Camera ဝယ်မယ်ဆိုရင်

ကင်မရာ ဝယ်မယ်ဖို့ ဘာဝယ်ရမှန်း မသိရင် ဒီအဆင့်လေး တွေကြည့်ပါ။ ဘယ်ကမလာ ဘယ် အမျိုးအစား တွေဝယ်ရမလဲ ဆိုတာကိုတော့ ကွကို ဆုံးဖြတ်ပါနော်

 

 

 

Compact Camera
 
Sony Alpha NEX-7 mirrorless camera

 

Bridge Camera (NIKON COOLPIX P90)

 

Entry Level DSLR (Nikon D 3200)

 

Semi-Pro DSLR (Nikon D7000)

အရေးအကြီးဆုံးသိထားရမှာ ကတော့ DSLR ကင်မလာ ကို ရွေးလိုက်တာနဲ့ ပိုက်ဆံထပ် ကုန်တော့မယ်ဆိုတာ သတိရပါ.. ကင်မရာ မှာ ဘယ်တော့မှ ဝယ်တာ အဆုံးသတ်တယ်ဆိုတာ မရှိပါဘူး။ အရင်ဆုံး ကစ်လန်းစ် ကနေ နော်မယ် အဲဒီကနေ တယ်လီ.. နောက် ဝိုက်၊  နောက် ဖစ်ရှ် အိုင်း၊ နောက် ဖူးဖရိန် ဘော်ဒီ လိုချင်လာမယ် .. ပြီးရင် ဖူးဖရိန်ဘော်ဒီ အတွက် အပေါ်က လန်းစ်တွေ အတိုင်းပြန်ကျော့

23 comments

  • weiwei

    June 10, 2013 at 1:52 pm

    bridge camera ဆိုတာ ဘယ်လိုမျိုးလဲ ရှင်းပြပေးပါအုန်း .. ဈေးနှုန်းဘယ်လောက်ရှိလဲဆိုတာလေးပါ သိချင်တယ် ..

  • ဂန္ဓာရီ ဆြာအုပ်

    June 10, 2013 at 2:12 pm

    bridge camera ဆိုတာ DSLR camera လိုမျိုးfunction တွေပါတဲ့.. DSLR အတိုင်းပဲ တော်တော် များများ လုပ်နိုင်ပါတယ်.. ကွာခြားချက်က ဆင်ဆာ ဆိုဒ်ရယ် ISO မနိုင်တာရယ် အဲဒါလေးတွေပါ လန်းစ်တွေ ပြောင်းတတ်စရာ လဲမလိုပါဘူး..
    ဥပမာ..
    Fujifilm FinePix S4200 14.0 MP
    Sony Cyber-shot DSC-H200 20.1 MP
    Canon Powershot Sx50 Hs 12.1 MP
    Panasonic Lumix DMC-FZ60 16.1 MP စတာတွေ ဖြစ်ပါတယ်
    ဈေးကတော့ ၃ သိန်း ပတ်ဝန်းကျင် ရှိပါတယ်

    • weiwei

      June 10, 2013 at 2:45 pm

      ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ဆြာအုပ်ရေ ..
      ဓါတ်ပုံကောင်းကောင်းလေးတွေ ရိုက်ချင်ရုံ အဆင့်ပဲမို့လို့ bridge camera ဒါမှမဟုတ် entry level ထဲက တစ်မျိုးကိုပဲ ဝယ်ဖို့ သင့်တော်တယ်လို့ သိလိုက်ရပါပြီ ….

      • Ma Ma

        June 10, 2013 at 8:05 pm

        ဆြာအုပ်ရေးလိုက်မှပဲ ရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်။
        ကင်မရာဝယ်ဖို့ စဉ်းစားတုန်းက DSLR ဆိုရင် နောက်က လန်းစ်တွေ ထပ်လိုက်ရမယ်ဆိုတာနဲ့
        Cannon Powershot ဝယ်ထားတယ်။
        နောက်ထပ်သင်တန်းများတက်ရန်အသင့် :hee:

  • မင်းမင်း

    June 10, 2013 at 4:41 pm

    ဖလင်နဲ့ ဒစ်ဂျစ်တယ် ဘယ်ဟာကပုံထွက်ပိုကောင်း
    မလဲသိချင်ပါတယ်။ ကွာခြားချက်လေးတွေကိုရှင်း
    ပြပေးဖို့အချိန်ရရင်ပြောပြပေးစေလိုပါတယ်။

    • ဂန္ဓာရီ ဆြာအုပ်

      June 10, 2013 at 10:06 pm

      ပုံထွက်ကောင်းတယ်ဆိုတာ ပုံရိပါဖမ်းတဲ့ ဆင်ဆာရဲ့ အရွယ်အစားနဲ့ ဆိုင်ပါတယ်
      ဖလင်ကင်မလာ တွေမှာ ပုံရိပ်ဖမ်းတဲ့ ဖလင်က 35mmX24mm ရှိပါတယ်..
      အဲဒီ ဆိုက်ကို မှီတဲ့ ကင်မလာတွေက full frame ကင်မလာ တွေပဲမှီပါတယ်..
      နောက်ပို့စ်တွေမှာ ဆင်ဆာ အကြောင်းထပ်ပြောပြပေးမှာ မို့ အဲဒီမှာ ဖတ်နိုင်ပါကြောင်း

      ချစ်တဲ့
      အုပ်

  • lele kyi

    June 10, 2013 at 5:47 pm

    ဆြာအုပ်- EOS 60D Kit III (EF S18-200IS) ရယ်.. EOS 60D Kit II (EF S18-135) ရယ် ရောဟင်??

    • ကြက်အူလှည့်

      June 10, 2013 at 6:24 pm

      ကျော့်လည်း တလုံးလောက်. ကျော့်မှာ အငတ်ခံစုတာတောင် ၅၅ဝဒီ တလုံးပဲ အဖတ်တင်ဒယ်.
      ပက်ဆံများရှိလို့ကတော့ ဖူးဖလိမ် တလုံးဝယ်ပီး ဘယ်တလုံးညာတလုံး ရိုက်ပစ်မယ်.

  • ဇဂါး လွတ်

    June 10, 2013 at 5:53 pm

    ဒီ တစ်ခါ တော့ အတန်းဒင့် “ပလဲစင့်” တီချာ အော် စရာလိုတော့ဘူး။
    အဲတော့ ကင်မလာတစ်လုံးလောက် “ပလဲစင့် ပေးပါ တီချာ” လို့ပဲ အော်တော့မယ်။ :mrgreen:

    မြှားနောက် ဆုံးအောင် မလိုက်ရဲတော့လို့။ ဟိဟိဟိ
    :kwi:

  • Mr. MarGa

    June 10, 2013 at 7:05 pm

    တပည့်များကို ကိုယ်ဖိကိုယ်ဖိ သင်နိုင်အောင်
    အသေးဆုံး တစ်လုံးစီ ဝယ်ပေးပါခည :mrgreen:

  • lele kyi

    June 10, 2013 at 7:10 pm

    ဆြာအုပ် မြှောက်ပေးလို့ မျှားအဆုံးနောက် လိုက်သွားပါတယ်။ ထုံးစံ အတိုင်း ညစာမစားတော့ပါဘူးကွယ်။ ($$$$ စုဖို့) ထုံးစံ အတိုင်း အပြင်ထွက်ဖို့ လမ်းစရှာရ တော့မယ်ကွယ်။ ( ဒါ့ပုံရိုက်ဖို့)။ ထုံးစံအတိုင်း သူငယ်ချင်း အချို့ကို ဖျားယောင်းရ မယ်- ဟိုလိုက်ပို့မယ် ဒီလိုက်ပို့မယ် လို့။ ထုံးစံအတိုင်း
    ပရိုတွေ အမြင်ကပ်အောင်လျှောက်ပြောမယ်။ ကျမအရမ်းရိုက်ချင်နေတဲ့ အဆောက်အဦးတစ်ခုရှိတယ်။ ကျမရဲ့လိပ်ခေါင်းလန်းစ် ဇွန်းနဲ့မရဘူး ပြီးတော့သူကမြို့လယ်ခေါင်မှာ။ 🙁

  • padonmar

    June 10, 2013 at 9:17 pm

    အန်တီဘုံမာ—-ပလဲဆင့်တီချာ
    Cannon နဲ့လည်း ရှင်းပြပါလား။
    စာအုပ်ရေ၊
    ကွန်ဖရဲင့်စ်(2) တွက် လိုအပ်တာတွေ ရှာဖွေ စုဆောင်းထားအုံးနော်။

  • ရွာစားကျော် မင်းနန္ဓာ

    June 10, 2013 at 9:45 pm

    သုံးသိန်းအောက်ဆို စာရင်းမပေါက်ဘူးပေါ့နော်

  • kyaw hteik

    June 10, 2013 at 10:03 pm

    အလွန်​အကျိုးရှိ​သောပို့မို့ share ခွင်​့ပြုပါ။​ကျေးဇူးတင်​ပါတယ်​ ခင်​ဗျာ။

  • uncle gyi

    June 10, 2013 at 10:12 pm

    တကယ့်ကို
    first user အတွက်ကောင်းမွန်တဲ့အကြံပေးချက်တွေပါလားကိုအုပ်ရဲ့
    ဂျာနယ်တွေမှာဖော်ပြထားတဲ့
    ဟိုကင်မလာကောင်းနိုုး
    ဒီကင်မလာကောင်းနိုးဝါးးတားတား
    တွေနဲ့ဝမ်းခြားစီပဲ
    ကြိုက်တယ်

  • ဂန္ဓာရီ ဆြာအုပ်

    June 10, 2013 at 10:13 pm

    အားလုံးကို ကျေးဇူးပါ
    fb မှာ share ပေး ကြပါအုံးနော် ဟွန့်
    မေ့နေကြလို့
    like လဲလုပ်ပေးကြနော်
    မန့်လေးပေးကြနော်

    မလုပ်တဲ့ သူတွေ ယောက်ျားလေးဆို ငရဲအိုးမှာ ဂျိုးကပ်ပါစေ
    မိန်းခလေးဆိုရင် အဲ့ ဂျိုးကိုခွာစားရပါစေ

    ဟီဟိ

    • Ma Ma

      June 11, 2013 at 7:02 am

      ဒီလိုခြိမ်းခြောက်ရုံနဲ့ ဘယ်ကြောက်မလဲ။
      သိကြားမင်းနဲ့ သူငယ်ချင်းလေ…… :kwi:

      • ဂန္ဓာရီ ဆြာအုပ်

        June 11, 2013 at 7:25 am

        အဲဒီသဂျားမင်း ဂျိုးက ကပ်ရုံမက တူတောင်တူးနေပြီ 😛

  • ရွှေတိုက်စိုး

    June 11, 2013 at 11:36 am

    ဆြာအုပ် အောက်က ဟာလေး လိုချင်လို…………….. အဲအဲ အောက်ဆုံးပုံက ကင်မလာကျောဒါနော်……….အဟီးးးးးးးးးးး တညိုးမထင်နဲ…….. ခိခိ
    ဝယ်ပေးဝယ်ပေး…………

  • ကြောင်ဝတုတ်

    June 11, 2013 at 2:02 pm

    မိုဘိုင်းဖိုတိုဂရပ်ဖီကိုပဲ… စိတ်ဒုံးဒုံးချလေ့လာရင်ကောင်းမယ်ထင့်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • သခင် mobile

    June 17, 2013 at 7:15 pm

    လေ့လာသွားတယ်ဗျာ……….
    သိပ်ပီးဝါသနာ ကြီးကြီးတော့ မပါဘူးဗျ………
    မတောက်တစ်ခေါက် ဟိုပုံရိုက် ဒီပုံရိုက်ပါပဲ……..
    ခုလောလောဆယ်တော့ ဘတ်သုံးထောင်လောက်ပဲပေးရတဲ့ ကင်မရာလေးနဲ့
    လက်ကမြင်းနေပါကြောင်းးးးးးးးးးးးးး
    ဆြာအုပ်ကိုင်တဲ့ ကင်မရာထဲက ကွာလတီကောင်းကောင်း အဟောင်းလေးတွေများ
    ဈေးပေါးချောင်နဲ့ ရမည်ဆိုလျှင် ဝယ်ချင်ပါသည်……..
    ဆြာအုပ် ဖဲရှုံးတာတို့ ဘာတို့ အခါမျိုးဆိုလျှင် ကျနော် ကိုဆက်သွယ်ပါနော……….

  • ညလေး

    June 18, 2013 at 12:38 pm

    အောက်ဆုံးပုံ က ကင်မရာ ရောင်းလိုက် ရင်ကောင်းးးမလားးး
    အသစ် အသစ်တွေ လဲသုံးချင် လို့

Leave a Reply