တွယ်ငြိခဲ့တာ မဟုတ်ဘူး
ဖြစ်ချင်တာတွေထက် ဖြစ်နိုင်တာတွေကိုပဲ
နင်းချေနေရတဲ့ အခါ
တွက်ကိန်းတွေထဲက အတိုင်းပဲ
စိမ်းစိုခဲ့တာတွေလည်း ရှိရဲ့
ရယ်သံတွေ စည်ဝေဖို့အတွက်
ကြိုးကို ပြန်ပြန်လျှော့ရ
အိပ်မက် မက်ဖူးတာပေါ့
အဲဒီကောင်းကင်ထက်က
လွင့်မျောနေတဲံ့ ကြယ်တွေ လတွေရှိတယ်
လက်ဆုပ်လက်ကိုင်ရှိထားတဲံ့
တစ်ထွာမကတဲ့ ၀မ်းစာတွေအတွက်
အိပ်မက်ဟာ အိပ်မက်အတိုင်းတည်ရှိလို့
လက်ရှိ လေထုကိုပဲ ခပ်သန့်သန့်လေး ရှူရိုက်နေမိရဲ့…။

 

အရိပ်စစ်

About အရိပ်စစ်

hninnu zin has written 23 post in this Website..