စိတ်စွမ်းအင်ဖြင့်ထိန်းချုပ်မောင်းနှင်နိုင်သည့်ရဟတ်ယာဉ်

Mr WorldWideJune 10, 20131min792

သုတေသီများသည် ဦးနှောက်မှလာသော လျပ်စစ်စွမ်းအင်ကိုအသုံးပြုကာ ရဟတ်ယာဉ်ပျံသန်းမှုကို ထိန်းချုပ်၍ အတားအဆီးများအား ရှောင်ကွင်းမောင်းနှင်ပြသခဲ့ပါသည်။ အစမ်းသရုပ်ပြပွဲ၌ စိတ်စွမ်းအင်ကို လျပ်စစ်စီးကြောင်းများအဖြစ် ပြောင်းလဲအသုံးပြု၍ စမ်းသပ်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မောင်းနှင်ရန်အတွက် ဦးနှောက်မှ စွမ်းအင်ကိုပြောင်းလဲပေးသည့် ဦးထုပ်တစ်မျိုးအား ဆောင်းထားရန်လိုအပ်ပါသည်။

power

 

ယခုစမ်းသပ်မှုသည် အခြားသော လုပ်ဆောင်မှုများကဲ့သို့ပင် ဦးနှောက်မှလာသော စွမ်းအင်စီး ကြောင်းများကို နားလည်နိုင်ရန်အတွက် အီလက်ထရောနစ်စနစ်များအား လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ စမ်းသပ်မှုတွင် ဘယ်ဘက်လက်အား ဆုပ်ကိုင်လိုက်ပါက လေယာဉ်၏ ရွေ့လျားမှုသည် ဘယ်ဘက်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ယခုအခါ ဝှီးချဲလ်ထိုင်ခုံများကိုလည်း စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဦးနှောက်မှ ထိန်းချုပ်နိုင်သော အကွာအဝေးအတွင်းတွင် မည်သည့်အရာကိုမဆို အသုံးချနိုင်လိမ့်မည်ဟု ယခုအဖွဲ့အား သုတေသနပြုလုပ်ခဲ့သူ ပရောဖက်ဆာ ဘင်မှဆိုသည်။ ယခုနည်းပညာနည်းတူ ဆမ်ဆောင်းမှလည်း စိတ်ဖြင့်ထိန်းချုပ်နိုင်သော Tablet အား ထုတ်လုပ်ခဲ့ပြီးပြီဖြစ်သည်။
ယခုစမ်းသပ်မှုတွင် ပါဝင်ဆောင်ရွက်သူ ငါးဦးအား အီလက်ထရုတ် ၆၄ ခုတပ်ဆင်ထားသည့် ဦးထုပ်ကို ဆောင်းစေခဲ့ပြီး ¤င်းမှတစ်ဆင့် လှုပ်ရှားမှုများအား ကွန်ပျူတာမှနားလည်စေရန် သင်ကြားပေးပါသည်။ ဘယ်ညာပြောင်းလဲပျံသန်းခြင်းအတွက် ဘယ်ဘက်လက်နှင့် ညာဘက်လက်များအား ဆုပ်ကိုင်ခြင်းဖြင့် ပြုလုပ်စေပြီး  အပေါ်အောက်ရွေ့လျားမှုအတွက် လက်နှစ်ဘက်စလုံးအား ဆုပ်ကိုင်ခြင်းဖြင့် မောင်းနှင် စေပါသည်။
၎င်းအပြင် တီဗွီဖွင့်ခြင်းများ ၊ ဝှီးချဲလ်များအား ထိန်းချုပ်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။  ”ယခုကဲ့သို့ ပြင်ပကမ္ဘာမှ ပစ္စည်းများကို ဦးနှောက်ဖြင့် ထိန်းချုပ်သည့် နည်းပညာကို ဆက်လက်၍ ဖွံ့ဖြိုး တိုးတက်သွားအောင် ပြုလုပ်ရန်မှာ  သူ၏ အိပ်မက်ပင်ဖြစ်သည်” ဟု ပရောဖက်ဆာ ဘင်က ဆိုပါသည်။
နောင်တွင် အိမ်အကူစက်ရုပ်များကို ထိန်းချုပ်ခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိပြီး ¤င်းနည်းပညာသည် လှုပ်ရှားထိန်းချုပ်မှုအပိုင်းတွင်သာ ရပ်တန့်နေမည်မဟုတ်ကြောင်းကိုလည်း ¤င်းက ဆက်လက်ပြောကြားခဲ့သည်။

Source:http://www.bbc.co.uk/news/science-environment-22764978

 

2 comments

  • မောင် ပေ

    June 10, 2013 at 7:36 pm

    အိုင်းရွန်းမင်း ဇါတ်ကားထဲကလိုမျိုး အမှန်တစ်ကယ်ဖြစ်လာတော့မှာပေါ့နော်

  • ရွှေတိုက်စိုး

    June 11, 2013 at 12:58 pm

    အဲလို နည်းပညာတွေ တိုးတက်လာရင် လူတွေ ပိုသက်သာလာမှာပေါ့ဗျာ…
    မိုက်တယ်ဗျာ…. နောက်ဆို ကားတွေကိုလဲ အဲလိုမောင်းနိုင်တော့မှာနော..

Leave a Reply