရာ အုတ်ကထ ဒေါက်တာဖီးကြမ်း၊ အားက စားရေးရာ အုတ်ကထ ဦးပါးစပ်သရမ်း၊ ကြမ်းမာရေး အုတ်ကထ ဒေါက်တာဆင့်တန်းတို့ လိုက်ပါသွားသည်။

ချက်မသိ သမက် သူခိုးထင်

အဆိပ်ပါသောစာ ပို့လိုက်ကြောင်း အီးမေးလ်စာ လက်ခံရရှိသဖြင့် ဂေဇက်သဂျီး အယာတိုလာ မာမွတ်ခိုမ်မှ အက်ဖ်ဘီအိုင် စုံဒေါက်အဖွဲ့ဂျီးထံ တိုင်ကြားရာ ငွေအစိတ်ပါ စာဖြစ်နေ၍ တယောက်တဝက် ခွဲယူဂျကြောင်း လော့အိမ်ကျလိစ်တိုမ်းစ် သဒင်းစာမှ ဖော်ထုတ်သည်။

သုညပိုသွားလို့

လယ်သမားများအား ပျံပေးသော လယ်မြေများမှာ အစောပိုင်း သတင်းထွက်သလို ဧကငါးသောင်း မဟုတ်ဘဲ ဧကငါးဆယ်ဖြစ်ကြောင်း သူဌေးဂျီး မက်စ်ဇော်ဇော်မှ ပြောသည့်အတွက် အန်အယ်လ်ဒီသို့ ၎င်းလှူခဲ့သော သိန်းသုံးရာမှာ သိမ်းထားသော ကျပ်သုံးရာဟု ပြည်သူအများ သံသယ ဖြစ်နေသည်။

ကျောက်ခေတ်ရောက်ပြီ

သမဒဂျီး ဦးသိန်းစိန်နှင့် ရှမ်းပြည်တောင်ပိုင်းတပ် ဗိုလ်ဂျုပ်ကျီး ကြောက်ဝ်ယွက်စစ်တို့ တွေ့ဆုံပွဲမှာ မြေအောက် တော်လှန်ရေးသမားဂျီး ဦးကျောက်ခဲ၏ ရန်ကုန်မြို့သို့ စာပေဝါသနာရှင် ဟန်ဆောင်လျှို့ဝှက် သွားရောက်၍ စရဖဗိုလ်မူးဂျီး နှင်းကေသရာဇာနှင့် ကြိမ်ဖန်များစွာ နဖူးတိုက်ဒူးတိုက် တွေ့ဆုံခဲ့သည့် ရလဒ်ဟု သိရသည်။

နူးဘာဂိုဏ်း သစ္စာဖောက် အလိုမရှိ...

နူးဘာဂိုဏ်း သစ္စာဖောက် အလိုမရှိ…

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး